B Four Bakery and cafe

B Four Bakery and cafe Coffee & Bakery with Foods

24/09/2023
B Four International Baking&Pastry Training Class"အသက်မွေးဝမ်းကြောင်းပညာ မုန့်ဖုတ်သင်တန်း''သင်တန်းအပ်နှံစုံစမ်းရန်097928...
24/09/2023

B Four International Baking&Pastry Training Class
"အသက်မွေးဝမ်းကြောင်းပညာ မုန့်ဖုတ်သင်တန်း''

သင်တန်းအပ်နှံစုံစမ်းရန်
09792805445
09454363044
09780000958
095198040
09799859040
=>တစ်နိုင်တစ်ပိုင် အသေးစား
အိမ်တွင်းစီးပွားရေးလုပ်ငန်းလုပ်လိုသူများ
=> စီးပွားဖြစ် ဆိုင်ဖွင့်ရောင်းချလိုသူများ
=> အရသာ ကောင်းကောင်းနဲ့
ဈေးကွက်ကို ထိုးဖောက်လိုသူများ
,=> မုန့်လုပ်ငန်းကို စိတ်ဝင်စားသူများ
=> လုပ်ငန်းခွင်ဝင်လိုသူများ
=> မုန့်လုပ်ငန်းဖြင့်
အသက်မွေးဝမ်းကြောင်းပြုလိုသူများ
=> မုန့်လုပ်ငန်းဖြင့် ပြည်ပထွက်လိုသူများ
တက်ရောက်သင့်သော သင်တန်းဖြစ်ပါတယ်။

ဘာတွေသင်မှာလဲဆိုတော့

မုန့်လုပ်ငန်းမှာ မသိမဖြစ် သိထားရမယ့်
အခြေခံ မုန့်လုပ်နည်းစနစ်များ၊

ပါဝင်ပစ္စည်းတစ်ခုခြင်းစီအလိုက်
အသုံးဝင်ပုံများ၊ သိမ်းဆည်းနည်းများ၊
ဆောင်ရန် ရှောင်ရန်များ၊

ကိုယ်ပိုင်/မူပိုင် အရသာရအောင်
တီထွင်နည်း၊ (Recipe) ရေးနည်း၊
အချိုးအစားစပ်နည်းများ၊

အိမ်သုံး/လုပ်ငန်းသုံးစက်များ
အသုံးပြုပုံ/အသုံးဝင်ပုံ နှင့်
စက်ပစ္စည်း ရွေးချယ်/ဝယ်ယူနည်းများ...

ထုပ်လုပ်မည့် မုန့်အမျိုးအစားတစ်ခုခြင်းစီရဲ့
ကုန်ကျစရိတ်အသေးစိတ် တွက်ချက်နည်းများ၊

ပေါင်မုန့်မျိုးစုံ(Bread)
ကိတ်မုန့်မျိုးစုံ(Cake)
မွေးနေ့ကိတ်(Birthday Cake)
ဒိုးနပ်(Donut)
ပီဇာ(Pizza)
ကွတ်ကီးမျိုးစုံ
ချိစ်ကိတ်(Cheese Cake)
ပူတင်း(Pudding)
Puff
Croissant
Danish
စတာတွေ ဖြစ်ပါတယ်။

သင်တန်းအချိန်နဲ့ သင်တန်းကာလ သတ်မှတ်မထားပါ အချိန်မရွေ (မနက်၇နာရီမှညနေ၉နာရီအတွင်း)
မတတ်မချင်းရက်အကန့်သတ်မရှိသင်ပေးပါမည်။

$$ သင်တန်းကြေး 600000 ks

#(Online Payment -KBZ Pay ,AYA Pay ,UAB pay,Wave Pay)

♦ သင်တန်းတည်နေရာ = အမှတ်-221B၊ မြေညီ၊မန်‌‌ပြေလမ်းနဲ့သုမနလမ်ထောင့်၊သုမနလမ်မ‌၊သကေတ ၊ရန်ကုန်မြို့။

နယ်သမားတွေအတွက်
အဆောင်စီစဥ်ပေးပါတယ်

သင်တန်းတက်ရန်လိုအပ်ချက်များ။

အသက်မွေးဝမ်းကြောင်းပညာရပ်ဖြစ်တဲ့အတွက်
မည်သည့်ကန့်သတ်ချက်မှ မရှိပါဘူး

အသက်အရွယ်မရွေး၊ ကျား/မ မရွေး
လေ့လာသင်ယူနိုင်ပါတယ်

စိတ်ဝင်စားမှု နဲ့
ကြိုးစားလိုစိတ်ရှိဖို့သာ လိုအပ်ချက်ပါခင်ဗျာ...။

နယ်ကလာပြီး
ယောကျ်ားလေးသီးသန့်အဆောင်
မိန်းခလေးသီးသန့် သင်တန်းမှာနေမည့်သူများ

မှတ်ပုံတင်မူရင်း/မိတ္တူ

အိမ်ထောင်စု မိတ္တူ
သင်တန်းလာတက်ကြောင်း
ထောက်ခံစာများ လိုအပ်ပါတယ်
(ကိုယ်ပိုင်အစီအစဥ်နဲ့ နေပါက မလိုအပ်ပါ)

သင်တန်းပြီးပါက Certificate ပေးပါတယ်...။



ဘာသာစုံ သင်တန်းမှာ
"သင်ကြားပေးမည့် ဘာသာရပ်
အဓိက ခေါင်းစဥ် - 60+ မျိုး''
(အနုစိတ်ပါက 80+ ကျော် ဖြစ်မှာပါ)

