03/08/2026
Online Sales And Customer Service ( Male or Female - 2 posts )
Job Overview
✅Mediperk ၏ Social Media (page, Messenger, Viber, Website) များမှတစ်ဆင့် လာရောက်စုံစမ်းသော Customer များအား Scrub Suits များအကြောင်း လျင်မြန်စွာ ရှင်းပြပေးရန်၊ အရောင်းပိတ်ရန်၊ Order များကို Delivery သို့ စနစ်တကျ အပ်နှံရန်နှင့် ပစ္စည်းဝယ်ယူသူထံ မရောက်မချင်း After-Sales Service နှင့် Complaint များကို တာဝန်ယူဖြေရှင်းပေးရန် ဖြစ်သည်။
✅ Social Media Platform (Facebook Messenger, Viber, Telegram, TikTok စသည်) များမှ ပေးပို့သော မက်ဆေ့ဂျ်များနှင့် မေးခွန်းများကို လျင်မြန်ယဉ်ကျေးစွာ ပြန်လည်ဖြေကြားပေးရန်။
✅ Mediperk ၏ Product များကို Customer များ လိုအပ်ချက်နှင့်အညီ မှန်ကန်စွာ ရောင်းချပေးရန်။
အရောင်းပိတ်ခြင်း (Sales Closing) ကို ထိရောက်စွာ လုပ်ဆောင်ပြီး သတ်မှတ်ထားသော Sales Target များကို ပြည့်မီအောင် ကြိုးစားရန်
✅ အရောင်းရရှိသော အော်ဒါများ၏ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ပစ္စည်းအမျိုးအစားနှင့် ငွေချေစနစ် (COD / Mobile Banking) များကို စနစ်တကျ စာရင်းသွင်းရန်။
✅ Stock စာရင်း စစ်ဆေးပြီး ပစ္စည်းထုတ်ပိုးမည့် အဖွဲ့ထံ Order Detail များ မှန်ကန်စွာ ပေးပို့ရန်။
အပ်နှံထားသော Delivery Service / Courier များထံသို့ Order များကို အချိန်မီ လွှဲပြောင်းပေးအပ်ရန်။
✅ ပစ္စည်းများ Delivery အပ်ပြီးပါက မပျောက်ပျက်ဘဲ ဝယ်ယူသူထံ ချောမောစွာ ရောက်ရှိ/မရောက်ရှိကို Tracking ရယူ စောင့်ကြည့်ပေးရန်။
✅ ပစ္စည်းမှားယွင်းခြင်း၊ ပျက်စီးခြင်း၊ Delivery ကြန့်ကြာခြင်း သို့မဟုတ် Customer များထံမှ လာရောက်သော Complaint များကို စိတ်ရှည်စွာ နားထောင်ပြီး အမြန်ဆုံး ညှိနှိုင်း/ဖြေရှင်းပေးရန်။
✅ Refund / Exchange (ငွေပြန်အမ်းခြင်း သို့မဟုတ် ပစ္စည်းလဲလှယ်ပေးခြင်း) လိုအပ်ပါက ကုမ္ပဏီ၏ Policy နှင့်အညီ တာဝန်ရှိသူထံ သတင်းပို့ ဆောင်ရွက်ပေးရန်။
✅ Customer Complaints များနှင့် ပတ်သက်၍ အဖြေရှာတွေ့သည်အထိ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် လိုက်ပါဆောင်ရွက်ပေးရန်
Job Requirements (လိုအပ်သော အရည်အချင်းများ)
** အနည်းဆုံး ၆ လ လုပ်နိုင်ရပါမယ်၊ အလုပ်ထွက်မည်ဆိုလျင် အနည်းဆုံး ၁ လ ကြိုပြောရပါမယ် **
▶️ ပညာအရည်အချင်း: တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ (သို့မဟုတ်) ဆယ်တန်းအောင်မြင်ပြီးသူ။
▶️ လုပ်သက်အတွေ့အကြုံ: Online Sales / Customer Service/ Complaint Handling လုပ်သက် အနည်းဆုံး (၁) နှစ်မှ (၂) နှစ်အထိ ရှိရမည်။
▶️ ကျွမ်းကျင်မှု: page Inbox, Chatbot နှင့် Viber အသုံးပြုခြင်းတွင် ကျွမ်းကျင်ရမည်။
▶️ အမူအကျင့်: အချိန်တိကျသူ၊ တာဝန်ယူလိုစိတ်ရှိသူ၊ တာဝန်ခံနိုင်သူနှင့် စိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိစွာ ကိုင်တွယ်နိုင်သူ ဖြစ်ရမည်။
▶️ စိတ်ရှည်သည်းခံနိုင်မှုမြင့်မားပြီး အခက်အခဲနှင့် Complaint များကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်သော Communication Skill ရှိရမည်
အလုပ်ချိန်
မနက် ၉:၀၀ မှ ညနေ ၆:၀၀ နာရီ
လစာ
Basic Salary + Sales Commission + Bonus
(လစာကြောင့် စိတ်မညစ်စေရပါ)
Location- No 2026 တော်ဝင်စင်တာ ပထမထပ် ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့
CV form ကို [email protected] or Viber +959772414489 သို့ ပေးပို့လျောက်ထားနိုင်ပါသည်။