All your cakes by Eliza

All your cakes by Eliza Hello
Welcome to Eliza Bakery

အားပေးမှုများအတွက်ကျေးဇူးပါရှင့် 😍
15/03/2024

အားပေးမှုများအတွက်ကျေးဇူးပါရှင့် 😍

15/03/2024

Thank for ordering 😍

Money Pulling Cake လေးပါရှင့် အားပေးမှုများအတွက်ကျေးဇူးပါရှင့်
27/12/2023

Money Pulling Cake လေးပါရှင့်
အားပေးမှုများအတွက်ကျေးဇူးပါရှင့်

အားပေးမှုများအတွက်ကျေးဇူးပါရှင့် 😍😍
22/12/2023

အားပေးမှုများအတွက်ကျေးဇူးပါရှင့် 😍😍

14/12/2023

ကုန်ကြမ်းတခု Nov လကုန်တုန်းကမှဝယ်ထားတာ 2သောင်း
အခု နှစ်ပတ်ပဲရှိသေးတယ် 26000
ဖြစ်သွားပြီ ဒါတောင်တခြားပစ္စည်းတွေဘယ်လောက်ထပ်တက်လဲမသ်သေးဘူး
တကယ် ငိုပါငိုမိတယ် 😞😢
အလုပ်ဆက်လုပ်ဖို့ စိတ်ဓာတ်တွေထိုးကျနေပါပြီ

04/12/2023

Pink Frozen 😍😘

မင်မင်ရဲ့ Wedding Cake လေးပါ 😊
04/12/2023

မင်မင်ရဲ့ Wedding Cake လေးပါ 😊

အားပေးမှုများအတွက် ကျေးဇူးတင်ပါတယ်ရှင့် 😍
04/12/2023

အားပေးမှုများအတွက် ကျေးဇူးတင်ပါတယ်ရှင့် 😍

17/10/2023

Wedding Cake အဓိပ္ပါယ်
-------------------
( ဆရာတော်ကြီးများ၏ သွန်သင်မှုကို ကိုးကားထားပါသည်။)

ယခုနောက်ပိုင်းမဂ်လာဆောင်တွေမှာ wedding cake အနေနဲ့ ပြင်ဆင်ကြသလို cake နဲ့ ပက်သက်ပြီး ဆရာတော်များရဲ့ ဖော်ပြမှုများလည်းရှိလာပါတယ်။

ဒါကြောင့် ယနေ့မှာ ဆရာတော်များရဲ့ သွန်သင်မှုအချို့ကို ကိုးကားပြီး wedding cake ရဲ့ အဓိပ္ပါယ်လေးကို အချက် (၅) ချက်အနေနဲ့ ဖော်ပြချင်ပါတယ်။

၁။ ပေါင်းစပ်ခြင်း
--------------
Cake မုန့်ကို ပြင်ဆင်တဲ့အခါ ပါဝင်ပစ္စည်းများစွာရှိပါတယ်။ ပစ္စည်းတမျိုးဆီ စုပေါင်းပြီးတဲ့အခါမှသာ အရသာ ရှိတဲ့ ကိတ်မုန့်ကို ရရှိပါတယ်။
ဇနီးမောင်နှံနှစ်ဦးဟာလည်း မတူညီတဲ့ မိသားစု၊ မတူညီတဲ့ အသင်းတော်၊ မတူညီတဲ့ အရာတွေ ပေါင်းစပ်ကြပြီး လှပတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ကြရပါတယ်။ တစ်လုံးတစ်ဝတည်းသော စိတ်ဓါတ်နဲ့ အိမ်ထောင်ကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် wedding cake ရဲ့ ပထမအဓိပ္ပါယ်ကတော့ ပေါင်းစပ်ခြင်း ဖြစ်ပါတယ်။

