Pastry Magic Bakery

Pastry Magic Bakery We offer healthy and freshly baked products such as a variety of breads, cakes, cookies and pastries

မှာတာက 4" size မွေးနေ့ကိတ်🥲ရေးခိုင်းတာက 👇
17/09/2023

မှာတာက 4" size မွေးနေ့ကိတ်🥲
ရေးခိုင်းတာက 👇

နော် 😌☺️
17/08/2023

နော် 😌☺️

🥴
28/06/2023

🥴

အော်ဒါလေးတွေ 🥰❤️ဝယ်ယူအားပေးကြတဲ့ customer တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်🙏
10/06/2023

အော်ဒါလေးတွေ 🥰❤️
ဝယ်ယူအားပေးကြတဲ့ customer တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်🙏

May လ ရဲ့  New Menu "𝙇𝙚𝙢𝙤𝙣 𝘾𝙖𝙠𝙚 🍋"ဒီ ကိတ်လေးရဲ့ထူးခြားချက်ကတော့ Lemon 🍋 စစ်စစ်ဖြင့် ပြုလုပ်ထားခြင်းပဲဖြစ်ပါတယ်ရှင်။နူးညံ...
20/05/2023

May လ ရဲ့ New Menu "𝙇𝙚𝙢𝙤𝙣 𝘾𝙖𝙠𝙚 🍋"

ဒီ ကိတ်လေးရဲ့ထူးခြားချက်ကတော့ Lemon 🍋 စစ်စစ်ဖြင့် ပြုလုပ်ထားခြင်းပဲဖြစ်ပါတယ်ရှင်။

နူးညံ့ တဲ့ ကိတ်သားလေးပေါ်မှာ ချိုချိုချဥ်ချဥ် အရသာ lemon အနှစ်လေးတွေနဲ့ဆိုတော့ မွှေးမွှေးလေးနဲ့ စားရတာ (လုံးဝ) မအီဘူး။ 😋
အချိုပါဝင်မှုနည်းတဲ့အပြင် တာရှည်ခံဆေး ၊ ဓါတုဆိုးဆေး(လုံးဝ) မပါဝင်တဲ့အတွက် လူကြီး လူငယ်မရွေး စိတ်ချလက်ချ စားသုံးနိုင်ပါတယ်ရှင်😇
1 box- 6000 mmk

တခြားမှာယူရနိုင်မယ့် menu လေးတွေလည်း ပုံနဲ့ဈေးနှုန်းလေးတွေ တွဲတင်ပေးထားပါတယ်ရှင်

မိုးအေးအေးလေးမှာ ကော်ဖီတစ်ခွက်နဲ့ အရသာရှိတဲ့ Pastry Magic ရဲ့ cake လေးတွေစားရင်း ပျော်ရွှင်သာယာတဲ့နေ့ရက်လေးကို ဖြတ်သန်းလိုက်ကြရအောင်နော် 🥰🥰

အပတ်စဥ် အင်္ဂါ နှင့် တနင်္ဂနွေနေ့တိုင်း Delivery ရှိပါတယ်ရှင်။ 🚗

ဒါမျိုးတော့ လာမလုပ်နဲ့ 🤨photo  # crd
01/05/2023

ဒါမျိုးတော့ လာမလုပ်နဲ့ 🤨

photo # crd

26/04/2023

ဖတ်ရတာ တန်ဖိုးရှိလို့ ပါ
💓📖💓📖💓📖💓📖
အနီးဆုံး လူကပဲ ကိုယ်ကို ဒုက္ခပေးနိင်တာပါ.

