06/06/2024
♋ Cancer (22 June - 22 July)
ဂဏန်းတွေပေးတဲ့ စိတ်ကင်ဆာ
🦀 ဂဏန်းတွေကို review ပေးရမယ်ဆိုရင်ဖြင့်
အမနာပ ပြောတယ် မထင်ပါနဲ့။
ဒေါသလည်း မထွက်ပါနဲ့။
အရှိ အရှိအတိုင်း ပြောတယ်ပဲ မှတ်ပါ။ 😚
♋️ အပြင်မှာ နာမည်ကြီးနေတဲ့ အတိုင်းပါပဲ။
Cancer တွေဟာ အငြိုးကြီးတဲ့ မိုးသီးတွေပါ။
ချစ်ခင်ဖော်ရွေတတ်တဲ့
မျက်နှာထားလေးကိုပဲ ကြည့်ပြီး
လွယ်လွယ်လေး ဖောအင် မလပ်သွားကြပါနဲ့။
ဖွက်ထားတဲ့ သူတို့လက်မကြီးတွေကို
မြင်အောင်ကြည့်ပါ။ 🦀
♋️ ဒီလိုပြောလို့လည်း Cancer တွေကို
အရမ်းတော့ မကြောက်သွားကြပါနဲ့ဦး။
သင်ဟာ တကယ်ကို သဲသဲလှုပ် အချစ်ခံချင်တယ်။
နေ့ရှိသရွေ့ သူ့အတွေးထဲ စိုးမိုးနေချင်တယ်။
သင့်ကိုယ်သင် ဘုရင်/ ဘုရင်မလို ခံစားချင်တယ်။
သစ္စာလည်း ဖောက်ရမှာ ဝါသနာ မပါဘူး
ဆိုရင်တော့ အိုဂေ
ဂဏန်းတွေကို ရဲရဲကြီး လက်တွဲလိုက်ပါ။
😎 တကယ့် Emotional သမားတွေပါ။
ဒါပေမယ့် အဲ့ဒီ emotion တွေက
သူတို့ မျက်နှာမှာ မပေါ်ပါဘူး။
သင့်ကို ပြုံးပြုံးလေးနဲ့ တုံးလုံးလေး
လဲသွားအောင်ပဲ စိတ်ကင်ဆာတွေ ပေးမှာပါ။ 😝
သင်ဟာ ဂဏန်းတစ်ကောင်ကို
မထော်မနမ်းတွေ သွားလုပ်မိပြီ ဆိုပါစို့။
သူဟာ သင့်ကို အခေါ်အပြော မပျက်ပါဘူး။
အစအနောက် မပျက်ပါဘူး။
ရီစရာလင့်တွေလည်း လာရှဲပေးဦးမှာပါ။
အင်း … သင် ဒီကိစ္စကို မေ့သွားတဲ့တစ်နေ့မှာ
အကျိုးနည်း အိုးကွဲလာတယ် ဆိုရင်တော့
တရားခံကို အဝေးကြီး သွားမရှာနဲ့လို့ပဲ
ပြောလိုက်ပါရစေ။ 😖
ဉာဏ်ပညာနဲ့ ပတ်သက်ရင်တော့
ရူးခါနေအောင် ထက်မြက်ကြပါတယ်။
လူတော်တော်များများ မလုပ်နိုင်တဲ့
စာရင်းဇယားတွေ၊ လျှို့ဝှက်တာဝန်တွေ၊
ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေကို
အေးအေးဆေးဆေးလေး လုပ်သွားနိုင်ပါတယ်။
♋️ Cancer တွေရဲ့ရုပ်ရည်တွေက
တော်တော်များများ လူရည်သန့်ရုပ်
အော်တိုကို ထွက်နေတာပါ။
သူတို့ကို ကြည့်လိုက်ရင် ခေတ်မီမီနဲ့
အဆင့်တန်း တစ်ခု ရှိတဲ့ပုံတွေ များတယ်။
ကျားမ မရွေး လူကြီး လူငယ် မရွေး
ပုံသိပ်မတုံးကြတာ ထူးဆန်းတယ်။
ဒါကြောင့်လည်း ဖလတ်(Flirt)တဲ့ နေရာမှာ
ကျွမ်းကျင်ကြတာ မဆန်းပါဘူး။
လူတွေဆိုသည်မှာလည်း cancer ♋️ တွေ
