B&B Bakery

B&B Bakery Healthy eating is the way of life.

B&B bakery မှ ပေါင်မုန့်ကိတ်မုန့် များကို နှစ်ချိုက်စွာအားပေးသူ တဦးခြင်းစီတိုင်းကိုအထူးဘဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ B&B မ...
30/10/2022

B&B bakery မှ ပေါင်မုန့်ကိတ်မုန့် များကို နှစ်ချိုက်စွာအားပေးသူ တဦးခြင်းစီတိုင်းကိုအထူးဘဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ B&B မိသားစု

19/10/2022
20/09/2022

ရွှေကြည်ဆနွင်းမကင်းလုပ်နည်း
+++++++++++++++++++++

ပြုလုပ်နည်းလေး ကို အလှုတွေမှာ ပြုလုပ်လို့ရအောင် ဒီနေ့ပြောပြမယ်နော်

ရွှေကြည်ဆနွင်းမကင်းပြုလုပ်နည်း များစွာရှိမှာပါ ဒါပေမဲ့ လူတိုင်းလုပ်ရတာလွယ်ကူမဲ့

နည်းလမ်းကိုဘဲပြောပြပါ့မယ် ဒါမှလွယ်လွယ်လေးဆိုပြီး လုပ်စားဖြစ်မှာလေ 😋

ရွှေကြည်တစ်ပိသာ အချိုးနဲ့ပြောပြပါ့မယ်

ပွဲထိုင်ဗန်းဆို ပုံမှန် တစ်ပိသာ နဲနဲထူချင်ရင် တစ်ပိသာ၂၅ ကျပ်သားလောက် လုပ်လို့ရပါတယ်

ရွှေကြည် တစ်ပိသာ

အုန်းသီးရင့်ရင့် ၆ လုံး

နို့စိမ်း ၅ လုံး

ကြက်ဥ အလုံး ၂၀

သကြား ၅၀သား ( အစိမ့်)

ထောပါတ် ၂၀သား

ဆီ ၂၅ ကျပ်သား

စပျစ်သီးခြောက် အချို ၁၅ ကျပ်သား

ဆားနဲနဲ

ဘိန်းစေ့ နဲနဲ လိုအပ်ပါတယ်

အကောင်းစား အရသာရှိလှတဲ့ ရွှေခြည်ဆနွင်းမကင်း တစ်ပိသာ အိုးရဲ့အချိုးပါရှင်

ပြုလုပ်နည်း
***********

ရှေးဦးစွာ ရွှေခြည်နဲ့သကြားကို မွှေးလာအောင် လှော်ထားပါ။
ကြက်ဥကို ကြေအောင်ခေါက်ထားပေးပါ။
ထို့နောက် လှော်ပြီးသား ရွှေခြည် ထဲကို အုန်းနို့ နို့ဆီဗူးနဲ့ ၁၂ ခွက်ထဲ့ပါ။ ကြက်ဥခေါက်ထားတာကိုပါ ထည့်ပါ။ ထောပါတ်ထဲ့ပါ ဆီထဲ့ပါ ဆားထဲ့ပါ။နို့စိမ်း ၅ ဗူးထဲ့ပါ။ အားလုံးသမအောင်ရောမွှေပါ။

မုန့်လုပ်ရန် အဆင်သင့်ဖြစ်ပါပြီ။

ရောထားသည်များကို အိုးထဲမှာ ဆီပြန်လာအောင် ကျိုပါ။ ဆီပြန်ပြီး မုန့်သား လည်လာလျှင်စပျစ်သီးခြောက်ထည့်ပါ။

ထို့နောက် ဖုတ်မည့်ဗန်းထဲ လောင်းထည့်ပါ။ အုန်းနို့ဦးရည် နဲနဲချန်ထားပြီး ဖြန်းပေးပါ။

ဘိန်းစေ့ဖြူးပြီး အပေါ်မီးများများ အောက်မီးနဲနဲနှင့် မိနစ် ၃၀ မှ ၄၅ မိနစ်ကြာအောင် မီးအနဲအများအလိုက်
ဖုတ်ပါ တစ်ရက် အနဲဆုံး ၈ နာရီ အအေးခံပါ။
စားသုံးရန်အဆင်သင့် ရွှေခြည်ဆနွင်းမကင်းရပါပြီရှင်။

