29/11/2020
Double Banana Chocolate Bread 🍫🍌
နောက်တစ်ရက်နေပြီးရင်
Hello December ဆို ကျမတို့ နှုတ်ဆက် ကြိုဆိုကြရတော့မယ်
ခုဆို December ရဲ့ အငွေ့အသက်လေးတွေ စရနေပြီနော်
မနက်ခင်းဆို အေးမြမြလေးဖြစ်လာပြီပေါ့
December collection အနေနဲ့ မုန့်အသစ်လေး ထွက်ရှိလာပြီ မို့ မိတ်ဆက် ပိုစ့် လေး တင်ပါရစေနော်😍
ဒီပေါင်မုန့်လေးကတော့
ပေါင်မုန့်ရဲ့ အသားထဲမှာ လည်း သီးမွှေး ငှက်ပျောသီးပါဝင်သလို ချောကလက် layer လည်း ပါဝင်ပါတယ်။
ဒါ့အပြင် Filling မှာလည်း ငှက်ပျောသီး နဲ့ dark choco chipလေးတွေ ထပ်ထည့်ပေးထားတော့ Layer and Filling ရောမို့ doubleပေါ့....
ဒါကြောင့် အရသာက ပိုပြီး ထိမိပါတယ်နော်။
ငှက်ပျောသီးရဲ့ မွှေးပျံ့ ချိုမြတာလေးရယ်
ေချာကလက် အကောင်းစားရဲ့ ခါးသက်သက်လေးရယ် ပေါင်းစပ်ထားတဲ့ အရသာလေး က အသစ် အနေနဲ့ ဖြစ်မယ် ထင်ပါတယ်....
ပေါင်မုန့်လေးအပေါ်က icingလေးတွေပါ ဖြူးပေးထားသေးတယ်
ချို မွှေး ခါး ဆိမ့် အရသာ လေးမျိုးကို တပြိုင်တည်း သုံးဆောင်ရမှာပါနော် ။
အသစ်သော အရသာ
အသစ်သော အခင်းအကျင်း
ထုတ်ပိုးမှုတွေကို ပေးဖို့
Homebaked Goodness by b'coz collection က အမြဲအားထုတ် ကြိုးစားနေမှာပါနော်....
Choco loverတွေရဲ့ အသည်းစွဲ ဖြစ်လာမယ့် မုန့်လေးကို အားပေးကြပါ နော် 😍🍫🍫🍌