ချစ်ခွန်းသာ မုန့်တိုက် - Chit Khun Thar Bakery

  • Home
  • Myanmar
  • Yangon
  • ချစ်ခွန်းသာ မုန့်တိုက် - Chit Khun Thar Bakery

ချစ်ခွန်းသာ မုန့်တိုက် - Chit Khun Thar Bakery Chit Khun Thar Bakery - ချစ်ခွန်းသာ မုန့်တိုက် - is one of the new wholesale bakery in Myanmar.

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမမှာ ဘေးဘယာကင်းဝေး၍စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ ချစ်ခွန်းသာမ...
28/10/2023

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမမှာ ဘေးဘယာကင်းဝေး၍စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ ချစ်ခွန်းသာမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်🎊🎊

Photo credit

ဝါ​ခေါင်လပြည့်​နေ့ (​မေတ္တာအခါ​တော်​နေ့)  🙏ခုနှစ်ရက်သားသမီးများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး  လိုအင်ဆန္ဒများ ပြည...
31/08/2023

ဝါ​ခေါင်လပြည့်​နေ့ (​မေတ္တာအခါ​တော်​နေ့)
🙏ခုနှစ်ရက်သားသမီးများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါ​စေ🙏
🙏အလုပ်အကိုင်များလည်း အဆင်​ပြေကြပါ​​စေ🙏
​​🙏မေတ္တာအခါ​တော် ​နေ့​ဖြစ်တဲ့အတွက် ရတဲ့ အချိန်​လေးမှာ ​မေတ္တာသုတ်ဂုဏ်​တော်ကို ကြည်ညိုသဒ္ဒါစိတ်​လေးသွင်းပြီး ရွတ်ဖတ်ပူ​​ဇော်ရင်း တ​နေ့တာကို ​ကောင်းမူကုသိုလ် များနဲ့ဖြတ်သန်းနိုင်ကြပါ​စေကြောင်းချစ်ခွန်းသာမုန့်တိုက်မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏

အတာကူးသည့်လတန်ခူး နှစ်ဟောင်းမှ နှစ်သစ်ပြောင်းသည့် ရက်မြတ်မင်္ဂလာအခါသမယတွင် ကမ္ဘာသူကမ္ဘာသား မြန်မာပြည်သူပြည်သားအပေါင်း ဘေ...
16/04/2023

အတာကူးသည့်လတန်ခူး နှစ်ဟောင်းမှ နှစ်သစ်ပြောင်းသည့် ရက်မြတ်မင်္ဂလာအခါသမယတွင် ကမ္ဘာသူကမ္ဘာသား မြန်မာပြည်သူပြည်သားအပေါင်း ဘေးအန္တရာယ်ကင်းကွာ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း
နှင့်ပြည့်စုံပါစေကြောင်း ချစ်ခွန်းသာ မုန့်တိုက်မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်🍞🥖🥨

ပျော်ရွှင်စရာနှစ်သစ်ကူးအခါသမယလေးဖြစ်ပါစေ💦💦💦

နှစ်ဟောင်းကုန်၍နှစ်သစ်စကူးသည့်၂၀၂၃နှစ်သစ်အချိန်ကာလယနေ့မှစပီးမြန်မာသူမြန်မာသားအားလုံးစိတ်ကြည်နူးချမ်းမြေ့စွာဖြင့်အစစအရာရာ...
31/12/2022

နှစ်ဟောင်းကုန်၍နှစ်သစ်စကူးသည့်၂၀၂၃နှစ်သစ်အချိန်ကာလယနေ့မှစပီးမြန်မာသူမြန်မာသားအားလုံးစိတ်ကြည်နူးချမ်းမြေ့စွာဖြင့်အစစအရာရာအဆင်ပြေပါစေကြောင်းချစ်ခွန်းသာမုန့်တိုက်မိသားစုမှဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်😊☀️🌟✨

ယနေ့သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါ​စေကြောင်း ချစ်ခွန်းသာမုန်...
09/10/2022

ယနေ့သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါ​စေကြောင်း ချစ်ခွန်းသာမုန့်တိုက်မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်

Chit Khun Thar Bakery

** Photo Credit **

ယနေ့ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါ​စေကြောင်း ချစ်ခွန်းသာမုန့်တိုက်မိသ...
14/05/2022

ယနေ့ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါ​စေကြောင်း ချစ်ခွန်းသာမုန့်တိုက်မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်

