Puratos HHT International

Puratos HHT International Food Innovation for Good

✨🍞🥖တမူထူးခြားတဲ့ ပေါင်မုန့်နံ့လေး မွှေးမွှေးလေးနဲ့ ကျန်းမာရေးအတွက် ကောင်းတဲ့ ရိုင်းပေါင်မုန့်ညိုတွေ ပြုလုပ်ဖို့အတွက် 𝐏𝐮𝐫...
27/07/2024

✨🍞🥖တမူထူးခြားတဲ့ ပေါင်မုန့်နံ့လေး မွှေးမွှေးလေးနဲ့ ကျန်းမာရေးအတွက် ကောင်းတဲ့ ရိုင်းပေါင်မုန့်ညိုတွေ ပြုလုပ်ဖို့အတွက် 𝐏𝐮𝐫𝐚𝐯𝐢𝐭𝐚 𝐃𝐚𝐫𝐤 𝐑𝐲𝐞 အသင့်သုံး ရိုင်းပေါင်မုန့်ဂျုံ ✨

Dark Rye ကို အခြေခံအားဖြင့် ရိုးရိုးဂျုံ၊ ပေါင်မုန့်နုဆေး နှင့် ရေ တို့နဲ့ ရောစပ်ပြီး အာဟာရပြည့်၊ အနံ့အရသာ အထူးကောင်းမွန်တဲ့ ပေါင်မုန့်ညို ကို ဖန်းတီးနိုင်သလို မိမိနှစ်သက်ရာ ပေါင်မုန့်ညိုအမျိုးမျိုး နှင့် တခြားမုန့်များကို ပြုလုပ်နိုင်ပါတယ်။

ရိုင်းပေါင်မုန့်ဂျုံက စားသုံးသူများအတွက် အဓိက ပေးတဲ့ အကျိုးကျေးဇူးများကတော့
• အူကျန်းမာရေးအတွက် လိုအပ်တဲ့ ဖိုက်ဘာဓာတ် များစွာပါဝင်ခြင်း
• ဗိုက်ပိုပြည့်စေပြီး ကိုယ်အလေးချိန်ကို လျော့ကျစေခြင်း
• သွေးလည်ပတ်မှုအားကောင်းစေခြင်း
• ခန္တာကိုယ်အတွင်း ရောင်ရမ်းမှုများ လျော့ချပေးခြင်း တို့ ဖြစ်ပါတယ်။

အသုံးပြုမယ့် မုန့်ဖုတ်ပညာရှင်များအတွက်လည်း
• အသင့်သုံး ဂျုံမုန့် ဖြစ်တဲ့အတွက် လွယ်ကူပြီး အချိန် နှင့် လူအား သက်သာစေခြင်း
• အရသာလည်းရှိ အာဟာရလည်း ပြည့်ဝတဲ့ မုန့်များကို ပြုလုပ်ရောင်းချနိုင်မည် ဖြစ်တဲ့အတွက် ရောင်းချရာတွင် မျက်နှာပန်းလှခြင်း
• အရည်အသွေး စိတ်ချရတဲ့အတွက် လုပ်ငန်းအတွင်း Process cost ကို လျော့ချနိုင်ခြင်း စတဲ့ အကျိုးကျေးဇူး တွေကို ယူဆောင်လာပေးမှာ ဖြစ်ပါတယ်။

🍞 ကုန်ပစ္စည်းအမည် - 𝐏𝐮𝐫𝐚𝐯𝐢𝐭𝐚 𝐃𝐚𝐫𝐤 𝐑𝐲𝐞 အညိုရောင် ကျန်းမာရေးပေါင်မုန့်ဂျုံ
📦 ထုပ်ပိုးမှုအရွယ်အစား - 10 ကီလိုဂရမ်/ 1 ကီလိုဂရမ်
📅 သက်တမ်း - 180 ရက်
👩‍🍳 အသုံးပြုပုံ - အညိုရောင်ပေါင်မုန့်ဂျုံ 20% နှင့် ရိုးရိုးဂျုံ 80% တွဲဖက် အသုံးပြုပါ။
🔆 သိမ်းဆည်းပုံ - မူလထုပ်ပိုးမှုပုံစံအတိုင်း အေးမြခြောက်သွေ့သော နေရာ (စိုထိုင်းဆအများဆုံး 75%) အပူချိန် 25 °C တွင်သိမ်းဆည်းပါ။ အသုံးပြုပြီးပါက လေလုံ အောင်သေချာစွာပြန်ပိတ်ပါ။ ဓာတ်ပြုစေနိုင်သော ပစ္စည်းများ နှင့် ပိုးမွှားများ ဝေးရာတွင် ထားပါ။

100,000 Ks ဖိုးနဲ့အထက်မှာယူမယ်ဆိုရင် ရန်ကုန်မြို့အတွင်း Free Delivery ဖြင့်ပို့ဆောင်ပေးနေပါပြီ..

