NICE FOOD

Call Directions Website Contact the business

NICE FOOD စေတနာအရင်းခံ၍ အကောင်းမွန်ဆုံး ထုတ်လုပ်ရောင်းချပါသည်။

တစ်ပတ်လုံး ပင်ပန်းသမျှတွေကို မေ့ဖျောက်ပြီး သက်တောင့်သက်သာ နားခိုလို့ရတဲ့ သောကြာနေ့ညနေခင်းလေး ရောက်ရှိလို့လာပါပြီ... 💛အလု...
28/08/2026

တစ်ပတ်လုံး ပင်ပန်းသမျှတွေကို မေ့ဖျောက်ပြီး သက်တောင့်သက်သာ နားခိုလို့ရတဲ့ သောကြာနေ့ညနေခင်းလေး ရောက်ရှိလို့လာပါပြီ... 💛

အလုပ်ပင်ပန်းသမျှ အမောပြေစေဖို့နဲ့ ညနေခင်း အနားယူချိန်လေးကို ပိုမိုပြည့်စုံစေဖို့ Nice Food မုန့်ကြွပ်လေးတွေနဲ့အတူ စိတ်လက်ပေါ့ပါးစွာ အနားယူလိုက်ကြပါနော်။

သောကြာနေ့ ညနေခင်းလေးမှာ ဘယ်သူတွေနဲ့ Chill မလဲဆိုတာ Tag လုပ်ပြီး ခေါ်လိုက်ကြရအောင်~ 🤗

ရေကြည်မြို့ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သော စားနပ်ရိက္ခာ များအပြင် NICE FOOD  မုန့်များကို အားတက်သရော ဝယ်ယူလှူဒါန်းပေ...
25/08/2026

ရေကြည်မြို့ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သော စားနပ်ရိက္ခာ များအပြင် NICE FOOD မုန့်များကို အားတက်သရော ဝယ်ယူလှူဒါန်းပေးခဲ့သော Bella Interiors by Beautiful Island Rattan Furniture and Accessories အား Nice Food Myanmar မိသားစုမှ အလှူတော်မင်္ဂလာအတွက် အထူးပင် ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုလိုက်ရပါတယ်။ 💐

အခုလို ဒုက္ခကြုံတွေ့နေရချိန်မှာ ပြည်သူတွေရဲ့ လက်ထဲ အရောက်လှူဒါန်းပေးခဲ့တဲ့ Bella Interiors မိသားစုရဲ့ မေတ္တာနှင့် စေတနာကြောင့် စီးပွားလာဘ်လာဘ များ ဒီထက်မက တိုးတက်ကြီးပွားပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

လှူဒါန်းလိုသူ မိဘပြည်သူများနှင့် အဖွဲ့အစည်းများအနေဖြင့်လည်း ရေဘေးသင့်ဒေသများ သို့မဟုတ် အကူအညီလိုအပ်နေသော နေရာများသို့ စားသောက်ကုန်နှင့် မုန့်များကို အချိန်တိုအတွင်း အဆင်ပြေပြေ လှူဒါန်းနိုင်ရန် Nice Food မှ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

#ရေကြည်မြို့ရေဘေးလှူဒါန်းမှု

💚တစ်ပတ်တာရဲ့ အစဖြစ်တဲ့ တနင်္လာနေ့မှာ အားသစ်အင်သစ်တွေနဲ့ စနိုင်ဖို့ၑ💚သဘာဝဆွမ်းမွှေးရနံ့သင်းသင်းလေးနဲ့ အုန်းနို့ရဲ့ စိမ့်စ...
24/08/2026

💚တစ်ပတ်တာရဲ့ အစဖြစ်တဲ့ တနင်္လာနေ့မှာ အားသစ်အင်သစ်တွေနဲ့ စနိုင်ဖို့ၑ

💚သဘာဝဆွမ်းမွှေးရနံ့သင်းသင်းလေးနဲ့ အုန်းနို့ရဲ့ စိမ့်စိမ့်မွှေးမွှေးအရသာ ပေါင်းစပ်ထားတဲ့ Nice Food ရဲ့ Pandan Coconut Cake လေးကို ကော်ဖီ/လက်ဖက်ရည်နွေးနွေးလေးနဲ့ တွဲဖက်သုံးဆောင်ပြီး အားအင်သစ်တွေကို စလိုက်ပါ။

✨ထောပတ်နဲ့ အာဟာရပြည့်ဝတဲ့ ပါဝင်ပစ္စည်းများနဲ့ သန့်ရှင်းစင်ကြယ်စွာ ထုပ်ပိုးဖန်တီးထားတာမလို့ ကျန်းမာရေးအတွက်လည်း စိတ်အေးချမ်းစွာ သုံးဆောင်နိုင်ပါတယ်။.

