Supercat Myanmar

Supercat Myanmar သင့်တင့်သောဈေးနှုန်းနှင့်အတူ ကောင်

***Product Items***
-Supercat Spinmop Finver model
-Supercat Spinmop Soodkum model
-Golden broom with dustpan set
-PVA sponge mop grade A
-Dust mop with aluminu handle 24''
-Toilet brush with threaded head
-New spray mop Kumka
-Brush with metal handle
-Round cotton mop with telescope [Blue]

"မိမိတို့နေအိမ်နဲ့ လုပ်ငန်းခွင်မှာရှိတဲ့ ကြွေပြားနဲ့ ကျောက်ပြားတွေကို သန့်ရှင်းအောင်လုပ်ဖို့ဆိုရင် ကြမ်းတိုက်တံပါတဲ့ Bru...
30/07/2019

"မိမိတို့နေအိမ်နဲ့ လုပ်ငန်းခွင်မှာရှိတဲ့ ကြွေပြားနဲ့ ကျောက်ပြားတွေကို သန့်ရှင်းအောင်လုပ်ဖို့ဆိုရင် ကြမ်းတိုက်တံပါတဲ့ Brushနဲ့တိုက်မှသာ တောက်ပြောင်တဲ့ကြွေပြားနဲ့ ကျောက်ပြားတွေကို ပိုင်ဆိုင်နိုင်မှာပါ။ ကြမ်းတိုက်တံတဲ့ Brush ကိုရွေးချယ်ရာမှာလဲ ကြမ်းတိုက်တံကို အားပြုပြီးတိုက်ရတာဖြစ်တဲ့အတွက် ကြမ်းတိုက်လက်ကိုင်က အမာဖြစ်နေမှသာ အဆင်ပြေနိုင်မှာပါ။ လက်ကိုင်အမာနှင့် ကြမ်းခင်းတိုက်တံကို ရွေးချယ်မယ်ဆိုရင်တော့ SUPERCAT Brush with Metal Handle ကိုလမ်းညွှန်ပေးပါရစေနော်…
SUPERCAT Brush with Metal Handle ကြမ်းတိုက် Brush ဟာ လက်ကိုင်ရှည်ပါတဲ့ ကြမ်းတိုက်တံဖြစ်ပါတယ်။ လက်ကိုင်ရှည်ပါတဲ့အတွက် လက်ကိုင်မှာအရှည်ဖြစ်ခြင်းကြောင့် မတ်တပ်တိုက်နိုင်သည့်အတွက် ကြမ်းခင်းသန့်ရှင်းရာတွင် ပိုမိုသက်သာ လွယ်ကူစေပါသည်။ ကြမ်းခင်းကြွေပြားတွေနဲ့ ကျောက်ပြားတွေမှာ ကြာရှည်စွဲကပ်နေတဲ့ အညစ်အကြေးတွေကို အလွယ်တကူတိုက်နိုင်သော တုတ်တံဖြစ်ပါတယ်။ သန့်ရှင်းရေးကြမ်းတိုက်တံတွင် ပါဝင်တဲ့ လက်ကိုင်ဟာ အလူမီနီယမ်သတ္တုကိုင်းဖြစ်ပါတယ်။ ဒါကြောင့် ကြွေပြား၊ ကျောက်ပြား တွေကိုသန့်ရှင်းရေးလုပ်တဲ့အခါ ပိုမိုအားစိုက်ပြီး သန့်ရှင်းလုပ်လို့ရတဲ့အတွက် SUPERCAT Brush with Metal Handle နဲ့အခုပဲ တောက်ပြောင်တဲ့ ကြမ်းခင်းတွေကို ပိုင်ဆိုင်လိုက်ပါ…

"

"မိုးရာသီမှာ ရေငွေ့တွေကြောင့် နေအိမ်မှန်ပြတင်းပေါက်တွေနဲ့ ကားမှန်တွေမှာ ကြည်လင်မှုမရှိပဲဖြစ်နေတတ်ပါတယ်။ ကြည်လင်မှုမရှိတဲ့ ...
26/07/2019