အဲဒီနေ့ကပေါ့..ပဲခူး ရိုးမတောင်ခြေ
ဖဒိုမြို့မှာနေတဲ့ ကျွန်တော့်ကိုရန်ကုန်မှာနေတဲ့
မိတ်ဆွေတစ်ယောက်ကပျားရည်စစ်စစ်
တစ်ပုလင်းလောက် လိုချင်တယ်ဆိုပြီး
လူကြုံ မှာတယ်။

အမှန်တော့ ဖဒိုမှာလည်း ပျားရည်စစ်စစ်
ရှားပါတယ်
သစ်ခုတ်၊ဝါးခုတ်ရင်း
အမဲလိုက်တဲ့ လူတချို့ဆီကမှ
ရံဖန်ရံခါ ပျားရည်စစ်စစ် ရတတ်တာမို့
တောင်ပေါ်က ကရင်လူမျိုး
အသိတစ်ယောက်ဆီ ပျားရည်သွားမှာ ရတာပေါ့။

အခန့်သင့်တယ်ပြောရမလား မသိ
အဲဒီလူဆီမှာ မနေ့ကမှ ဖွတ်လာတဲ့
ပျားရည်ပုလင်းတစ်ချို့ ရလိုက်တယ်။

ဂျီတစ်ကောင်နောက်လိုက်ရင်း
ပျားအုံအသေးတစ်အုံတွေ့လို့ မီးခိုးမှိုင်းတိုက်ပြီး
ပျားရည်ဖွတ်ခဲ့ကြောင်း သူကပြောပြတယ်။

''ဝမ်းသာလိုက်တာဗျာ..
မြို့ကလူတွေက တောကနေ ပျားရည်မှာတိုင်း
အစစ်ရမယ် ထင်တတ်ကြတယ်..
ကျွန်တော့်မှာ တာဝန်ကြီးသဗျာ..
အတီးတို့ဆီကရမှ ပေးမယ်ဆိုပြီးတွေးထားတာ
ခုတော့ ရေကန်အသင့် ကြာအသင့်ပဲ..''

ပျားရည်ဝယ်ပြီး အိမ်ပြန်မယ်အလုပ်မှာ
အချိန်အခါမဟုတ် မိုးရွာချတာနဲ့
မုဆိုးကြီးအိမ်မှာပဲ မိုးခိုရင်း ဝင်ထိုင်ရတာပေါ့။

ဂျီသားမီးဖုတ်နေတဲ့ သူက တောအရက်လေး
သောက်သွားပါလားလို့ ဧည့်ခံတာနဲ့
ကျွန်တော်လည်း
ဘုရားလည်းဖူးရင်း လိပ်ဥတူးဆိုသလို
တစ်ခွက်တစ်ဖလား ဝင်မော့တယ်။

အရက်လေးသောက် ၊ ဂျီသားလေး မြုံ့ရင်း
တောအကြောင်း တောင်အကြောင်း
သူ့ အတွေ့အကြုံတွေအကြောင်း
စကားပြောကြရာက ပျားဖွတ်တဲ့ဆီ
စကားစ ရောက်သွားတယ်။

''အတီးရေ...
ကျွန်တော် လွန်ခဲ့တစ်လလောက်က
အသိတစ်ယောက်အိမ်ကို သွားလည်တုန်း
သူတို့သရက်ပင်အောက်မှာ ပျားတုတ်ခံရတာ
ထွက်ပြေးလည်း မလွတ်ဘူးဗျာ..
သုံးလေးချက် အတုတ်ခံလိုက်ရတာ
အီစလံဝေ သွားတာပဲ..
အတီးတို့ ပျားဖွတ်တဲ့အခါ ပျားအုံကို
မီးခိုးမှိုင်းတိုက်တော့
ပျားတွေ ထွက်မတုတ်ဘူးလားဗျ..''

