NICE FOOD

NICE FOOD စေတနာအရင်းခံ၍ အကောင်းမွန်ဆုံး ထုတ်လုပ်ရောင်းချပါသည်။

Nice ရဲ့ ဒုတိယမြောက်ခြေလှမ်း Nice Garden Café & Restaurant ကို အမှတ် (၁၃၇/B)၊ သုဓမ္မာလမ်းမကြီး၊ မြောက်ဥက္လာပမြို့နယ်၊ ရန...
02/08/2026

Nice ရဲ့ ဒုတိယမြောက်ခြေလှမ်း Nice Garden Café & Restaurant ကို

အမှတ် (၁၃၇/B)၊ သုဓမ္မာလမ်းမကြီး၊ မြောက်ဥက္လာပမြို့နယ်၊ ရန်ကုန်။ (သုဓမ္မာလမ်းမကြီး ပေါ် ၊ တဥက္ကလာဖက်ကလာမယ်ဆိုရင် မယ်လမုဘုရား၊ OSC ဆေးရုံအကျော်၊ မြန်မာလက်မှုအနုပညာစင်တာ ဝင်း အတွင်း)မှာ မနက်ဖြန်ကစတင်ပြီး ဖွင့်လှစ်လိုက်ပါပြီနော်..

အစားအသောက်တွေအပြင် Nice Food မုန့်မျိုးစုံကိုလည်း ဝယ်ယူရရှိနိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်..

ပေါ့ပေါ့ပါးပါးနဲ့ စိတ်လက်ပေါ့ပါးစွာ လာရောက်အပန်းဖြေနိုင်မယ့် Nice Garden Cafe and Restaurant ဆိုင်သစ်လေးကို သုဓမ္မာလမ်းမကြီး ပေါ်မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ 🌿☕

မနက်ခင်းအတွက် ပူပူနွေးနွေး အရသာရှိလှတဲ့ —
🍲မုန့်ဟင်းခါး /ပေါင်မုန့်ကြက်ဥကြော်
☕သင်းပျံ့တဲ့ ကော်ဖီနဲ့ လက်ဖက်ရည်များ
🍹လန်းဆန်းစေမယ့် အအေးမျိုးစုံ အပြင် NICE FOOD မုန့်များကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်။

အရသာရှိတဲ့ အစားအသောက်တွေကို အေးဆေးသုံးဆောင်ရင်း မိတ်ဆွေများ၊ မိသားစုများနှင့်အတူ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆို အနားယူဖို့ အကောင်းဆုံး နေရာလေးတစ်ခု ဖြစ်ပါတယ်။

📍 ဆိုင်လိပ်စာလေးကတော့
အမှတ် (၁၃၇/B)၊ သုဓမ္မာလမ်းမကြီး၊ မြောက်ဥက္လာပမြို့နယ်၊ ရန်ကုန်။ (သုဓမ္မာလမ်းမကြီး ပေါ် ၊ တဥက္ကလာဖက်ကလာမယ်ဆိုရင် မယ်လမုဘုရား၊ OSC ဆေးရုံအကျော်၊ မြန်မာလက်မှုအနုပညာစင်တာ ဝင်း အတွင်း)
Google Map မှာ Nice Garden Cafe and Restaurant ဟုရိုက်ရှာနိုင်ပါတယ်

Location : https://maps.app.goo.gl/SjpxH2uXnExi5A2T8

🗓️ စတင်ဖွင့်လှစ်မည့်ရက်: ၃-၈-၂၀၂၆ (တနင်္လာနေ့)

⏰ ဆိုင်ဖွင့်ချိန်: နေ့စဉ် ပိတ်ရက်မရှိ (မနက် ၉:၀၀ နာရီ မှ ညနေ ၆:၀၀ နာရီအထိ)

☎️ ဆက်သွယ်ရန်: 09 797 016667

မကြာမီ ဖွင့်လှစ်တော့မယ့် Nice Garden Cafe and Restaurant ဆိုင်သစ်လေးဆီ လာရောက်အားပေးကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ 🙏✨ယနေ့ကျရောက်တဲ့ မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ အခါသ...
28/07/2026

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ 🙏✨
ယနေ့ကျရောက်တဲ့ မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ အခါသမယမှာ မိတ်ဟောင်း၊ မိတ်သစ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံပြီး သာယာပျော်ရွှင်ကြပါစေကြောင်း Nice Food Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

#ဓမ္မစကြာအခါတော်နေ့ #မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ

စိတ်အေးချမ်းမည့် အခါသမယမွန်မြတ်လှသည့် အလှူဒါန  🌸🙏✨မနက်ဖြန်ကျရောက်မည့် မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)မ...
28/07/2026