ပထမဦးစွာ သက်ဆိုင်ရာ ဘာသာရပ်များအလိုက်
Theory (စာတွေ့) အရင်သင်ပါတယ်။

စာတွေ့သင်တဲ့အခါမှာ
ကုန်ကြမ်းပစ္စည်းများအကြောင်း
သေချာစွာရှင်းပြခြင်း၊
ထားသိုသိမ်းဆည်းနည်းများ ရှင်းပြခြင်း၊
အပြန်အလှန်ဆွေးနွေးခြင်းများဆောင်ရွက်ပါတယ်

လက်တွေ့လုပ်ပြီး ရလာတဲ့မုန့်အတွက်
ပြန်လည်သုံးသပ်ဆွေးနွေးပေးတဲ့အပိုင်းကိုလည်း
ထည့်သွင်းပေးထားပါတယ်ခင်ဗျာ…။

အိမ်သုံး၊ လုပ်ငန်းသုံး စက် -2 မျိုးလုံး အသုံးပြုကာ
အခြေခံကစပြီး စနစ်တကျ လေ့ကျင့်သင်ကြားပေးတာမို့ မလုပ်တတ်မှာကို စိတ်မပူပါနဲ့။

သင်ကြားတဲ့အခါမှာ တစ်ဦးခြင်း
တစ်ယောက်ခြင်းစီကို အသေးစိတ်ကအစ
သေချာ ဂရုစိုက်ပြီး သင်ကြားပေးတာဖြစ်လို့ မတတ်မြောက်မှာကိုလည်း စိတ်မပူပါနဲ့။

ဘာသာရပ်တစ်ခုခြင်းစီအလိုက်
သိသင့်သိထိုက်တာမှန်သမျှကို အသေးစိတ်ကအစ သိရှိနားလည်ရလေအောင် စနစ်တကျ လေ့ကျင့် သင်ကြားပေးပါတယ်။

သင်တန်းသား/သူ အားလုံး
သင်ကြားသမျှ ဘာသာရပ်တိုင်းကို
ကိုယ်တိုင် လက်တွေ့ လုပ်ကြရမှာပါ။

ဘာသာစုံ သင်တန်းလေးကို
လေ့လာသင်ယူပြီးတဲ့အခါမှာတော့
အထက်ပါ မုန့်လုပ်နည်းများကို
နည်းစနစ် မှန်မှန်ကန်ကန်နဲ့
လုပ်တတ်သွားမှာပဲဖြစ်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်းလုပ်ရန် ကူညီပေးပါတယ်။

စက်ပစ္စည်းများလည်း ဝယ်ယူပေးပါတယ်။

သင်တန်းပြီးသွားတဲ့အခါမှာလည်း
လိုအပ်တာမှန်သမျှ ကူညီပေးပြီး
ကိုယ်တိုင်လက်တွေ့လုပ်တဲ့အခါမှာ
ကြုံတွေ့လာရတဲ့အခက်အခဲများကို
ကူညီ ဖြေရှင်းပေးပါတယ်...။

သင်တန်းစတက်တဲ့နေ့မှာတော့ သင်တန်းကြေးကို
100% အပြည့်သွင်းပေးရပါတယ်။

သင်တန်းကိုတော့ နေ့စဥ်
ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါတယ်။

သင်တန်းအပ်နှံလိုပါက…
နာမည်
နေရပ်လိပ်စာ
ဖုန်းနံပတ်
မှတ်ပုံတင်အမှတ်နဲ့အတူ
သင်တန်းကြေး၏ 20% 120000 ks
ကြိုတင်ပေးသွင်းပြီး အပ်နှံနိုင်ပါတယ်…။

အသေးစိတ် သိရှိလိုပါက

Bakery & Pastry Training . Conner of Man pyae street and Thu ma na street,Thu ma na Street,Thar Kay Tha township,Yangon,Myanmar.
09792805445
09454363044
09780000958

#မုန့်သင်တန်း #ကိတ်မုန့်သင်တန်း
#ပေါင်မုန့်သင်တန်း

#မုန့်ဖုတ်သင်တန်း
#မုန့်လုပ်သင်တန်း
#ကိတ်မုန့် #ပေါင်မုန့် #မွေးနေ့ကိတ်
#သင်တန်း

BFour Bakery & Cafe မှ Birthday Cake များအား မိမိတို့ ၏ ချစ်ရသော တန်ဖိုးထားရသော မိသားစုဝင်များ နှင့် မိတ်ဆွေများ အတွက် မ...
30/08/2023

BFour Bakery & Cafe မှ Birthday Cake များအား မိမိတို့ ၏ ချစ်ရသော တန်ဖိုးထားရသော မိသားစုဝင်များ နှင့် မိတ်ဆွေများ အတွက် မှာယူအားပေးကြသော ဖောက်သည်များအား BFour Bakery & Cafe ဝန်ထမ်းများမှ ကျေးဇူးတင်ရှိပါသည် ခင်ဗျာ ။
သန့်ရှင်းသပ်ရပ် အရသာရှိသော မွေးနေ့ကိတ်များအား ရက်ကြိုမှာယူချင်းဖြင့် ဖောက်သည်များစိတ်တိုင်းကျ ဒီဇိုင်းများအား BFour Bakery & Cafe မှ ဝန်ထမ်းများက အကောင်းဆုံး ဝန်ဆောင်မှုပြုလုပ်ပေးနေပါသည် ခင်ဗျာ ။