28/06/2024

Carat Supercrem Chocolate Filling အသုံးပြုပြီး Chocolate Cream Filling ပြုလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။ 🍫🤎

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့
စူပါခရင်မ် ၁၀၀ ဂရမ်
Topping Cream ၁၅၀ ဂရမ် (စူပါခရင်မ်၏ ၁၅၀%)

ပြုလုပ်နည်း

Topping Cream ၁၅၀ ဂရမ်ကို မွှေစက်အသုံးပြုပြီး ၃-၅ မိနစ်ခန့် ရိုက်ပေးပါ။ မိမိလိုချင်တဲ့ အနေအထားရပြီရင် ရိုက်ထားတဲ့ Topping Cream ထဲ စူပါခရင်မ် ၁၀၀ ဂရမ် ထည့်ရောပြီး Spatula နဲ့ ခရင်မ်အနှစ်ကို တစ်သားတည်း ဖြစ်တဲ့အထိ ရောမွှေပေးရပါမယ်။
မိမိ နှစ်သက်ရာ ပေါင်မုန့်၊ ကိတ်မုန့်များကို ပိုမို အရသာ ကောင်းမွန်ပြီး စားချင်စဖွယ်ဖြစ်ဖို့ Carat Supercrem နဲ့ ပြုလုပ်ထားတဲ့ Chocolate Cream Filling ကို Piping Bag ထဲထည့်ပြီး ပြင်ဆင်အသုံးပြုနိုင်ပါတယ်။

💪💚🧘🌱🍞🥐🥖စားသုံးသူများရဲ့ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အစေအဆန်အစုံပါတဲ့ ပေါင်မုန့်လည်း ဖြစ်ရမယ် အရသာလည်း ကောင်းတဲ့ ပေါင်မု...
22/06/2024

💪💚🧘🌱🍞🥐🥖စားသုံးသူများရဲ့ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အစေအဆန်အစုံပါတဲ့ ပေါင်မုန့်လည်း ဖြစ်ရမယ် အရသာလည်း ကောင်းတဲ့ ပေါင်မုန့်လည်း ဖြစ်ရမယ် ဆိုတဲ့ လိုအပ်ချက်ကို ဖြည့်ပေးနိုင်မယ့် အသင့်သုံး Easy Puravita Multicereal ပေါင်မုန့်ဂျုံ ရပါပြီ။

16/06/2024

✨Cremyvit Custard Powder (နို့ကြက်ဥပူတင်းခရင်မ်အမှုန့်) နဲ့ အကောင်းဆုံးအရည်အသွေး၊ အချိန်ကုန်လူပင်ပန်းသက်သာခြင်း နှစ်မျိုးစလုံးကို ရယူလိုက်ပါ။

🌟 Cremyvit Custard Powder ကိုရွေးချယ်သင့်တဲ့ အချက်တွေကတော့
✅ အပူပေးစရာမလိုဘဲ Cremyvit ကို ရေအေးဖြင့် ရော‌ေမွှပေးရုံဖြင့် အရသာအရမ်းရှိပြီး ပျစ်နှစ်နေသော နို့ကြက်ဥပူတင်းခရင်မ်ကို ပြင်ဆင်နိုင်ခြင်း။
✅ တာရှည်ခံပစ္စည်းများ မပါဝင်ခြင်း။
✅ Cremyvit နှင့် ပြင်ဆင်ထားသော နို့ကြက်ဥပူတင်းခရင်မ်ကို သုံးပြီး မုန့်ဖုတ်လျှင်ဖြစ်စေ၊ အေးခဲလျှင်ဖြစ်စေ၊ ပြန်နွေးလျှင်ဖြစ်စေ ခရင်မ်၏ မူလပုံစံ နှင့် အရသာ ကို မပျက်ဘဲ ထိန်းထားနိုင်ခြင်း တို့ဖြစ်ပါတယ်။

🥣အသုံးပြုနည်း (၃) မျိုးကို မျှဝေပေးလိုက်ပါတယ်။
(၁) Cremyvit Custard Powder ၃၇၅ ဂရမ် နှင့် ရေအေး ၁၀၀၀ ဂရမ် (၁ လီတာ) တို့ကို ခရင်မ်ဖြစ်သည်အထိ ရောမွှေ၍ အသုံးပြုပါ။
(၂) Cremyvit Custard Powder ၃၇၅ ဂရမ် ကို ရေ (၅၀၀) မီလီလီတာ နှင့် နို့ (၅၀၀) မီလီလီတာ တို့ဖြင့် ရော‌‌ေမွှပြီး အသုံးပြုနိုင်သည်။
(၃) Cremyvit Custard Powder ၃၇၅ ဂရမ် ကို နို့ (၁) လီတာ ဖြင့် ရောမွှေ၍ လည်း အသုံးပြုနိုင်သည်။ နို့ကို (၁၀၀) ရာခိုင်နှုန်း အသုံးပြုပါက ရေနှင့် ရောစပ်ပြီး သုံးသည်ထက် ပိုပြီး ပျစ်နှစ်သော ခရင်မ်ကို ရရှိမည် ဖြစ်သည်။