စိတ်အေးချမ်းမည့် အခါသမယ
မွန်မြတ်လှသည့် အလှူဒါန 🌸🙏✨

မနက်ဖြန်ကျရောက်မည့် မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)မှာ ကုသိုလ်ဒါနတိုးပွားစေရန်အတွက် Nice Food ရဲ့ သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိလှတဲ့ အစားအသောက်၊ မုန့်များကို ဘုရားဆွမ်းတော်ကြီး ကပ်လှူခြင်း၊ သံဃာတော်များအား ဆွမ်းဆက်ကပ်ခြင်းနှင့် ကုသိုလ်ဒါန ပြုလုပ်နိုင်ပါတယ်။

Nice Food မုန့်တွေကို City Mart, Ocean, Marketplace, Makro, စိန်ဂေဟာ၊ ဂမုန်းပွင့်၊ Capital၊ Super One၊ Orange, Day to Day, Victoria Excel Hyper Mart, Easy Mart ဆိုင်များ၊Mega Mart ဆိုင်များ၊Nation Mart ဆိုင်များ၊ နဲ့ G&G convenience store ဆိုင်များ နဲ့ ရန်ကုန်မြို့ရှိ လက်လီ/လက်ကားမုန့်မျိုးစုံဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့ #အလှူဒါန

Nice Food ရဲ့ ပါးစပ်ထဲတင် အရည်ပျော်သွားစေမယ့် အကောင်းဆုံး ကိတ်မုန့်လေးများ 🍰✨အနံ့၊ အရသာ၊ အထိအတွေ့ စုံလင်းပြီး အရည်အသွေးမ...
27/07/2026

Nice Food ရဲ့ ပါးစပ်ထဲတင် အရည်ပျော်သွားစေမယ့် အကောင်းဆုံး ကိတ်မုန့်လေးများ 🍰✨
အနံ့၊ အရသာ၊ အထိအတွေ့ စုံလင်းပြီး အရည်အသွေးမြင့် ပါဝင်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ Nice Food ရဲ့ အသည်းစွဲ ကိတ်မုန့်လေးတွေကို ညွှန်းပေးလိုက်ပါတယ်နော်။

1. Butter Cake 🧈
စစ်မှန်တဲ့ ထောပတ်နံ့ သင်းသင်းလေးနဲ့အတူ အဆိမ့်အရသာ အပြည့်အဝပါဝင်ပြီး အိစက်နူးညံ့လို့ ပါးစပ်ထဲ ရောက်တာနဲ့ အရည်ပျော်ဝင်သွားမယ့် နူးညံ့မှုမျိုးကို ပေးစွမ်းပါတယ်။

2. Cheese Cake🧀
Cheese ကြိုက်သူများအတွက်တော့ Cheese ရဲ့ ဆိမ့်မွှေးတဲ့ အရသာ နဲ့ ခံစားမှုကို ကောင်းကောင်းကြီး ပေးစွမ်းပါတယ်။ Rich & Creamy ဖြစ်တဲ့ အထိအတွေ့ကြောင့် ခဲစားလိုက်တာနဲ့ လျှာပေါ်မှာ အရသာ စွဲကျန်ရစ်စေမှာပါ။

3. Chocolate Cake 🍫
ချောကလက် အရသာကိုမှ မျှတအောင် စီမံထားတာကြောင့် စားလို့ လုံးဝရိုးအီမှာမဟုတ်ပါဘူး။ နူးညံ့တဲ့ Texture ကြောင့် ကလေးလူကြီးမရွေး စိတ်ကြည်နူးစေမှာပါ။

4. Bean Cake 🫘
သဘာဝ ပဲရဲ့ ဆိမ့်မွှေးတဲ့ အရသာနံ့လေး ရရှိပြီး အချိုဓာတ်ကို ပေါ့ပေါ့ပါးပါးလေး ဖန်တီးထားပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အအီပြေ စားသုံးချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။

5. Pandan Coconut Cake🌿
ဆွမ်းမွှေးရွက်ရဲ့ သဘာဝ သင်းပျံ့တဲ့ ရနံ့နဲ့အတူ လတ်ဆတ်တဲ့ အုန်းရည်အရသာကို ရရှိမှာပါ။ ပေါ့ပါးပြီး နူးနူးညံ့ညံ့ မွှေးမွှေးလေးမို့ စားရတာ စိတ်ကို လန်းဆန်းစေပါတယ်။

City Mart, Ocean, Marketplace, Makro, စိန်ဂေဟာ၊ ဂမုန်းပွင့်၊ Capital၊ Super One၊ Orange, Day to Day, Victoria Excel Hyper Mart, Easy Mart ဆိုင်များ၊Mega Mart ဆိုင်များ၊Nation Mart ဆိုင်များ၊ နဲ့ G&G convenience store ဆိုင်များ နဲ့ ရန်ကုန်မြို့ရှိ လက်လီ/လက်ကားမုန့်မျိုးစုံဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော (၇၉) နှစ်မြောက်၊ အာဇာနည် နေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါတယ်။
19/07/2026