BFour Bakery & Cafe
09791805445
Open Daily - 07:30 - 21:00

ဆောင်းပါးရှင် ကို Naing gyiCoffee ဆိုင်သွားရင်ဘာသောက်မလဲ Coffee ကရောခါးတာကြီးဘဲလား¿¿¿ Okဒီတခါ Coffee ဆိုင်တွေမာရှိတဲ့ Me...
27/03/2023

ဆောင်းပါးရှင် ကို Naing gyi

Coffee ဆိုင်သွားရင်ဘာသောက်မလဲ Coffee ကရောခါးတာကြီးဘဲလား¿¿¿

Okဒီတခါ Coffee ဆိုင်တွေမာရှိတဲ့ Menuတွေအကြောင်းပြောကျရအောင်
ပထမဆုံးတွေ့ရမာက😍

Espresso
Coffee ရဲ့အဆီအနှစ် ပါဝင်မူက 30ml လောက်ဘဲ
အရသာဘယ်လိုလဲ ခါးမယ် ချဥ်မယ် ချိုတာဘာညာ ကသောက်တတ်တဲ့သူဘဲသိလိုက်မယ်
Coffee အခုမှစသောက်မဲ့သူအနေနဲ့ တော့အဆင်မပြေဘူး😞

Americano
ရေရယ် Espresso ရယ်ဘဲ Coffee အဆီအနှစ်ကို
အရသာအဆင်ပြေအောင် ရောစပ်ထားတာ ပုံမှန် Coffee အပြင်းသောက်နေကျသူကတော့အဆင်ပြေလိမ့်မယ်
တစ်ယောက်ထဲသမားတွေ စာလေးရေး ပုံလေးဆွဲမယ်ဆိုတဲ့သူတွေအတွက် Coffee ဆိုင်ရဲ့အကောင်းဆုံး Menu ဘဲ

Latte
Milk နဲ့ Espresso ရောနှောထားတဲ့အရာ
အရသာက ဆိမ့်မယ်ချိုတဲ့ဘက် လေးသွားမယ်
Date ရင်သောက်လို့အကောင်းဆုံးဘဲ

Cappuccino
Milk က latte ထက်ပါဝင်မူနည်းတယ်အဲ့တော့ Coffee ရဲ့အခါးအရသာကပြင်းလိမ့်မယ်....ခါးဆိမ့်လေးသွားမယ်
ကိုကိုနဲ့သွားရင်သောက် နှုတ်ခမ်းလေးမှာ Milk လေးပေနေတာလေးကအသက်ဖြစ်သွားလိမ့်မယ်

Mocha
ပျိုမေတို့အကြိုက် Chocolate နဲ့ Coffee ရယ် Milkရယ်
ဘဲရှယ်သောက်ကောင်း အရသာက Coffee ရဲ့အခါး Milkရဲ့ဆိမ့်သက်တဲ့အရသာနဲ့ Coffee နဲ့ရောထားတာလေးက လုံးဝလိုက်ဖတ်မူဘဲ...

အခုနောက်ပိုင်း Coffee ဆိုင်တွေမာ အသီးတွေနဲ့ရော soda တွေနဲ့ရော ပေါင်းစပ်လာတဲ့ Menu လေးတွေရှိတယ်
လုံးဝစမ်းသောက်သင့်တယ် ဘာလို့ဆို သူက အသီးရဲ့အရသာနဲ့ Coffee ရဲ့အရသာပေါင်းစပ်ထားတာ ကြောင့်လုံးဝလိုက်ဖတ်တယ် လူကိုလဲလန်းစမ်းစေတယ်
ဥပမာ Apple Espresso ဆိုတဲ့ Menu
Apple လဲပါမယ် Coffee လဲပါမယ် လုံးဝလိုက်ဖတ်မူဘဲ
လျှာပေါ်ရောက်တာနဲ့ နောက်တငုံလောက်ဆိုတဲ့ခံစားချက်မျိုးတွေလိုက်လာလိမ့်မယ်

Hand Drip နဲ့ Cold Brew
ဒါတွေကတော့ Coffee ကို ကြိုက်ပါတယ် Coffeeရဲ့ခါးတဲ့အရသာထက် သူ့မာဘာတွေပါဝင်ဦးမလဲ ဘာတွေက ပေါင်းစပ်ထားလဲဆိုတဲ့အရာကိုရှာဖွေချင်သူတွေအတွက်ဘဲ
Coffee မှာခါးတာ တခုထဲပါတာမဟုတ်ဘူး
အသီးအနံအသီးအရသာ ပန်းအနံ ချိုတဲ့အရသာအနံတွေ အများကြီးပေါင်းစပ်ပါဝင်နေတယ် အဲ့လိုတွေမြည်းစမ်းချင်သူတွေအတွက်တော့ Hand drip နဲ့ Cold Brew ကအဆင်ပြေတယ်
တခုမှတ်ထားရမာက အဲ့ဒါတွေသောက်မယ်ဆို Coffee ဆိုင်မာရှိတဲ့ Barista ကိုသေချာမေးပါသူနဲ့စကားပြောပါ အဲ့ဆို အဲ့ Coffee တခွက်က တန်ဖိုးမဖြတ်နိုင်ပါဘူး😍😍
အခုရေးထားတဲ့ထဲက Menuအကုန်သောက်ချင်ရင်တော့ ဆိုင်ကိုလာပါ😁