"မိုးရာသီမှာ ရေငွေ့တွေကြောင့် နေအိမ်မှန်ပြတင်းပေါက်တွေနဲ့ ကားမှန်တွေမှာ ကြည်လင်မှုမရှိပဲဖြစ်နေတတ်ပါတယ်။ ကြည်လင်မှုမရှိတဲ့ မှန်တွေကို ကြည့်ရတာ အဆင်မပြေလှပါဘူး။ ဒါကြောင့် သဘာဝနည်းလမ်းလေးအတိုင်း မှန်တွေကို ကြည်လင်နေအောင် ဘယ်လိုတိုက်ရမယ်ဆိုတာလေးကို ဒီတစ်ပတ်မှာတော့ SUPERCAT ကနေ ပြောပြပေးပါ့မယ်။

ရေငွေ့တွေကြောင့် နေအိမ်မှန်ပြတင်းပေါက်တွေနဲ့ ကားမှန်တွေမှာကြည်လင်မှုမရှိပဲဖြစ်နေတဲ့ မှန်တွေကို သွားတိုက်ဆေးနဲ့ အရင် ပွတ်တိုက်ပေးရမယ်။ ပြီးရင်တော့ သန့်ရှင်းတဲ့ အဝတ်ခြောက်နဲ့ သွားတိုက်ဆေးပွတ်တိုက်ထားတဲ့နေရာတွေကို သုတ်ပေးပါ။ ဒါဆိုရင်တော့ ကြည်လင်တောက်ပြောင်တဲ့ မှန်တွေကို သင့်ပတ်ဝန်းကျင်မှာ မြင်တွေ့နိုင်ပါပြီနော်…
ဒီလို လွယ်ကူတဲ့အိမ်တွင်းသန့်ရှင်းရေးနည်းလမ်းတွေကို တင်ဆက်ပေးနေတဲ့

SUPERCAT Myanmar Page လေးကို Like & See First လုပ်ထားဖို့မမေ့ပါနဲ့နော်... MEOW

"အာဇာနည်နေ့ တို့မမေ့ "
19/07/2019

"အာဇာနည်နေ့ တို့မမေ့
"

"၀ါဆိုလပြည့်အခါသမယတွင်ကုသိုလ်တရားပွားများနိုင်ကြပါစေကြောင်းSUPERCAT မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ "
16/07/2019

"၀ါဆိုလပြည့်အခါသမယတွင်
ကုသိုလ်တရားပွားများနိုင်ကြပါစေကြောင်း
SUPERCAT မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
"

"သင့်မီးဖိုချောင်ပတ်ဝန်းကျင်နဲ့ ကြမ်းခင်းတွေက မိုးရာသီမှာ စိုစွတ်တဲ့အတွက် ရေငွေ့တွေနဲ့ ဖုန်မှုန့်တွေရောသွားတဲ့အခါ ကြမ်းခင...
11/07/2019

"သင့်မီးဖိုချောင်ပတ်ဝန်းကျင်နဲ့ ကြမ်းခင်းတွေက မိုးရာသီမှာ စိုစွတ်တဲ့အတွက် ရေငွေ့တွေနဲ့ ဖုန်မှုန့်တွေရောသွားတဲ့အခါ ကြမ်းခင်းတွေဟာ ညစ်ပေသွားနိုင်ပါတယ်။ သန့်ရှင်းရေးအတွက် အဓိကထားရတဲ့ နေရာတွေမှာ ညစ်ပေနေရင် ကြည့်မကောင်းဘူးပေါ့။

ရေနဲ့ဖုန်မှုန့်တွေရောနေတဲ့ ကြမ်းခင်းပြင်တွေကို သန့်ရှင်းရေးလုပ်မယ်ဆိုရင်တော့ ကြမ်းတိုက်တံနဲ့တိုက်မှသာ အကောင်းဆုံးဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့ကြမ်းခင်းကို အလျင်မြန်ဆုံး သန့်ရှင်းပေးနိုင်ဖို့အတွက် အကောင်းဆုံးနည်းပညာနဲ့ ပြုလုပ်ထားတဲ့ ကော်တွန်သားနှင့် သတ္တုကိုင်းကြမ်းတိုက်တံအပြား SUPERCAT Cotton Mop with Metal Handle နှင့်မိတ်ဆက်ပေးပါရစေ…..