ထုတ်ကုန်အချက်အလက်
📌Cremyvit Custard Powder (နို့ကြက်ဥပူတင်းခရင်မ်အမှုန့်)
📌(၁) ကီလိုဂရမ် နှင့် (၁၀) ကီလိုဂရမ် ထုတ်ပိုးမှု ပုံစံနှစ်မျိုးဖြင့် ရောင်းချပေးနေပါသည်။
📌ထုတ်ကုန်သက်တမ်း (၉) လ
📌မူလထုပ်ပိုးမှုပုံစံအတိုင်း အေးမြခြောက်သွေ့သောနေရာ (စိုထိုင်းဆအများဆုံး 75%) အပူချိန် 25 °C တွင် သိမ်းဆည်းပါ။ အသုံးပြုပြီးပါက လေလုံအောင် သေချာစွာပြန်ပိတ်ပါ။ ဓာတ်ပြုစေနိုင်သော ပစ္စည်းများ နှင့် ပိုးမွှားများ ဝေးရာတွင် ထားပါ။

အောက်ပါ 𝐏𝐮𝐫𝐚𝐭𝐨𝐬 𝐇𝐇𝐓 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 မှ အရောင်းဌာန ကို ဆက်သွယ်ပြီး လက်လီလက်ကား ဝယ်ယူ နိုင်ပါတယ်။
𝐌𝐠 𝐙𝐰𝐞 𝐘𝐚𝐧 𝐍𝐚𝐢𝐧𝐠
Sales Manager
Viber : 09421147767
Phone : 09440538805
Email : [email protected]
--------------------------------------------------
𝐌𝐚 𝐓𝐡𝐚𝐧𝐭 𝐓𝐡𝐢𝐭𝐬𝐚𝐫
Sales Executive, HHT International
Viber : 09421762007
Phone : 09421762007
Email : [email protected]
--------------------------------------------------
ရန်ကုန်မြို့အတွင်း (၁၀၀,၀၀၀) ကျပ်ဖိုးနဲ့အထက် မှာယူမယ်ဆိုရင် Free Delivery ဖြင့်ပို့ဆောင်ပေးနေပါပြီ...

✨🍞🥪🥐𝐏𝐮𝐫𝐚𝐯𝐢𝐭𝐚 𝐖𝐡𝐨𝐥𝐞𝐦𝐞𝐚𝐥 က အရသာလည်းရှိ၊ အာဟာရလည်း ပြည့်တဲ့ ကျန်းမာရေးပေါင်မုန့်ပြုလုပ်ဖို့ အသင့်တော်ဆုံး အရည်အ‌သွေးမြင့် ဂ...
09/06/2024

✨🍞🥪🥐𝐏𝐮𝐫𝐚𝐯𝐢𝐭𝐚 𝐖𝐡𝐨𝐥𝐞𝐦𝐞𝐚𝐥 က အရသာလည်းရှိ၊ အာဟာရလည်း ပြည့်တဲ့ ကျန်းမာရေးပေါင်မုန့်ပြုလုပ်ဖို့ အသင့်တော်ဆုံး အရည်အ‌သွေးမြင့် ဂျုံကြမ်းပေါင်မုန့်ဂျုံ ဖြစ်ပါတယ်။ ✨
ဂျုံစေ့များမှ (၁၀၀) ရာခိုင်နှုန်း ပြုလုပ်ထားတဲ့အတွက် ဖိုက်ဘာ (Fiber)၊ ဗီတာမင် နှင့် သတ္တုဓာတ် စတဲ့ လိုအပ်တဲ့ အာဟာရဓာတ်များကို ပေးပါတယ်။ ရိုးရိုးပေါင်မုန့်အဖြူတွေထက် ပိုပြီး အာဟာရဖြစ်စေပါတယ်။
𝐏𝐮𝐫𝐚𝐯𝐢𝐭𝐚 𝐖𝐡𝐨𝐥𝐞𝐦𝐞𝐚𝐥 ကိုသုံးပြီး ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေမှာဆိုရင် ပိုမို သိပ်သည်းတဲ့ မုန့်သား နဲ့ အရသာဆိမ့်ဆိမ့်လေးကို ခံစားရမှာ ဖြစ်ပါတယ်။
ဖိုက်ဘာ ပိုမို ပါဝင်တာကြောင့် ရိုးရိုးပေါင်မုန့်အဖြူတွေထက် ပိုပြီး ဗိုက်ပြည့်စေပြီး အဆာခံ စေနိုင်ပါတဲ့အတွက် Diet လုပ်တဲ့သူတွေအတွက် အကောင်းဆုံး ပေါင်မုန့် ဖြစ်ပါတယ်။

