14/06/2026
ဗဟုသုတအတွက်မျှဝေပါသည်။
အိမ်တစ်အိမ်မှာ သန့်ရှင်းသပ်ရပ်ပြီး စိတ်အပန်းပြေဖို့ အရေးကြီးဆုံးနေရာကတော့ "သန့်စင်ခန်း" ပဲဖြစ်ပါတယ်။
ဒါပေမဲ့ တစ်ခါတလေ အိမ်သာအိုးထဲက ရေစီးဆင်းမှု နှေးကွေးလာတာ၊ ဒါမှမဟုတ် ကန်ထဲမှာ အနည်တွေပိတ်ပြီး ပြည့်ချင်သလို ဖြစ်လာတာမျိုးက အိမ်တိုင်းလိုလို ကြုံတွေ့ရတတ်တဲ့ အိမ်တွင်းရေး အခက်အခဲတစ်ခုပါ။
ဒီလိုဖြစ်ရတာဟာ အိမ်သာတွင်းထဲမှာ သဘာဝအတိုင်း ရှိနေရမယ့် "အကျိုးပြု ဘက်တီးရီးယားလေးတွေ" မရှိတော့လို့ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ သုံးလေ့ရှိတဲ့ အိမ်သာချွတ်ဆေးပြင်းပြင်းတွေ၊ ဆပ်ပြာရည်တွေကြောင့် တွင်းထဲက အကျိုးပြုပိုးမွှားလေးတွေ 6သကုန်တဲ့အခါ အညစ်အကြေးတွေကို မခြေဖျက်နိုင်တော့ဘဲ အိမ်သာကန် ပြည့်လာရတာပါ။
ဒီနေ့မှာတော့ စုပ်ကားခေါ်စရာမလိုဘဲ အိမ်မှာရှိတဲ့ ပစ္စည်းလေး (၂) မျိုးနဲ့တင် တွင်းထဲက အနည်တွေကို သဘာဝအတိုင်း ဖြည်းဖြည်းချင်း ခန်းကျသွားစေမယ့် အလွယ်ကူဆုံး နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။
🍯 လိုအပ်တဲ့ပစ္စည်း
• မုန့်ဖုတ်တဆေး (Yeast) — ထမင်းစားဇွန်း (၂) ဇွန်းခန့်
• သကြားညို (သို့မဟုတ်) ထန်းလျက် — ၅၀ ကျပ်သားခန့်
🛠 ပြုလုပ်ရမယ့် အဆင့်ဆင့် (လူတိုင်း အလွယ်လေး လုပ်နိုင်ပါတယ်)
၁။ အာဟာရရည် ပြင်ဆင်ခြင်း
ထန်းလျက် (သို့) သကြားညိုကို ရေနွေးနွေးလေး (အရမ်းမပူရပါ) အနည်းငယ်နဲ့ ခဲမကျန်အောင် 6သချာအရည်ဖျော်ပါ။ ပြီးရင် သာမန်ရေအေး ၅ လီတာခန့် (ရေပုံးတစ်ပုံး) ထဲကို အဲဒီသကြားရည်တွေ လောင်းထည့်ပြီး တဆေးပါ ထည့်မွှေပေးပါ။ (နာရီဝက်ခန့် ငြိမ်အောင် ထားလိုက်လျှင် တဆေးများ အမြှုပ်ထလာပါလိမ့်မည်။ သကြားထဲမှာပါတဲ့ သဘာဝဓာတ်ဟာ တဆေးပိုးလေးတွေ အားကောင်းလာဖို့ အကောင်းဆုံး အစားအစာ ဖြစ်ပါတယ်။)
၂။ ညဘက် လောင်းထည့်ခြင်း
အိမ်သားတွေ အိပ်ယာဝင်ခါနီး၊ သန့်စင်ခန်းကို ဘယ်သူမှ မသုံးတော့မယ့် ညဘက်အချိန်မျိုးမှာ ရလာတဲ့ တဆေးဖျော်ရည်ပုံးကို အိမ်သာခွက်ထဲ လောင်းထည့်ပြီး ရေဆေးချလိုက်ပါ။
၃။ အချိန်ပေး စောင့်ဆိုင်းခြင်း
တဆေးရည်ဟာ အိမ်သာတွင်းထဲ ရောက်သွားတဲ့အခါ သဘာဝ အကျိုးပြု ဘက်တီးရီးယားတွေကို အရှိန်အဟုန်နဲ့ ပွားများလာစေပါတယ်။ အဲဒီပိုးမွှားလေးတွေက တွင်းထဲက အနည်ဟောင်းတွေကို တဖြည်းဖြည်းချင်း လိုက်လံချေဖျက်ပြီး သဘာဝအတိုင်း အရည်အဖြစ် ပြောင်းလဲကာ မြေကြီးထဲ စိမ့်ဝင်သွားစေမှာ ဖြစ်ပါတယ်။
💡 စွမ်းဆောင်ရည် ပိုကောင်းစေဖို့ သိထားရန်
• သဘာဝနည်းလမ်းဖြစ်လို့ တဆေးနဲ့ ဗက်တီးရီးယားတွေ အနည်တွေကို အချဉ်ဖောက် ခြေဖျက်ဖို့အတွက် (၃) ရက် ကနေ (၅) ရက်ခန့် အချိန်ယူရပါတယ်။ ထိုရက်ပိုင်းအတွင်းမှာ ကန်ပြန်ကျသွားပြီး ရေဆင်းရတာ သိသိသာသာ ပေါ့ပါးလာတာကို မြင်ရပါလိမ့်မယ်။
• တစ်လတစ်ကြိမ် ပုံမှန်လုပ်ပေးရင် အိမ်သာကန် လုံးဝပြန်မပြည့်အောင် ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။
• အထူးသတိပြုရန်- ဒီနည်းလမ်းကို သုံးထားတဲ့ (၅) ရက်အတွင်းမှာ အိမ်သာထဲကို ဓာတုပစ္စည်းတွေပါတဲ့ ဆေးရည်အပြင်းစားတွေ၊ ချွတ်ဆေးတွေ လုံးဝမထည့်ပါနဲ့။ မွေးမြူထားတဲ့ အကျိုးပြုပိုးမွှားလေးတွေ 6သကုန်တတ်လို့ပါ။
ငွေကုန်ကြေးကျလည်း အလွန်သက်သာပြီး သဘာဝအတိုင်းလည်း သန့်စင်ပေးနိုင်တဲ့ ဒီနည်းလမ်းလေးကို အိမ်မှာ စမ်းလုပ်ကြည့်ဖို့ အကြံပြုပါရစေနော်။
သန့်ရှင်းအဆင်ပြေတဲ့ အိမ်ကမ္ဘာလေး ဖြစ်ပါစေ။ ✨