လက်ကိုင်ရှည် သတ္တုကိုင်းကြမ်းတိုက်တံအပြားဖြစ်ပြီး ကော်တွန်သားနဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက် ရေထိများလို့ဆွေးသွားမှာကို စိတ်ပူစရာမလိုပါဘူး။ ညစ်ပေနေရင်လဲ ကော်တွန်သားကို အလွယ်တကူဖြုတ်လျှော်နိုင်တဲ့အတွက် ကြမ်းတိုက်ဝတ်ညစ်ညစ်ကြီးပဲ သုံးနေစရာမလိုဘူးလေ။ တဆက်တည်းမဟုတ်တဲ့အတွက် ကော်တွန်ညစ်နွမ်းသွားတဲ့အခါ Refill ပြန်လည်တပ်ဆင်နိုင်ပါတယ်။ ဒါကြောင့်မို့ သန့်ရှင်းမှုကို အဓိကပေးရသော ဟိုတယ် ၊ဆေးရုံ နှင့် စားသောက်ဆိုင်များတွင် SUPERCAT Cotton Mop with Metal Handle ကိုအသုံးပြုခြင်းဖြင့် လူနေမှု အဆင့်အတန်း မြင့်မားပြီး သန့်ရှင်းသော ပတ်ဝန်းကျင်ကို ဖန်တီးလိုက်ရအောင်…

"

မိုးရာသီရောက်ပြီဆိုတာနဲ့ နေအလင်းရောင် ကောင်းစွာမရတဲ့အတွက် အဝတ်တွေဟာ မခြောက်သွေ့ပဲ မှိုကြောင့် မကောင်းတဲ့ အနံ့အသက်တွေရတတ်ပ...
01/07/2019

မိုးရာသီရောက်ပြီဆိုတာနဲ့ နေအလင်းရောင် ကောင်းစွာမရတဲ့အတွက် အဝတ်တွေဟာ မခြောက်သွေ့ပဲ မှိုကြောင့် မကောင်းတဲ့ အနံ့အသက်တွေရတတ်ပါတယ်။ အဲ့ဒီအနံ့တွေကြောင့် စိတ်လန်းဆန်းမှုကို ပျောက်ကွယ်စေပါတယ်။
မိုးရာသီမှာ အဝတ်အစားတွေကို မှိုနံ့ကင်းဝေးအောင် ဘယ်လိုလျှော်ဖွတ်ရမယ်ဆိုတဲ့ နည်းလမ်းလေးကို SUPERCAT ကပြောပြပေးပါမယ်။ နည်းလမ်းလေးကတော့ လျှော်မယ့်အဝတ်တွေကို ဆပ်ပြာရည်နဲ့ Baking Soda ရောထည့်ပြီး မိနစ်အနည်းငယ် စိမ်ထားပေးရပါမယ်။ ရေနွေးနဲ့စိမ်ရင်တော့ ပိုကောင်းပါတယ်။ ပြီးရင် ရေနဲ့သေချာစွာလျှော်ဖွတ်ပေးရပါမယ်။ ဒီနည်းလမ်းလေးအတိုင်းလျှော်ပေးမယ်ဆိုရင် မိုးရာသီမှာ ဖြစ်တတ်တဲ့ အဝတ်အစားတွေကို မှိုနံ့စွဲခြင်းပြဿနာမရှိနိုင်တော့ဘူးပေါ့။
MEOW လွယ်လိုက်တာနော်....ဒီလိုလွယ်ကူသက်သာတဲ့အိမ်တွင်းသန့်ရှင်းရေးနည်းလမ်းလေးတွေကို သိရှိနိုင်ဖို့ SUPERCAT Page လေးကို Like & See First လုပ်ထားလိုက်နော်...