✨ Pandan Coconut Cake ရဲ့ ထူးခြားချက်များ .
-ဆွမ်းမွှေးရနံ့ သင်းပျံ့ပြီး အုန်းနို့အရသာ နဲ့ နူးညံ့တဲ့ကိတ်သားလေးနဲ့ သန့်ရှင်းလတ်ဆတ်စွာ ထုပ်ပိုးထားတဲ့အတွက် တစ်ပတ်တာလုံးအတွက် အင်အားတွေ ဖြည့်တင်းလိုက်ကြရအောင်နော်!

☕🍰 Nice Food - အာဟာရပြည့်ဝ၊ ပြည့်စုံတဲ့ဘဝ

မိုးအေးအေးလေးမှာ ပူပူနွေးနွေး လက်ဖက်ရည်တစ်ခွက်နဲ့ဆို... ☕️🌧️မိုးရွာတဲ့ရက်တွေမှာ လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီပူပူလေး သောက်ရ...
21/08/2026

မိုးအေးအေးလေးမှာ ပူပူနွေးနွေး လက်ဖက်ရည်တစ်ခွက်နဲ့ဆို... ☕️🌧️

မိုးရွာတဲ့ရက်တွေမှာ လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီပူပူလေး သောက်ရင်း Nice Food ရဲ့ ဘယ်မုန့်လေးကို တွဲဖက်စားရတာ ပိုကြိုက်ကြလဲ?

ကဲ... Comment မှာ မိမိအကြိုက်ဆုံး Nice Food Combo လေးကို လာရောက် မျှဝေပေးခဲ့ကြပါဦးနော်! 💬👇

#မိုးရွာတဲ့နေ့ #လက်ဖက်ရည်ချိန်

ကျန်းမာရေးကို ဂရုစိုက်သူတိုင်း စိတ်ကြိုက်တွေ့စေမယ့် Nice Food ရဲ့ ထုတ်လုပ်မှု စံချိန်စံညွှန်းများအကြောင်း သိပြီးပြီလား?N...
19/08/2026

ကျန်းမာရေးကို ဂရုစိုက်သူတိုင်း စိတ်ကြိုက်တွေ့စေမယ့် Nice Food ရဲ့ ထုတ်လုပ်မှု စံချိန်စံညွှန်းများအကြောင်း သိပြီးပြီလား?

Nice Food မှာဆိုရင် စားသုံးသူများ၏ ကျန်းမာရေးကို ရှေးရှုပြီး -

✨ အရည်အသွေးမြင့် ကုန်ကြမ်းများ: စနစ်တကျ ရွေးချယ်ထားသော အရည်အသွေးမြင့် ကုန်ကြမ်းများကိုသာ သုံးစွဲထားခြင်း၊
✨ နိုင်ငံတကာစံချိန်စံညွှန်းမီ ထုတ်လုပ်မှု: သန့်ရှင်းသပ်ရပ်သော နည်းပညာ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ထားခြင်း၊
✨ ဓာတုဗေဒ ကင်းစင်မှု: တာရှည်ခံဆေးများနှင့် လူကို အန္တရာယ်ဖြစ်စေနိုင်သော ဓာတုဗေဒ ဆေးဝါးများ လုံးဝ (လုံးဝ) မပါဝင်ခြင်း၊
✨ သန့်ရှင်းစနစ်ကျသော ထုတ်ပိုးမှု: အစားအသောက် လတ်ဆတ်မှု ပျက်စီးမသွားစေရန်နှင့် ပိုးမွှားကင်းစင်စေရန် သန့်ရှင်းသပ်ရပ်စွာ ထုတ်ပိုးထားခြင်း စတဲ့ စံနှုန်းများအတိုင်း အထူးဂရုစိုက် စီမံထုတ်လုပ်ပေးထားပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ Nice Food ရဲ့ ထုတ်ကုန်များကိုနေ့စဉ်ဘဝမှာ စိတ်ချလက်ချ သုံးဆောင်လိုက်ပါနော်။ ❤️