Coffee ဆိုင်တွေသွားရင် ဘာသောက်ကမလဲ မသိသေးသော
Customers များကိုသာရည်ရွယ်ပြီးရေးထားတာပါ😍😍

https://www.facebook.com/profile.php?id=100071456113110&mibextid=LQQJ4d

Credit to MMMZ

သုမနလမ်းနဲ့မန်ပြေလမ်ထောင့်မှရှိတဲ့သာကေတထဲက မနက်စာကောင်းတွေရတဲ့ ကော်ဖီဆိုင်လေးက မနက်(၇း၃၀)နာရီဆိုရင် အဆင်သင့်ဖြစ်နေပါပြီ။...
23/03/2023

သုမနလမ်းနဲ့မန်ပြေလမ်ထောင့်မှရှိတဲ့သာကေတထဲက မနက်စာကောင်းတွေရတဲ့ ကော်ဖီဆိုင်လေးက မနက်(၇း၃၀)နာရီဆိုရင် အဆင်သင့်ဖြစ်နေပါပြီ။

ဒီကော်ဖီဆိုင်လေးမှာ ကော်ဖီ ပူပူမွှေးမွှေးလေးနဲ့ မနက်စားဖွယ်ရာတွေနဲ့

ညနေခင်းဆိုရင် သောက်စရာအစုံ
ဟင်းပွဲအစုံနဲ့

ချစ်သော Baristas များသို့ .(by mg mg min zin)ကော်ဖီ သောက်ပါ။espresso flow မှန်မမှန်စစ်ဆေးပါ။မမှန်လျင် နောက်တစ်ခွက်ထပ်ချပ...
15/03/2023

ချစ်သော Baristas များသို့ .
(by mg mg min zin)

ကော်ဖီ သောက်ပါ။
espresso flow မှန်မမှန်စစ်ဆေးပါ။
မမှန်လျင် နောက်တစ်ခွက်ထပ်ချပါ။

ပထမဆုံး espresso က ပုံမှန်နဲ့ ကွဲလွှဲတာမျိုးဖြစ်တတ်သည်။

cafe တော်တော်များဖြစ်တတ်ပါသည်။စိတ်ပူရန်မရှိပါ။ဖြစ်လေ့ဖြစ်ထရှိသောသဘောသာဖြစ်သည်။
ဒုတိယမြောက်ခွက်ဆိုလျင် အရင်ပုံစံပြန်ဖြစ်သွားတတ်ပါသည်။
ကော်ဖီစက်pressure,pipe line များထဲမှ ရေစီးဆင်းမှုများ ပုံမှန်မဖြစ်ခင်မှာဖြစ်လေ့ဖြစ်ထရှိပါသည်။

Extraction အကြောင်းလေး နည်းနည်းရေးချင်တယ်။

Under Extraction
espresso flow အရမ်းမြန်နေလျင်(ရေဘုံဘိုင်မှ ရေကျသလို ဒလဟောစီးကျနေလျင်) under Extraction လို့ ခေါ်ပါတယ်။ ကော်ဖီမှုန့် ကြမ်းနေလို့ ဖြစ်နိုင်ပါသည်။
ကော်ဖီမှုန့် ထည့်တာ နည်းလို့လဲဖြစ်နိုင်ပါသည်။
tamping ဖိအားနည်းတာလဲဖြစ်န်ုင်ပါသည်။
အနံ့အရသာ နဲ့့ပတ်သတ်ရင်တော့
Body နည်းမယ်။taste က watering ဖြစ်မယ်။
flavour တွေ အပြည့်အစုံ မရဘူး။

အဲ့လိုဖြစ်နေရင် Grinder ကို fine(အနု) ဘက်ကို လှည့်ပေးပြီး ချိန်လို့ ရပါတယ်။
တစ်ထစ်ချင်းလှည့်ကြည့် ဖျော်ကြည့် လုပ်ပါ။စိတ်တော့နည်းနည်းရှည်ရပါတယ်။

Over Extraction
espresso flow နှေးလွန်းလျင် (တစ်စက်ချင်း ကျနေလျင်)
ကော်ဖီမှုန့် နု လွန်းတာလဲဖြစ်နိုင်ပါသည်။
ကော်ဖီမှုန့်ထည့်တာများလွန်းတာ။ဖိတာ အားများလွန်းးတာ လဲဖြစ်နိုင်ပါသည်။
အနံ့အရသာ နဲ့့ပတ်သတ်ရင်တော့
Body အရမ်းပြင်းမယ်။syrupy ,thick body ဖြစ်မယ်။
acidity,bitterness များလွန်းမယ်။burnt ဖြစ်မယ်။smoky တွေတစ်ခါတစ်ရံ ရတတ်တယ်။

အဲ့လိုဖြစ်နေရင် Grinder ကို coarse(အကြမ်း) ဘက်ကို လှည့်ပေးပြီး ချိန်လို့ ရပါတယ်။
တစ်ထစ်ချင်းလှည့်ကြည့် ဖျော်ကြည့် လုပ်ပါ။အပေါ်ကလိုပါပဲ။စိတ်တော့နည်းနည်းရှည်ရပါတယ်။

espresso ကောင်းမကောင်း ဘယ်လိုသိမလဲ။
espresso flow မြန် လွန်းနေတာ။နှေးလွန်းနေတာဆိုမကောင်းပါ။
warm honey,မြန်မာအခေါ် ကြွက်မြီးတန်းလေးလို စီးကျနေရင်ကောင်းပါသည်။
ကော်ဖီပေါ်မှာ crema ရွှေရောင်အမြုပ်လေးတွေပါ၀င်မှုကိုကြည့်ပြီးလဲ ခွဲလို့ရပါတယ်။Crema နည်းရင် ကော်ဖီလှော်ထားတာကြာလို့သော်လည်းကောင်း Under Extraction ဖြစ်နေလို့ သော်လည်းကောင်းဖြစ်တတ်ပါတယ်။

