Mine Bakery Corner

Mine Bakery Corner မွေးနေ့ကိတ် ၊ ကိတ်အမျိုးမျိုးနှင့်ပေါင်မုန့်အမျိုးမျိုးသင်တန်းနှင့် ဖြန်ချီရေး

Merry Christmas🥰🥰🥰
25/12/2023

Merry Christmas🥰🥰🥰

25/08/2023

အချစ်တို့ရေ
Page အသစ်လေးကို Like & Follow လေးတွေလုပ်ပေးပါဦး။ နောက်ပိုင်း Product တွေကို MINE Bakery Page အသစ်မှာပဲတင်တော့မှာဖြစ်လို့ပါ။ Page အဟောင်းက Mine ရဲ့ အချစ်တော်တွေအတွက်လဲ Promotion လေးတွေကိုသီးသန့်လုပ်ပေးသွားဦးမှာနော် !
Please ...

လက်မလည်အောင်ရောင်းရတဲ့ဒူးရင်းကိတ်မှာယူမယ်ဆို (၂)ရက်ကြိုမှာပေးပါရှင်အနဲဆုံးတလုံးတော့ယူပေးပါနော်တလုံးမှာယူဘို့အဆင်မပြေရင် ...
09/08/2023

လက်မလည်အောင်ရောင်းရတဲ့ဒူးရင်းကိတ်
မှာယူမယ်ဆို (၂)ရက်ကြိုမှာပေးပါရှင်
အနဲဆုံးတလုံးတော့ယူပေးပါနော်
တလုံးမှာယူဘို့အဆင်မပြေရင် မိသားစုနဲ့ဖြစ်ဖြစ် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် စပ်တူမှာစားပါလို့ပြောရင်း
ခုပဲအော်ဒါတင်လိုက်တော့နော်🥰

09976886653
09971874445

ယနေ့အတွက် ဒူးရင်းကိတ်အော်ဒါလေးပါရှင်🥰ဒူးရင်းသီးကြိုက်တဲ့သူတွေအတွက် ဒူးရင်းကိတ်မှာလို့ရပါပီရှင်  စားပီးရင်းစားချင် Mine B...
21/07/2023

ယနေ့အတွက် ဒူးရင်းကိတ်အော်ဒါလေးပါရှင်🥰

ဒူးရင်းသီးကြိုက်တဲ့သူတွေအတွက် ဒူးရင်းကိတ်မှာလို့ရပါပီရှင် စားပီးရင်းစားချင် Mine Bakery Corner ရဲ့ ဒူးရင်းသီးကိတ် အော်ဒါတင်လို့ရပါပီရှင် 🥰
စာတွေအများကြီးရေးရင်အမှားတွေပါမှာဆိုးလို့ ခုပဲ အော်ဒါတင်လိုက်တော့နော် 😂
အနဲဆုံး တလုံးမှာယူပေးပါရှင် 🙏🏻

Promotion -31.7.2023 ထိ တလုံး 40000/-

1.8.2023 မှစပီး တလုံး 50000/- ပါရှင်

09976886653, 09971874445

Mine ချစ်သူ‌တို့ရေ ...မင်မင်လဲ Cake Order တွေနဲ့လက်မလည်လို့ နောက်ထပ် Order တွေခနရပ်ထားတာ နဲနဲများကြာသွားလားတော့မသိဘူး 😁က...
22/06/2023

Mine ချစ်သူ‌တို့ရေ ...

မင်မင်လဲ Cake Order တွေနဲ့လက်မလည်လို့ နောက်ထပ် Order တွေခနရပ်ထားတာ နဲနဲများကြာသွားလားတော့မသိဘူး 😁
ကဲ ... အခုတော့ ကာကာတို့အကြိုက်လေးတွေ ပြန်မှာလို့ရပါပြီ !
လတ်တလောမှာတော့ ...
- Chocolate Brownie
- Castella Cheese Cake
- Castella Cake
- Chocolate Castella Cake
- Honey Castella Cake
- Croissant
- Burn Cheese Cake
- Blueberry Cheese Cake တွေကို ကာကာတို့ စိတ်တိုင်းကျ မှာယူနိုင်ပြီနော်။

ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးသွားမှာဖြစ်ပြီး၊ မှာယူလိုပါက Page Chatbox (သို့) ဖုန်းနံပါတ် 09976886653 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

မှတ်ချက် - ဓါတုဗေဒတာရှည်ခံပစ္စည်းများအသုံးမပြုပါ။

မွေးနေ့မှာ ဘယ်လိုပန်းစည်းမျိုး လက်ဆောင်ပေးရမလဲ ?မည်သည့်အခါသမယပွဲအတွက်မဆို ထိပ်တန်းပန်းစာရင်းများတွင် နှင်းဆီမပါဘဲ ပြီးပြ...
16/06/2023

မွေးနေ့မှာ ဘယ်လိုပန်းစည်းမျိုး လက်ဆောင်ပေးရမလဲ ?