Chit Khun Thar Bakery

** Photo Credit **

ခုလမှာတော့ ချစ်ခွန်းသာမုန့်တိုက်မှ Sandwichပေါင်မုန့်လေးကို သားသားမီးမီးတ်ို့အတွက် နို့ပေါင်မုန့်ရေခဲထုပ်လေးအိမ်မှာအလွယ်...
12/05/2022

ခုလမှာတော့ ချစ်ခွန်းသာမုန့်တိုက်မှ Sandwichပေါင်မုန့်လေးကို သားသားမီးမီးတ်ို့အတွက် နို့ပေါင်မုန့်ရေခဲထုပ်လေးအိမ်မှာအလွယ်တကူလုပ်စားလို့ရအောင် နို့ပေါင်မုန့်ရေခဲထုပ်လုပ်နည်းလေးမျှဝေသွားမှာပါ🍞🍞

နို့ပေါင်မုန့်ရေခဲညှပ်လုပ်နည်း

ပါဝင်ပစ္စည်းများ
၁။ရေ - ၁ လီတာ
၂။နို့ဆီ - ၁၂၀ ဂရမ်
၃။သကြား- ၅ကျပ် သား
၄။ပြောင်းကော်လက်ဖက်စားဇွန်း၁ ဇွန်း
၅။နို့မှုန့် - ၂၀ဂရမ်
၆။ဆား- လက်ဖက်စားဇွန်း ၁ ဝက်
၇။ချစ်ခွန်းသာ Sandwich ပေါင်မုန့် -၅ချပ်

ပြုလုပ်နည်း
၁။ရေ၇၀၀မီလီလီတာထဲကိုနို့ဆီ/သကြား/ဆား/နို့မှုန့်တွေကိုဆူအောင်ကျိုပါ။
၂။ကျန်တဲ့ရေ၃၀၀ မီလီလီတာနဲ့ပြောင်းကော်မှုန့်လက်ဖက်စားဇွန်း၁ ဇွန်းနဲ့မွှေထားပါ
၃။ပီးလျှင်ခုနကအဆူခံထားတဲ့နို့တွေနဲ့ရောပီးမွှေလိုက်ပါ။
၄။ခဏအအေးခံပီးလက်အပူခံနိုင်လောက်တဲ့အနေထားရောက်ရင်စထုပ်ပါမယ်။
၅။ပေါင်မုန့်၁ ချပ်ကို၁ ဝက်ပဲညှပ်ပီးရေခဲထုပ်ထဲထည့်ပါသားရေပင်စီးပီးရင်ရေခဲသေတ္တာအခဲခန်းထဲတွင်တစ်ညခဲထားပါ
🌈☀️နောက်တနေ့မှာတော့ အရသာထူးကဲတဲ့ချစ်ခွန်းသာSandwichပေါင်မုန့်လေးနဲ့ပြုလုပ်ထားသောနို့ပေါင်မုန့်ရေခဲထုပ်လေးကိုသုံးဆောင်နိုင်ပါပီ🍞🍞
👨‍👩‍👧‍👦အပေါ်ကပါဝင်ပစ္စည်းအချိုးဟာဖြင့်နို့ပေါင်မုန့်၁၀ထုပ်စာအချိုးမို့ မိသားစု အိမ်မှာလွယ်ကူရိုးရှင်းစွာလုပ်စားနိုင်ပီး သားသားမီးမီးတို့ရဲ့အပြုံးပန်းပီတိကျေနပ်မှုလေးကိုနို့ပေါင်မုန့်လေးစားရင်းပိုင်ဆိုင်နိုင်ပါစေလို့ မင်မင်ကဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်

မြန်မာနှစ်သစ်ကူးဖြစ်သည့်ယနေ့နှစ်ဆန်း၁ရက်နေ့မှစ၍မြန်မာနိုင်ငံသူနိုင်ငံသားများအပါအဝင်ကမ္ဘာသူကမ္ဘာသားအားလုံးစိတ်၏ချမ်းသာခြင...
17/04/2022

မြန်မာနှစ်သစ်ကူးဖြစ်သည့်ယနေ့နှစ်ဆန်း၁ရက်နေ့မှစ၍မြန်မာနိုင်ငံသူနိုင်ငံသားများအပါအဝင်ကမ္ဘာသူကမ္ဘာသားအားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပီးကပ်ကြီး၃ပါးကျော်လွှားနိုင်စေကြောင်းချစ်ခွန်းသာမုန့်တိုက်မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါသည်😊😊🌿🌿🌸🌸🌼🌼🌈💦💦

