20/08/2021
#မြန်မာတွေဘာကြောင့်ဆိုင်ပြုတ်သလဲ
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
ဖတ်ကြည့်နော်…
လူမျိုးခြား ဘာသာခြားတွေ ဆိုင်လုပ်ငန်း
လုပ်ကြတယ်။
လေး ငါးနှစ်ကြာတဲ့အခါ…
ဆိုင်ခွဲတွေ ထပ်ဖွင့်နိုင်တယ်။
လုပ်ငန်းအထိုင်ကြလို့ ဆယ့်ငါးနှစ်လောက်ကြာရင်
ဆိုင်ခွဲ အနည်းဆုံး သုံးခုဖြစ်သွားပြီ။
မြန်မာဆိုင်နဲ့ ဘေးချင်းယှဉ်လာဖွင့်ရင်
မြန်မာဆိုင်ဟာ သိပ်မကြာခင် ပြုတ်ပြီး ပြေးရပြီ။
ကျွန်တော်ဟာ…
လွန်ခဲ့သော နှစ်သုံးဆယ်လောက်က
အရောင်းအဝယ် ကောင်းတဲ့ ဆိုင်တစ်ဆိုင်
မှာ
ပညာသင်အလုပ်သမားအဖြစ် ဝင်လုပ်ရင်း
လေ့လာကြည့်မိတယ်။
၁။အလုပ်ချိန်တိကျတယ်။
ဆိုင်ပိတ်ချိန် တစ်ခါတစ်ရံမှသာ နောက်ကျတယ်။
နယ်အော်ဒါများလို့
ဒီနေ့ဝင်တဲ့အော်ဒါ ဒီနေ့အပြီး ထုတ်တယ်။
နေ့ကူးရင်
နောက်နေ့အော်ဒါတွေ ထပ်ပြီး ဂျမ်းမဖြစ်စေဖို့ပါ။
၂။သူဌေးက အစ အလုပ်သမား အဆုံး
အကုန် အလုပ်လုပ်တယ်။
ဆိုင်မှာသွားပြီး လက်ဖက်ရည်ဆိုင်ထိုင်
အာ မရိုက်ဘူး။
သောက်ချိန်ရောက်ရင်
လုပ်ငန်းခွင်မှာ ဆယ်မိနစ်ခန့် နားပြီး သောက်တယ်။
၃။သူဌေးအလုပ်က
ဆိုင်ရဲ့ ပစ္စည်းအဝင် အထွက် ပစ္စည်းအားလုံး
ခေါင်းထဲမှာ ရှိတယ်။
ဆိုင်သမားရဲ့အသက်က ပစ္စည်းရှိရမယ်။
စစ်သားရဲ့အသက်က ကျည်ဆံရှိရမယ် လို့
အမြဲပြောတဲ့ သူဌေးရဲ့စကား။
၄။ဆိုင်မှာ လာအားပေးသူ အားလုံးကို
နည်းနည်း များများ
ပျူငှာသော ဆက်ဆံရေးနဲ့ ကြိုဆိုတယ်။
၅။အကြွေးကို ပေးသင့်သူကို ပေးတယ်။
မပေးသင့်သူကို
လုံးဝမပေးတဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်တယ်။
အားနာလို့ အားပါသွားတာမျိုး မရှိ။
၆။တိကျမှန်ကန်တဲ့ စာရင်းအင်း ရှိတယ်။
ဆိုင်ပိတ်ရက် တနင်္ဂနွေနေ့တိုင်း
တစ်ပတ်စာ အရောင်းအဝယ်စာရင်းကို ပြန်စစ်တယ်။
အမှားအယွင်းရှိခဲ့ရင်
ကုန်သည်ထံ ချက်ခြင်း အကြောင်းကြားပေးတယ်။
( မှားခဲ့တာတော့ ရှားပါတယ် )
၇။ဆိုင်မှာ သူဌေးတစ်ယောက်ပဲ ရှိတယ်။
သူဌေးသားတွေလည်း အလုပ်သမားတွေနဲ့ တန်းတူ
အလုပ်လုပ်ရတယ်။
အောက်သက်ကျေအောင်
အလုပ်သမားဘဝကို စာနာတတ်အောင်
လုပ်ခိုင်းထားတော့
သူဌေးသားတွေလည်း အလုပ်သမားနဲ့ တန်းတူ
ညီအကိုလိုဖြစ်ပြီး
လုပ်ငန်းခွင်မှာပျော်တော့ အလုပ်ထွက်သူ မရှိဘူး။
တရုတ်နှစ်ကူးလို အချိန်ရောက်ရင်
ဘောက်ဆူးပေးတာ
အလုပ်သမားရဲ့လခ တစ်နှစ်စာလောက် ရှိတယ်။
ဆိုင်မှာလုပ်တဲ့ အလုပ်သမားရဲ့ လုပ်သက်ဟာ
ကျွန်တော်အလုပ်စဝင်တုန်းက မေးကြည့်တာ
ဆယ်နှစ်အောက် မရှိဘူး။
ဒီနေ့…
ကျွန်တော် ပိုက်ဆိုင်မှာ ပိုက်ခေါင်းတစ်ခု သွားဝယ်
တော့…
သူဌေးကတော်က TVကြည့်နေတယ်။
သူဌေးလို့ထင်ရတဲ့ကောင်က ဖုန်းပွတ်နေတယ်။
နောက်ဆိုင်ကို ပစ္စည်းသွားဝယ်မယ် ပြင်တော့မှ
ထချင်သလို
မ ထချင်သလိုနဲ့ ထသွားပြီး ပစ္စည်းရှာတာ
ငါးမိနစ်ကြာတယ်။
ပြီးမှ ကုန်နေတယ် ပြောတယ်။
ကျွန်တော်ဝယ်တာ တစ်ခုထဲ။
ကျွန်တော် ဘာသာခြားဆိုင် ရောက်တယ်။
ချက်ခြင်း ထယူပေးတယ်။
ငွေရှင်းတော့…
ကျေးဇူး အထပ်ထပ်တင်ကြောင်း ပြောတယ်။
ဘာကွာသလဲ-?
ဒီဘာသာခြားဆိုင်က စဖွင့်ချိန်မှာ သေးသေးလေး။
အခု အတော်ကြီးလာပြီ။
မကြာမီ ထပ်ကြီးလာတော့မယ်။
သူတစ်ပါးကြီးပွားလာတာဟာ အကြောင်းမဲ့ မဟုတ်။
ဒီအချိန်ရောက်မှ
လူမျိုးခြားတွေ စီးပွားရေး လက်ဝါးကြီးအုပ်ထားတယ်
ပြောလို့မရ။
မြန်မာတွေ ကြီးပွားချင်ရင်တော့…ဒီဂါထာလေး
နေ့တိုင်းရွတ်ဖို့ မမေ့ပါနဲ့။
ဥုံ…
မပျင်းနဲ့။
မဖျင်းနဲ့။
အလုပ်ကို အလုပ်နဲ့ တူအောင်လုပ်။
ဒါပါပဲ။
Credit..Nyunt Han Smo
မေတ္တာဖြင့်…
ပြန်လည်မျှဝေပါသည်။
🕊WLO🕊