ကျွန်တော်က မေးလိုက်တော့ သူက ရယ်ပြီး
''ပုဆိုးခြုံလိုက်ရင် လုံတာပဲလေ..''လို့
ခပ်နောက်နောက် ပြန်ဖြေတယ်။

ပြီးတော့မှ အရက်ကို တစ်ငုံသောက်
ပျစ်ခနဲ တံတွေးကိုထွေးလိုက်ပြီး
ဂျီသားတစ်ဖက်ကို ကောက်ဝါးလိုက်ရင်းမှ
သူက စကားဆက်ပြောတယ်။

''တကယ်ပဲ ပုဆိုးခြုံပြီး ပျားဖွတ်တာကွ..
ပ်ားသဘာဝကို ငါ့တူက မသိလို့..
သူတို့ ပ်ားအုံကို လူက လာထိတဲ့အခါ
ပျားတွေက ထွက်ပြီး အရင် စူးစမ်းတယ်..
အဲဒီအခါ လူက ကြောက်လို့ ထွက်ပြေးရော..
အဲဒါမှ ရန်သူဆိုတာ ကျိန်းသေလို့
အဲဒီလူကို ပိုမဲပြီးလိုက်တုတ်တာ..

မင်းစိတ် ရဲဖို့ပဲလိုတယ်..
သစ်ပင်အောက်တည့်တည့်ကို
ပုဆိုးခြုံလေးခြုံပြီး အသာလေးကပ်သွား..
ပြီးရင် အရေးအကြီးဆုံးက
ခန္ဓာကိုယ်ကို သစ်ပင်နဲ့ထိနေပစေ..
ဒါဆိုရင် ပျားတွေက အဲဒီလူကို
ရန်သူလို့မထင်တော့ဘူးကွ..
သူတို့တည်မှီရာ သစ်ပင်က သစ်ကိုင်း
တစ်ခုလို့ပဲ ထင်သွားတတ်ကြတယ်။

ပျားတွေဟာ
မီးခိုးမှိုင်းကြောင့် အဝေးမှာ ရန်သူလိုက်ရှာ
နေတုန်း အနီးဆုံးမှာရှိနေတဲ့ ငါက
အေးအေးဆေးဆေး ပျားဖွတ်တော့တာပဲ..
သူတို့ကို ဖြိုချတဲ့ ရန်သူဟာ
သူတို့နဲ့ အနီးဆုံးမှာ ငြိမ်နေတဲ့
သူတို့နဲ့ တစ်သားထဲ သစ်ပင်လို့ထင်နေတဲ့
ပုဆိုးခြုံထဲကလူလို့ မထင်ကြရှာဘူး..
ဟဲဟဲဟဲ...''

''....အို.....'''

ခဏအကြာမှာ မိုးစဲသွားပြီဖြစ်လို့
ကျွန်တော်လည်း သူ့ကို
နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့တယ်။

''သူတို့ကို ဖြိုချတဲ့ ရန်သူဟာ
သူတို့နဲ့ အနီးဆုံးမှာ ငြိမ်နေတဲ့ ၊
သူတို့နဲ့ တစ်သားထဲ သစ်ပင်လို့ထင်နေတဲ့
ပုဆိုးခြုံထဲက လူလို့မထင်ကြရှာဘူး..''ဆိုတဲ့
စကားသံကို နားထဲမှာ ပြန်ကြားနေရင်း
ရင်ထဲမှာအတွေးတွေ အုံ့အုံ့ပျံ့ပျံ့
ဝင်လာတယ်။

လိုချင်တာ တစ်ခုခုရှိလို့ ကိုယ့်အနားကို
မိတ်ဆွေအရေခြုံပြီး ကပ်လာကြတဲ့
လူတစ်ချို့အကြောင်း..။

အိုး...သိပ်ဖော်ရွေတာပဲ..
ကိုယ့်ကို သိပ်ပြီး နားလည်မှုရှိတာပဲ..
ကိုယ့်အပေါ် သိပ်ပြီး ဂရုစိုက်ပြတာပဲ..
သူတို့လောက်ကောင်းတဲ့သူ
ကမ္ဘာပေါ်မှာ မရှိတော့သလို
ဟန်ဆောင်ကောင်းတဲ့ ပျားဖွတ်သမားလို
လူတွေ လူတွေ..။

နှစ်ကိုယ့်တစ်စိတ်လိုမျိုး ကိုယ်အစစအရာရာ
ယုံကြည်သွားခါမှ သူတို့လိုချင်တာရဖို့
မီးခိုးမှိုင်းတိုက်ပြီး ကိုယ့်ကို
ပျက်ဆီးရာ ပျက်ဆီးကြောင်း ကြံကြပါလေရော..