မြန်မာတို့ရဲ့နှစ်သစ်ကူးအခါသမယလေးမှာ ချစ်ခွန်းသာနို့ပေါင်မုန့်လေးနဲ့ရွှေရင်အေး အိမ်မှာရွှေရင်အေးလုပ်စားစား။ကုသိုလ်ဖြစ်ဝေဌ...
12/04/2022

မြန်မာတို့ရဲ့နှစ်သစ်ကူးအခါသမယလေးမှာ ချစ်ခွန်းသာနို့ပေါင်မုန့်လေးနဲ့ရွှေရင်အေး အိမ်မှာရွှေရင်အေးလုပ်စားစား။ကုသိုလ်ဖြစ်ဝေဌအလှူပဲလုပ်လုပ် အဆင်ပြေအောင်လုပ်နည်းလေးမင်မင်လေ့လာမှတ်သားဖူးသလောက်ပြန်လည်မျှဝေလိုက်ပါတယ်နော်🥣🥣

လိုအပ်သောပစ္စည်းများ
သကြား-60g
အုန်းနို့ရည်-250ml
သာကူစေ့-40 g
မုန့်လက်ဆောင်းဖတ်-50g
ချစ်ခွန်းသာနို့ပေါင်မုန့်-၁ချပ်
ကောက်ညှင်း- ထမင်းစားဇွန်း ၃ဇွန်း
ကျောက်ကျော - အနည်းငယ်
ရေခဲ- အနည်းငယ်
ခြစ်ထားသောအုန်းသီးဆံမျှင်-အနည်းငယ်
ပြုလုပ်နည်း

ရေ၂၅၀မီလီကိုရေနွေးကျို၍ဆူပွက်သည့့်အခါ သကြား၆၀ဂရမ်ထည့့်ပီး ပျော်ဝင်သည်အထိကျိုပါ
ကျိုထားသောသကြားရည်ထဲသို့အုန်းနို့ရည်လောင်းထည့့်ပီးသမအောင်မွှေပါ
ထို့နောက်အုန်းနို့သကြားရည်ကိုရေခဲသေတ္တာထဲထည့်အအေးခံပါ
ရေ၂၀၀မီလီကိုရေနွေးကျို၍ဆူပွက်သည့်အခါ သာကူစေ့၄၀ဂရမ်ထည့်ပီး သာကူစေ့အလယ်အဖြူဆံလေးများပျောက်သည်အထိမွှေပါ
သာကူကျက်လျှင်မီးပူရှိန်လျော့အောင်ရေအေးတခွက်ထည့်ပါ
ရေသွန်ပီးသာကူစေ့များကိုဇကာနဲ့စစ်၍သာကူလုံးဝအေးသည်အထိရေအေးဖြင့်ဆေးချပါ
ထို့နောက် ပန်းကန်လုံးထဲသို့ ပေါင်မုန့်။သာကူ
မုန့်လက်ဆောင်းဖတ်။ကောက်ညှင်း။ကျောက်ကျော။ရေခဲများထည့်၍ ရေခဲသေတ္တာထဲထည့်အအေးခံထားသောအုန်းနို့သကြားရည်ကိုလောင်းထည့်ပီးအပေါ်မှ အုန်းသီးဆံမျှင်များဖြူး၍ အသင့်သောက်သုံးနိုင်ပီဖြစ်ပါတယ်နော်

နှစ်သစ်ကူးအခါသမယလေးမှာမိတ်ဟောင်းမိတ်သစ်များနှင့်အတူကမ္ဘာသူကမ္ဘာသားအားလုံးပျော်ရွှင်စရာနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေ။ပျော်ရွှင်မှုအပေါင်းခညောင်းတဲ့မြန်မာနှစ်သစ်ကူးဖြစ်ပါစေလို့မင်မင်ကဆုတောင်းပေးလိုက်ပါတယ်နော်🙏🙏

ခုတပတ်တနင်္ဂနွေနေ့မှာတော့ အီတလီဆော်ဒါဖျော်တဲ့အခါမှာသုံးတဲ့သကြားရည်လုပ်နည်းလေးပြောပေးပါလို့မင်မင်ကိုလာတောင်းဆိုကြလို့ သကြ...
20/03/2022