Sponge ကိတ်၊ Swiss Roll ကိတ်တို့ကို လွယ်ကူ မြန်ဆန်စွာ ပြုလုပ်နိုင်ဖို့အတွက်  အသင့်သုံး 𝐓𝐞𝐠𝐫𝐚𝐥 𝐒𝐩𝐨𝐧𝐠𝐞 𝐕𝐚𝐧𝐢𝐥𝐥𝐚  ဗနီလာစပွန့...
26/05/2024

Sponge ကိတ်၊ Swiss Roll ကိတ်တို့ကို လွယ်ကူ မြန်ဆန်စွာ ပြုလုပ်နိုင်ဖို့အတွက် အသင့်သုံး 𝐓𝐞𝐠𝐫𝐚𝐥 𝐒𝐩𝐨𝐧𝐠𝐞 𝐕𝐚𝐧𝐢𝐥𝐥𝐚 ဗနီလာစပွန့်ချ်ကိတ်ဂျုံ ရှိပါတယ်။ 🍰✨

ဗနီလာရနံ့မွှေးမွှေးလေးနဲ့ အရသာကောင်းပြီး နူးညံ့တဲ့ ကိတ်သားအိအိလေး ဖြစ်အောင် ပြင်ဆင်ဖို့ Puratos ရဲ့အသင့်သုံး Sponge ကိတ်ဂျုံကို အသုံးပြုလိုက်ပါ။
အသင့်သုံး ကိတ်ဂျုံဖြစ်တဲ့အတွက် လွယ်ကူ မြန်ဆန်စွာ ပြင်ဆင်နိုင်ပါတယ်။ ကြက်ဥကို အကာ၊ အနှစ် ခွဲပြီး ထည့်ဖို့ မလိုအပ်တဲ့ အားသာချက်အပြင် မုန့်ပြင်ဆင်တဲ့ နေရာမှာ မုန့်သားပျက်သွားမှာ၊ အရသာမကောင်းမှာ၊ မုန့်သားကျစ်သွားမှာတို့ကို စိုးရိမ်စရာမလိုတဲ့အထိ စိတ်အေးချမ်းမှုကို ပေးနိုင်ပါတယ်။

Sponge ကိတ် ပြုလုပ်နည်း
ကိတ်ဂျုံ - ၁၀၀၀ ဂရမ်
ကြက်ဥ - ၁၁၂၀ ဂရမ် (၂၂-၂၃ လုံး)
ဆီ - ၂၂၀ ဂရမ်
ရေ - ၁၈၀ ဂရမ်
ကိတ်ဂျယ် - ၁၆ ဂရမ်
၁) ပါဝင်ပစ္စည်းများ (ကိတ်ဂျုံ၊ ကြက်ဥ၊ ရေ၊ ကိတ်ဂျယ်) တို့ကို ၁-၂ မိနစ်ကြာ ဖြည်းဖြည်းမွှေ၍ မုန့်သား ပွပွဖောင်းဖောင်း ဖြစ်လာသည်အထိ ၅-၈ မိနစ်ခန့် အမြန်နှုန်းဖြင့်မွှေပါ။ ဆီထည့်၍ ၁-၂ မိနစ် ဖြည်းဖြည်းထပ်မွှေပါ။ (ချောကလက်စပွန့်ချ်ကိတ် ပြုလုပ်လိုပါက ‌Cocoa Powder/ Chocolate တို့ထည့်သွင်းပြုလုပ်ပါ။)
၂) အပူချိန် ± 210°C မှ 240°C အတွင်း ± ၁၀-၁၄ မိနစ်ခန့် မုန့်အရွယ်အစား ပေါ်မူတည်၍ မုန့်ဖုတ်ပါ။ ကိတ်သားအေးသွားပါက နှစ်သက်သလို အလှဆင်နိုင်ပါသည်။
================
🍰 ကုန်ပစ္စည်းအမည် - Tegral Sponge Vanilla ကိတ်ဂျုံ
📦 ထုပ်ပိုးမှုအရွယ်အစား - ၁၀ ကီလိုဂရမ်/ ၁ ကီလိုဂရမ်
📅 သက်တမ်း - (၁၈၀) ရက်
🔆 သိမ်းဆည်းပုံ - မူလထုပ်ပိုးမှုပုံစံအတိုင်း အေးမြခြောက်သွေ့သော နေရာ (စိုထိုင်းဆအများဆုံး 75%) အပူချိန် 25 °C တွင်သိမ်းဆည်းပါ။ အသုံးပြုပြီးပါက လေလုံ အောင် သေချာစွာပြန်ပိတ်ပါ။ ဓာတ်ပြုစေနိုင်သော ပစ္စည်းများ နှင့် ပိုးမွှားများ ဝေးရာတွင် ထားပါ။
================
𝐏𝐮𝐫𝐚𝐭𝐨𝐬 𝐇𝐇𝐓 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 မှကုန်ပစ္စည်းများ 𝐁𝐚𝐤𝐞𝐫𝐲/𝐏𝐚𝐭𝐢𝐬𝐬𝐞𝐫𝐢𝐞𝐬/𝐂𝐡𝐨𝐜𝐨𝐥𝐚𝐭𝐞 ပေါင်မုန့်ဂျုံ ကိတ်ဂျုံ နဲ့ ချောကလက်ကုန်ကြမ်းများကို လက်လီလက်ကား ဝယ်ယူလိုပါက Sales Manager နဲ့ Sales Executive တို့ကိုဆက်သွယ်မှာယူနိုင်ပါပြီနော်... 🤗🤗🤗
𝐌𝐠 𝐙𝐰𝐞 𝐘𝐚𝐧 𝐍𝐚𝐢𝐧𝐠
Sales Manager
Viber : 09421147767
Phone : 09440538805
Email : [email protected]
--------------------------------------------------
𝐌𝐚 𝐓𝐡𝐚𝐧𝐭 𝐓𝐡𝐢𝐭𝐬𝐚𝐫
Sales Executive, HHT International
Viber : 09421762007
Phone : 09421762007
Email : [email protected]
--------------------------------------------------

