01/29/2022
Durian cheesecake ပါ ရန်ကုန်မှာ ဒွင်းဒိန်ဆိုပြီးတချို့ရောင်းကြတယ်။ လွယ်ကူပြီး Bake လုပ်စရာမလိုဘူး။ ရေခဲသေတ္တာထဲတော့ ခဲတော့ခဲထားရမယ်။ အောက်ခံ cookies base ( pie curd) ကတော့ဒီမှာ လုပ်ပြီးသားတွေဝယ်လို့ရတော့ အလွယ်ဆုံးပဲ။ လုပ်ပြီးသားမရှိလည်း ကွတ်ကီးကိုကြေအောင် ကြိတ် အပူပေးထားတဲ့ ထောပတ်နဲ့ရောပြီး မုန့်လုပ်မဲ့
ဗန်းထဲထည့် အပေါ်က ဖန်ခွက်ထူထူနဲ့ဖိဖိပြီး ကျစ်ပြီးညီအောင်လုပ် ပြီးရင်ရေခဲသေတ္တာထဲထည့်ထား။
Filling
🧀🧀🧀🧀🧀🧈🧈🧈🥛🥛🥛🥛
Cream cheese 1bar
Heavy cream 1/2cup
Condensed milk 1tbsp
Durian puree or Durian meat (ဒူးရင်းသီးအသားချေထား)
Galatian powder 1/2 tsp (ကျောက်ကျောမူန့် ရေနဲ့နဲနဲရောပြီး Microwave ထဲ၃_၄စက္ကန့်လောက်အပူပေး)
အခန်းအပူချိန်မှာထားထားတဲ့ cream cheese ကိုအရင်ပျော့အောင်မွှေ ပြီးရင် ဒူးရင်းသီးအနှစ်ထည့် Hand mixer နဲ့မွှေ ပြီးရင် ကျန်တဲ့ပါဝင်ပစ္စည်းအကုန်ထည့်မွှေ။ Cream သား ညက်လာရင် ရပြီ။ ပြီးရင် ခုဏက Curd ထဲလောင်းထည့် မျက်နှာပြင်ညှိ အခဲခန်းထဲထည့် ၆နာရီလောက်။ စားမယ်ဆိုခဏထုတ်ထား ချက်ချင်း မစားနဲ့အုံးနော် အရမ်းခဲရင် လှီးရတာခက်။ စားရင်လည်းရေခဲမုန့်လိုပဲဖြစ်မှာ။ စားပြီးလို့ကျန်သေးရင်တော့ ပြန်ခဲထားနော်။ 👌အရသာကတော့ အီစိမ့်နေရော။ အချိုကြိုက်ရင်တော့ Powder sugar ထပ်ထည့် ပါဝင်ပစ္စည်းတွေမှာ။ ကိုယ်တော့ ဒူရင်းသီးကအချိုရယ် နို့ဆီတဇွန်းက အချိုနဲ့ဆိုရင် လုံလောက်ပြီ မထည့်ဘူး။ ဒူးရင်းသီးမကြိုက်ရင်တော့ ထောပတ်သီးတို့ စတော်ဘယ်ရီတို့ စသဖြင့် အစားထိုးလို့ရပါတယ်။
Sharing is caring