SCAE barista trainingကတော့ ကိုယ်တွေကို ဒီလို သင်လိုက်တာပဲ။

coffe 7 to 9 gram
brewing time 20 to 30 second
volume 25 ml to 35 ml

James Hoffmann ကတော့ သူရဲ့့စာအုပ်ဖြစ်တဲ့ The World Atlas Of Coffee From Beans To Brewing - Coffee Explored,Explained And Enjoyed မှာ
Brewing Ratio ကို 1:2 နဲ့ သဘောကျတယ်လို့ ရေးထားတယ်။ဆိုလိုတာက ကော်ဖီ ၁၀ ဂရမ်ဆို ရလာမဲ့ espresso က ၂၀ ဂရမ်ပေါ့ မီလီနဲ့ ဆို ၂၀ မီလီပေါ့။အဲ့ ထက်ပိုပြင်းတာကိုယူမယ်ဆိုရင်တော့ 1:1.5 အချိုးကို သုံးမယ်လို့ ဆိုတယ်။(ristrestto နဲ့တောင်ခပ်ဆင်ဆင်)သူကတော့ brewing timeကို ၂၉ - ၃၀ second လောက်သွားတာသဘောကျပုံပဲ။

အဓိကကတော့ ကော်ဖီကိုနားလည်မယ်။
ဘယ်လို အရသာမျိုးကို လိုချင်တယ်။
ဘာကြောင့် ဒီလိုဖျော်တယ်ဆိုတာ နားလည်ဖို့ လိုပါတယ်။
Dark Roast ဆိုရင် ဘယ်လို ဖျော်မလဲ Extraction time ကို ဘယ်လောက်မှာ ထားမလဲ။ကော်ဖီကိုဘယ်လောက်မီလီမှာ ရပ်မလဲ။

ကိုယ်သဘောအရဆို Dark Roast coffee တွေကို extraction time၂၂နဲ့ ၂၅မှာထားမယ်။Dark roast တွေက ကျွတ်ဆတ်တယ်။ရေမှာပျော်၀င်မှု TDS total dissolved solids ပိုလွယ်ကူတယ်။အဲကဒါကြောင့် smoky flavor နဲ့ Burnt ဖြစ်တာကို ရှောင်လွှဲချင်လို့ extraction time ကို ၂၀ ပတ်ချာလည်မှာထားချင်တာ။ဒါကတော့ဥပမာပါ။

TDS အကြောင်းအသေးစိတ်သိချင်ရင်
https://en.wikipedia.org/wiki/Total_dissolved_solids

အဓိကပြောချင်တာကတော့ကိုယ်ချစ်တဲ့ Barista တွေကို နားလည်စေချင်တာ။ကိုယ်ဘာလုပ်လဲ ကိုယ်နားလည်စေချင်တာပါ။
မှားတယ် မှန်တယ်ဆိုတာတော့အမြဲ မရှိပါဘူး။
နည်းစနစ်တွေကလဲ အမြဲပြောင်းလဲနေတာပါပဲ။

ကိုယ်တိုင်လဲ လေ့လာနေရတုန်းပါပဲ။

WBC World Barista Championship က ချန်ပီယံတွေရဲ့ Extraction အချိုးတွေ ကိုကြည့်မယ်ဆိုလဲ သူတို့ လိုချင်တဲ့ အရသာအနေအထားကို ရအောင် ယူပြီးလုပ်သွားတာပါပဲ။ဒိုင်တွေကလဲ သူပေးတဲ့ message ကိုပဲ နားထောင်ပြီးမြည်းကြည့်တာပါပဲ။

အောက်မှာလဲ ၂၀၁၉ ချန်ပီယံရဲ့ လင့်ခ်လေးပေးထားတယ်။
သူရဲ့ coffee knowledge လေးတွေ ဒိုင်တွေကို ချပြသွားတာလေးသဘောကျလို့ပါ ။

မောင်မောင်မင်းဇင်
ရီယို ဂရမ်ဒီ ကော်ဖီ

https://www.youtube.com/watch?v=9I4Az6VUnW

☕ Espresso Vs Cappuccino &++++Espresso ဆိုတာကို အီတလီနိုင်ငံက စတင်တွေ့ရှိခဲ့ပါတယ်။ ပမာဏ 30ml (ပုံမှန်ရေသန့်ဘူးက 1Lရှိတော...
10/03/2023