C. R. D
: ချက်နည်းပြုတ်နည်း

13/09/2022

#ထိုးမုန့်💛👇🍒

စတုဒီသာ ကုသိုလ်လုပ်ဖြစ်လို့ တင်ပေးခြင်းပါတယ်

ပါဝင်ပစ္စည်း
ကောက်ညှင်းဆန်(2)ပြည်ကြိတ်ထားတဲ့ ကောက်ညှင်းမှုန့်
ပဲဆီ အသန့်(1)ပိသာ
သကြား(2)ပိသာ
ကျောက်ဖရုံယို (50)သား
သီဟိုစေ့ (2000)ဖိုး
စပျစ်စေ့ (2000)ဖိုး
ဘိန်းစေ့ (1000)ဖိုး
ထောပတ်ဆီ(ကောင်းပြီးသန့်တာ)(10)သား
ရေအနည်းငယ်
ပုံထဲမှာတော့ ရောင်စုံသီးစုံစေ့တွေပါပေမဲ့ ကျွန်မက Colour တွေများနေလို့ မထည့်ဖြစ်ပါ ကြိုက်ရင်ထည့်နိုင်

အုန်းသီးအနေတော်(2)လုံးကို အောက်ကမည်းမည်းအခွံတွေမပါအောင်
အထဲကအဆံဖြူဖြူလေးတွေရအောင် ခြစ်၍ ဆီသန့်ဖြင့် ရွှေဝါရောင်သန်းသည်ထိ စိတ်ရှည်ရှည်မွှေပြီး မီးအေးအေးနဲ့ကြော်ထားပါ
မကျွမ်းပါစေနဲ့

ပထမဆုံး ကောက်ညှင်းမှုန့်တွေကို နယ်ဖို့ရာ ကျယ်ဝန်းထဲအိုး ကျွန်မကတော့ ဒန်အိုးအကြီးကြီး တစ်လုံး သုံးလိုက်ပါတယ်
ကော်ညှင်းမှုန့်တွေကို မုန့်လုပ်ရင် နယ်သလို ဥပမာ( မုန့်လုံးရေပေါ်လုပ်ဖို့ နယ်သလိုမျိုး)ရေလိုသလိုထည့်ထည့်ပြီး နယ်ပေးပါရှင့်
အရမ်းလည်း မပျော့ အရမ်းလည်းမမာ အနေအထားလေးပေါ့
မုန့်သားနယ်ပြီး ခဏနှပ်ထားချိန်မှာ တခြား အရာတွေ ထိုးမဲ့ မီးဖိုကအစ ပြင်ဆင်ထားပါ
ဖြိုးကတော့ အိမ်နီးချင်းတွေ လှည့်ဝေ စတုဒီသာ ကျွေးမှာမို့ (2)ပြည်ထိုးတဲ့အတွက် အိမ်မှာရှိတဲ့ ဘာမီးဖိုနဲ့မှ အဆင်မပြေနိုင်တာမို့ ကွင်းပြင်ထွက် ထင်းမီးဖိုပြီး အားသန်တဲ့ယောကျား (2)ယောက် အကူအညီတောင်းပြီး ထိုးခိုင်းရတယ်ပေါ့နော်😃
ထိုးမုန့်ထိုးတာက ထမနဲထိုးတာထက် ပင်ပန်းပါတယ်ရှင့် မိန်းမသား အိမ်စားဖို့နည်းနည်းလေးထိုးရင်တောင် အရမ်းပင်ပန်း လက်ညောင်းအောင် ထိုးရပါတယ်ရှင့်

ပထမအဆင့် မုန့်နယ်လို့ပြီးရင်
ဒုတိယအဆင့်
အနေနဲ့ ထိုးမုန့်ထိုးဖို့ပြင်ရမယ်
ထိုးမုန့်ထိုးရမဲ့ အဓိက ပါဝင်ပစ္စည်းတွေရဲ့ အချိုးလေး ပြောပြမယ်နော်
ကောက်ညှင်း(1)ပြည်ဆို သကြားက (1)ပိသာပါ
ကောက်ညှင်း(1)ပြည်ကို ပဲဆီအသန့်က (50)သားပါ
ထိုးမုန့်ထိုးရင် ဆီကို ပဲဆီအသန့်သာ သုံးပါ တခြားဆီ သုံးမယ်ဆိုရင် ဥပမာ (နှမ်းဆီ သုံးတယ်ဆိုပါတော့ အမြှပ်တွေထွက်ပြီး ထိုးတဲ့နေရာမှာ အဆင်မပြေနိုင်ပါဘူးရှင့်)

