Ko Htet

Ko Htet Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Htet, Bakery, Bago, Bago City.

20/03/2026
14/03/2026

1000 ရှိချိန် 100 တန် ဇိမ်ခံပစ္စည်းကို အရစ်ကျနဲ့ဝယ် . . .
100 ရှိချိန်မှာ 1000 တန်ပစ္စည်းကို မဝယ်မိစေနဲ့ ဘဝပျက်လိမ့်မယ် . . .

1000 ရှိချိန်မှာ 100 တန် အရစ်ကျဝယ်တဲ့အခါ အဲ့ 100 ကပဲ ထပ်တိုးဝင်ငွေတစ်ခုကို ဖန်တီးပေးပြီး ငွေကြေချိန်မှာ ကို့ရဲ့ ခွန်းအားပေါ်မှုတည်ပြီး မှုလငွေက ကျန်ရှိနေပါလိမ့်မယ် . . .

အကယ်လို့ အခြေနေတစ်ခုခုကြောင့် အဆင်မပြေခဲ့ရင်လည်း 1000 ထဲက 100 ပဲပေးရမှာဖြစ်လို့ မှုလအရင်းအမြစ်ကို မထိခိုက်စေပါဘူး . . .

100 ရှိချိန်မှာ 1000 တန်ဝယ်မိတဲ့အခါ အနာဂါတ်မရေရာတဲ့ ဝင်ငွေတစ်ခုကို အားကိုးပြီးဝယ်မိကြတဲ့အခါ ခွန်အားမှန်
သမျှဟာ ပုံမှန်ထက် ၂ ဆ ၃ ဆ ပိုအားတင်းထားကြရပါတယ် . . .

အခြေနေ မဟန်ခဲ့ရင်လည်း ဘဝပါ ပျက်တဲ့အထိ ဖြစ်ကြရပါတယ် . . . ဒါကြောင့် ငွေပူ (မရေရာတဲ့ အနာဂါတ်ငွေကြေး) နဲ့ အလုပ်လုပ်တဲ့အခါ သတိထားစရာပါ . . .

ဒါကြောင့် စီးပွါးရေးတွေလုပ်တဲ့အခါလည်း ငွေကြေးဘယ်လောက်ပင်နည်းပါးပါစေ အရေးမကြီးပါဘူး . . . အဓိကက စတင်တဲ့အချိန်၊ ရရှိလာတဲ့ အမြတ်အစွန်းနဲ့ အနာဂါတ်မှာ ရရှိနိုင်မည့် ( အနာဂါတ်ဆိုတာ မနက်ဖြန်က စပါတယ် ) ဝင်ငွေတွေကို စနစ်တကျနဲ့ စီမံနိုင်ခြင်းက လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှု ကျရှုံးမှုတွေကို ဆုံးဖြတ်ပေးပါတယ် . . .

မိတ်ဆွေတွေအများကြီး ကြုံခဲ့ရလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် . . .

10/03/2026

ကျွန်တော်တို့ ရှင်သန်နေတဲ့ ဒီကမ္ဘာကြီးမှာ လူအများစုဟာ ရာထူး၊ အာဏာ၊ ငွေကြေးနဲ့ အောင်မြင်မှုတွေနောက်ကို အပြေးအလွှား လိုက်နေကြရင်း တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် "အရှိရှိတာထက် ပိုကြီးမြတ်နေတယ်" လို့ ထင်မှတ်မှားတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဘဝဆိုတာ ခဏတာ ငှားရမ်းနေထိုင်ရတဲ့ အိမ်ဂေဟာတစ်ခုလိုပါပဲ။

ကိုယ့်ကိုယ်ကိုယ် ဘယ်သူ့ထက်မဆို သာလွန်တယ်လို့ ထင်မြင်ယူဆခြင်းဟာ "မာန" ဆိုတဲ့ ထောင်ချောက်ထဲကို ဆင်းသက်သွားတာပါပဲ။ တကယ့် ရင့်ကျက်သူတစ်ယောက်ဟာ အောင်မြင်လေလေ၊ ပိုပြီး နှိမ့်ချလေလေပါပဲ။

"နှိမ့်ချခြင်း" ဆိုတာ ကိုယ့်ကိုယ်ကိုယ် အထင်သေးတာမဟုတ်ဘဲ "ကိုယ့်ထက် တော်တဲ့သူတွေ၊ ကိုယ့်ဆီက သင်ယူစရာရှိတဲ့သူတွေ" လောကမှာ အများကြီးရှိသေးတယ်ဆိုတာကို လက်ခံနိုင်ခြင်း ဖြစ်ပါတယ်။