ကိုယ့်မှာတော့ ရန်သူကို
ဟိုး..... အဝေးမှာလိုက်ရှာလို့..
ပုဆိုးခြုံထဲကပျားဖွတ်သမားကို ကိုယ့်အပင်က
သစ်ကိုင်း ထင်နေတဲ့ ပျားလို
အနီးမှာရှိနေတဲ့လူကို မိတ်ဆွေရင်းလို့
ထင်မိနေဆဲ..ယုံကြည်နေဆဲ..

လိုချင်တာ ရသွားတဲ့အချိန်(သို့မဟုတ်)
ကိုယ်လည်း ပျက်စီးနိမ့်ကျသွားတဲ့
အခါကျတော့ သူတို့လို လူမျိုးတွေဟာ
ကိုယ့်ကို ရှိတယ်တောင် မထင်..
လှည့်တောင် မကြည့်..
လမ်းတွေ့ရင်တောင် မမြင်ယောင်ဆောင်
ရှောင်ဖယ်သွားတတ်ကြတဲ့
ပျားဖွတ်သမားလို မိတ်ဆွေအရေခြုံထားတဲ့
လူတချို့ အကြောင်းတွေးမိပြီး
မချိပြုံး ပြုံးမိတယ်။
......................။

ရက်အနည်းငယ်အကြာမှာတော့ လမ်းကြုံတာနဲ့
ပျားရည်ပုလင်းလေးကို သေသေချာချာ
ထုတ်ပိုးပြီး ရန်ကုန်ကိုယူလာခဲ့ပါတယ်
မှာထားတဲ့မိတ်ဆွေကို ပျားရည်ပေးတော့
သူက ကျေးဇူးတင်ကြောင်း
အထပ်ထပ်ပြောရှာတယ်။

''အဖေ့အတွက် ဆေးဖော်ဖို့ လိုနေတာဗျာ..
ကျေးဇူးနော် ကိုစိုးထိုက်ရေ..''

ပျားရည်ပုလင်းလေးကို ဗီရိုထဲ
သိမ်းဆည်းပြီးနောက် အဲဒီမိတ်ဆွေက
ကျွန်တော့်ကိုစကားဆက်ပြောတယ်။

''အဖေ့ကိုပျားရည်နဲ့ဆေးဖော်တာ
မပြောရဲဘူးဗျ..
ပျားရည်ဆိုတာ အသိုက်အမြုံပျက်ပြီးမှ
ရလာတာမို့ မသုံးချင်ဘူးတဲ့လေ..
ဘယ်တတ်နိုင်မလဲဗျာ..
စိတ်တော့မကောင်းဘူးပေါ့.
ပျားတွေခမျာလည်း အဖိုးတန်ပျားရည်ကြောင့်
အသိုက်အမြုံပျက်ရရှာတာ သဘာဝပဲလေ..''

''ဗျာ...''

အမှတ်မထင် ပြောလိုက်တဲ့
မိတ်ဆွေရဲ့ စကားအဆုံးမှာ ကျွန်တော့်စိတ်ထဲ အတွေးတွေ ထပ်ဝင်လာပါလေရော။

အောင်မြင်မှု ဆိုတဲ့ ပျားရည်တွေ၊
ကျော်ကြားမှု ဆိုတဲ့ ပျားရည်တွေ၊
ရာထူးအာဏာဆိုတဲ့ ပျားရည်တွေ၊
ချမ်းသာမှု ဆိုတဲ့ ပျားရည်တွေ..
ဘဝတစ်လျှောက်လုံး
ကိုယ်ကြိုးစား ပမ်းစား တည်ဆောက်ထားတဲ့
သိပ်ချိုမြိန်ပါတဲ့ဆိုတဲ့ အဲဒီအရာတွေက
တစ်ခါတစ်လေမှာလည်း ကိုယ့်ကိုပြန်ပြီး
ဒုက္ခပေးနိုင်ပါလား..။