❤️Carat 𝐒𝐮𝐩𝐞𝐫𝐜𝐫𝐞𝐦 𝐃𝐚𝐫𝐤 ချောကလက်အနှစ် (Chocolate Filling) ❤️🤩🍫🤎👍ချောကလက်ချစ်သူများအတွက် Carat 𝐒𝐮𝐩𝐞𝐫𝐜𝐫𝐞𝐦 Chocolate Filling...
17/05/2024

❤️Carat 𝐒𝐮𝐩𝐞𝐫𝐜𝐫𝐞𝐦 𝐃𝐚𝐫𝐤 ချောကလက်အနှစ် (Chocolate Filling) ❤️🤩🍫🤎
👍ချောကလက်ချစ်သူများအတွက် Carat 𝐒𝐮𝐩𝐞𝐫𝐜𝐫𝐞𝐦 Chocolate Filling ကို ပေါင်မုန့်၊ Waffle၊ မိမိနှစ်သက်သလို တွဲဖက်သုံးဆောင်တဲ့အခါ ချောကလက်အရသာ ပျစ်နှစ်ကောင်းမွန်မှုကြောင့် စိတ်ကျေနပ်မှု အပြည့်ရစေမှာပါ။ ဒါ့အပြင် တာရှည်ခံဆေး၊ အသွင်ပြောင်းအဆီတွေ လုံးဝမပါဝင်တဲ့အတွက် ချောကလက်ကပေးတဲ့ အာဟာရအပြည့်ရစေမယ့် အရည်အသွေးမြင့် ချောကလက်အနှစ် ဖြစ်ပါတယ်။
👍ပေါင်မုန့်၊ ကိတ်မုန့် ပြုလုပ်သူများအနေနှင့် 𝐒𝐮𝐩𝐞𝐫𝐜𝐫𝐞𝐦 ကို မုန့်မဖုတ်ခင် နှင့် မုန့်ဖုတ်ပြီး အချိန် နှစ်ခုစလုံးမှာ အသင့်သုံးလို့ရပါတယ်။ ပေါင်မုန့်၊ croissants၊ ဒိုးနပ်၊ ကွတ်ကီး၊ ဘီစကစ်၊ ကိတ်မုန့်များ နှင့် ချောကလက် Pralines တွေမှာ Filling ဖြည့်ပြီး သုံးလို့ရသလို့ Swiss Roll Cake များ၊ Decorated & Layered ကိတ်များ၊ Chocolate ပေါင်မုန့်တွေ ပြုလုပ်ဖို့ ချောကလက် အလွှာ သုတ်လိမ်းပြီး 𝐒𝐮𝐩𝐞𝐫𝐜𝐫𝐞𝐦 ကို သုံးလို့ရပါတယ်။ Decoration အတွက်လည်း အသုံးပြုနိုင်ပါတယ်။ အသင့်အသုံးပြုနိုင်တဲ့အတွက် လုပ်ငန်းအတွင်း အချိန်ကုန်သက်သာခြင်း နှင့် ထုတ်လုပ်မှု အဆင့်များ လျော့ချပေးနိုင်ခြင်း တို့ကြောင့် ကုန်ကျစာရိတ် သက်သာစေသလို လူပင်ပန်းသက်သာစေမှာပါ။
👍1 KG အရွယ် ဘူးလေးတွေနဲ့ လာတဲ့အတွက် အိမ်သုံး၊ လုပ်ငန်းသုံးနှစ်ခုလုံးအတွက် အဆင်ပြေသလို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းစရာမလိုဘဲ သာမာန် အခန်းအပူချိန် (၂၅ ဒီဂရီစင်တီဂရိတ်) မှာ သန့်သန့်ရှင်းရှင်းနဲ့ သိမ်းထားလို့ရပါတယ်။ လုပ်ငန်းသုံးအတွက် ပိုမိုတွက်ခြေကိုက်တဲ့ 𝐒𝐮𝐩𝐞𝐫𝐜𝐫𝐞𝐦 5 KG အထုပ်များလည်း ရှိပါတယ်။
👍𝐂𝐚𝐫𝐚𝐭 𝐒𝐮𝐩𝐞𝐫𝐜𝐫𝐞𝐦 က Puratos ၏ ထုတ်ကုန်ဖြစ်ပြီး အရည်အသွေးတသမတ်တည်းပေးနိုင်တာကြောင့် Professional Chefs များကိုယ်တိုင် နှစ်ခြိုက်စွာ အသုံးပြုနေတဲ့ အရည်အသွေးမြင့် ထုတ်ကုန် အမှတ်တံဆိပ်ဖြစ်တာမို့ ယုံကြည်စိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်ပါတယ်။