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော (၇၉) နှစ်မြောက်၊ အာဇာနည် နေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါတယ်။

စာသင်ခန်းထဲမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့အတူ ဆော့ကစားချိန်မှာပဲဖြစ်ဖြစ် မေမေ လွယ်အိတ်ထဲ အမြဲထည့်ပေးလိုက်တဲ့ Nice Food န...
13/07/2026

စာသင်ခန်းထဲမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့အတူ ဆော့ကစားချိန်မှာပဲဖြစ်ဖြစ် မေမေ လွယ်အိတ်ထဲ အမြဲထည့်ပေးလိုက်တဲ့ Nice Food နာနတ်လမုန့် လေး ရှိနေရင် ကျောင်းတက်ရတာ ဘယ်တော့မှ မပျင်းရတော့ဘူးပေါ့။ 🥰🍍

ကလေးတို့ရဲ့ ပျော်ရွှင်စရာ ကျောင်းတက်ချိန် နေ့ရက်တိုင်းမှာ Nice Food နာနတ်လမုန့် လေး ထည့်ပေးဖို့ မမေ့နဲ့နော် မေမေတို့ရေ... 👩‍👦 ကလေးတို့ရဲ့ မျက်နှာထက်က အပြုံးတွေက Nice Food ရဲ့ ပျော်ရွှင်မှုပါပဲ။

#နာနတ်လမုန့် #မေမေ့မေတ္တာ #ကျောင်းတက်ရတာပျော်ရွှင်ဖို့ #ကျောင်းမုန့်စားချိန်

🚨 𝗕𝗥𝗘𝗔𝗞𝗜𝗡𝗚 𝗡𝗘𝗪𝗦: ၂၀၂၆ ကမ္ဘာ့ဖလားကို လှုပ်ခတ်သွားတဲ့ "Nice Food" 🚨[၂၀၂၆၊ ဇူလိုင် ၁၀]ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အနီကတ်၊...
10/07/2026

🚨 𝗕𝗥𝗘𝗔𝗞𝗜𝗡𝗚 𝗡𝗘𝗪𝗦: ၂၀၂၆ ကမ္ဘာ့ဖလားကို လှုပ်ခတ်သွားတဲ့ "Nice Food" 🚨
[၂၀၂၆၊ ဇူလိုင် ၁၀]
ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အနီကတ်၊ အဝါကတ်တွေ မိုးရွာသလို ထွက်ပေါ်ခဲ့ရတဲ့ နောက်ကွယ်က တကယ့်အကြောင်းရင်းမှန်ကို ဖီဖာ (FIFA) က အရေးပေါ် စုံစမ်းစစ်ဆေးပြီးနောက် (၃) ရက်အကြာ၊ယနေ့ (၁၀-၇-၂၀၂၆) နေ့ တွင် တုန်လှုပ်ချောက်ချားဖွယ်ရာ လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်။
အဆိုပါ ဖြစ်ရပ်များမှာ ကွင်းလယ်ဒိုင်များ ဘောလုံးစည်းမျဉ်းအတိုင်း ဆုံးဖြတ်ခဲ့ခြင်းကြောင့် မဟုတ်ဘဲ ုန့်မစားရလို့စိတ်ကောက်ပြီး ပတ်ရမ်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။

📰 အာဂျင်တီးနားနဲ့ အီဂျစ် တို့ရဲ့ အကြိတ်အနယ်ရှိလှတဲ့ ပွဲစဉ်အတွင်း ကွင်းလယ်ဒိုင် François Letexier အနေနဲ့ ပွဲမစခင်ကတည်းက ဗိုက်ဆာနေခဲ့ပြီး မက်ဆီကတစ်ယောက်သာ အရသာရှိလှတဲ့ ေဘီမရွေးကို လာရောက် ကျွေးမွေးခဲ့တာကြောင့် သူ့ကို ုန့်လာမကျွေးတဲ့အီဂျစ်အသင်းအပေါ် အငြိုးအတေးထားကာ Mostafa Mohamed သွင်းယူခဲ့တဲဲဂိုးကိုလည်း ပယ်ဖျက်ယုံမျှမက အီဂျစ် အသင်းသားတွေကိုပါ အဝါကတ် ၅ ကတ် ဆက်တိုက် ပြခဲ့တာဖြစ်ကြောင်း ကွင်းတွင်း လျှို့ဝှက်ကင်မရာများအရ သိရှိရပါတယ်။