ကိုယ့်ကိုဖြိုချမယ့် သူတွေကို
လက်ယပ်ခေါ်နေတဲ့ ပျားရည်လို
ဂုဏ်ပကာသနတွေ ဖြစ်နေနိုင်ပါလား..။

အတွေးတွေ များနေစဉ်မှာပဲ
မိတ်ဆွေက ''ပျားရည်ဖိုး ဘယ်လောက်လဲ''
လို့ ကျွန်တော့်ကို မေးတယ်။

''အခကြေးငွေ မပေးပါနဲ့ဗျာ..
ဒီပျားရည်ပုလင်းလေးက
ကျွန်တော့်ကို အတွေးတွေအများကြီး
ပေးခဲ့တယ်..''လို့ သူ့ကိုပြောခဲ့ပါတယ်။

ကိုယ့်အနားကို ပုဆိုးခြုံပြီး ဝင်လာမယ့်
ပျားဖွတ်သမားလို
မိတ်ဆွေတုတွေ အကြောင်းရော..
အောင်မြင်မှု ကျော်ကြားမှု ချမ်းသာမှု
စတဲ့ ကိုယ်တည်ဆောက်ထားတဲ့
အရာတွေဟာလည်း
တစ်ခါတစ်လေမှာ ကိုယ့်ကို ဒုက္ခပေးနိုင်မယ့်
ပျားရည်တွေဖြစ်နိုင်တဲ့ အကြောင်းတွေရော
ဆင်ခြင်တွေးတောရင်း
အိမ်ကို ပြန်လာခဲ့ပါတော့တယ်။

Crd -ကိုစိုးထိုက်(ဖဒို)

🙏🙏
17/04/2023

🙏🙏

MY WISH
—————
Starting from this Myanmar New year, 1385,
in any life, may I never meet bala (fools),
fools also never meet me and
may I never be a worthless fool.

ကျွန်ုပ်ဆုတောင်း
————————
မြန်မာနှစ်ဦး ၁၃၈၅ - ခုနှစ်မှစ၍
ကျွန်ုပ် သည် ဘဝဆက်တိုင်းမှာ
လူမိုက် ဟူသမျှနှင့် မဆုံတွေ့ပါရစေနှင့်။
လူမိုက်ဟူက ကျွန်ုပ်ကို မတွေ့ပါစေနှင့်၊
ကျွန်ုပ် ကိုယ်တိုင်လည်း လူမိုက်မဖြစ်ပါ
ရစေနှင့်။

မမ ပတ်ထနာ
—————
ဣတော ပဋ္ဌာယ နာဟံ ဟိ၊
ဗာလေဟိ သင်္ဂမော ဘဝေ၊
န ဗာလာ သင်္ဂမာ မယာ၊
နာမှိ ဗာလော ဘဝါဘဝေ။

Nandamalabhivamsa
17.4.23

ချစ်ရတဲ့ Pastry Magic မှ customer များရှင့်အော်ဒါလေးတွေကို April 21 ရက်နေ့ နောက်ပိုင်းမှသာ ပြန်လက်ခံပါတော့မယ်နော်🙏သင်္ကြ...
14/04/2023

ချစ်ရတဲ့ Pastry Magic မှ customer များရှင့်
အော်ဒါလေးတွေကို April 21 ရက်နေ့ နောက်ပိုင်းမှသာ ပြန်လက်ခံပါတော့မယ်နော်🙏
သင်္ကြန်အပြီးမှာ Menu အသစ်လေးတွေလည်းထွက်ဖို့ရှိတာကြောင့် စောင့်မျှော်အားပေးကြပါအုံးနော်🤗🤗