𝗪𝗵𝘆 𝗪𝗲 𝗟𝗼𝘃𝗲 𝗖𝗮𝗸𝗲 𝗠𝗶𝘅𝗲𝘀 ✨🎂🍰🧁𝗥𝗲𝗮𝘀𝗼𝗻  #𝟰Scratch Recipe (အခြေခံပါဝင်ပစ္စည်းများအသုံးပြု၍ ပြုလုပ်နည်း) အသုံးပြုပြီး မုန့်ဖုတ်...
03/05/2024

𝗪𝗵𝘆 𝗪𝗲 𝗟𝗼𝘃𝗲 𝗖𝗮𝗸𝗲 𝗠𝗶𝘅𝗲𝘀 ✨🎂🍰🧁
𝗥𝗲𝗮𝘀𝗼𝗻 #𝟰
Scratch Recipe (အခြေခံပါဝင်ပစ္စည်းများအသုံးပြု၍ ပြုလုပ်နည်း) အသုံးပြုပြီး မုန့်ဖုတ်တဲ့အခါ တသမတ်တည်း ရလဒ်တွေ အမြဲရဖို့က စိန်ခေါ်မှု တစ်ခုလို ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် ပါဝင်ပစ္စည်း ၂ မျိုး (သို့) ၃ မျိုးလောက်ပဲ ထပ်ထည့်ဖို့လိုတဲ့ ကိတ်ဂျုံတွေသုံးခြင်းအားဖြင့် မိမိကိတ်လက်ရာဖန်တီးတိုင်းအတွက် တူညီတဲ့ အရသာ၊ Texture နှင့် အနံ့အရသာကောင်းမွန်မှုကို တစ်ထေရာတည်းတူနေအောင် ဖန်တီးလို့ ရနေပါပြီ။
Puratos HHT International မှာ ဝယ်ယူရရှိနိုင်တဲ့ အသင့်သုံး Tegral ကိတ်ဂျုံများကို အောက်ပါ လင့်ခ်ကို နှိပ်ပြီး ထပ်မံလေ့လာနိုင်ပါတယ်။
http

𝗪𝗵𝘆 𝗪𝗲 𝗟𝗼𝘃𝗲 𝗖𝗮𝗸𝗲 𝗠𝗶𝘅𝗲𝘀 ✨🎂🍰🧁𝗥𝗲𝗮𝘀𝗼𝗻  #𝟯 မုန့်ဖုတ်သူများက Tegral Satin ကိတ်ဂျုံများကဲ့သို့ အသင့်သုံး ကိတ်ဂျုံများသုံးပြီး c...
01/05/2024