သန့်ရှင်းရေးသုံးပစ္စည်းတွေဝယ်ယူတော့မယ်ဆိုရင် သင့်တင့်တဲ့ဈေးနှုန်းနဲ့အတူ ကောင်းမွန်တဲ့အရည်အသွေးရှိတဲ့ SUPERCAT House Clean...
01/07/2019

သန့်ရှင်းရေးသုံးပစ္စည်းတွေဝယ်ယူတော့မယ်ဆိုရင် သင့်တင့်တဲ့ဈေးနှုန်းနဲ့အတူ ကောင်းမွန်တဲ့အရည်အသွေးရှိတဲ့ SUPERCAT House Cleaning Product တွေကိုပဲ ရွေးချယ်ဖို့ မမေ့နဲ့နော်… MEOW

MEOW...မိုးရာသီကာလကိုရောက်ရှိလာပြီဆိုတော့ အိမ်သန့်ရှင်းရေးအတွက်စိတ်ပူစရာတွေကအသင့်စောင့်ဆိုင်းနေပြီပေါ့။ဒီလိုအရာတွေထဲမှာ ...
25/06/2019

MEOW...မိုးရာသီကာလကိုရောက်ရှိလာပြီဆိုတော့ အိမ်သန့်ရှင်းရေးအတွက်စိတ်ပူစရာတွေကအသင့်စောင့်ဆိုင်းနေပြီပေါ့။

ဒီလိုအရာတွေထဲမှာ စိတ်ညစ်စရာအကောင်းဆုံးကတော့ ကြမ်းပြင်ပေါ်က ရေတွေနဲ့ရွှံဗွက်တွေပါပဲ။ ကြမ်းခင်းတွေကြမ်းပြင်တွေကို သေသေချာချာပြောင်စင်အောင် မသန့်ရှင်းနိုင်ဘူးဆိုရင်တော့ ကျန်ခဲ့တဲ့ဖုန်တွေနဲ့ရေတွေပေါင်းပြီး ရွှံတွေအဖြစ်သင့်ရဲ့အိမ်ကြမ်းပြင်ကိုအကျည်းတန်စေမှာပါ။ ဒါမျိုးတွေမဖြစ်အောင်ဆိုရင်တော့ ကြမ်းပြင်နဲ့ကြမ်းခင်းတွေပေါ်မှာ ကပ်ကျန်နေတဲ့ရေစက်တွေကိုစင်အောင်သုတ်ဖို့လိုပါတယ်။

SUPERCAT ရဲ့ SUPERCAT PVA Sponge Mop ကြမ်းတိုက်တံဟာ လက်ကိုင်ရှည်ပါပြီးကောင်းမွန်တဲ့ရေမြုပ်ကိုအသုံးပြုထားတဲ့အတွက် ကြမ်းပြင်တွေပေါ်ကရေစက်တွေ၊ ရွှံ့တွေကိုလွယ်လွယ်ကူကူနဲ့ သန့်စင်အောင်တိုက်ချွတ်ပေးနိုင်ပါတယ်။ ရေမြုပ်တစ်ခုအပိုလည်းပါရှိတဲ့အပြင် ကုန်ကျစရိတ်သက်သာပြီးကြာရှည်အသုံးခံတဲ့အတွက် SUPERCAT PVA Sponge Mop ကို အခုပဲဖုန်းဆက်မှာယူလိုက်ကြပါစို့...