မင်မင် မုန့်ဖုတ်ဖို့ မီးလာမယ့်အချိန်ကြည့်နေပုံ 🫠
30/03/2023

မင်မင် မုန့်ဖုတ်ဖို့ မီးလာမယ့်အချိန်ကြည့်နေပုံ 🫠

29/03/2023

ဖတ်ကြည့်နော်😊

# လူတယောက် နေစရာမရှိတုန်းက သူနဲ့သိပ်ရင်းနှီးတဲ့သူငယ်ချင်းက သူ့အိမ်မှာပေးနေလိုက်တယ်။

စစချင်း နေခွင့်ရတုန်းကတော့ အရမ်းကျေးဇူးတင်သွားတာ။

ပြောင်းစေချင်တဲ့အခါ အချိန်မရွေးပြောပါ ပြောင်းပေးပါ့မယ်ဆိုပြီး အာမတောင်ခံလိုက်သေး။

အနေလည်း ကြာလာတော့ သူများအိမ်ကို သူ့အိမ်လို စိတ်ထဲမှာ မှတ်ယူလာတော့တယ်။

အချိန်တန်လို့ ပြောင်းပေးဖို့ပြောတော့ မကျေမနပ်တွေဖြစ်လာတယ်။

တချိန်က နေခွင့်ပေးခဲ့တဲ့ ကျေးဇူးဆိုတာကို သတိရဖို့မပြောနဲ့ကျေးဇူးရှင်ကိုတောင် ရန်သူတယောက်လိုမြင်သွားတယ်။

သူငယ်ချင်းတစု အတူတူပေါင်းပြီးအဆောင်ငှါးနေကြတယ်။

စေတနာကောင်းတဲ့သူငယ်ချင်းက ချက်ပြုတ်ကျွေးတယ်။
အစတုန်းကတော့ ချက်ကျွေးတာကို ကျေးဇူးတွေတင်နေကြတယ်။

ကြာလာတော့ ချက်ပြုတ်ကျွေးတာကို သူကပဲ မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုလိုမြင်လာကြတယ်။

အကြောင်းကြောင်းကြောင့် ချက်မကျွေးဖြစ်တဲ့အခါ ချက်ကျွေးခဲ့တာတွေ ကျေးဇူးတင်ဖို့နေနေသာသာ ချက်မကျွေးရကောင်းလားဆိုပြီး ငြိုငြင်လာကြတယ်။

လူတယောက် အပြင်သွားတဲ့အခါတိုင်း သစ်ပင်တပင်အောက်က ဖြတ်သွားနေကျ။

နောက်တော့ လမ်းဘေးက တွေ့နေကျ ခွေးတကောင်ကို သနားလို့ အနီးနားက အပင်တပင်အောက်မှာ အမြဲတမ်း အစာခေါ်ခေါ်ကျွေးလိုက်တာ။

အရင်က အဲ့ဒီသစ်ပင်နား တခါတလေတွေ့ရတုန်းက လူမြင်တိုင်း အမြဲတမ်း ကြောက်ပြီးရှောင်ပြေးတတ်တဲ့ခွေးဟာအပင်အောက်မှာ အစာလာစားတာကြာလာတော့ အဲ့ဒီသစ်ပင်ကို သူပိုင်တယ်လို့ထင်သွားပုံရတယ်။

နောက်ပိုင်းကျတော့အပင်နားရောက်လာတဲ့ တွေ့တဲ့သူတိုင်းကို ဟောင်တော့တာပဲ။

ကုမ္ပဏီတခုမှာ အလုပ်သမားတွေ အလုပ်နောက်ကျလို့မရဘူးဆိုတဲ့ စည်းကမ်းရှိတယ်။

တခါတလေနောက်ကျတာကို သနားသဖြင့် ခွင့်လွှတ်ပေးထားတယ်။
အစတုန်းကတော့ ကုမ္ပဏီကို နားလည်မှုရှိတယ်ဆိုပြီး ကျေးဇူးတင်ကြတာ။