တတိယအဆင့်
ခပ်ကျယ်ကျယ်ဒယ်အိုး ထိုးမုန့်ထိုးတဲ့အခါ ကျယ်ကျယ်ဝန်းဝန်းထိုးလို့ အဆင်ပြေမဲ့အိုးထဲကို နှစ်ပြည်ထိုးမှာဆိုတော့ ပဲဆီ(1)ပိသာထည့်ပါ
ဆီပူလာရင် ခုနနယ်ထားတဲ့ မုန်သားတွေ ဆီတွေလူဆီပြန်မစင်အောင် အသာလေးထည့်ပေးပါ(ဆီပူလောင်တတ်လို့)
ဆီနဲ့ကြော်သလို မုန့်သားတွေကို အထက်အောက်လှန်လှန်ပြီး နယ်ထိုး ထိုးပေးနေပါ
ဒီနေရာမှာ သကြား(2)ပိသာ တခါတည်းထည့်ထိုးပါရှင်
အောက်မှာပုံပါပါတယ် ပထမပုံလို မုန့်သားတွေ အစိလေးတွေ ဥပြီး ဖြစ်လာပါလိမ့်မယ်
ဆက်ဆက်ပြီး ပုံမှန်ထိုးပေးနေပါ နောက်တဖြည်းဖြည်းနဲ့ ဆီခမ်းသွားပါလိမ့်မယ်

နောက် ဒုတိယ Video ဖိုင်ထဲကလို အောက်မှာပါပါတယ် ကြည့်လိုက်ပါ
မုန့်သားတွေမာတင်းလာပြီး ဆီတွေလည်းခမ်းလာပြီဆိုရင် ထိုးရသူ အရမ်းပင်ပန်းပါတယ် နှစ်ယောက်သား တတ်ညီလက်ညီ အဆက်မပြတ် အထက်အောက်ရော ဘေးဘက်ရောနှံအောင် မွှေပြီးထိုးနေရပါပြီ
မုန့်သားခပ်တင်းတင်းအခြေအနေမှာ ထောပတ်ဆီ ကောင်းသန့်ပြီးမွှေးနေတာ (10)သားထည့် ကျောက်ဖရုံယိုကတ်ကြေးနဲ့ညှပ်ထည့် စပျစ်စေ့ထည့် သီဟိုစေ့ကိုတော့ နောက်မှ မညက်တညက်ထောင်းပြီး ထိုးမုန့်အပေါ်ကဖြူးစားလည်းရ ကျွန်မကတော့ တခါတည်းထည့်လိုက်ပါတယ်
အိမ်စားဖို့ဆိုရင်တော့ နောက်မှဖြူးစားပါ

အားလုံး ပါဝင်ပစ္စည်းတွေထည့်ပြီး မုန့်မာခပ်တွဲတွဲ အနေအထားဆို ရပါပြီရှင့်
ဒီအချိန်မှာ ဖြန့်ခင်းမဲ့ဗန်းကို အစကတည်းက အဆင်သင့်လုပ်ထားပါ
ငှက်ပျောဖတ်ကို သန့်စင်အောင် သုပ်ပြီးမှ အပေါ်မှ ကြွေပုံဂံ ပူနေချိန်မှာ ဖြိုးကတော့ လက်နဲ့မဖိနိုင်တာမို့ ကြွေပုံဂံတချပ်နဲ့ ဖိဖိပြီး ဖြန့်ခင်းလိုက်တယ်
ဒီပူနေတဲ့အချိန်မှာဘဲ တခါတည်း ဘိန်းစေ့ကို နေရာအနှံလိုက်ပြီး ဖြန့်ပေးပါရှင် ဒီအချိန်မှာ ကတ်ကြေးနဲ့ညှပ်လို့ မရသေးပါဘူးနော်
အနည်းဆုံး (5)နာရီလောက် အအေးခံထားပါ
(5)နာရီလောက်နေရင်တော့ အိစက်ပြီးအရသာရှိလှတဲ့ ထိုးမုန့်လေးကိုညှပ် အပေါ်က အုန်းသီးဆံခြစ်ကြော်တာလေး ဖြူးပြီး သုံးဆောင်နိုင်ပါပြီရှင့်