ခုတပတ်တနင်္ဂနွေနေ့မှာတော့ အီတလီဆော်ဒါဖျော်တဲ့အခါမှာသုံးတဲ့သကြားရည်လုပ်နည်းလေးပြောပေးပါလို့မင်မင်ကိုလာတောင်းဆိုကြလို့ သကြားရည်လုပ်နည်းလေးမင်မင်သိသလောက်မျှဝေလိုက်ပါတယ်နော်🥣🥣

လိုအပ်သောပစ္စည်းများ
၁။သကြား- ၂၅ကျပ်သား
၂။ရေ - ၅၀မီလီလီတာ

ပြုလုပ်နည်း

၁။ကြိုမယ့့်အိုးထဲသို့ သကြား၂၅ကျပ်သားနဲ့ရေလီတာဝက်ထည့့်၍ အဝါရောင်သန်းပျစ်လာသည်အထိ မီးအေးအေးနဲ့ကျိုပေးပါ
၂။ပျစ်လာပီဆို မီးဖိုပေါ်မှချ၍ အအေးခံပီးနောက် ဖျော်ရည်ဖျော်တဲ့နေရာမှာထည့့်အသုံးပြုလို့ရပါပီ

*** သကြားရည်အများကြီးရချင်လို့ပိဿာလိုက်ကျိုမယ်ဆိုရင်လည်းအထက်မှာဖော်ပြထားတဲ့အချိုးအတိုင်းတိုးပီးကျိုပေးလို့ရပါတယ်နော်
သကြားကိုမီးပြင်းပြင်းနဲ့ကျိုမိရင်အညိုရောင်ဖြစ်ပီးတူးသွားရင်အရသာမကောင်းတတ်လို့ အဝါရောင်ကြည်ကြည်လေးသန်းရုံပဲကျိုပေးပါ☺️

ပျော်ရွှင်စရာနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့မင်မင်ကဆုတောင်းပေးလိုက်ပါတယ်နော်🙏🙏

ခုတပတ်တနင်္ဂနွေနေ့မှာတော့ ချစ်ခွန်းသာမုန့်တိုက်မှ အသစ်ထုတ်လုပ်ထားသောအသဲပုံသီးစုံပေါင်မုန့်လေးနဲ့အတူ တွဲစားနိုင်ဖို့ အိမ်...
13/03/2022

ခုတပတ်တနင်္ဂနွေနေ့မှာတော့ ချစ်ခွန်းသာမုန့်တိုက်မှ အသစ်ထုတ်လုပ်ထားသောအသဲပုံသီးစုံပေါင်မုန့်လေးနဲ့အတူ တွဲစားနိုင်ဖို့ အိမ်မှာအီတလီဆော်ဒါလေးအလွယ်တကူဖျော်ပီးနေ့လည်ခင်းအဆာပြေလုပ်စားပီးနွေဦ်းရဲ့အပူဒဏ်ကိုအံတုလို့ရအောင် Italy Sodaလုပ်နည်းလေးမျှဝေသွားမှာပါ🥤💛

လိုအပ်သောပစ္စည်းများ
၁။Raspberryရည်အပျစ်- ထမင်းစားဇွန်း၂ဇွန်း
၂။သကြားရည်- ထမင်းစားဇွန်း၁ဇွန်း
၃။Soda- ထမင်းစားဇွန်း ၉ဇွန်း
၄။ရေသန့်ရေခဲ- ၅-၇တုံး (ဖန်ခွက်ပေါ်မူတည်၍)
၅။သံပုရာသီး- ၁ကွင်း(အလှဆင်ရန်)

ပြုလုပ်နည်း

၁။ခွက်အလွတ်ထဲသို့Raspberry ရည်။သကြားရည်နဲ့ Soda၁ဇွန်းထည့်ပီးသမအောင်ရောမွှေပါ
၂။မွှေထားသောဖျော်ရည်ကို ဖန်ခွက်အလွတ်ထဲပြောင်းထည့်ပါ
၃။ရေခဲတုံးလေးများကိုဖျော်ရည်ထည့်ထားသောဖန်ခွက်ထဲထည့်ပါ
၄။ခွက်အလွတ်ထဲSoda ၈ဇွန်းချင်ထည့်ပါ
၅။ထို့နောက် Raspberryဖျော်ရည်နဲ့ရေခဲထည့်ထားသောဖန်ခွက်နုတ်ခမ်းပေါ် ဇွန်းမှောက်၍ Soda၈ဇွန်းကိုဖြေးညှင်းစွာလောင်းထည့်ပါ
(Raspberryအရည်ပျစ်တလွှာ Soda အဖြူ၁လွှာ ၂ထပ်ရအောင်ပါ)