သင်သိပါသလား??? အိမ်သန့်ရှင်းရေးလုပ်ခြင်းက သင့်ကို ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်စေတယ်ဆိုတာ…🙀🙀🙀ဟုတ်ပါတယ်။ အိမ်သန့်ရ...
17/06/2019

သင်သိပါသလား??? အိမ်သန့်ရှင်းရေးလုပ်ခြင်းက သင့်ကို ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်စေတယ်ဆိုတာ…🙀🙀🙀

ဟုတ်ပါတယ်။ အိမ်သန့်ရှင်းရေးလုပ်ခြင်းက သင့်ခန္ဓာကိုယ်က ကယ်လိုရီတွေကိုလောင်ကျွမ်းစေပြီး ကျစ်လစ်လှပစေပါတယ်။ သင့်ရဲ့ကိုယ်အလေးချိန်၊ ကြာချိန်၊ သင်လုပ်တဲ့သန့်ရှင်းရေးအမျိးအစားပေါ်မူတည်ပြီး ကယ်လိုရီလောင်ကျွမ်းနှုန်းကတော့ ကွဲပြားနိုင်ပါတယ်။

ကိုယ်အလေးချိန် - အလေးချိန်များတဲ့သူက ကယ်လိုရီပိုမိုလောင်ကျွမ်းနိုင်ပါတယ်။ စမ်းသပ်ချက်တွေအရ ပေါင် ၁၅၀ လေးတဲ့သူတစ်ယောက်ဟာ အိမ်သန့်ရှင်းရေးကို နာရီဝက်အကြာလုပ်တဲ့အခါ ၉၉ ကယ်လိုရီလောင်ကျွမ်းပြီး ပေါင် ၂၀၀ ရှိတဲ့သူကတော့ ၁၃၁ ကယ်လိုရီအထိ လောင်ကျွမ်းနိုင်ပါတယ်။🔥🔥🔥

ကြာချိန် - သန့်ရှင်းရေးကြာကြာလုပ်လေ၊ ကယ်လိုရီများများလောင်ကျွမ်းလေ။ ပေါင် ၁၅၀ လေးတဲ့သူတစ်ယောက်ဟာ အိမ်သန့်ရှင်းရေးကို နာရီဝက်အကြာလုပ်တဲ့အခါ ၉၉ ကယ်လိုရီလောင်ကျွမ်းပါတယ်။ တစ်နာရီကြာ သန့်ရှင်းရေးလုပ်ရင်တော့ ၁၉၈ ကယ်လိုရီအထိ လောင်ကျွမ်းနိုင်ပါတယ်။🔥🔥🔥

အမျိုးအစား - ကျွမ်းကျင်သူတွေအဆိုအရ ပေါင် ၁၅၀ လေးတဲ့သူတစ်ယောက်ဟာ အသေးစား အိမ်သန့်ရှင်းရေးကို နာရီဝက်အကြာလုပ်တဲ့အခါ ၈၅ ကယ်လိုရီခန့်လောင်ကျွမ်းပါတယ်။ ခွန်အားစိုက်ရတဲ့ သန့်ရှင်းရေးလုပ်ငန်းတွေကတော့ ၁၅၃ ကယ်လိုရီအထိ လောင်ကျွမ်းစေမှာဖြစ်ပါတယ်။🔥🔥🔥

MEOW…ဒါဆို ခန္ဓာကိုယ်ကျစ်လစ်လှပဖို့ အားကစားခန်းမသွားစရာမလိုတော့ဘူးပေါ့။ အိမ်သန့်ရှင်းရေးလုပ်ရုံနဲ့ သန့်ရှင်းတဲ့ပတ်ဝန်းကျင်အပြင် ကျစ်လစ်လှပတဲ့ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်နိုင်မှာဆိုတော့ ခုပဲ SUPERCAT အိမ်သန့်ရှင်းရေးပစ္စည်းတွေပြေးဝယ်ပြီး သန့်ရှင်းရေးစလုပ်လိုက်ရအောင်… 😻😻😻

"ဒီတစ်ပတ်မှာတော့ အိမ်တွင်းသန့်ရှင်းရေးအတွက်သာမက ကျန်းမာရေးအတွက်လည်းအရေးကြီးတဲ့ အိမ်သာသန့်ရှင်းရေးအကြောင်းလေးကို ဝေမျှပေး...
12/06/2019