အမုန်းသိပ်တတ်တယ်နော်လို့
သတင်းထွက် နေတာတောင်
မကြောက်မလန့်နဲ့ သူတို့အနားက
မခွါနိုင်ကြတာကိုသာ ကြည့်ပါ။
😎 ချစ်သူအပေါ်တော့ သစ္စာရှိကြတယ်။
ရှိလွန်းလို့ နေ့ရော ညပါ ချစ်သူအကြောင်း
ခေါင်းထဲ ရောက်နေတတ်ကြပါတယ်။
စိတ်ကူးလည်း အလွန်ယဉ်ပါတယ်။
အလွန်အမင်း ခံစားလွယ်ပါတယ်။
🦀 ဂဏန်းလေးတွေ ချစ်ဖို့ကောင်းတာ တစ်ခုက
ရည်းစားဖြစ်နေတုန်းမှာ
သူတို့ကို ချော့မော့ပြီး ခိုင်းချင်တာခိုင်းပါ။
နှိပ်စ-က်ကလူ ပြုပါ။
သွန်ပါ မှောက်ပါ။
ဂဏန်းပျော့လေးတွေ ဖြစ်သွားပြီး
မဆလာနဲ့ အုပ်လိုက်ရုံပါပဲ။ 😋
🦀 စိတ်လည်း ကောက်တတ်ပါတယ်။
ဒါပေမယ့် စိတ်ကောက်နေတာကို
တစ်ဖက်သားက အလိုလိုသိမယ်ထင်ပြီး
လာမချော့ရင် ဒီပရက်ရှင် စ ဝင်ပါပြီ။
😏သူတို့ရုပ်ကြီးတွေက ဆယ့်နှစ်ရာသီ
ဘာမှ မဖြစ်တဲ့ပုံကြီး လုပ်နေတော့
သူများက သိမလား သူတို့ ဖြစ်နေတာကို။
ဒါလည်း ဂဏန်းတွေက မရပါဘူး။
သူ့ဘာသာကောက်ပြီးရင်
ချော့သူမဲ့ လေလွင့်ဂဏန်းဘဝနဲ့
သူ့ဘာသာ စိတ်ပြေရပါတယ်။
သနားတော့ သနားစရာပါအေ။ 😏
တစ်ယောက်တည်းနေ တစ်စိတ်တည်းထားလို့တော့
ဂဏန်းတွေကို တရားသွားမပြပါနဲ့။
သူတို့ စိတ်အတက်အကျကို
သူတို့ဘာသာတောင် ဘာမှ မလုပ်တတ်ပါဘူး။
😎 ရည်းစား အတည်တကျ မထားသေးရင်လည်း
လာကြိုက်သမျှကို ထိုင် flirt တတ်ပါတယ်။
ချောတာ လှတာလည်း ကြိုက်တတ်ကြတယ်။
ခုနှစ်ရက် သားသမီးထဲက သူတို့ကြိုက်မယ့် အဆင်ကို စိမ်ပြေနပြေ ရွေးဖွာပါတယ်။
♋️ Cancer တစ်ယောက်ရဲ့
အချစ်ကို ခံရရင်တော့
Dryer တွေနဲ့ရော ဖုန်စုပ်စက်တွေနဲ့ရော
တတ်သလောက် မှတ်သလောက်
ရှယ်ကို ဖူးဖူးမှုတ် ထားမှာပါ။
မုန့်တစ်ခုတည်း ရှိရင် သူမကြိုက်ဖူးလို့
ပြောပြီး သင့်ကို ကျွေးမှာပါ။
စောင်တစ်ထည်တည်းရှိရင်
သူအရမ်းအိုက်နေတယ် ပြောပြီး
သင့်ကို ပေးခြုံမှာပါ။
အနစ်နာလည်း ခံတတ်ပါတယ်။
သူ့ကိုသာ ပြန်ချစ်ပေး။
စော်ဘွားလေး ဗိုလ်ဗိုလ်မောင်
ခြံစည်းရိုးထက် သာတဲ့ လုံခြုံစိတ်ချရမှုမျိုးကို
ဂဏန်းတစ်ကောင်က သင့်ကို ပေးနိုင်ပါတယ်။
🦀 ဒါပေမယ့် သူချစ်သလို ပြန်မချစ်ရင် နေပါစေ။
သူ့စေတနာတွေတော့ သွားမစော်ကားလိုက်နဲ့နော်။
ခုနှစ်ဘဝဆက်တိုက် ကမ္ဘာမကြေ ကလဲ့စားတွေကို