မည်သည့်အခါသမယပွဲအတွက်မဆို ထိပ်တန်းပန်းစာရင်းများတွင် နှင်းဆီမပါဘဲ ပြီးပြည့်စုံမှာမဟုတ်နိုင်ပါဘူး။ နှင်းဆီဟာ ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးပန်းများထဲက တစ်ခုလဲဖြစ်ပါတယ်။

နှင်းဆီပန်းများကို သူတို့၏ ထူးခြားသော ပုံသဏ္ဍာန်ကြောင့် လူသိများပါတယ်။ နှင်းဆီ အမျိုးအစား‌ပေါင်း ထောင်နဲ့ချီရှိပါတယ်။ နှင်းဆီဟာ သူ့ရဲ့အဓိပ္ပါယ်အရ စိတ်ဝင်စားစရာအလွန်ကောင်းသော ပန်းတစ်ပွင့်ဖြစ်ပါတယ်။ နှင်းဆီပန်းဟာ အချစ်နဲ့ ဆက်စပ်တယ်ဆိုတာ လူတိုင်းသိပါတယ်။

ဒါပေမယ့် နှင်းဆီရဲ့အရောင်က အချစ်အမျိုးအစားနဲ့ ကိုယ်စားပြုတဲ့ အဓိပ္ပါယ်ကို အဆုံးအဖြတ်ပေးတယ်ဆိုတာ သင်သိပါသလား ?
အဲဒါအမှန်ပါပဲ ! နှင်းဆီအရောင်ဟာ ပန်းပွင့်ကဲ့သို့ သူ့ရဲ့အဓိပ္ပါယ်အတွက်လဲ အရေးကြီးပါပါတယ်။

နှင်းဆီအနီ = ချစ်ခြင်းမေတ္တာ/အချစ်။
ပန်းရောင်နှင်းဆီ = ချိုမြိန်မှု၊ မြတ်နိုးမှု၊ ပျော်ရွှင်မှု။
နှင်းဆီဖြူ = အပြစ်ကင်းစင်သန့်ရှင်းခြင်း။
အဝါရောင်နှင်းဆီ = ချစ်ကြည်ရေး။
လာဗင်ဒါနှင်းဆီ = မြင်မြင်ချင်း ချစ်တယ်။
ထိုအဓိပ္ပါယ်များဖြင့် သင်ဟာ ပန်းတစ်ပွင့်တည်းကို အသုံးပြုပြီးလည်း သင်၏မွေးနေ့မက်ဆေ့ချ်ကို ဖော်ပြနိုင်ပါသည်။

မင်မင်တို့ရဲ့ Mine Bakery Corner & Floral Service မှာလည်း မွေးနေ့လက်ဆောင်ပန်းစည်းများအပြင် မွေးနေ့ Cake များကိုလည်း ချစ်ကာကာတို့ရဲ့စိတ်တိုင်းကျအချိန်တိုတိုအတွင်း မှာယူနိုင်ပါပြီ !
အသေးစိတ်ကိုတော့ Page Chat Box တွင် လာရောက်စုံစမ်းနိုင်ပါတယ်။

ကိုယ်ချစ်တဲ့သူကို ...အထိမ်းအမှတ်တစ်ခု (သို့) ပျော်ရွှင်မှု၊ ချစ်ခင်မှု၊ လေးစားမှု၊ ကိုယ်ချင်းစာမှု၊ တောင်းပန်မှု တို့အတွ...
10/06/2023

ကိုယ်ချစ်တဲ့သူကို ...

အထိမ်းအမှတ်တစ်ခု (သို့) ပျော်ရွှင်မှု၊ ချစ်ခင်မှု၊ လေးစားမှု၊ ကိုယ်ချင်းစာမှု၊ တောင်းပန်မှု တို့အတွက် လက်ဆောင်တစ်ခုပေးတော့မယ်ဆိုရင် အရိုးရှင်းဆုံးနဲ့ သေသပ်လှပတဲ့ လက်ဆောင်မျိုးကို ပထမဆုံးဦးစားပေးရွေးချယ်ရမှာဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာ မရိုးနိုင်အောင် ခေတ်စားလာတဲ့ Bouquet များပြုလုပ်ကာ ကိုယ်ချစ်သူတဲ့သူတွေရဲ့ စိတ်အခြေအနေပေါ်မူတည်ပြီး လက်ဆောင်ပေးခြင်းဟာ လုံးဝကို Trend အဖြစ်ဆုံး လက်ဆောင်တစ်ခုလဲဖြစ်လို့လာပါတယ်။

