23/12/2018
ပြည့်စုံအောင်မြင်တဲ့ Engineer ကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ အချက်(10)ချက်
1. ဆောက်လုပ်ရေးသုံးပစ္စည်းများ စမ်းသပ်မှု ( Test of Building Materials)
Engineer တယောက်အနေနှင့် ဆောက်လုပ်ရေးပစ္စည်းများစမ်းသပ်မှု အမျိုးမျိုးကို အတော်အသင့် နားလည်ထားသင့်ပါတယ်။ အရေးကြီးတဲ့ Test အချို့ကတော့
Concrete Test - Slump test, compression test, split tensile test, soundness
Soil Test - Core cutter test, compaction test, sand replacement test, triaxial test, consolidation test
Bitumen Test - Ductility test, softening point test, gravity test, pe*******on test တို့ဖြစ်ပါတယ်။(နောက်postများတွင် အသေးစိတ်ရေးသားပေးပါမည်။)
2. မြေသား စမ်းသပ်မှု ( Soil Investigation)
Construction တခုမစခင် မြေသားတွေရဲ့ နိမ့်ကျမှု ၊ တည်မြဲမှုတွေကို စမ်းသပ်ဖို့ Soil Test များကို မဖြစ် မနေ ပြုလုပ်ရပါသည်။ civil engineer တယောက်အနေဖြင့် Site တွေမှာပြုလုပ်တဲ့ Soil Test နည်းစနစ်များ ကိုလဲ လေ့လာသိရှိထားဖို့ လိုအပ်ပါသည်။
3. မြေတိုင်းကိရိယာများ အသုံးပြုမှု ( Use of Surveying Instruments)
total station, theodolite စတဲ့ Surveying instruments တွေရဲ့ အခြေခံအသုံးပြုပုံများကိုလဲ သိထားသင့်ပါသည်။
4.ဆောက်လုပ်ရေးအခြေခံစံနှုန်း စနစ်များ (Standard Code used in construction)
နိုင်ငံတခုစီတိုင်းမှာ သူ့နိုင်ငံနဲ့ပတ်သတ်တဲ့ ဆောက်လုပ်ရေး ဘေးကင်းလုံခြုံရေးဆိုင်ရာ စံနှုန်းများ သတ်မှတ်ထား ပါတယ်။ construction အသစ်တခုဆောက်တိုင်း ကို့နိုင်ငံအတွက်သတ်မှတ်ထားတဲ့ rule and procedure အတိုင်း ပဲ ဆောက်လုပ်ရပါတယ်။ ဒါမှသာ အဆောက်အဦး တခုပြိုကျပျက်စီးမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
5.သံချောင်း စာရင်း (Bar Bending Schedule)
Bar Bending Schedule ကတော့ Civil engineer တယောက် မဖြစ်မနေကျွမ်းကျင်ထားရမဲ့ ပညာရပ်တခု ဖြစ်ပါတယ်။ ဖြတ်ရမဲ့ သံချောင်းအရှည် ၊ ကွေးမဲ့ပုံစံ အမျိုးအစား စတဲ့ Structure တခုလုံး အတွက် လိုအပ်တဲ့ သံချောင်းပုံစံမျိုးစုံကို တွက်ထုတ်ပေးရမှာပါ။
6.(Drawing and Design)
Drawing and Design ကတော့ Project တခုလုံးရဲ့ အဓိကသော့ချက်ပါပဲ။ Project တခုလုံးအတွက် လိုအပ်တဲ့ Specification အကုန်ပေးထားလို့ပါ။ Site Engineer တယောက်အနေနဲ့ Drawing and Design ကိုနားလည်အောင်ကြည့် တတ်ဖို့ လိုအပ်ပါတယ်။
7. ဈေးနှုန်းတွက်ချက်ခြင်း (Estimating and Bill)
Estimating and Bill ကတော့ Project တခုမှာ Engineer တယောက်လုပ်ရမဲ့ အလုပ်တခုပါ။
8.အရည်အသွေးစစ်ဆေးခြင်း (Quality Control)
Project တခုမှာ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေလျော့ချဖို့ Quality Control ကမဖြစ်မနေ အရေးကြီး ပါတယ်။Site Engineer တယောက်အနေနဲ့ Quality Control ရဲ့ အခြေခံသဘောတရားကို ကိုနားလည်ဖို့ လိုအပ်ပါတယ်။
9. On Field Management
form-work, concreting, safety နဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေလဲလိုအပ်ပါတယ်။
10. အလုပ်သမားများနဲ့ ပေါင်းစည်းနိုင်မှု ( Coordiantion with Labor)
Site ထဲက အလုပ်သမားများကိုလဲ ခေါင်းဆောင်ပီသစွာအုပ်ချုပ်နိုင်ရပါမယ်။Team Work လဲရှိနေ ရပါမယ်။
အထက်ပါအချက်များနှင့် ပြည့်စုံလျှင် အောင်မြင်ပြည့်စုံသော Engineer ကောင်းတယောက်ဖြစ် လာနိုင်မှာ မလွဲပါဘူး။