21/08/2026
Handmade အိတ်တစ်လုံးကို ဝယ်တယ်ဆိုတာ ဖန်တီးသူရဲ့ အချိန်နဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတာပါ။
ပုံမှန် Korea, Bkk , Singapore က အိတ်တွေပဲ တင်နေတဲ့ မင်တို့ဆီမှာ ဒီ Handmade အိတ်လေးတွေကို ဘာလို့တင်ပေးထားတာလဲဆိုတာကို ဒီနေ့ ပြောပြချင်ပါတယ်။
ဒီအိတ်တွေရဲ့ ဖန်တီးရှင်ဟာ အသက် (၆၀)ကျော်နေပြီဖြစ်တဲ့ အန်တီကြီးတစ်ယောက်ပါ။
သူက သူတတ်နိုင်တဲ့ ပညာလေးနဲ့ ဝင်ငွေရှာဖို့ ကြိုးစားနေပေမဲ့ သူ့ပတ်ဝန်းကျင်မှာ ဝယ်သူမရှိသလောက်ပါပဲ။
ဒါကြောင့် မင်တို့က အန်တီကြီးကို ကူညီတဲ့အနေနဲ့ ဒီအိတ်လေးတွေကို မင်တို့ဆိုင်မှာ ယူတင်ပေးထားတာပါ။ ♥️
မင်တို့အတွက် အမြတ်အစွန်း တစ်ပြားတစ်ကျပ်မှ မယူထားပါဘူး။
ဒါကြောင့် ဒီအိတ်လေးတွေကို ဝယ်လိုက်တာဟာ ကုသိုလ်တစ်မျိုးပဲလို့ မင်ကတော့ မြင်ပါတယ်။ 🫶
တစ်ဖက်တစ်လမ်းကနေ ကူညီရာလည်း ရောက်လို့ အန်တီကြီးကို အားပေးချင်တယ်ဆိုရင် Page မှာ Hello လိုက်ပါရှင်။
🍁𝙆𝙤𝙧𝙚𝙖/𝘽𝙆𝙆/𝙎𝙂 နိုင်ငံအစုံက Bag တွေအပြင် 𝙇𝙤𝙘𝙖𝙡 𝙋𝙧𝙚𝙢𝙞𝙪𝙢 𝙊𝙪𝙩𝙛𝙞𝙩 ကိုပါ တစ်နေရာတည်းမှာအစုံရတဲ့ဆ်ိုင်
🛍️ Beauty Paragon Shop 2
📍ဆိုင်ခန်းအမှတ် (B2-02)၊ မြန်မာ့ဂုဏ်ရည်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ Gamone Pwint Wholesale Mall
⏰ 9:30am to 5:30pm
☎️ 09892878584