𝗪𝗵𝘆 𝗪𝗲 𝗟𝗼𝘃𝗲 𝗖𝗮𝗸𝗲 𝗠𝗶𝘅𝗲𝘀 ✨🎂🍰🧁
𝗥𝗲𝗮𝘀𝗼𝗻 #𝟯
မုန့်ဖုတ်သူများက Tegral Satin ကိတ်ဂျုံများကဲ့သို့ အသင့်သုံး ကိတ်ဂျုံများသုံးပြီး cake base များကို လွယ်လွယ်ကူကူ လုပ်လာနိုင်တာကြောင့် ဆန်းသစ်တီထွင်တဲ့ ကိတ်မုန့်များကို ပိုမိုပြုလုပ်နိုင်ပါတယ်။ မိမိ စိတ်ကူးထက်သန်ရာ မတူညီတဲ့ အရသာအမျိုးမျိုး ပေါင်းစပ်မှု၊ Fillings ဖန်တီးမှု၊ ကိတ် texture များ အပေါ်မှာ စမ်းသပ်ပြုလုပ်ဖို့ အချိန်တွေအများကြီး ရလာနိုင်ပါတယ်။ ဥပမာ ဒေသကြိုက် အသီးအရသာ နဲ့ ချောကလက် ရောထားတဲ့ အနှစ်တွေနဲ့ ကိတ်တစ်လုံးဖန်တီးတာမျိုးကို စိတ်ကူးကြည့်နိုင်ပါတယ်။ ဒီလို ဖန်တီးမှုတွေ ပြုလုပ်ရတာ ပိုမိုလွယ်ကူ အဆင်ပြေစေဖို့ Tegral Satin အသင့်သုံးကိတ်ဂျုံတွေ ရှိပါတယ်။
Puratos HHT International မှာ ဝယ်ယူရရှိနိုင်တဲ့ အသင့်သုံး Tegral ကိတ်ဂျုံများကို အောက်ပါ လင့်ခ်ကို နှိပ်ပြီး ထပ်မံလေ့လာနိုင်ပါတယ်။
https://t.ly/6qkCo

𝗪𝗵𝘆 𝗪𝗲 𝗟𝗼𝘃𝗲 𝗖𝗮𝗸𝗲 𝗠𝗶𝘅𝗲𝘀🍰🎂✨𝗥𝗲𝗮𝘀𝗼𝗻  #𝟮မုန့်ဖုတ်ပညာရှင်အများစုက ကိတ်သား (cake base) ပြုလုပ်တဲ့အခါ Tegral Satin ကိတ်ဂျုံများက...
29/04/2024

𝗪𝗵𝘆 𝗪𝗲 𝗟𝗼𝘃𝗲 𝗖𝗮𝗸𝗲 𝗠𝗶𝘅𝗲𝘀🍰🎂✨
𝗥𝗲𝗮𝘀𝗼𝗻 #𝟮

မုန့်ဖုတ်ပညာရှင်အများစုက ကိတ်သား (cake base) ပြုလုပ်တဲ့အခါ Tegral Satin ကိတ်ဂျုံများကို ပထမဆုံး အဆင့်အနေနဲ့ အသုံးပြုကြပါတယ်။ အကြောင်းပြချက်က အသုံးပြုရ လွယ်ကူပြီး cake base ပြုလုပ်ဖို့ အရသာကောင်းတဲ့ ကိတ်မုန့်အနှစ်အတွက် ပါဝင်ပစ္စည်း ၄ မျိုးပဲ လိုအပ်တာကြောင့်ပါ။
ရလာတဲ့ ကိတ်မုန့်အနှစ်ကနေမှ သူတို့ လိုချင်တဲ့အနံ့အရသာ ဖန်တီးဖို့ Recipe ကို ဆန်းသစ်ပြင်ဆင် ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ဥပမာ သကြားတစ်တို့စာ သို့မဟုတ် syrup လေး တစ်ဇွန်းဖြစ်ဖြစ်
ထပ်ထည့်တာတို့၊ မိမိရဲ့ secret ingredient တစ်ခုခု ထည့်သုံးတာမျိုးတို့ ပြုလုပ်ပြီး ကိတ်ရဲ့အရသာကို မိမိမူပိုင်လက်ရာဖြစ်လာအောင် ဖန်တီးကြတာမျိုး ဖြစ်ပါတယ်။

Puratos HHT International မှာ ဝယ်ယူရရှိနိုင်တဲ့ အသင့်သုံး Tegral ကိတ်ဂျုံများအတွက် အောက်ပါ လင့်ခ်ကို နှိပ်ပြီး ထပ်မံလေ့လာနိုင်ပါတယ်။
https://t.ly/6qkCo

𝗪𝗵𝘆 𝗪𝗲 𝗟𝗼𝘃𝗲 𝗖𝗮𝗸𝗲 𝗠𝗶𝘅𝗲𝘀🍰🎂✨𝗥𝗲𝗮𝘀𝗼𝗻  #𝟭ပြီးပြည့်စုံ ကောင်းမွန်တဲ့ cake base ဖန်တီးဖို့ အချိန်ရော အင်အားစိုက်ထုတ်မှုရော အများ...
27/04/2024