မင်း ဘယ်လောက်ပဲ အမြင့်ရောက်နေပါစေ၊ မင်းရဲ့ ခြေထောက်တွေကတော့ မြေပြင်ပေါ်မှာပဲ ရှိနေဖို့ လိုအပ်ပါတယ်။

လောကမှာ လူတိုင်းဟာ ကိုယ်စီကိုယ်ငှ တိုက်ပွဲတွေနဲ့ ရှင်သန်နေကြရတာပါ။ မင်းမှာရှိတဲ့ အခွင့်အရေးတွေက တခြားသူမှာ မရှိတာ ဖြစ်နိုင်သလို၊ တခြားသူရဲ့ ခံနိုင်ရည်ကလည်း မင်းမှာ မရှိနိုင်ပါဘူး။ ဒါကြောင့် တစ်စုံတစ်ယောက်ကို မင်းထက် "နိမ့်ပါးတယ်" လို့ သတ်မှတ်လိုက်တာဟာ မင်းရဲ့ "အသိဉာဏ်" ကို ပိတ်ပင်လိုက်တာနဲ့ တူတူပါပဲ။ လူသားချင်း စာနာထောက်ထားမှုနဲ့ တန်းတူရည်တူ ဆက်ဆံနိုင်ခြင်းဟာ အမြင့်မြတ်ဆုံးသော စိတ်ထားပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဘယ်လောက်ပဲ စုဆောင်းခဲ့ပါစေ၊ ဘယ်လောက်ပဲ အောင်မြင်ခဲ့ပါစေ ဒီလောကကြီးကနေ ထွက်ခွာသွားတဲ့အခါမှာတော့ ဘာတစ်ခုမှ ယူဆောင်သွားလို့ မရပါဘူး။ မင်း ပိုင်ဆိုင်ခဲ့တဲ့ အရာအားလုံးဟာ ဒီမြေပြင်ပေါ်မှာပဲ ကျန်ရစ်ခဲ့မှာပါ။

နောက်ဆုံးမှာ ကျန်ရစ်ခဲ့မှာက မင်းရဲ့ "လုပ်ရပ်" တွေနဲ့ မင်းအပေါ် လူတွေရဲ့ "အမှတ်တရ" တွေပဲ ဖြစ်ပါတယ်။ "ဘာမှ ယူသွားလို့မရဘူး" ဆိုတဲ့ အသိဟာ မင်းကို လောဘနဲ့ မာနတွေကြားကနေ လွတ်မြောက်စေမယ့် အကောင်းဆုံးသော ဆေးတစ်ခွက်ပါပဲ။

ဘဝကို အေးအေးချမ်းချမ်းနဲ့ တန်ဖိုးရှိရှိ ရှင်သန်ချင်ရင်တော့ "နှိမ့်ချခြင်း" ကို လက်နက်တစ်ခုလို ဆုပ်ကိုင်ထားလိုက်စမ်းပါ။ မင်းရဲ့ အောင်မြင်မှုတွေက မင်းကို အပေါ်ယံ အလှဆင်ပေးနိုင်ပေမဲ့ မင်းရဲ့ နှိမ့်ချမှုကတော့ မင်းကို "လူပီသ" စေပါလိမ့်မယ်။

အရာအားလုံးကို လက်လွှတ်ခဲ့ရမယ့် နေ့တစ်နေ့ ရောက်လာမှာဖြစ်တဲ့အတွက် အခုချိန်မှာ လူတိုင်းအပေါ် စေတနာထားပြီး နှိမ့်ချစွာ ရှင်သန်နေထိုင်ခြင်းကသာ အမြတ်ဆုံးသော ဘဝနေနည်းပဲ ဖြစ်ပါတယ်။

08/03/2026

ကိုယ်လုပ်တဲ့အလုပ်ကို မလေးစားရင် အလုပ်က ကိုယ့်ကိုလည်း လေးစားမှာ မဟုတ်ပါဘူး။

အလုပ်ကို မလေးစားဘဲ ပြီးစလွယ်လုပ်နေရင် Professional Value လုပ်ငန်းခွင်တန်ဖိုးကို ကိုယ်တိုင် ဖျက်ဆီးနေတာပါ။