မင်မင်တို့ ရဲ့ Mine Bakery & Floral Service မှာလဲ Flower Bouquet, Snack Bouquet, Money Bouquet, Doll Bouquet x Cake အစရှိတဲ့ Bouquets များအပြင် ကာကာတို့ စိတ်တိုင်းကျ၊ အလိုရှိတဲ့ Bouquet များကို ဖန်တီးပေးလို့နေပါတယ်။

Bouquet လေးတွေနဲ့ ပတ်သက်ပြီး အသေးစိတ်စုံစမ်းလိုပါက Page Chatbox (သို့) ဖုန်းနံပါတ် 09976886653 ကို စုံစမ်း မှာယူနိုင်ပါတယ်။

Mine ချစ်သူတို့ရေ ...Mine ရဲ့ Product တွေထဲမှ အရောင်းရဆုံးတစ်ခုဖြစ်တဲ့ Chocolate Brownie လေးတွေကို ပြန်လည်မှာယူလို့ရပြီန...
05/06/2023

Mine ချစ်သူတို့ရေ ...

Mine ရဲ့ Product တွေထဲမှ အရောင်းရဆုံးတစ်ခုဖြစ်တဲ့ Chocolate Brownie လေးတွေကို ပြန်လည်မှာယူလို့ရပြီနော် !
Chocolate အရသာစိမ့်စိမ့်လေးပေါ်မှာ Almond လေးတွေ ဝေဆာနေအောင် ဝန်းရံထားတဲ့အတွက် ချစ်ကာကာတို့ သေချာပေါက်အကြိုက်တွေ့စေရပါမယ်။ မွေးနေ့မင်္ဂလာ၊ အလှူမင်္ဂလာပွဲများအတွက် အထူးမျက်နှာပန်းလှတဲ့ အချိုပွဲလေးဆိုရင်လဲမမှားပါဘူး။

ကဲ ... ဘာမှတွေဝေမနေပဲ အခုပဲ Mine ကိုဆက်သွယ်လိုက်ပါ !

Price - ၃ တုံးပါ တစ်ဗူး - ၁၀,၀၀၀ ကျပ်

Mine ရဲ့ Brownie လေးတွေကို ၁၀ ရက်နေ့တွင် ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးသွားမှာဖြစ်ပြီး၊ မှာယူလိုပါက Page Chatbox (သို့) ဖုန်းနံပါတ် 09976886653 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

မှတ်ချက် - ဓါတုဗေဒတာရှည်ခံပစ္စည်းများအသုံးမပြုပါ။

ဘာကြောင့် ပန်းများဟာ မင်္ဂလာဆောင်အလှဆင်ခြင်းအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ရတာလဲ ?မင်္ဂလာပွဲဆိုတာ လူတိုင်းရဲ့ဘဝနဲ့ အမှတ...
01/06/2023

ဘာကြောင့် ပန်းများဟာ မင်္ဂလာဆောင်အလှဆင်ခြင်းအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ရတာလဲ ?

မင်္ဂလာပွဲဆိုတာ လူတိုင်းရဲ့ဘဝနဲ့ အမှတ်တရတွေကို မြင်နိုင်တဲ့ အကောင်းဆုံးပွဲဖြစ်ရပါမယ်။ ပန်းများသည် အချစ်၊ အချစ်နှင့် ဖြောင့်မတ်ခြင်းတို့ကို ပုံဖော်ထားတဲ့ စံနမူနာတစ်ခုလဲဖြစ်ပါတယ်။ မင်္ဂလာဆောင်အလှဆင်ဖို့ အကောင်းဆုံးရွေးချယ်မှုအဖြစ် ပန်းတွေကို ဘာကြောင့်ရွေးချယ်ရလဲဆိုတာကို ကြည့်လိုက်ရအောင် ...

