01/06/2026
ပေါင်မုန့်ဆိုင်အကြောင်းပြောကြရင် ပေါင်မုန့်ဆိုင်ပိုင်ရှင် ပြင်သစ်ကပြန်လာပြီး တယောက်တည်းဆိုင်စဖွင့်တဲ့အကြောင်းပဲ အပြောများကြပါတယ်။ ပေါင်မုန့်ဆိုင်တခုမှာ လိုအပ်တဲ့ ကိရိယာ၊ စက်ပစ္စည်းတွေ အလုံအလောက်မရှိသေးတဲ့ဆိုင်မှာ သတ္တိရှိရှိလက်တွဲလုပ်ကိုင်ပေးခဲ့ကြတဲ့ ပေါင်မုန့်ဆိုင်အဖွဲ့သားတွေအကြောင်းကိုလည်း ပြောပြချင်ပါသေးတယ််။ သူတို့နဲ့အတူပဲ စမ်းချောင်းက ဆိုင်သေးသေးလေးထဲမှာပဲ ရှိတာနဲ့ ဖြစ်အောင်လုပ်ခဲဲ့ကြရင်း၊ အတူသင်ယူခဲ့ကြတာပါ။
ဒီပုံလေးကတော့ အမှတ်တရပါပဲ။ Croissant လုပ်ဖို့ dough sheeter မရှိခင်က လက်နဲ့ပဲ croissant တွေ လုပ်နေကြရတာပါ။ စမ်းချောင်းက ပေါင်မုန့်ဆိုင်သေးသေးလေးကနေ ဒီနေ့လို (၃) ဆိုင်ဖြစ်လာတဲ့အထိ ဇွဲ၊ လုံ့လမလျှော့ပဲ အတူကြိုးစားခဲ့ကြတဲ့ ပေါင်မုန့်ဆိုင်ဝိုင်းတော်သားများကို အထူးကျေးဇူးတင်ကြောင်းလည်း ထပ်လောင်းပြောလိုပါတယ်။ ပေါင်မုန့်ဆိုင်ရဲ့ ဂုဏ်အယူရဆုံးအချက်တွေထဲမှာ အရမ်းကိုထက်မြက်ပြီး ကြိုးစားကြတဲ့ ပေါင်မုန့်ဆိုင်အဖွဲ့သားများက ထိပ်ဆုံးကပါပဲ။