Baked with Love

Baked with Love Baking is my hobby. I will share my baking journey here. Please order from me and I will be gratefully pick up the challenge. Homemade, home bake with love.

Family Teatimeမာမားက အဲ့ကိတ်ကို ရောင်းပဲစားတော့မှာလားတဲ့😅 ဘာပြောချင်တာလဲ...သားတို့ကို မကျွေးတော့ဘူးလားတဲ့😅 မစားရတာ june ...
10/09/2026

Family Teatime
မာမားက အဲ့ကိတ်ကို ရောင်းပဲစားတော့မှာလားတဲ့😅 ဘာပြောချင်တာလဲ...သားတို့ကို မကျွေးတော့ဘူးလားတဲ့😅 မစားရတာ june holiday ထဲကတဲ့..😂 ဝယ်စားပေါ့အေ သူများလည်း ငါ့စီက ဝယ်စားရတာဆိုတော့...တစိတ် စာ 5 ကျပ်လောက်လားတဲ့...ဒီအမေ တွတ်ကပ်တယ် မပြောနဲ့....မောင်နှမ ၂ ယောက်မှ ၁၀ ပဲရတာကို matcha latte က တိုက်ရသေးတယ်...😅😂😁

ကျောင်းပိတ်ရက် ရှိတာလေးနဲ့ ကလေး ၂ယောက်နဲ့ နေ့လည်စာ စားလိုက်ပါအုံးမယ်...
10/09/2026

ကျောင်းပိတ်ရက် ရှိတာလေးနဲ့ ကလေး ၂ယောက်နဲ့ နေ့လည်စာ စားလိုက်ပါအုံးမယ်...

My kind of luxury. မိုးရွာတာကို coffee ခါးခါးတခွက်နဲ့ ထိုင်ကြည့်၊
10/09/2026

My kind of luxury. မိုးရွာတာကို coffee ခါးခါးတခွက်နဲ့ ထိုင်ကြည့်၊

ညမလေး အဆင်ပြေသလိုလုပ်လိုက် ဘယ်နေ့တွက်.. ဘာအရသာ....ဘယ်ကို lalamove နဲ့ ပို့ပေးတဲ့😊🥰😍 ဒါနဲ့ ကိုယ်ဆော့ချင်တဲ့ပုံ ဆော့ပေးလို...
09/09/2026

ညမလေး အဆင်ပြေသလိုလုပ်လိုက် ဘယ်နေ့တွက်.. ဘာအရသာ....ဘယ်ကို lalamove နဲ့ ပို့ပေးတဲ့😊🥰😍 ဒါနဲ့ ကိုယ်ဆော့ချင်တဲ့ပုံ ဆော့ပေးလိုက်တယ်...customer ဘာမှ မပြောရင် baking is my playground...မှာတာများရင် အလုပ်😁 မှာယူအားပေးမှူ့တွက် ကျေးဇူးပါရှင့်😘🥰😍

ကျမ က တကယ် ဘာမှမဟုတ်တဲ့ Home Baker လေးပါ၊ ကျမအိမ်မှာ လူပိုမရှိ အိမ်ငှားမရှိလို့ မီးဖိုချောင် ရေခဲသေတ္တာ မောင်ပိုင်စီး လု...
08/09/2026