ပန်းများသည် Love & Romance ရဲ့သင်္ကေတဖြစ်ပါတယ် !
ပန်းများဖြင့် ချစ်ခြင်းမေတ္တာ၊ ပိုးပန်းခြင်း နှင့် သန့်ရှင်းစင်ကြယ်မှုကို ဖော်ပြရန် အလွန်ကောင်းမွန်ပါတယ်။ မင်္ဂလာဆောင်တစ်ခုမှာ ပန်းတွေကိုသုံးပြီးအလှဆင်ထားမယ်ဆိုရင် မှော်ဆန်ပြီးချစ်စရာကောင်းတဲ့ အခိုက်အတန့်လေးကို ဖန်တီးပေးပါလိမ့်မယ်။ ဒါကြောင့် ပန်းတွေမပါတဲ့ မင်္ဂလာပွဲဟာ မပြည့်စုံနိုင်ပါဘူး။

ပန်းများသည် ခန်းမရဲ့ အလှကို တိုးစေပါတယ် !
ခန်းမ၏ အလှ နှင့် ကျက်သရေကို မြှင့်တင်ရန် ပန်းအလှဆင်ခြင်းထက် ပိုမိုကောင်းမွန်သော အရာမှာ မရှိသလောက်ကို နည်းပါတယ်။ ဘာလို့လဲဆိုတော့ မင်္ဂလာပွဲအလှဆင်ရာမှာ ပန်းတွေကို အသုံးချခြင်းက ထူးခြားကောင်းမွန်ပြီး အံဝင်ခွင်ကျအသွင်အပြင်ကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။

ပန်းများဖြင့် စိတ်ခံစားချက် နှင့် လူမှုဆက်ဆံရေး မြှင့်တင်နိုင်ပါတယ် !
မင်္ဂလာပွဲနောက်ခံအလှဆင်ခြင်းများတွင် လှပသောပန်းခင်းကျင်းမှုများဟာ ဧည့်သည်များ၏ စိတ်ခံစားချက်ကို လှုံ့ဆော်ပေးသည့်အပြင် လူမှုဆက်ဆံရေးကိုလည်း စုစည်းစေပါတယ်။ ပန်းပွင့်များဟာ မျက်လုံးအတွက် အလွန်သာယာစေပြီး စိတ် (သို့) စိတ်ဝိညာဉ်ကို ပြန်လည်နုပျိုစေပါတယ်။

မင်္ဂလာပါရှင်Mine မှ ရရှိနိုင်တဲ့ cake အမျိုးအစားလေးတွေနဲ့မိတ်ဆက်ပေးပါရစေcastella cheese cake castella cakechocolate cas...
31/05/2023

မင်္ဂလာပါရှင်

Mine မှ ရရှိနိုင်တဲ့ cake အမျိုးအစားလေးတွေနဲ့မိတ်ဆက်ပေးပါရစေ

castella cheese cake
castella cake
chocolate castella cake
honey castella cake

ကဲ အခုပဲ ရွေးပြီးနှစ်သက်ရာ မှာလိုက်တော့နော်



09976886653

Chocolate Castella Cakeလေး စားကြည့်ပါလား?နူးညံအိစက်နေတဲ့အရသာလေးနဲ့တင် စားပြီးရင်းစားချင် နေရောကဲ Chocolate အရသာမွှေးမွှေ...
30/05/2023

Chocolate Castella Cakeလေး စားကြည့်ပါလား?

နူးညံအိစက်နေတဲ့အရသာလေးနဲ့တင် စားပြီးရင်းစားချင် နေရော

ကဲ Chocolate အရသာမွှေးမွှေးလေးနဲ့ Chocolate ကြိုက်သူတွေအတွက်တော့ အသင့်လျော်ဆုံးပဲနော်


09976886653

နံနက် မိုးလင်းလာတာနဲ့ နံနက်စာကို ဘာနဲ့ ပြင်ဆင်ပေးရမလဲ စဥ်းစားရခက်နေတဲ့ အိမ်ရှင်မလေး တွေရှိလား? အရသာကောင်းတဲ့ Honey Caste...
29/05/2023

နံနက် မိုးလင်းလာတာနဲ့ နံနက်စာကို ဘာနဲ့ ပြင်ဆင်ပေးရမလဲ စဥ်းစားရခက်နေတဲ့ အိမ်ရှင်မလေး တွေရှိလား?

အရသာကောင်းတဲ့ Honey Castella Cake လေးကိုMine ကနေ အခုပဲမှာယူပြီး ကိုယ်ချစ်ရတဲ့မိသားစုနဲ့အတူ စားလိုက်ကြရအောင်

Coffeeလေးနဲ့တွဲစားမလား?

Cake ပဲသီးသန့် စားချင်လား?

နှစ်သက်ရာရွေးလိုက်ပါ သေချာတာတစ်ခုကတော့ စားပြီးရင်းထပ်စားချင်နေမှာပါ



09976886653

Address

No(915) Oakkar St, (4)ward East Dagon
Yangon
12345

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959976886653

Website

Alerts

Be the first to know and let us send you an email when Mine Bakery Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mine Bakery Corner:

Share

Category