ဖန်ခွက်ထဲသို့အအေးပိုက်စိုက်ပီး ဖန်ခွက်နုတ်ခမ်းတွင်သံပုရာသီးကွင်းစိုက်အလှဆင်ပီးနောက်အရသာရှိသောRaspberry Italian Sodaလေးကို ချစ်ခွန်းသာမုန့်တိုက်မှအသစ်ထုတ်လုပ်သောအသဲပုံသီးစုံပေါင်မုန့်လေးဖြင့်တွဲဖက်စားသုံးနိုင်ပါပီဖြစ်ပါတယ်ရှင်

*** ပူစီနံရွက်လေးများထည့်၍ မိမိကြိုက်နှစ်သက်သလိုအလှဆင်နိုင်ပါတယ်
ပျော်ရွှင်စရာနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့မင်မင်ကဆုတောင်းပေးလိုက်ပါတယ်နော်🙏🙏🙏

ကုန်ကြမ်းစျေးနှုန်းတွေတက်တဲ့အတွက်စျေးနှုန်းအနည်းငယ်ပြောင်းလဲရပေမယ့်အရည်အသွေးပိုင်းသန့်ရှင်းလတ်ဆတ်မှုပိုင်းမှာလုံးဝလုံးဝပ...
06/03/2022

ကုန်ကြမ်းစျေးနှုန်းတွေတက်တဲ့အတွက်စျေးနှုန်းအနည်းငယ်ပြောင်းလဲရပေမယ့်အရည်အသွေးပိုင်းသန့်ရှင်းလတ်ဆတ်မှုပိုင်းမှာလုံးဝလုံးဝပြောင်းလဲခြင်းမရှိပဲကျန်းမာရေးနဲ့ညီညွှတ်စွာဖြင့်ဆက်လက်ထုတ်လုပ်ရောင်းချပေးနေပါ​သည့်အတွက်မင်မင်တို့ချစ်ခွန်းသာမုန့်တိုက်မှထုတ်လုပ်သောကိတ်မုန့်ပေါင်မုန့်အမယ်စုံကိုယုံကြည်စိတ်ချစွာဆက်လက်အားပေးနိုင်ပါကြောင်းသတင်းကောင်းပါးရင်းရပ်ဝေးရပ်နီးမှအစဥ်အမြဲဝယ်ယူအားပေးကြတဲ့မိတ်ဟောင်းမိတ်သစ်များကိုအထူးကျေးဇူးတင်ကြောင်းပြောကြားပါရစေ😊😊☺️
ယုံကြည်စိတ်ချစွာအားပေးမှုကမင်မင်တို့မုန့်တိုက်အတွက်ခွန်အားဖြစ်စေမှုအားဆေးတခွက်ပါ။ကာကာတို့ပေးတဲ့အားဆေးကြောင့်ထူးကဲကောင်းမွန်သောအရသာနဲ့မုန့်အသစ်များကိုဆက်လက်ထုတ်လုပ်ဖို့ကြိုးစားသွားမှာပါ😘😘နေ့စဥ်မုန့်ထုတ်လုပ်ပီးတာနဲ့အော်ဒါတွေအချိန်မှီစေဖို့အမြန်ပို့ရင်းပုံလေးတွေရိုက်မတင်ဖြစ်ခဲ့ပေမယ့်ဝယ်ယူအားပေးကြတဲ့ကာကာတ်ို့ကိုထပ်လောင်းကျေးဇူးတင်ရင်းအမိအရအမြန်ရိုက်ထားတဲ့ပုံတချို့တင်ပေးလိုက်ပါတယ်နော်😁

မင်္ဂလာရှိသောပျော်ရွှင်ဖွယ်နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့မင်မင်ကဆုတောင်းပေးလိုက်ပါတယ်🙏🙏🙏

Address

Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

+959989780862

Website

Alerts

Be the first to know and let us send you an email when ချစ်ခွန်းသာ မုန့်တိုက် - Chit Khun Thar Bakery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ချစ်ခွန်းသာ မုန့်တိုက် - Chit Khun Thar Bakery:

Share