ကျမ က တကယ် ဘာမှမဟုတ်တဲ့ Home Baker လေးပါ၊ ကျမအိမ်မှာ လူပိုမရှိ အိမ်ငှားမရှိလို့ မီးဖိုချောင် ရေခဲသေတ္တာ မောင်ပိုင်စီး လုပ်တဲ့ မကြီးကျယ်တဲ့ မုန့်ဖိုးရှာရုံလောက်လုပ်တဲ့ အချိန်ပိုင်းအလုပ်ပါ၊📍 ဒါပေမယ့် ဒီ၃ချက်က ကျမတွက် အရေးကြီးတယ်..📍 ကိတ်လာမှာရင် ဘယ်ရက်တွက်လဲ မေးတယ်၊ ဘယ်ချိန် ယူမှာလဲ မေးတယ်၊ ဘာကိတ်လဲမေးသေးတယ်၊ အဲ့ပေါ်မူတည်ပြီး ဘယ်လောက်ကြိုမှာမှာ မရဘူး၊ ဘယ်လောက်ကပ်ကပ်လည်း ရတက်တယ်၊
ပုံက example...တရက်သော စနေတွက် မှာထားတာတွေ... အရသာတူနေရင် လက်ခံပေးတယ်...မတူရင် မရတော့ပါဘူးရှင့်ပြောလိုက်တယ်...အချိန်မေးတယ် အဆင်ပြေရင် လက်ခံထားတယ်...ဒါကစနေတွက် မှာတွေဆိုရင်...ဒီ ကိတ်တွေထွက်သွားမှ ကျမ Sunday မနက်ယူမယ့် ကိတ်တွေ ထည့်လို့ရမယ်...အဲ့အတွက် ကျမ အချိန် တွက်ဆရတယ်...ကျမ ထမင်းစားချိန် ကလေးတွေတွက် အချိန်တွေ တွက်ပြီးမှ လုပ်ဖို့ ကျမ Agree တာပါ.ကျမကိတ်တွေက fridge non stop လိုအပ်ပါတယ်...အဲ့နေ့ကဆို စနေ ထွက်ရမယ့် ကိတ် နောက်ဆုံးတလုံးက ညနေ၆မှ...တော်သေးတာက တယောက်ထဲ ၃မျိုးမှာတဲ့ အမက ၃ နာရီ ယူပေးသွားလို့၊ မဟုတ်ရင် sunday မနက်စောစောယူမယ့် ကိတ်တွေ ကျမ ည ၉-၁၀ လောက်မှ ပြီးတော့မှာ၊ အဲ့ချိန်လုပ်မရလို့လားဆိုရင် ရပါတယ်...ဒါပေမယ့် weekends မိသားစု စုံချိန် ကျမ က မအားနေရင် ကျမ သထေးက သိပ် မကြိုက်လှဘူး...😅 ကျမကို အစဥ်မပြတ် အားပေးနေသူ တဦးတယောက်စီတိုင်းအား ကျေးဇူးပါရှင်😘🙏

ကိုင်လို့ရပါတယ်ဆိုတာ ဘယ်လိုလဲဆိုလို့ AI နဲ့ နောက်တပုံ ထပ်တင်တာ...အဲ့တာ ကျမ မဟုတ်ပါ😅
07/09/2026

ကိုင်လို့ရပါတယ်ဆိုတာ ဘယ်လိုလဲဆိုလို့ AI နဲ့ နောက်တပုံ ထပ်တင်တာ...အဲ့တာ ကျမ မဟုတ်ပါ😅

မနေ့ကတွက် မှာထားတဲ့ Cupcake Bouquet လေးနဲ့ကျမ၊ အနီ လေးနဲ့တဲ့၊ မှာယူအားပေးလို့ ကျေးဇူးပါရှင့်😘🙏Cupcake Bouquet လာမှာတိုင်...
07/09/2026

မနေ့ကတွက် မှာထားတဲ့ Cupcake Bouquet လေးနဲ့ကျမ၊ အနီ လေးနဲ့တဲ့၊ မှာယူအားပေးလို့ ကျေးဇူးပါရှင့်😘🙏