၂။ နူးညံ့သိမ်မွေ့ခြင်း
------------------

Cake ရဲ့ အရသာဟာ ချိုမြိန်ပြီး နူးညံ့ပါတယ်။ ချိုမြိန်တဲ့ မုန့်တွေ များစွာရှိပေမဲ့ ကိတ်မုန့်လိုတော့ မနူးညံ့ပါဘူး။ ဒါပေမဲ့ ကိတ်ဟာ နူးညံ့ပါတယ်။
အိမ်ထောင်သစ်ကို ထူထောင်ကြတဲ့ ဇနီးမောင်နှံ နှစ်ဦးဟာလည်း တစ်ယောက်နဲ့တစ်ယောက် နူးညံ့သိမ်မွေ့သော သဘောနဲ့ ဆက်လက်လျှောက်လှမ်း ရမှာ ဖြစ်ပါတယ်။ တယောက်က အားနည်းရင် တယောက်ကထူပြီး လျှောက်လှမ်း ဖို့လည်လိုပါတယ်။

၃။ ချိုမြိန်သော ချစ်ခြင်း
----------------

ကိတ်ရဲ့ အရသာဟာ ချိုမြိန်ပြီး အရသာရှိပါတယ်။ လူတိုင်းက ကြိုက်နှစ်သက်ကြပါတယ်။
အိမ်ထောင်သစ်ဇနီးမောင်နှံဟာလည်း Home Sweet Home အိမ်ထောင် ဖြစ်ရမှာပါ။ ချိုမြိန်သော ခရစ်ယာန်အိမ်ထောင်ကို တည်ဆောက်ရမှာပဲ ဖြစ်ပါတယ်။
ကိတ်ကို အပြန်အလှန်ခွံ့ကျွေးတဲ့ သဘောကလည်း တယောက်ပိုင်ဆိုင်တဲ့ ချိုမြိန်သော အရာကို အခြားတစ်ယောက်ကို ပေးအပ်ခြင်းဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။
ဒါကြောင့် ခရစ်ယာန်အိမ်ထောင်မိသားစုပီသစွာ ချိုမြိန်သော ချစ်ခြင်းမေတ္တာနဲ့ ဆက်လက်လျှောက်လှမ်းဖို့ ဖြစ်ပါတယ်။

၄။ နားလည်မှုရှိခြင်း
----------------

စျေးဘယ်လောက်ကြီးတဲ့ ကိတ်ဖြစ်ပါစေ။ လှပတဲ့ ကိတ်ဖြစ်ပါစေ။ အချိန်ကြာလာတဲ့အခါ အက်ကြောင်းလေးတွေ ထင်လာပါတယ်။
အိမ်ထောင်သစ်ဟာလည်း ဘယ်လောက်ပဲ ကြိုးစား တည်ဆောက်ပါစေ။ ကြာလာတဲ့အခါ သမီးရီးစား ဘဝနဲ့ မတူတော့ဘဲ အက်ကြောင်းလေးတွေ ထင်လာတတ်ပါတယ်။ အဲ့လိုအချိန်မှာ နားလည်မှုနဲ့ တစ်ယောက်နဲ့ တစ်ယောက် တည်ဆောက်သွား ရမယ်ဆိုတာကို သတိယပေးဖို့လိုပါတယ်။

၅။ ကောင်းကြီးပေးခြင်း
-------------------

ကိတ်မုန့်ခွဲတဲ့အခါမှာ အိမ်ထောင်ရှင် သစ်များရဲ့ လက်ကိုကိုင်ကာ အိမ်ထောင်တည်ဆောက်ပြီးသော ဇနီးမောင်နှံက ဦးဆောင်ခွဲရပါတယ်။
အဓိပ္ပါယ်ကတော့ အိမ်ထောင်သစ်အပေါ် ကောင်းကြီးပေးခြင်း၊ ရှေ့ဆောင်လမ်းပြ ပေးခြင်းဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
ဒါကြောင့် ကိတ်မုန့်ရဲ့ နောက်ဆုံးသော အဓိပ္ပါယ်ကတော့ ကောင်းကြီးပေးခြင်းဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။
---------------------
ဆရာကြီး

Address

တပ်ကြီးကုန်း ၊မှော်ဘီမြို့။
Yangon
11011

Telephone

+959450041239

Website

Alerts

Be the first to know and let us send you an email when All your cakes by Eliza posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to All your cakes by Eliza:

Share

Category