လတ်တလောလို ရာသီဥတုနဲ့ ဝမ်းပျက်ဝမ်းလျောရောဂါတွေ ဖြစ်ပွားနေတဲ့အချိန်မှာ ကျောင်းမုန့်ဈေးတန်းက အဖွင့်ရောင်းတဲ့ အစားအသောက်တွေ...
14/08/2026

လတ်တလောလို ရာသီဥတုနဲ့ ဝမ်းပျက်ဝမ်းလျောရောဂါတွေ ဖြစ်ပွားနေတဲ့အချိန်မှာ ကျောင်းမုန့်ဈေးတန်းက အဖွင့်ရောင်းတဲ့ အစားအသောက်တွေဟာ ကလေးတွေအတွက် လုံးဝ မလုံခြုံပါဘူး ။

ဒါကြောင့် မေမေတို့အနေနဲ့ ကလေးတွေ ကျောင်းသွားရင် ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းစိတ်ချရအောင် -

✨ စနစ်တကျ အလုံပိတ်ထုပ်ပိုးထားလို့ ဖုန်နဲ့ ယင်ကောင် မနားနိုင်တဲ့ Nice Food မုန့်လေးတွေကို ကျောင်းအိတ်ထဲ ထည့်ပေးလိုက်ပါ!
✨ ကြက်ဥ၊ ထောပတ်၊ နို့ စတဲ့ အာဟာရပြည့်ဝတဲ့ ပါဝင်ပစ္စည်းများနဲ့ ထုတ်လုပ်ထားလို့ ကလေးတွေ မုန့်စားချိန်မှာ အင်အားပြည့်ဝစေပါတယ် ။
✨ ကိတ်မုန့် နဲ့ ကိတ်ခြောက်၊ မုန့်ကြွပ်၊ ကြက်ဥမရွေး၊ နို့မုန့်ချောင်း၊ နာနတ်လမုန့် စတဲ့ အရသာအမျိုးမျိုးရှိတာကြောင့် ကလေးတွေလည်း မရိုးနိုင်အောင် ကြိုက်နှစ်သက်ကြမှာပါ~ 💛

ကလေးတွေရဲ့ကျန်းမာရေးနဲ့ သန့်ရှင်းစိတ်ချရမှုကို ပထမဦးစားပေးအနေနဲ့ စဉ်းစားပြီး Nice Food မုန့်လေးတွေကို ကျောင်းမုန့်အဖြစ် ရွေးချယ်ပေးလိုက်ပါ။

မုန့်မစားခင်မှာလည်း လက်ကို သန့်ရှင်းစွာ ဆေးကြောဖို့ ကလေးတွေကို သတိပေးဖို့ မမေ့ကြနဲ့ဦးနော်... 🧼✨

ကျောင်းသွားတဲ့ ကလေးလေးတွေရှိတဲ့ မေမေ၊ ဖေဖေ သူငယ်ချင်းတွေကိုပါ သတိထားနိုင်အောင် ဒီပို့စ်လေးကို Tag လုပ်ပြီး မျှဝေပေးလိုက်ပါဦး~ 🤗

“အစားမစားခင် လက်ဆေးဖို့ မမေ့နဲ့နော်!” 🧼✨✨ဒီလို ရာသီဥတုမျိုးမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါနဲ့ ကူးစက်ရောဂါအများစုဟာ မသန့်ရှင်...
13/08/2026

“အစားမစားခင် လက်ဆေးဖို့ မမေ့နဲ့နော်!” 🧼✨

✨ဒီလို ရာသီဥတုမျိုးမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါနဲ့ ကူးစက်ရောဂါအများစုဟာ မသန့်ရှင်းတဲ့ လက်ကတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်တတ်တာမို့ အစားအသောက် မစားမီ လက်ကို ဆပ်ပြာနဲ့ စနစ်တကျ သန့်စင်ဖို့ အထူးလိုအပ်ပါတယ်…

✨မသန့်ရှင်းတဲ့ သောက်သုံးရေကလည်း ရောဂါကူးစက်နိုင်တာကြောင့် ချက်ပြုတ်တဲ့ရေနဲ့ သောက်သုံးရေကို သန့်ရှင်းအောင် ထားဖို့လည်းလိုအပ်ပါတယ်...