🍿 "မုန့်မစားရရင် ကတ်ပြမယ်" — ကတ်မိုးရွာခဲ့တဲ့ အခြားပွဲစဉ်များ

မော်ရိုကို vsကနေဒါ ပွဲစဉ် နှင့် မက္ကဆီကို vs တောင်အာဖရိက ပွဲစဉ် များတွင်လည်း စံချိန်တင် အဝါကတ် ၈ ကတ်၊ အနီကတ် ၃ ကတ် များအထိ ထွက်ပေါ်ခဲ့ခြင်းမှာ အသင်းနှစ်ဖက်စလုံးက ဒိုင်လူကြီးကို Nice Food မုန့် များ လာရောက်မကျွေးဘဲ ၎င်းတို့ဘာသာ ကွင်းထဲတွင် အပီအပြင် ကန်နေကြသောကြောင့် ဒိုင်လူကြီးမှ "ငါ့ကိုများ အဖတ်မလုပ်ကြဘူးလား" ဆိုကာ စိတ်ဆိုးမာန်ဆိုးဖြင့် ကတ်တွေ ဖောဖောသီသီ သုံးစွဲခဲ့ခြင်း ဖြစ်နိုင်ကြောင်း အမည်မဖော်လိုသူ Gianni Infantino က သတင်းထောက်များကို ဖွင့်ဟသွားခဲ့ပါတယ်။

⚠️ 𝐅𝐈𝐅𝐀 မှ အရေးပေါ် ကန့်သတ်ချက်နှင့် သတိပေးချက် ထုတ်ပြန်

ဤဖြစ်ရပ်ကြောင့် ဖီဖာ (FIFA) ဒိုင်လူကြီးများ ကော်မတီမှ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းအားလုံးနှင့် ဒိုင်လူကြီးများထံသို့ အောက်ပါအတိုင်း အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ရပါကြောင်း သိရှိရပါတယ်။

လတ်တလောတွင် ဒိုင်လူကြီးများ အေးအေးဆေးဆေး ဆုံးဖြတ်နိုင်ရန်အတွက် ကွင်းအသီးသီးရှိ ဒိုင်လူကြီးနားနေဆောင်များတွင် Nice Food မုန့်များကိုအလုံအလောက် အခမဲ့ ချထားပေးရန် စီစဉ်နေကြောင်း သတင်းရရှိပါသည်။

(Nice Food မှ ဟာသအဖြစ် တင်ဆက်ပါတယ်။)

👑 House of the Breadgon : "A Royal Taste. A Legendary Softness."(နန်းဆန်တဲ့ အရသာနဲ့ ဒဏ္ဍာရီလာ နူးညံ့မှု...)👑 နဂါးကမ္ဘာရဲ...
09/07/2026

👑 House of the Breadgon : "A Royal Taste. A Legendary Softness."
(နန်းဆန်တဲ့ အရသာနဲ့ ဒဏ္ဍာရီလာ နူးညံ့မှု...)

👑 နဂါးကမ္ဘာရဲ့ ဘုရင်မတောင် စွဲစွဲလန်းလန်း သုံးဆောင်ရတဲ့ Nice Food ရဲ့ "Butter Milk Bread Toast" (ထောပတ်ပေါင်မုန့်ခြောက်)

🍞Premium Ingredients: အရည်အသွေးမြင့် ကုန်ကြမ်းတွေကိုပဲ အချိုးကျကျ အသုံးပြုထားလို့ တစ်ကိုက်ကိုက်လိုက်တိုင်း ထောပတ်နဲ့ နို့ရနံ့က လျှာပေါ်မှာ စိမ့်မွှေးသွားမှာပါ။

🍞Soft & Delicious: ပေါင်မုန့်ခြောက်ဆိုပေမဲ့ သာမန်မုန့်တွေလို မာကြောမနေဘဲ ကြွပ်ရွနူးညံ့တဲ့ အရသာထူးကို ပေးစွမ်းနိုင်ပါတယ်။

🍞Perfect for Every Moment: စာဖတ်ရင်း၊ စီးရီးကြည့်ရင်းပဲဖြစ်ဖြစ်၊ အလုပ်လုပ်ရင်းပဲဖြစ်ဖြစ် ဘယ်အချိန်စားစား စိတ်ကျေနပ်မှုကို အပြည့်အဝပေးမှာဖြစ်ပါတယ်။

နန်းဆန်တဲ့ အရသာထူးကို အိမ်မှာတင် အမိအရ ခံစားနိုင်ဖို့ Nice Food ရဲ့ ထောပတ်ပေါင်မုန့်ခြောက်ကို အခုပဲ မြည်းစမ်းကြည့်လိုက်တော့နော်! 😋

#ထောပတ်ပေါင်မုန့်ခြောက်

Address

No. 44, Pyinsi Minthargyi Street And Thanchatwun U Nyunt Street, 112 Ward, East Dagon Industrial Zone
Yangon
11421

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959791444333

Alerts

Be the first to know and let us send you an email when NICE FOOD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NICE FOOD:

Shortcuts

Share

Category