30/08/2023
Page လေး မ run တော့တာ ကြာပါပြီ။
မ run ပင်မဲ့လည်း boost လုပ်ထားတော့ follow လုပ်ကြတဲ့ noti လေးတွေ တက်တက်လာတော့ ဒီအလုပ်လေး ရပ်လိုက်ရတာကိုတောင် နှမြောမိသလိုပဲ 😁
တကယ်ကတော့ ဝါသနာပါလို့ စမိရာကနေ မုန့်ဖုတ်သင်တန်းတက် page ဖွင့်ပြီး မုန့်ရောင်းတဲ့အဆင့်ထိ ဖြစ်လာတာပါ
ခုတော့ ကုန်စျေးနှုန်းတွေလဲ တက်၊ မီးကလဲ ပျက်ချိန် လာချိန် မမှန်တာနဲ့ ဝါသနာပါတဲ့အလုပ်လေးလုပ်ရတာ မပျော်တော့လို့ ရပ်လိုက်မိတဲ့အထိ ဖြစ်သွားရတယ်။
ဝယ်ထားတဲ့ ကုန်ကြမ်းတွေကို မတို့မထိတာ ၁နှစ်နီးပါးလောက်တောင် ဖြစ်သွားပြီထင်တယ်။
(ခုချိန်ဆို တော်တော်တန်နေလောက်ပြီ 😝)
ဘာရယ်မဟုတ်ပါဘူး page လေးဖွင့်ပြီး မုန့်ရောင်းတုန်းက အားပေးကြတဲ့ customers တွေကို ကျေးဇူးတင်ကြောင်း ပြောချင်တာရယ်၊ မုန့်လေးတွေ မလုပ်ဖြစ်ပဲ ရပ်ထားတဲ့ အကြောင်းကို မပြောရသေးလို့ တင်လိုက်တာပါ 🥰😍😁