✨အရေးကြီးဆုံးနောက်တချက်ကတော့ ယင်နားစာတွေ မစားမိစေဖို့ အစားအသောက်တွေကို ယင်လုံအောင် ဖုံးအပ်ထားဖို့လည်း အရမ်းအရေးကြီးပါတယ်နော်...

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်လေးတွေ ပြုလုပ်ပြီးပြီဆိုရင်တော့ -
✨ စနစ်တကျ အလုံပိတ် ထုပ်ပိုးထားလို့ ယင်မနားနိုင်တဲ့
✨ အရသာရှိပြီး သန့်ရှင်း စိတ်ချရတဲ့ Nice Food မုန့်လေးတွေကို စိတ်အေးချမ်းစွာ သုံးဆောင်နိုင်ပါပြီ!

ကျောင်းမှာ၊ ရုံးမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် မုန့်မစားခင်လေးမှာ မိသားစုနဲ့ သူငယ်ချင်းတွေကို “လက်ဆေးပြီးပြီလား” လို့ အမြဲ သတိပေးလိုက်ကြရအောင်နော်~ 🤗

✨ Nice Food Myanmar ရဲ့ လူမှုအကျိုးပြုလှူဒါန်းမှု ✨ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာတွင် ရေဘေးဒဏ...
10/08/2026

✨ Nice Food Myanmar ရဲ့ လူမှုအကျိုးပြုလှူဒါန်းမှု ✨

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာတွင် ရေဘေးဒဏ်ခံစားနေရသော ပြည်သူများအတွက် Nice Food မုန့်များနှင့် လတ်တလောလိုအပ်ချက်များကို Nice Food Myanmar မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ပါသည်။

မိမိတို့ Nice Food Myanmar သည် စားသုံးသူပြည်သူများ၏ အားပေးမှုဖြင့် ရပ်တည်နေသော လုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ ခက်ခဲသော အခြေအနေများတွင်လည်း ပြည်သူတို့နှင့်အတူ အမြဲတမ်း အတူတကွ ရပ်တည်သွားမည်ဖြစ်ပါသည်။

#လေးမျက်နှာ #ရေဘေးသင့် ဲ့အတူလက်တွဲကူ

ကလေးတွေ အိမ်မှာပဲ လွတ်လပ်စွာ ဆော့ကစားရင်း ဗိုက်ဆာလာတဲ့အခါ လတ်ဆတ်သန့်ရှင်းပြီး အရသာရှိတဲ့ Nice Food ရဲ့ မုန့်လေးတွေကို စာ...
08/08/2026

ကလေးတွေ အိမ်မှာပဲ လွတ်လပ်စွာ ဆော့ကစားရင်း ဗိုက်ဆာလာတဲ့အခါ လတ်ဆတ်သန့်ရှင်းပြီး အရသာရှိတဲ့ Nice Food ရဲ့ မုန့်လေးတွေကို စားသုံးလိုက်ရင်တော့ အိမ်မက်ဆန်တဲ့ ပိတ်ရက်လေး ဖြစ်သွားမှာ သေချာပါတယ်။

သန့်ရှင်းလတ်ဆတ်မှုနဲ့ အရသာကို ဦးစားပေးထားတာမလို့ ကလေးတွေအတွက် စိတ်ချလက်ချ ရွေးချယ်ကျွေးမွေးနိုင်ပါတယ်။ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ ကလေးတွေရဲ့ အိမ်မက်ကစားကွင်းလေးထဲ Nice Food ရဲ့ မုန့်ကောင်းလေးတွေနဲ့ ပျော်ရွှင်မှုတွေ ဖြည့်ဆည်းပေးလိုက်ပါ။ ✨