☕ Espresso Vs Cappuccino &++++

Espresso ဆိုတာကို အီတလီနိုင်ငံက စတင်တွေ့ရှိခဲ့ပါတယ်။ ပမာဏ 30ml (ပုံမှန်ရေသန့်ဘူးက 1Lရှိတော့ သူရဲ့ 30ပုံတစ်ပုံပဲဆိုပါစို့)ရှိပြီးတော့ အပေါ်ယံအလွှာမှာ အညိုရောင် ကော်ဖီအဆီအနှစ်လွှာပါ၀င်ပြီး အရသာပြင်းပြင်းနဲ့ ကော်ဖီတစ်မျိုးပါ။ အရပ်စကားတွေအရ espressoဟာ မြန်ဆန်စွာရရှိနိုင်တာ‌‌ကြောင့် express လို့ခေါ်တဲ့ ခရီးသွားအမြန်ယာဉ်တွေကို အဆွဲပြုပြီး ခေါ်ဝေါ်မှည့်တွင်တယ်လို့လည်း ဆိုကြပါတယ်
Espresso ဆိုတာကလည်း ကော်ဖီတစ်မျိုးဖြစ်တာမို့ ရေနွေးနဲ့ ကော်ဖီမှုန့်အချိုးကျ ပြုလုပ်ပြီး ရရှိလာတာမျိူးပါ။ ဒါပေမယ့် မတူတာက ဖိအားပါ။ Espresso ရလာဖို့ဆို 9 bars ပမာဏ ( အလွယ်ပြောရရင် လေတင်းအောင်ထိုးထားတဲ့ စက်ဘီးတစ်စီးရဲ့ လေပေါင်ဖိအားက 6-8barsလောက်ရှိမယ်ဆိုတော့ အဲ့ထက်အနည်းငယ်ပိုတဲ့ ‌ပမာဏပဲဆိုပါစို့)ရှိတဲ့ ဖိအားတစ်ခု လိုပါတယ်။
ဒါ့အပြင် Espresso တစ်ခွက်ရလာဖို့ လတ်ဆတ်တဲ့ကော်ဖီမှုန့်၊ ကော်ဖီအမှုန့် အရွယ်အစား၊ ထည့်၀င်တဲ့ အမှုန့်ပမာဏ၊ ရေအပူချိန်၊ ဖိအား၊ ကော်ဖီမှုန့်တွေကို Portafilterထဲမှာ ထည့်ပြီး ညှိတဲ့မျက်နှာပြင်၊ ‌ဖိလိုက်တဲ့အား စသည်ဖြင့် များစွာသောအချက်တွေ မှန်ကန်မှသာ အဆီအနှစ်ပြည့်၀တဲ့ espresso ကောင်းကောင်းတစ်ခွက်ရလာတာပါ။
Espressoဟာ တခြားသောကော်ဖီအမျိုးအစားတွေရဲ့ အခြေခံလို့လည်း ပြောနိုင်ပါတယ်။
Expresso သည် အကြမ်းဖျင်းအားဖြင့် 7၊ 14 နှင့် 21 ဂရမ် အချိုးကျသော ကော်ဖီစေ့ပမာဏကို အသုံးပြု၍ တစ်ဆ single၊ နှစ်ဆ double သို့မဟုတ် သုံးဆ tripleဖျော်နိုင်ပါသည် ။

ရလာတဲ့ Espressoကို အသုံးပြုပြီး ရေနဲ့ရောစပ်ပြီးတော့ Americano၊ နွားနို့နဲ့ ရောစပ်ပြီး Latte၊ Cappuccino စသည်ဖြင့် များစွာသော ‌အမျိုးစားတွေကို ဖန်တီးသောက်သုံးကြပါတယ်။

United Kingdom တွင် espresso သည် 1950 ခုနှစ်များအတွင်း လူငယ်များကြားတွင် ရေပန်းစားလာခဲ့ပြီး ကော်ဖီဆိုင်များတွင် အရက်ဆိုင်များထက် ကော်ဖီဆိုင်များတွင် ပိုမိုနှစ်သက်လာကြသည် ။ Espresso သည် ဂျာမဏီရှိ အီတလီလူမျိုးများ တည်ထောင်သည့် Eiscafès မှတီထွင်ထားသည့်အတိုင်း အီတလီနိုင်ငံသို့ ခရီးသွားလာမှုနှင့်အတူ အီတလီနိုင်ငံသို့ Espresso ကို လူသိများလာကာ Espresso သည် အစပိုင်းတွင် လူကြိုက်များခဲ့သည်။ အစပိုင်းတွင် ပြည်ပရှိ အီတလီ အက်စပရက်ဆိုဘားများကို စျေးလယ်နေရာများအဖြစ် ရှုမြင်ခဲ့ပြီး အလုပ်သမားလူတန်းစား အီတလီလူမျိုး ရွှေ့ပြောင်းနေထိုင်သူများကို ဝန်ဆောင်မှုပေးကာ အစားထိုးယဉ်ကျေးမှုခွဲကို ဆွဲဆောင်နိုင်ခဲ့သည်။ Boston's North End ၊ New York's Little Italy နှင့် San Francisco's North Beach ကဲ့သို့သော အီတလီအမေရိကန်ရပ်ကွက်များတွင် အမေရိကန်ပြည်ထောင်စုတွင် တွေ့မြင်နိုင်သေးသည်။

Espressoကို ဘာလို့သောက်ရမှာလဲ
ကော်ဖီ ခါးခါးပြင်းပြင်းကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ ညွှန်းလိုတဲ့ အမျိုးအစားတစ်ခုပါ။ ကော်ဖီအဆီအနှစ်ရဲ့ ပြည့်၀တဲ့ အခါးဓာတ်၊ အချိုဓာတ်၊ အချဉ်ကို ကောင်းကောင်းခံစားရမယ်။ ပါးစပ်ဖျားမှာလည်း ပျစ်ပျစ်နှစ်နှစ်နဲ့ အရသာတစ်ခုကို ခံစားရစေတယ်။ နည်းနည်းနဲ့ ကော်ဖီအရသာထိထိမိမိရတဲ့ အမျိုးအစားပါ။ ကော်ဖီပြင်းပြင်းတစ်ခွက်ဖြစ်တာကြောင့် ကဖင်းဓာတ်လည်း ပိုမိုပါ၀င်ပါတယ်။ သကြားနဲ့ တခြားသော ရောစပ်မှုတွေမပါ၀င်တာကြောင့် ကယ်လိုရီပါ၀င်မှုလည်း နည်းပါတယ်။ တစ်ခွက်လောက်သောက်ပြီးတာနဲ့ ပါးစပ်ထဲမှာ ကော်ဖီအရသာလေးစွဲထင် ကျန်ရစ်နေတာမျိုးကလည်း ထူးကဲတဲ့ အရသာတစ်မျိုးပါပဲ။ ကော်ဖီဂျိုးလေးတွေကတော့ ကော်ဖီရသလေးပျက်သွားမှာစိုးလို့ တခြားသော အစားအသောက်တွေကိုတောင် မစားတော့ဘဲ ခံစားလေ့ရှိပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ သေးသေးလေးနဲ့ထိတဲ့ Espresso အကြောင်းကို တီးမိခေါက်မိရှိသွားလောက်ပြီထင်ပါတယ်