𝗪𝗵𝘆 𝗪𝗲 𝗟𝗼𝘃𝗲 𝗖𝗮𝗸𝗲 𝗠𝗶𝘅𝗲𝘀🍰🎂✨
𝗥𝗲𝗮𝘀𝗼𝗻 #𝟭
ပြီးပြည့်စုံ ကောင်းမွန်တဲ့ cake base ဖန်တီးဖို့ အချိန်ရော အင်အားစိုက်ထုတ်မှုရော အများကြီး လိုပါတယ်။ ဒီအချက်က အရသာရှိတဲ့ Filling ပြုလုပ်ဖို့ နဲ့ ကိတ်ဒီဇိုင်းလှလှလေး ဖန်တီးဖို့အတွက် ချန်ထားရမယ့်အချိန်ကို နည်းသွားစေနိုင်ပါတယ်။ Fillings ကောင်းကောင်း နဲ့ ကိတ်အလှဆင်တာတွေအတွက် အချိန်များများသုံးပြီး လုပ်နိုင်မယ်ဆိုရင် ကိတ်မုန့်တွေ ပြုလုပ်ရတာ ပိုပြီး ပျော်ရွှင် စိတ်လှုပ်ရှားစရာ ကောင်းလာမှာပါ။
ဒီအကြောင်းပြချက်ကြောင့်လည်း ကိတ်မုန့် ပြုလုပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေက Tegral Satin အသင့်သုံးကိတ်ဂျုံတွေကို သုံးရတာ သဘောကျကြတာ ဖြစ်ပါတယ်။
Tegral Satin ကိတ်ဂျုံတွေက မိမိနှစ်သက်တဲ့ ကိတ်ဖန်တီးမှုတွေ များများ ပြုလုပ်နိုင်ဖို့ အချိန်ပိုထွက်လာအောင် ကူညီပေးနိုင်ပါတယ်။

Puratos HHT International မှာ လက်လီလက်ကား ဝယ်ယူရရှိနိုင်တဲ့ အသင့်သုံး Tegral ကိတ်ဂျုံများကို အောက်ပါ လင့်ခ်ကို နှိပ်ပြီး ထပ်မံလေ့လာနိုင်ပါတယ်။
https://t.ly/6qkCo

26/04/2024

🍰🍫အရည်အသွေးမြင့် Carat Supercrem ချောကလက် Filling ရယ်၊ Tegral Red Velvet ကိတ်ဂျုံ ‌အသုံးပြုပြီး အရသာအရမ်းကောင်းတဲ့ Red Velvet Choco Lava ကိတ် လုပ်စားကြည့်ရအောင်✨

ပြုလုပ်ရ လွယ်ကူပြီး အရသာအရမ်းကောင်းတဲ့ ကိတ်လေး ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့
ကိတ်သားအတွက်
၁) Tegral Satin Creme Cake Red Velvet 100 ဂရမ်
၂) ကြက်ဥ ၁လုံး
၃) ဟင်းသီးဟင်းရွက်ဆီ 40 ဂရမ်
၄) ရေ 35 ဂရမ်
၅) CARAT Supercrem Dark ချောကလက် Filling
ကိတ်သားကို အလှဆင်ဖို့အတွက် Icing Sugar ကို အသုံးပြုမှာ ဖြစ်ပါတယ်။
ပြုလုပ်နည်း အသေးစိတ်ကို ဗီဒီယိုမှာ ကြည့်ရှုလေ့လာ နိုင်ပါတယ်။

Address

No. 63, Ayawaddy Street, Block No. 2834, Industrial Zone 2, South Dagon Township
Yangon
11141

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

+959440538805

Alerts

Be the first to know and let us send you an email when Puratos HHT International posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Puratos HHT International:

Share

About Puratos

Puratos ဟာ ပေါင်မုန့်၊ ကိတ်မုန့်၊ ချောကလက်တို့နှင့် သက်ဆိုင်သော အမြဲတမ်းဆန်းသစ်တီထွင်မှုတွေနဲ့ ပြည့်ဝနေတဲ့ ကုန်ပစ္စည်းများ၊ ကုန်ကြမ်းများ၊ ခေတ်မီမုန့်လုပ်နည်းများ ကို စုံစုံလင်လင် ထုတ်လုပ်ဖြန့်ချီပေးနေသော နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

Belgium နိုင်ငံတွင် အခြေစိုက်ပြီး ၁၉၁၉ ခုနစ်တွင်စတင်တည်ထောင်ခဲ့ပါတယ်။ ရာစုနှစ်အကြာတွင် ကျွန်ုပ်တို့ရဲ့ ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှုများ သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ရရှိနိုင်ပြီး နိုင်ငံအသီးသီးတွင်လည်း ကိုယ်စားလှယ်များဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။

“ဆန်းသစ်ဖန်တီးရာတွင် ယုံကြည်စိတ်ချရသော စီးပွားဖက်” အနေဖြင့် ကမ္ဘာအနှံရှိ ဖောက်သည်များကို ပြည်တွင်းမှာ အာဟာရပြည့်ဝပြီး အရသာကောင်းသော အစားအစာများ ပြုလုပ်ရာတွင်ကူညီ လျက်ရှိပါသည်။