➡️ လစာနဲ့တန်သလောက်ပဲ လုပ်မယ်ဆိုပြီး ပြီးစလွယ် လုပ်တတ်တဲ့သူ ဖြစ်လာရင် နောက်တစ်ချိန်မှာ လစာကောင်းတဲ့ အလုပ်သစ်တစ်ခု ရခဲ့ရင်တောင် ပြီးစလွယ်လုပ်တဲ့အကျင့် က ပါလာဦးမှာပါ။ နောက်ဆုံးမှာတော့ ဘယ်အလုပ်ခွင်မှာမဆို ယုံကြည်လို့မရတဲ့သူအဖြစ် သတ်မှတ်ခံရပြီး နေရာကောင်းတွေနဲ့ လွဲချော်ရပါလိမ့်မယ်။

➡️ အလုပ်ကို တန်ဖိုးမထားရင် အလုပ်ကလည်း တန်ဖိုးမထားတော့ပါဘူး။ အရေးကြီးတဲ့ Project တွေ၊ ရာထူးတိုးဖို့ အခွင့်အလမ်းတွေ ရောက်လာတဲ့အခါ စာရင်းထဲမှာ ပါမှာမဟုတ်တော့ဘူး။

➡️ ကိုယ့်အလုပ်ကို ကိုယ်မလေးစားတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ်လည်း လေးစားမှု (Self-respect) ပျောက်ဆုံးလာတတ်ပါတယ်။ အလုပ်ကို စေတနာမပါဘဲ လုပ်နေရတဲ့အတွက် နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေ များလာမယ်၊ အမြဲတမ်း တစ်ခုခုကို မကျေမနပ် ဖြစ်နေမယ်။ အဲ့ဒီ စိတ်မကျေနပ်မှုတွေက ပေါင်းသင်းဆက်ဆံရေးနဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာပါလိမ့်မယ်။

🔰 Team Management ဆိုင်ရာ အရည်အချင်းတွေအပြင် Leader တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ skills တွေ၊ Mindset တွေကိုပါ Online ကနေ ခေါင်းစဉ် 30 နဲ့ သင်ကြားပေးနေတာကတော့ Work Mindset Program ပါပဲ။

- အလုပ်ထဲစိတ်မပါတော့တဲ့ဝန်ထမ်းကို ဘယ်လိုပြောရမလဲ?
- အချိန်စီမံခန့်ခွဲနည်းတွေ
- ခက်ခဲတဲ့ဆုံးဖြတ်ချက်များကို ပြောဆိုဆွေးနွေးခြင်း
- အသေးစိတ်ညွှန်ကြားမှုမရှိတဲ့ Boss နဲ့ အလုပ်လုပ်ကိုင်ခြင်း
- Good Listener ကောင်းတစ်ယောက်ဖြစ်အောင် ပြုလုပ်ခြင်း
- အဆိုးမြင်မှုဖယ်ရှားပြီး အကောင်းမြင်စိတ် ဘယ်လိုထားမလဲ?
- Communication Style 4 ခု
- Motivation ကို ကျဆင်းစေတဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှား (3) ခု

အစရှိတဲ့ ခေါင်းစဉ်တွေအပါအဝင် စုစုပေါင်း ခေါင်းစဉ် 30 ကို ဆယ်စုနှစ်တစ်ခုစာ အတွေ့အကြုံရှိ ဝါရင့်ဆရာကြီးတွေက Online Video တွေကနေတဆင့် သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။

Work Mindset Program ဆိုတာ Motivation ဖြစ်စေရုံတင်မကဘဲ လူတစ်ယောက်ရဲ့ Mindset ကိုပါ ပြောင်းလဲပေးတာကြောင့် မန်နေဂျာတစ်ယောက်အနေနဲ့ Management ပိုင်းဆိုင်ရာ skills တွေ တိုးတက်ချင်တာပဲဖြစ်စေ၊ ကိုယ့်ရဲ့ Team အတွက် ဝယ်ပေးချင်တာပဲဖြစ်စေ Program ကို ဝယ်ယူချင်တယ်ဆိုရင်တော့ အခုပေးထားတဲ့ Messenger link (http://m.me/workmindsetprogram) မှာ WMP လို့ ရိုက်ထည့်ပြီး Program အကြောင်း စုံစမ်းတက်ရောက်နိုင်ပါတယ်ရှင်။

28/02/2026

မကြောက်ပါနဲ့ စတင်ကြည့်ပါ လဲကျသွားရင်တောင် ရှေ့တစ်လှမ်းကြိုရောက်နေပါလိမ့်မယ် . . .