☕ မှန်ကန်တဲ့ ဖျော်စပ်မှုနဲ့မှသာ နည်းနည်းနဲ့ ထူးခြားပြည့်စုံတဲ့ အရသာကို ရရှိနိုင်ပြီး ကော်ဖီပြင်းပြင်အရသာEspressoကိုရမှာပါ

🥃Cappuccinoသည် အီတလီနိုင်ငံ မှ ထွက်လာသော espresso -based ကော်ဖီဖြစ်ပြီး အမြှုပ်ထအောင်ပြုလုပ်ထားသော နွားနို့ နှင့်တွဲစပ်ဖျော်ရသည်

Cappuccino သည် အစဉ်အလာအားဖြင့် ဥရောပ၊ ဩစတေးလျ၊ တောင်အမေရိကနှင့် အချို့သော မြောက်အမေရိကတို့တွင် အများစုတန်ဖိုးထားသောအရသာဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းတွင် ကော်ဖီဆိုင်များ ပေါ်ပေါက်လာသည်နှင့်အမျှ မြောက်အမေရိကပြည်သူများအတွက် cappuccino ကို ပိုမိုရရှိနိုင်ခဲ့သည်။

အီတလီနှင့် ဥရောပတိုက်တစ်ခွင်တွင် ကာပူစီနိုကို နံနက်စာနှင့် သုံးဆောင် လေ့ရှိသည် ။ အီတလီလူမျိုးများသည် ယေဘူယျအားဖြင့် နေ့လည်စာ သို့မဟုတ် ညစာပြီးနောက် espresso သောက်လေ့ရှိသော်လည်း နံနက်စာမှလွဲ၍ အခြားအစားအစာများဖြင့် ကာပူစီနိုကို မသောက်ကြပါ ။ အီတလီတွင် cappuccino ကို နံနက် 11 နာရီအထိ သောက်သုံးလေ့ရှိပြီး cappuccino များသည် နို့ကိုအခြေခံ၍ နေ့ခင်းဘက်သောက်ရန် အလွန်များသည်ဟု ယူဆသောကြောင့်၊ နွားနို့သည် အစာခြေခြင်းကို အထောက်အကူပြုသည်ဟု ယုံကြည်ခြင်းကြောင့် အစာစားပြီးနောက် espresso ကို မှာယူလေ့ရှိသည်။ [မြောက်အမေရိကတွင်၊ cappuccinos များသည် ၁၉၉၀ ခုနှစ်များနှောင်းပိုင်းနှင့် ၂၀၀၀ ခုနှစ်များအစောပိုင်းကာလများအထိ အမေရိကန်ကော်ဖီလုပ်ငန်းတွင် အရှိန်အဟုန်နှင့် တပြိုင်နက် ရေပန်းစားလာခဲ့ပြီး အထူးသဖြင့် မြို့ပြ ပစိဖိတ်အနောက်မြောက်ပိုင်း တွင်ဖြစ်သည် ။

Cappuccino ကို အစဉ်အလာအားဖြင့် 150-180 ml (5-6 imp fl oz; 5-6 US fl oz) ခွက်များ။ 21 ရာစုအစတွင်၊ 600 ml (21 imp fl oz; 20 US fl oz)ခွက်များဖြင့် သုံးဆောင်နိုင်ခဲ့သည်။

နာမည်ကြီးသော်လည်း အတည်မပြုနိုင်သော ဒဏ္ဍာရီတစ်ခုအရ၊ ဗီယင်နာတိုက်ပွဲ အပြီးတွင် အီတလီ ကာပူချင်ဘုန်းတော်ကြီး Marco d'Aviano က cappuccino ကို တီထွင်ခဲ့သည် ။

Viennese သည် 18 ရာစုတွင် ဖြစ်နိုင်ချေရှိသော အမည်ကို ကြာပွတ်မုန့်နှင့် ဟင်းခတ်အမွှေးအကြိုင်များပါဝင်သော အစောပိုင်းဗားရှင်းတွင် "Kapuziner" ဟူသောအမည်ကို အပ်နှင်းခဲ့သည်။ အီတလီ ကာပူရှီနိုကို 1930 ခုနှစ်များအထိ အီတလီပြင်ပတွင် မသိရှိခဲ့ပါ။ တခါတရံတွင် ၎င်းသည် 20 ရာစုအစောပိုင်းတွင် Austro-Hungarian အင်ပါယာ ရှိ Trieste နှင့် အခြားသော အီတလီဒေသများ ရှိ ကော်ဖီဆိုင် များတွင် မွေးဖွားခဲ့ပြီး ပထမကမ္ဘာစစ်အပြီး အီတလီတစ်ခွင်နှင့် နောက်ပိုင်းတွင် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားသည်ဟု တစ်ခါတစ်ရံတွင် ဆိုကြသည် ။ သို့သော်လည်း ကာပူရှီနို ဟူသောအမည်ဖြင့် နို့နှင့်ရောထားသော ကော်ဖီတစ်မျိုးသည် အီတလီအလယ်ပိုင်း တွင် တည်ရှိမှုကို ၁၉ ရာစုတွင် မှတ်တမ်းတင်ထားပြီးဖြစ်သည်။

cappuccino သည် 1980 ခုနှစ်တွင် ဥရောပနှင့် အမေရိကသို့ ပထမဆုံးရောက်ရှိခဲ့ပြီး latte နှင့်အလားတူအချိန်ဖြစ်သည်။