Cupcake Bouquet လာမှာတိုင်း ရိုးရိုးကိတ်ထက် ပိုကုန် ကြောင်း၊ ခရင်ကတော့ များမှာဖြစ်ကြောင်း၊ စားရမယ့်ကိတ်သားကတော့ရိုးရိုးကိတ်လိုမပါကြောင်း သေချာ ရှင်းပြပြီးရင် ရိုးရိုးကိတ်ပဲ ပြောင်းကြတာများတယ်၊ ဒါကတော့ မှာသူတွေ သဘောပါ၊ တချို့တလေကတော့ ရတယ် လှရင်ရပြီ ကိုင်လိုရ ပွေ့လို့ရရင် ကုန်ပစေတဲ့😅 လူတကိုယ် အကြိုက်တမျိုးပါ၊ အဲ့လိုမှာသူရှိလာတော့ ကျမ ဟိုးအရင်က Bouquet အလုံး ၃၀ လောက် ကျမနဲ့အတူ ပုံမရိုက်ဖြစ်တာ နောင်တရလို့ အခုနောက် ရိုက်ဖြစ်တယ်၊😊 အမှတ်တရက ပုံတွေထဲပဲကျန်တာလေနော် 😘🥰😍 လူကတော့ AI ပါ..အဲ့လို လူအပြင်မှာ မရှိပါဘူး 😅😂

06/09/2026

မနေ့က ထီပေါက်တယ်....သူများလို 4D တွေ ToTo တွေ Sweep တွေမဟုတ်ဘူး...မွေးနေ့ရှင် နံမည်ကို မှားရေးတာ😅 ဟိုး လွန်ခဲ့သော ၆နှစ်က ကိတ်စလုပ်တုန်းက ချစ်မ တယောက်ရဲ့ သမီး...ကျမ ကိုယ်တိုင်လည်း အဲ့ သမီးလေးကို အပြင်မှာလည်း သိတယ်...အာ့ကို အကြိမ်ကြိမ် စစ်တယ်...အာ့ကိုမှားတယ်...အခုလည်းဖြစ်တယ်....စစ်တာ စစ်တာ...အကြိမ်ကြိမ်ပဲ...အာ့ကို မှန်တယ်ပဲ အဆုံးထိ မြင်နေတာ😅 စာလုံးလေးက fondant နဲ့မို့ ထပ်လုပ်ပြီး သားကြီးကို လာပေးခိုင်းမယ်ပြောတာ customer အမက ရတယ် မလွှတ်နဲ့၊ သူ နံမည် အပူးထဲက တလုံး ဖြုတ်ပြီး အသည်းလေးလုပ်လိုက်ပြီတဲ့ 😘 ပြီး သူကပဲ ဆက်တိုက် ကိတ်လေးလှလိုက်တာ...ကျေးဇူးတင်လိုက်တာနဲ့ ဆက်တိုက်ပြောနေတာနော်..လျော့ပေးတာလည်း လက်မခံ အပြည့် လွှဲသေးတာ...😘😘😘 အခုတလော အဆင်မပြေတာလေးတွေ ကျန်းမာရေးတွေနဲ့ မနည်းလည်ပတ်နေရတော့ အခုလို ပြသနာ မလုပ်တဲ့ customer နဲ့ တိုးတာ ကျမ ထီပေါက်သလိုပါပဲ...တကယ်ကျေးဇူးတင်ပါတယ်ရှင့်😘🙏 လောကမှ တချို့က တကယ်ကို အကောင်းဖက်က ကြည့်ပေးတက်တာ...တမင်ကို သူတပါးကို ကြင်နာတက်တာ...😘😘😘😘သင်ယူမိပါတယ်ရှင့်😘🙏

ယခုပတ်တွင်းရယ် မနေ့ကရယ်တွက် လုပ်ပေးခဲ့သော Lava and Chedder အမှာလေးများ၊ ကျေးဇူး အထူးတင်ရှိပါတယ်ရှင့်😘🙏       ျှင်
06/09/2026

ယခုပတ်တွင်းရယ် မနေ့ကရယ်တွက် လုပ်ပေးခဲ့သော Lava and Chedder အမှာလေးများ၊ ကျေးဇူး အထူးတင်ရှိပါတယ်ရှင့်😘🙏
ျှင်

မှာယူ အားပေးမှူ့တွက် ကျေးဇူးပါ
05/09/2026

မှာယူ အားပေးမှူ့တွက် ကျေးဇူးပါ

Address

Bukit Batok East Avenue 6
Singapore

Opening Hours

Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Alerts

Be the first to know and let us send you an email when Baked with Love posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category