"ဒီတစ်ပတ်မှာတော့ အိမ်တွင်းသန့်ရှင်းရေးအတွက်သာမက ကျန်းမာရေးအတွက်လည်းအရေးကြီးတဲ့ အိမ်သာသန့်ရှင်းရေးအကြောင်းလေးကို ဝေမျှပေးလိုက်ပါတယ်...
အိမ်ရဲ့အခြားနေရာတွေထက် ပိုးမွှားပေါက်ဖွားမှုအများဆုံးဖြစ်တဲ့ အိမ်သာကို တစ်ပတ်နှစ်ကြိမ်အနည်းဆုံး သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ တကယ်တော့ အိမ်သာထဲက အညစ်အကြေးတွေကို ရေဆွဲချတိုင်းမှာ သေးငယ်တဲ့ရောဂါပိုးမွှားလေးတွေဟာ လေထဲကို ပျံ့နှံသွားပါတယ်။ သူတို့ဟာ အိမ်သာထိုင်ခုံ၊ အဖုံးနဲ့အခြားမျက်နှာပြင်တွေမှာ ကပ်တွယ်နေနိုင်ပါတယ်။ ဒါကြောင့် အိမ်သာတိုက်တံနဲ့ တိုက်ချွတ်တာ၊ သာမာန်ရေအစား ပိုးသတ်ဆေးရည်သုံးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။
အိမ်သာခွက်ကိုအမြဲတမ်း ချေးချွတ်ဆေးသုံးပြီး သန့်စင်ပေးဖို့မလိုပါဘူး။ အိမ်သာခွက်မှာ အ၀ိုင်းပုံစွန်းထင်းနေပြီဆိုမှသာ အရောင်ချွတ်ဆေး၊ အိမ်သာတိုက်တံတို့ကို အသုံးပြုပြီး တိုက်ချွတ်ပေးနိုင်ပါတယ်။
SUPERCAT Toilet Brush with Threaded Head သည် ကော်တွန်သားနှင့် အိမ်သာတိုက်တံဖြစ်ပါသည်။
အသုံးပြုရလွယ်ကူပြီး ကော်တွန်သားမှာ အလွယ်အကူ ဖြုတ်လျှော်နိုင်ပါသည်။ အခြားတိုက်တံများကဲ့သို့ တဆက်တည်း
မဟုတ်သည့်အတွက် ကော်တွန်ညစ်နွမ်းသွားသည့်အခါ Refill ပြန်လည် တပ်ဆင်နိုင်ပါသည်။
ဒီလိုလွယ်ကူသက်သာတဲ့အိမ်တွင်းသန့်ရှင်းရေးနည်းလမ်းလေးတွေကို
သိရှိနိုင်ဖို့ SUPERCAT Page လေးကို Like & See First လုပ်ထားလိုက်နော်...

"

MEOW… ဒီတစ်ပတ်မှာတော့ SUPERCAT Product တွေထဲက Spin Mop Soodkum Model လေးနဲ့မိတ်ဆက်ပေးပါရစေ…SUPERCAT Spin Mop Soodkum Mod...
06/06/2019

MEOW… ဒီတစ်ပတ်မှာတော့ SUPERCAT Product တွေထဲက Spin Mop Soodkum Model လေးနဲ့မိတ်ဆက်ပေးပါရစေ…

SUPERCAT Spin Mop Soodkum Model ဆိုတာ ကြမ်းခင်းသန့်ရှင်းရေးအတွက်အသုံးပြုတဲ့ ရေပုံးငယ်ဖြစ်ပါတယ်။။ အကန့်နှစ်ကန့်ပါပြီး တစ်ဖက်တွင်ရေထည့်နိုင်ကာ ကျန်တစ်ဘက်က ရေညှစ်သောအကန့်ဖြစ်ပါတယ်။ ရေညှစ်သောအကန့်အား အမှိုက်များငြိတွယ်နေပါက အလွယ်တကူဖြုတ်ပြီး သန့်စင်ရှင်းလင်းနိုင်ပါတယ်။။ ပုံးအတွင်းရှိ ရေနှင့်အညစ်အကြေးများကိုလည်း ပုံးဘေးမှ ခလုတ်ဖွင့်လိုက်ယုံဖြင့် အလွယ်တကူဖယ်ရှားနိုင်ပါတယ်။ လက်ကိုင်ကိုင်းပါသောကြောင့် အလွယ်တကူသယ်ယူနိုင်ပါတယ်။ ကြမ်းတိုက်တံကို ၄၅ ဒီဂရီစောင်းပြီးလည်း အသုံးပြုနိုင်ပါတယ်။ ကြမ်းတိုက်တံ Refill တစ်ခုအပိုပါရှိပါတဲ့အတွက် အသုံးစရိတ်ကိုလည်းသက်သာစေပါတယ်။

