30/09/2021
🥕 #မုန်လာဥနီဆနွမ်းမကင်း🥕
📝ပါဝင်ပစ္စည်းများ
၁။ မုံလာဥနီ - 1 kg
၂ ။ ဂျုံမှုန့် - 120 g
၃။ ရွှေကြည်မှုန့် - 60 g
၄။ သကြား - 150 g (အချိုကြိုက်ပါက ပိုထည့်ပါ)
၅။ ထောပါတ် - 150 g
၆။ အုန်းနို့ - 150 g
၇။ ရေ - 150 g
၈။ ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
၉။ ဘိန်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်း
၁၀။ အုန်းသီးမှုန့် - မိမိနှစ်သက်သလောက်
၁၁။ မုန့်ဖုတ်မည့်ဘန်း - တခု
📝ပြင်ဆင်ပုံ
မုန်လာဥနီကို အခွံခွာတဲ့ဒါးနှင့် အခွံများခွာပေးကာ ရေဆေးပြီး ရေစစ်ထားပါ
ပြီးတာနဲ့ အမျှောင်းလေးများ ရလာအောင် ခြစ်ပေးပါ။
မုန့်ဖုတ်မည့် ဗန်းကို ထောပါတ်ဆီနှင့် သုတ်ထားပါ
အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ။
ဇလုံတလုံးထဲမှာ ဘိန်းစေ့မှလွဲပြီး ကျန်တဲ့ပါဝင်ပစ္စည်းများကို ထည့်ပေးပြီး သမအောင် ရောမွှေပေးပါ။
ပြီးတာနဲ့ မကပ်တဲ့ အိုးတလုံးထဲမှာ ထည့်ပေးပြီး မီးအနေတော်နှင့် တည်ပေးပါ။
အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပြီး တည်ထားသော အိုးထဲမှာ မုံလာဥနီ မုန့်သားထဲမှ ထောပါတ်ဆီ ပြန်တက်လာတဲ့အထိ တည်ပေးပါ
အိုးထဲမှာ ထောပါတ်ဆီ ပြန်တက်လာပါက မုန့်ဖုတ်မည့် ဗန်းထဲသို့ ထည့်ပေးပါ
မုန့်သားထည့်နေစဉ် မုန့်သားမျက်နှာပြင်ကို ညီစေရန် လိုက်ဖိပေးပါ။
ပြီးတာနဲ့ မုန့်သားအပေါ်မှာ ဘိန်းစေ့များကို ဖြန့်ထည့်ပေးပါ။
အဆင်သင့်ဖြစ်တာနဲ့ မိုက်ခရိုဝေ့ထဲမှာ တမိနစ်စီ ၈မိနစ်လောက် ထည့်ပေးပါ။
မုန့်ဖုတ်တဲ့အချိန် ပြည့်တာနဲ့ မီးဖိုအပြင်ဖက် ထုတ်ပေးပြီး အအေးခံပေးပါ။
မုန့်သားအေးသွားတာနဲ့ မိမိနှစ်သက်သလို လှီးပေးပြီး အချိုပွဲအတွက် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
မိုက်ခရိုဝေ့ မီးဖိုနဲ့ မဖုတ်ဘဲ oven နဲ့ ဖုတ်ပါက 200 c နှင့် ၁၀မိနစ်လောက် ကျိုပြီးဖွင့်ထားပြီး ၂၅မိနစ်လောက် ဖုတ်ပေးပါ
မုန့်ဖုတ်ချိန် ပြည့်တာနဲ့ မီးပိတ်ပေးပြီး မီးဖိုထဲက လက်ကျန်အပူရှိန်နှင့် ၁၀မိနစ်လောက် ထည့်ထားပါ
ပြီးမှ အပြင်ကို ထုတ်ပေးပြီး အအေးခံကာ မိမိနှစ်သက်သလို လှီးပေးပါ။
မုန့်သားကို လှီးပြီးတာနဲ့ အချိုပွဲအတွက် ပြင်ဆင်ပေးပြီး စားသုံးနိုင်ပါပြီ။
Wa's Homemade Inspiration