Nice ရဲ့ ဒုတိယမြောက်ခြေလှမ်း Nice Garden Café & Restaurant ကို အမှတ် (၁၃၇/B)၊ သုဓမ္မာလမ်းမကြီး၊ မြောက်ဥက္လာပမြို့နယ်၊ ရန...
02/08/2026

Nice ရဲ့ ဒုတိယမြောက်ခြေလှမ်း Nice Garden Café & Restaurant ကို

အမှတ် (၁၃၇/B)၊ သုဓမ္မာလမ်းမကြီး၊ မြောက်ဥက္လာပမြို့နယ်၊ ရန်ကုန်။ (သုဓမ္မာလမ်းမကြီး ပေါ် ၊ တဥက္ကလာဖက်ကလာမယ်ဆိုရင် မယ်လမုဘုရား၊ OSC ဆေးရုံအကျော်၊ မြန်မာလက်မှုအနုပညာစင်တာ ဝင်း အတွင်း)မှာ မနက်ဖြန်ကစတင်ပြီး ဖွင့်လှစ်လိုက်ပါပြီနော်..

အစားအသောက်တွေအပြင် Nice Food မုန့်မျိုးစုံကိုလည်း ဝယ်ယူရရှိနိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်..

ပေါ့ပေါ့ပါးပါးနဲ့ စိတ်လက်ပေါ့ပါးစွာ လာရောက်အပန်းဖြေနိုင်မယ့် Nice Garden Cafe and Restaurant ဆိုင်သစ်လေးကို သုဓမ္မာလမ်းမကြီး ပေါ်မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ 🌿☕

မနက်ခင်းအတွက် ပူပူနွေးနွေး အရသာရှိလှတဲ့ —
🍲မုန့်ဟင်းခါး /ပေါင်မုန့်ကြက်ဥကြော်
☕သင်းပျံ့တဲ့ ကော်ဖီနဲ့ လက်ဖက်ရည်များ
🍹လန်းဆန်းစေမယ့် အအေးမျိုးစုံ အပြင် NICE FOOD မုန့်များကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်။

အရသာရှိတဲ့ အစားအသောက်တွေကို အေးဆေးသုံးဆောင်ရင်း မိတ်ဆွေများ၊ မိသားစုများနှင့်အတူ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆို အနားယူဖို့ အကောင်းဆုံး နေရာလေးတစ်ခု ဖြစ်ပါတယ်။

📍 ဆိုင်လိပ်စာလေးကတော့
အမှတ် (၁၃၇/B)၊ သုဓမ္မာလမ်းမကြီး၊ မြောက်ဥက္လာပမြို့နယ်၊ ရန်ကုန်။ (သုဓမ္မာလမ်းမကြီး ပေါ် ၊ တဥက္ကလာဖက်ကလာမယ်ဆိုရင် မယ်လမုဘုရား၊ OSC ဆေးရုံအကျော်၊ မြန်မာလက်မှုအနုပညာစင်တာ ဝင်း အတွင်း)
Google Map မှာ Nice Garden Cafe and Restaurant ဟုရိုက်ရှာနိုင်ပါတယ်

Location : https://maps.app.goo.gl/SjpxH2uXnExi5A2T8

🗓️ စတင်ဖွင့်လှစ်မည့်ရက်: ၃-၈-၂၀၂၆ (တနင်္လာနေ့)

⏰ ဆိုင်ဖွင့်ချိန်: နေ့စဉ် ပိတ်ရက်မရှိ (မနက် ၉:၀၀ နာရီ မှ ညနေ ၆:၀၀ နာရီအထိ)

☎️ ဆက်သွယ်ရန်: 09 797 016667

မကြာမီ ဖွင့်လှစ်တော့မယ့် Nice Garden Cafe and Restaurant ဆိုင်သစ်လေးဆီ လာရောက်အားပေးကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။

Address

No. 44, Pyinsi Minthargyi Street And Thanchatwun U Nyunt Street, 112 Ward, East Dagon Industrial Zone
Yangon
11421

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959791444333

Alerts

Be the first to know and let us send you an email when NICE FOOD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NICE FOOD:

Shortcuts

Share

Category