ကြာလာတော့ သူတို့ဟာ နောက်ကျခွင့်ရှိတယ်လို့မြင်လာပြီး အမြဲလိုလိုနောက်ကျမှအလုပ်တက်ကြတော့တယ်။

နောက်ကျဖန်များလာလို့ နောက်မကျဖို့ပြောတဲ့အခါကျတော့ အရင်ကပေးခဲ့တဲ့ အခွင့်အရေးတွေကို ကျေးဇူးတင်ရကောင်းမှန်းမသိတော့ပဲ သူတို့ရဲ့ရပိုင်ခွင့်ကိုတောင် ချိုးဖောက်တယ်လို့မြင်လာကြတယ်။

လူတွေရဲ့အကျင့်က အမြဲတမ်း
ပေါပေါများများရနေပြီဆိုရင် အဲ့ဒါကို ကျေးဇူးတင်စရာလို့မထင်တော့ဘူး။

တခါတလေ ရခဲတဲ့အရာမျိုးလောက်ပဲ ကျေးဇူးတင်တတ်ကြတာမျိုး။

မိဘနဲ့သားသမီး
ဆရာနဲ့တပည့်
အလုပ်ရှင်အလုပ်သမား
သူငယ်ချင်းကြား
ချစ်သူကြား
မိတ်ဆွေကြား

အသင်းအဖွဲ့တွေကြား စသည့်ဘယ်ဆက်ဆံရေးမှာမဆိုအခွင့်အရေးဆိုတာပေးသင့်သလောက်ပဲပေးရတယ်။

အမြဲတမ်းပေးတော့မယ်ဆိုလည်း
ကိုယ်ပေးနိုင်တဲ့ပမာဏလောက်ပဲပေးသင့်တယ်။

လိုတာထက်ပိုတဲ့ အခွင့်အရေးမျိုးပေးမိလျှင် ကြာလာတဲ့အခါ ရပိုင်ခွင့်လို့ထင်သွားကြတယ်။

တချိန်ချိန်မှာ ကိုယ်က အခွင့်အရေးတွေဆက်မပေးနိုင်တော့တဲ့အခါကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ်လုပ်တာတောင် သူတို့ရဲ့ရပိုင်ခွင့်ကို ချိုးဖောက်တယ်လို့ ထင်လာတတ်ကြတယ်၊ ကိုယ်ကပဲမှားနေတယ်လို့လည်း သူတို့က မြင်လာကြတယ်။

အချို့သောသူတွေရဲ့စရိုက်ကများပြားလွန်းတဲ့ ကျေးဇူးတင်စရာတွေထက်အနည်းငယ်သော အလိုမကျမှုလေးတွေကိုသာစိတ်ထဲမှာ အမြဲတမ်းမြင်နေတတ်တဲ့သဘောရှိတယ်။

ဒါကြောင့် ပေးဆပ်ဖို့စဉ်းစားတိုင်းမှာ
တချိန်ချိန်မှာဖြစ်လာနိုင်တဲ့ရလဒ်ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုသေးတယ်။

မဟုတ်ရင်အဲ့ဒီစေတနာတွေဟာ
အဆုံးမှာစော်ကားစရာအဖြစ်သာ ကျန်နေလိမ့်မယ်။

စကားတစ်ခုရှိတယ်
"လူသားတွေ ကျေးဇူးကန်းတဲ့အခါ
နတ်ဘုရားတွေတောင် ဘုရားပြန်တနေရတာမျိုး

မူရင်းရေးသားသူကိုလေးစားလျက်

credit

Can order for this weekend 🥰🥰
21/02/2023

Can order for this weekend 🥰🥰

Address

Yangon
1117

Telephone

+9595022480

Website

Alerts

Be the first to know and let us send you an email when Pastry Magic Bakery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pastry Magic Bakery:

Share

Category