စီးရီးစ်အလိုက် တဝကြီး ခံစားသွားရမယ်။
💧 ရေဓာတ်ကြီးစိုးတဲ့ သဘာဝမို့
ခံစားမှု အရှိန်ကောင်းလာတာနဲ့အမျှ
အင်အားကြီးလာတတ်တယ်။
ချစ်တာရော မုန်းတာရော အင်နဲ့အားနဲ့
ချစ်တတ် မုန်းတတ်တယ်။
🚨 ပေးထားသမျှ ပြန်ယူတတ်ပါတယ်။
ဒါကြောင့် cancer တွေကို သွားထိပြီးရင်
“RUN” 🏃♀️ 🚨
သူတို့လက်မကြီးတွေကို ကြောက်တယ်ဆိုရင်ဖြင့်
နည်းလမ်းတစ်ခုတော့ ရှိပါတယ်။
လမ်းခွဲခါနီးကျရင် “ကိုယ့်အပြစ်ကို
သူ့အပြစ် ဖြစ်အောင် လုပ်ခဲ့” 🤭
ဂဏန်းတွေ လည်မလိုလိုနဲ့
တခါတလေ အူပါတယ်။
သူတို့ ဘာကြောင့် အန္တရာယ်များတဲ့ပုံ
ပေါက်နေရသလဲဆိုတော့ သူတို့စိတ်က
အရမ်း နူးညံ့ပြီး အထိခိုက်မခံလို့ပါ။
ဒါကို ကာကွယ်ဖို့အတွက်
စွာကျယ်ကြီး လုပ်နေကြတာပါ။
“တို့အသည်းလေး နုနုနယ်နယ်
ထိခိုက် ကွဲအက်လွယ်တယ်
လွမ်းရုံလေးနဲ့ နွမ်းမယ် ထင်ပါရဲ့” ဆိုတာ
ဂဏန်းပျော့တွေ အတွက် ဆိုထားတာပါ။
သူတို့သနားသွားပြီ ခွင့်လွှတ်သွားပြီ ဆိုရင်တော့
အချစ် အမုန်းကင်းစင် ပြုံးပျော်ရွှင်သွားပြီး
သင့်ကို အိမ်သစ်တက်လည်း ဖိတ်မှာပါ။
ကလေးမွေးနေ့လည်း ဖိတ်စာလှမ်းပို့မှာပါ။
သူတို့လုပ်ချင်တာ လုပ်ပြီးသွားရင်
ပြုံးပြုံး ပြုံးပြုံး တန်ဆောင်မုန်းမှာ
ရုံးတက်ရုံးဆင်း လုပ်နေမှာပါ။
♋️ ဇကာပေါက်ကို မထင်သလို ထထဖုတ်တဲ့
အီလွန်မတ်ခ်ဟာလည်း ဂဏန်းလေးပါ။
လုပ်ချင်တာ လုပ်ပြီးရင်
သူမဟုတ်သလို ဟီလာထပြီး
သူတပါးကို စိတ်ကင်ဆာပေးတတ်ပါတယ်။
♋️ တစ်ခုတော့ ရှိတယ်။
ဘဝမှာ တစ်ခါ ဂဏန်းနဲ့ ကြိုက်ဖူးသွားရင်
တော်ရုံ အချစ်တွေက မတိုးတော့ဘူးရယ်။
လူဖြစ်ကျိုးနပ်ချင်ရင်တော့ ကြိုက်ကြည့်။
မတားဘူး။
🦀 သူတို့ပေးခဲ့ဖူးတဲ့
ဂန္ဓဝင်မြောက် အချစ်တွေကိုလည်း တသသ။
ဒဏ်ရာ ဒဏ်ချက်တွေကိုလည်း တဖွဖွနဲ့
လူတစ်ကိုယ် ဖီလင် နှစ်မျိုး ခံစားသွားရမယ်။
Cancer ဟာ red flag 🚩 လား။
နိုးပါ။
အလံနီတို့၏ ဘိုးအေ၊
စိတ်ကင်ဆာတို့၏ ပထွေးပါ။
စာကြွင်း : သင် မကောင်းရင်ပေါ့။ 😎🦀
『 စာရေးသူ ➠ မရွှန်းမီမီထက် 』
💬 ဗေဒင်ဆိုင်ရာ သိမှတ်စရာ ကဏ္ဍစုံ ကို
အမြဲ အမြန်ဆုံး ဖတ်ခွင့် ရဖို့ PAGE ကို
LIKE & FOLLOW လုပ်ပေး ထားဖို့
မမေ့ပါနဲ့ ခင်ဗျာ 💬
🙏🏻 သဒါ သုခီ ဘဝန်တု တေ 🙏🏻
࿘ ဆရာချမ်းမြေ့ဦး ࿗