အုန်းဆံကြော်ကို စားခါနီးမှ ဖြူးစားတာက ပိုကောင်းပါတယ်ရှင့်
ဒီထိုးမုန့်ထိုးနည်းက တပတ် ဆယ်ရက်ထားစားလို့ရပါတယ် ရက်ကြာလို့အိစက်မနေဘဲ မာသွားတာကလွဲရင်ပေါ့
အုန်းဆံကြော်ကို တခါတည်းဖြူးထည့်လိုက်လို့ ရက်ကြာသွားရင်တော့ ဆီချေးနံ နံတတ်ပါတယ်ရှင့်
ကဲ...အိမ်မှာ အပျင်းပြေ လုပ်စားကြည့်ကြနော်😃

#ဖြိုးလက်ရာထိုးမုန့်ထိုးနည်း

(၇)ရက်သားသမီးအားလုံး ကျန်းမာစေကြောင်း ဆန္ဒပြုလျှက်
Credit to original uploader

သာမန်ပေါင်မုန့်တွေထက် အဟာရနှစ်ဆပြည်ဝသော Wholemeal burger bun
26/06/2022

သာမန်ပေါင်မုန့်တွေထက် အဟာရနှစ်ဆပြည်ဝသော Wholemeal burger bun

ထောပတ်နံ့မွှေးမွှေးလေနဲ့ ကိတ်မုန့်လေးတလုံးစားချင်တယ်ဆိုရင်🥰🥰🥰
08/06/2022

ထောပတ်နံ့မွှေးမွှေးလေနဲ့ ကိတ်မုန့်လေးတလုံးစားချင်တယ်ဆိုရင်🥰🥰🥰

ချစ်လေးတို့​ရေး 😍😍B&B bakery ဆိုင်ခွဲ (3) မကြာမှီ ဖွင့်လှစ်ပါ မယ်🎉💞လှည်းတန်းမှ  အား​ပေး​သော ​ပေါင်မုန့်ချစ်သူများအတွက်လှ...
23/02/2022

ချစ်လေးတို့​ရေး 😍😍
B&B bakery ဆိုင်ခွဲ (3) မကြာမှီ ဖွင့်လှစ်ပါ
မယ်🎉💞

လှည်းတန်းမှ အား​ပေး​သော ​ပေါင်မုန့်ချစ်သူများအတွက်လှိုင်မြို့နယ်မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်ရှင့်💗
လာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင့် 😋

Shop (1) : ၂၃, ရတနာလမ်း, လှည်းတန်း, ကမာရွတ်မြို့နယ် (7:00AM to 8:00 PM)

Shop (2) : 28, ၇လမ်း, လှည်းတန်း, ကမာရွတ်မြို့နယ် ( 7:00AM to 7:30PM)

Shop (3) : ၈, လှိုင်မြစ်လမ်း,လှိုင် (7:00AM to 8:00PM)

​ပေါင်မုန့်အမျိုးစုံ, ကိတ်မုန့်အမျိုးစုံ, ကွက်ကီးအမျိုးစုံ ကို သန့်ရှင့်လတ်ဆက်ပြီ တားရှည်ခံ​ဆေးများမပါ၀င် ကျန်းမာ​ရေးညီညွတ်စွာ ထုတ်လုပ်ထား​သော​ကြောင့် ​စျေးနှုန်းချိုသာပြီထူးကဲစွာ အား​ပေးသုံး​ဆောင်နိုင်ပါတယ်ရှင့်❤

​အော်ဒါမုန့်မျိုးစုံများအား ၁ရက်ကြိုတင်စာရင်း​ပေးမှာယူနိုင်ပါတယ်ရှင့် ဖုန်း ၀၉၇၉၉၃၂၂၀၇၇, ၀၉၇၉၉၃၂၂၀၅၅

Yummy Chicken floss bun 🥰🥰🥰
20/01/2022

Yummy Chicken floss bun 🥰🥰🥰

Address

Yadanar Street
Yangon

Website

Alerts

Be the first to know and let us send you an email when B&B Bakery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share