မိတ်ဆွေတစ်ချို့ အမြဲပြောတဲ့စကားတစ်ခုရှိတယ် . . . ဟုတ်မှလုပ်နော် တော်ကြာ ရှိတာလေးပါ ကုန်သွားမယ် . . . ထိုင်ရင်အကောင်းသား ထသွားမှကျိုးနေမယ် . . .

အဲ့စကားတွေက ကျွန်တော်လက်ထဲမှာ ကိုယ်ပိုင်စီးပွါးရေးစလုပ်တဲ့အချိန် မြန်မာငွေ ၁ သိန်းပဲ လက်ရှိ ကိုယ်ပိုင်ငွေပဲကျန်တော့တဲ့အချိန်ထဲက ကြားခဲ့ရတဲ့ စကားတွေပါပဲ . . .

ကြောက်စရာ အရမ်းကောင်းတဲ့စကားလုံးတွေပါ . . . ရှိနေတဲ့ စိတ်ခွန်အားတွေကို ရိုက်ချိုးနေတဲ့စကားလုံးတွေပါပဲ . . . ဟုတ်မှလုပ်နော် . . . ပြောတာကလွယ်တယ် လုပ်တာကခက်တယ် . . . ထိုင်နေပါကွာ ဆက်မလုပ်ပါနဲ့ . . . မင်းထက်တော်တဲ့သူတွေတောင် ထိုင်နေရတာ မင်းကဘာမို့လဲ . . . သတိထားနော် အရမ်းကြီး ကိုယ့်ကိုယ်ကို မယုံကြည်နဲ့ . . . စတဲ့ စကားတွေကို မိတ်ဆွေလည်း ကြားနေရပြီဆို သတိသာထားပါတော့ . . .

ထူးဆန်းတာက ကိုယ်ပိုင်ငွေ ၁ သိန်းပဲ ကျန်တော့တဲ့အချိန်က ကြားခဲ့ရတဲ့စကားတွေက အခုဆို Company ၄ ခုအထိ တည်ထောင်လုပ်ကိုင်နိုင်နေပြီဖြစ်တဲ့ အချိန်ထိကိုပဲ အဲ့စကားတွေက ကြားနေရဆဲပါပဲ . . .

အဲ့ဒီစကားတွေကို ပြောနေတဲ့သူတွေကလည်း အံ့ဩစရာက အရင် နေရာတွေမှာပဲ ဒုံရင်းက ဒုံရင်းပဲ ရှိနေကြတာပါပဲ . . .
ဘဝကို စိုးရိမ်မှုကြီးစွာ အကြောက်တရားကြီးစွာရှင်သန်နေကြရတဲ့သူတွေပါပဲ . . . သူတို့ရဲ့ ဝင်ငွေဟာ ကျွန်တော့်ပိုင်ဆိုင်ငွေ ၁ သိန်းရတဲ့အချိန်ကရတဲ့ ဝင်ငွေနဲ့ ကျွန်တော့်အခု Company ၄ ခုရတဲ့အချိန်ထိ အဲ့ဒီဝင်ငွေထက်နဲနဲပဲပိုတဲ့ ဝင်ငွေကိုပဲ ရရှိနေဆဲပါပဲ . . .

ဒါကြောင့်မိတ်ဆွေ ဘာပဲဖြစ်ဖြစ် စတင်ကြည့်ပါ လဲကျခဲ့တယ်ဆိုရင်တောင် ရှေ့တစ်လှမ်းကြိုရောက်နေပါလိမ့်မယ် . . .

လေးစားစွာဖြင့် . . .

ဟန်သူလွင်





14/02/2026

ဘဝမှာ ဒီလိုလူမျိုးတွေနဲ့ ဆုံတွေ့နိုင်ဖို့ အရေးကြီးတယ် . . .

နိုင်ငံခြားမှာ အလုပ်စလုပ်တော့ အသက်က ၂၁ . . .
အားလုံးထဲမှာ အငယ်ဆုံးပဲ . . .