☕☕☕☕☕☕🥃🥃🥃🥃🥃🥃

Espresso - ကော်ဖီမှုန့် များများထဲ ရေနွေးကို စက်နဲ့ ဖိအားပေးပြီး ထွက်လာတဲ့ ကော်ဖီရည် ( အီတလီ နည်း )

Cuppicino - အိပ်စပရက်ဆို ၁ ဆ ၊ နွားနို့ ၁ဆ နဲ့ နွားနို့အမြှုပ် ၁ ဆ ရောထားတဲ့ကော်ဖီ

Americano - အိပ်စပရက်ဆိုကို ရေနွေးများများ ရောထားတဲ့ ကော်ဖီပလိန်း ( အိပ်စပရက်ဆိုလောက် မပြင်း )

Latte - အိပ်စပရက်ဆို ၁ ဆ နဲ့ နွားနို့ကို အမြှုပ်ထအောင်မွှေထားတာ ၂ ဆ ရောထားတဲ့ ကော်ဖီ

Mocha Latte - အိပ်စပရက်ဆိုကို နို့ ရယ် ချောကလက်ရယ် ရောဖျော်ထားတာ

Macchiato - အိပ်စပရက်ဆို ထဲကို နွားနို့လေး ပါတယ်ဆိုရုံထည့်ဖျော်ထားတဲ့ကော်ဖီ ( သူလည်း ပြင်းတာပဲ )

Café au Lait ( ပြင်သစ်နာမည် ) - အိပ်စပရက်ဆို နဲ့ နွားနို့ အပူ ဆတူရောထားတာ

Flat White ( သြစထြေးလီးယား ၊ နယူးဇီလန် စတိုင် ) အိပ်စပရက်ဆို များများ နို့နည်းနည်း ကော်ဖီ

Cortado ( စပိန် စတိုင် ) အိပ်စပရက်ဆိုနဲ့ နွားနို့အပူဆတူ ( အမြှုပ်မပါ ) ဖန်ခွက်အကြီးနဲ့ ချပေးတယ်

ကဲ ပြောနေကြာတယ် ။ ခုပဲ ကော်ဖီတခွက်ဖျော်သောက်လိုက်ဦးမှ ။

Credit to original

ပျော်ရွှင်မှုတွေ အပြည့်အ၀ရရှိအောင် သောက်လိုက်တိုင်း စိတ်ကျေနပ်မှုရစေမဲ့ Enjoy ဖြစ်စေဖို့ The BLUE Door Coffee & Bakery  ...
08/03/2023

ပျော်ရွှင်မှုတွေ အပြည့်အ၀ရရှိအောင် သောက်လိုက်တိုင်း စိတ်ကျေနပ်မှုရစေမဲ့ Enjoy ဖြစ်စေဖို့ The BLUE Door Coffee & Bakery မှာcoffee&juice ‌‌ တွေနဲ့ သူငယ်ချင်းတွေနဲ့အတူ သာသာ ယာယာ အေးအေး ဆေးဆေး Relax လုပ်ရင်း အနားယူလိုက်ပါနော်...

.       Coffee         .☕ပူ​နွေးတယ် ​မွှေးပျံ့တယ်     ရင်ကိုခုန်​စေတယ် ...     မနက်​​စော​စောကို     မင်္ဂလာပါလို့ မ​ပြော...
27/02/2023

. Coffee .

☕ပူ​နွေးတယ် ​မွှေးပျံ့တယ်
ရင်ကိုခုန်​စေတယ် ...
မနက်​​စော​စောကို
မင်္ဂလာပါလို့ မ​ပြောမှီ
ညကမှပွင့်တဲ့
သစ်ခွလေးကို ​ငေးရင်း ..
တစိမ့်စိမ့် ​သောက်ဖြစ်ခဲ့တယ်...

☕ကြိမ်စားပွဲ​လေး​ပေါ်
​နေ​ရောင်နဲ့ အတူ ..
​နောက်တစ်ဘဝ မလိုဘူး
​နောက်တစ်ခွက်ပဲ လိုတယ် ...

Author & Photo :::; Credit

ကြက်ဥကို အသည်းပုံ ​ကြော်လိုက်တယ်​ကော်ဖီကို အသည်းပုံ ​ဖျော်လိုက်တယ်Like ကို အသည်းပုံ like လိုက်တယ်သာယာပါ​စေ ....​နေနိူင်ခ...
22/02/2023

ကြက်ဥကို အသည်းပုံ ​ကြော်လိုက်တယ်
​ကော်ဖီကို အသည်းပုံ ​ဖျော်လိုက်တယ်
Like ကို အသည်းပုံ like လိုက်တယ်
သာယာပါ​စေ ....
​နေနိူင်ချိန်​လေးများ ..

သုခမိန်လှိုင်

Address

221/B, Thumana Road
Yangon
11231

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

+959791805445

Website

Alerts

Be the first to know and let us send you an email when B Four Bakery and cafe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to B Four Bakery and cafe:

Share

Category