ဒီလို အသုံးဝင်တဲ့ SUPERCAT Spin Mop Soodkum Model ကို online မှ မှာယူသူတွေအတွက် 5 % Discount ပေးသွားမှာပါ။ ဇွန်လတစ်လအတွက်ပဲဖြစ်လို့ အခုပဲ page chat box ဒါမှမဟုတ် ဖုန်းနံပါတ် 09 42574 8230 ကိုဆက်သွယ်ပြီး အမြန်ဆုံးမှာယူလိုက်တော့နော်...

မိုးရာသီဆိုတာနဲ့ မိုးရေစိုသွားတဲ့ အကျီင်္တွေမှာဖားဥစွဲတတ်လေ့ရှိပါတယ်။ ဒီပြဿနာကြောင့်အိမ်ရှင်မတွေစိတ်ညစ်ရပါတယ်။ ဖားဥတွေကို ...
03/06/2019

မိုးရာသီဆိုတာနဲ့ မိုးရေစိုသွားတဲ့ အကျီင်္တွေမှာဖားဥစွဲတတ်လေ့ရှိပါတယ်။ ဒီပြဿနာကြောင့်အိမ်ရှင်မတွေစိတ်ညစ်ရပါတယ်။ ဖားဥတွေကို ချွတ်ချင်ဇောနဲ့ ချွတ်ဆေးတွေသုံးပြီးလျှော်တဲ့အခါ ဖားဥတွေပြောင်မသွားတဲ့အပြင် ချွတ်ဆေးတွေကြောင့် အကျီင်္တွေပါးပြီး အရောင်ကွက်တာတွေ ဖြစ်တတ်ပါတယ်။💧💧💧

မိုးရာသီမှာ အကျီင်္တွေကို ဖားဥစွဲတဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ သဘာဝနည်းလမ်းလေးကို SUPERCAT ကပြောပြပေးပါမယ်။နည်းလမ်းကတော့ ရေနှစ်လီတာကို ဆူပွက်အောင်တည်ပြီး ဆား စားပွဲတင်ဇွန်း ၁ ဇွန်း ၊ ဆပ်ပြာမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်းတို့ကို သံပုရာသီး ၃ လုံးကို ညှစ်ထားတဲ့အရည်နဲ့ ရောစပ်ပေးပါ။ ရောစပ်ထားတဲ့အရည်ထဲ ဖားဥစွဲနေတဲ့အကျီင်္ကို မိနစ် (၄၀) လောက် စိမ်ထားလိုက်ပါ။ ပြီးရင်တော့ ရေနဲ့ဆေးကြောလိုက်ရင် တစ်ခါတည်း လျှော်ပြီးသား ဖားဥကင်းဝေးတဲ့ အကျီင်္လေးကို ပိုင်ဆိုင်နိုင်ပါပြီနော်။ ✨✨✨

MEOW... လွယ်လိုက်တာနော်....ဒီလိုလွယ်ကူသက်သာတဲ့အိမ်တွင်းသန့်ရှင်းရေးနည်းလမ်းလေးတွေကို
သိရှိနိုင်ဖို့ SUPERCAT Page လေးကို Like & See First လုပ်ထားလိုက်နော်...

Address

No-27, Corner Of Shukhin Tha Rd & Pin Lon (2) Street, Shwe Pin Lon Estate Part (4), Noth Dangon
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

09425748230

Website

Alerts

Be the first to know and let us send you an email when Supercat Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Supercat Myanmar:

Share