ပညာပြချင်တဲ့သူတွေ၊ ဆရာလုပ်ချင်တဲ့သူတွေ၊ ချောက်ချမည့်သူတွေနဲ့ အခြေအနေမဟန်ရင် ထိုးကျွေးမည့်သူတွေများစွာထဲက ဒီအကိုကြီးတွေက အမုန်းခံဆုံးမပြောဆိုပြီး သွန်သင်ပေးကြတယ် . . .

အမှားတစ်ခုလုပ်ပြီဆိုတာနဲ့ ပြောဆိုဆုံးမကြတယ် . . . အမှန်ပြောရရင် လူငယ်ပီပီ အပြောခံ အဆူခံရတာ မကြိုက်ပေမယ့် “သားကြီး လုပ်ငန်းခွင်ဆိုတာ သူစိမ်းတွေပဲ ဒါကြောင့် ကိုယ့်ကို ကောင်းစေချင်လို့ ဆုံးမလာရင် နားထောင်ဖို့ မမေ့နဲ့” ဆိုတဲ့ မိဘတွေရဲ့ ဆုံးမစကားကြောင့် ဘယ်လိုပဲ ဆုံးမဆုံးမ သွန်သင်ပြ သွန်သင်ပြ သည်းခံပြီး နာယူခဲ့တယ် . . .

ကိုလှိုင်ကြီးဆီကနေ အမြဲလိုလို ဆုံးမနေခဲ့တာက လုပ်သင့်တာကိုပဲ အမြဲလုပ်ဖို့၊ မလုပ်သင့်တာကို မလုပ်ဖို့ဆိုတဲ့ ပညာတွေ သင်ယူခဲ့းပါတယ် . . . (🥹 လေးစားသတိရလျှက်ပါဗျ 🙏)
ကိုကြီးဝင်းဆီကနေ စည်းကမ်းတကျနေထိုင်မှုပုံစံတွေ သင်ယူခဲ့ရတယ် . . .
ကိုကြီးမျိုးဆီက လုပ်ငန်းခွင်က အလုပ်အကိုင် အခွင့်အလမ်းတွေကို ဘယ်လိုမျိုးကြိုးစားရှာဖွေရမယ်ဆိုတာ သင်ယူခဲ့ရတယ် . . .
ကိုဇော်လတ်ဆီကတော့ ပေါင်းသင်းဆက်ဆံရေးတွေနဲ့ စနစ်တကျတွေးခေါ်ရတဲ့ ပညာတွေ သင်ယူခဲ့ရတယ် . . .
ကိုမင်းခန့်ဆီကတော့ စီမံခန့်ခွဲမှုတွေနဲ့ ယုံကြည်မှုပိုင်းတွေကို သင်ယူခဲ့ရတယ် . ..
ကိုစည်သူဆီကတော့ စည်းကမ်းလိုက်နာမှုနဲ့ စည်းစနစ်တကျနေထိုင်မှုပုံစံတွေ သင်ယူခဲ့ရတယ် . . .
ကိုနိုငိဝင်းဆီကတော့ ရိုးရှင်းစွာဘဝနေထိုင်မှု ပုံစံတွေသင်ယူခဲ့ရတယ် . . .

အခုဆိုရင် 2026 မှာ ၁၀ နှစ်ကျော် ၁၅ နှစ်နီးပါး ရင်းနှီးကျွမ်းဝင်စွာ ပြောဆိုဆုံးမနေဆဲ ဖြစ်တဲ့ အစ်ကိုကြီးများကို ဂါရဝပြုလျှက် . . . 🙏

တစ်ကယ်တော့ ကျွန်တော်တို့အားလုံးက ကိုယ့်အိမ်မက်၊ ကိုယ့်ဘဝကိုယ်စီနဲ့ လျောက်လှမ်းနေကြရတာပါ . . . သူတစ်ပါးကို ကူညီပြောဆို ဆုံးမနေဖို့ဆိုတာ မအားကြပါဘူး . . ဒါကြောင့် ကိုယ့်ကို အမုန်းခံပြီး ပြောဆိုဆုံးမ သွန်သင်လာခဲ့ရင်လည်း အဲ့ဒီလူတွေက မိတ်ဆွေဘဝရဲ့ ရွှေရောင်အနာဂါတ်ကို ပုံဖော်ပေးနေသူတွေပါပဲလို့ . . .

လေးစားစွာဖြင့်
Han Thu Lwin





Address

Bago
Bago City

Website

Alerts

Be the first to know and let us send you an email when Ko Htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category