22/04/2026
မစကူညီဖို့ ဘုရားသခင်နှင့်ပူးပေါင်းစို့
ဗုဒ္ဓဟူးနေ့ | ဧပြီလ (၂၂) ရက်
နေ့စဉ်ခွန်အားဖတ်ရန် ။ ။ https://myanmar-odb.org/2026/04/22/joining-god-to-help
မြန်မာဘာသာဖြင့် သမ္မာကျမ်းစာဖတ်ရန် ။ ။ https://odb-ministries.org/bible/mm/read.php?v=mm&b=ps72:12-14
ဖတ်ရန် ဆာလံကျမ်း ၇၂:၁၂-၁၄ | သမ္မာကျမ်းစာတစ်နှစ်တာ ၂ ရာ ၁၄-၁၅
နှင့် လု ၁၇:၁-၁၉
“ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ [ ဆာ ၇၂:၁၂ ]
၂၀၂၁ ခုနှစ်တွင် တာလီဘန်များသည် အာဖဂန်နစ္စတန်အစိုးရအား လျင်မြန်စွာ အနိုင်ယူစိုးမိုးခဲ့ချိန်၌ လူထောင်ပေါင်းများစွာတို့မှာ ထွက်ပြေးလွတ်မြောက်ရန်
လမ်းမရှိဘဲ ချောင်ပိတ်မိနေကြပြီး၊ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ သာမန်ပြည်သူများက ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှာရာ၊ လူငယ်တစ်ဦးက အင်စတက်ဂရမ်ပေါ်တွင် သူတို့ ထွက်ပြေးလွတ်မြောက်ရန် လေယာဉ်ပျံငှားရမ်းခ ငွေ ဒေါ်လာ ၇ သန်း ရရှိရေး ရံပုံငွေရှာဖွေရေးအစီအစဉ်ကို စတင်ခဲ့သည်။ သူက သတင်းဌာနတစ်ခုသို့ “နိုင်ငံရေးအရ မတူညီကွဲပြားနေသော ဤအခြေအနေဆိုးကြီးတွင် ရုန်းကန်နေကြရသည့် လူတန်းစားအသီးသီးအတွက် အတူပါဝင်ပြီး ဤသူတို့ကို ဝိုင်းဝန်းကယ်တင်ရအောင်” ပြောခဲ့သည်။ ရှုပ်ထွေးပွေလီသည့်အမှုအရေးတွင် သူတို့ဝင်ရောက်ကူညီရန် ရွေးချယ်ခဲ့ကြသည်။
အာဖကန်နစ္စတန်နိုင်ငံ တစ်နိုင်ငံတည်းသာ မဟုတ်ပါ။ မိုးမျှော်တိုက်နှင့်မြို့ပြများမှအစ တောရွာဇနပုဒ်အထိ ကမ္ဘာအနှံ့တွင် လူများစွာတို့သည် အထီးကျန်ဖြစ်လျက် ကြေကွဲဝမ်းနည်းစိတ်၏ဖိစီးမှုကို အလူးအလဲ ခံစားနေကြရသည်။ ထိုသို့ ဆင်းရဲဒုက္ခနှင့် မျှော်လင့်ချက်မဲ့သောနေရာများတွင် ဘုရားသခင်၏အာရုံစူးစိုက်မှု သက်ရောက်သည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်သည် သူ့နည်းသူ့ဟန် သူ့အချိန်တွင် “ငတ်မွတ်သောသူ ...၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကို... ချမ်းသာပေးတော်မည်”(၇၂:၁၂)။ ထို့အပြင် ကျွန်ုပ်တို့မှတစ်ဆင့် ဘုရားသခင်၏ကူညီမစမှုရောက်ရှိစေခြင်းနည်းလမ်းက အံ့ဩဖွယ်ဖြစ်သည်။ ဆာလံ ၇၂ တွင် ရှောလမုန်မင်းကြီး၏လုပ်ဆောင်မှုနှင့်ဘုရားသခင်၏ လုပ်ဆောင်မှုကို ဖော်ပြထားပြီး၊ သူတို့၏လုပ်ဆောင်မှုကို တစ်ခုနှင့်တစ်ခု ခွဲခြားရန် မလွယ်ကူပါ။ သခင်ဘုရားသည် ကယ်တင်သူဖြစ်ပြီး သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်လျက်ရှိသည်။
မတရားမှုနှင့်ဆင်းရဲဒုက္ခများကို ကြုံတွေ့ရင်ဆိုင်ရသည့်အခါ ကျွန်ုပ်တို့သည် ပြဿနာ၏ဗဟိုချက်သို့ဝင်ရောက်ပြီး ကိုယ်တော်နှင့်အတူ ပူးပေါင်းဖြေရှင်းနိုင်ပါသည်။ ဘုရားသခင်နောက်တော်သို့လိုက်၍ ကူညီဖေးမမည့်သူ မည်သူမျှ မရှိသည့်နေရာသို့ ကျွန်ုပ်တို့သွားရောက်ကူညီနိုင်ပါသည်။
စာရေးသူ ဝင်းကော်လီယာ
ဝင်ရောက်ကူညီသူ မည်သူမျှမရှိဟုထင်ရသည့် မည်သည့်အခြေအနေမျိုးကို သင်တွေ့ကြုံခဲ့ဖူးသနည်း။ ထိုနေရာတွင် ဘုရားသခင်နှင့် သင်မည်ကဲ့သို့ပူးပေါင်းလုပ်ဆောင်မည်နည်း။
ချစ်သောဘုရားသခင်၊ ကျွန်ုပ်တို့ကိုကူညီမစရန် ကတိပေးသည်သာမက၊ အခြားသူများကို ကူညီမစရာတွင် ကိုယ်တော်နှင့်အတူ ပူးပေါင်းရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်သည့်အတွက် ကျေးဇူးတင်ပါ၏။
****************************************
အသက်တာကို ပြောင်းလဲပေးနိုင်စွမ်းရှိသည့် ဘုရားသခင်၏နှုတ်ကပတ်တော်မှ မိတ်ဆွေခွန်အားရရှိမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းအတွက် ဆုတောင်းပေးရန် မေတ္တာရပ်ခံပါသည်။ မိမိတတ်နိုင်သလို ထောက်ပံ့ကူညီလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။ မိတ်ဆွေ၏အကူအညီအတွက် ကျွန်ုပ်တို့ အလွန်ဝမ်းမြောက် ကျေးဇူးတင်မည်ပင်။ ဘုရားသခင်၏ ကွယ်ကာစောင်မမှုအားဖြင့် မိတ်ဆွေ၏အသက်တာသည် လုံခြုံ၍အသီးပွင့်လန်းသောအသက်တာ ဖြစ်ပါစေသော်။