The Mix By Su

The Mix By Su Anybody can be beautiful.
🛒 www.themixbysu.com
(252)

Mixies တို့ရေ… The Mix ရဲ့ Turmeric and Ginger Scrub တိုက်ပြီး အသားကတော့ ဝင်းဝင်းလေးဖြစ်သွားပေမယ့် လက်သည်းလေးတွေ ဝါသွားလ...
02/06/2026

Mixies တို့ရေ… The Mix ရဲ့ Turmeric and Ginger Scrub တိုက်ပြီး အသားကတော့ ဝင်းဝင်းလေးဖြစ်သွားပေမယ့် လက်သည်းလေးတွေ ဝါသွားလို့ စိတ်ညစ်ဖူးကြလား?

တကယ်တော့ ဒါဟာ Product ကြောင့် မဟုတ်ပါဘူးနော်။ သဘာဝနနွင်းစစ်စစ်မှာ ပါဝင်တဲ့ အရောင် (Pigment) တွေက လက်သည်း၊ လက်ချောင်းလေးတွေ ဒါမှမဟုတ် အရောင်နုနု Nail Polish လေးတွေပေါ်မှာ ခဏတာ အစွန်းအထင်းကျန်ခဲ့တာပါပဲ။

ဒါကြောင့် စိတ်ပူစရာ မလိုပါဘူးနော်။ အများအားဖြင့် နာရီပိုင်းအတွင်း ဒါမှမဟုတ် နောက်တစ်နေ့လောက်ဆို အလိုလို မှေးမှိန်ပြီး ပျောက်သွားတတ်ပါတယ်။
ဒါပေမယ့် “အခုပဲ သန့်ချင်တယ်” ဆိုတဲ့ Mixies တို့အတွက် Quick Hacks လေး ၂ ခု မျှဝေပေးမယ်နော်👇

🩷 Hack 1 – အုန်းဆီ (သို့) Cleansing Oil သုံးပါ။ လက်သည်းပေါ်ကို အုန်းဆီ ဒါမှမဟုတ် Cleansing Oil လေး အနည်းငယ်လိမ်းပြီး ၁ မိနစ်လောက် ဖြည်းဖြည်းချင်း ပွတ်ပေးပါ။ ပြီးရင် ဆပ်ပြာနဲ့ သေချာပြန်ဆေးချလိုက်ရုံပါပဲ။

🩷 Hack 2 – Alcohol Pad နဲ့ သန့်စင်ပါ လက်သည်းပေါ်က အဝါရောင်အစွန်းအထင်းတွေကို ပိုမိုလွယ်ကူစွာ ဖယ်ရှားချင်ရင်တော့ Alcohol Pad (သို့) အရက်ပြန်ဂွမ်းလေးနဲ့ ညင်ညင်သာသာ ပွတ်ပေးနိုင်ပါတယ်။

Alcohol သုံးပြီးရင်တော့ လက်ကို ရေပြန်ဆေးပြီး Hand Cream ဒါမှမဟုတ် Cuticle Oil လေး ပြန်လိမ်းပေးဖို့ မမေ့နဲ့နော်။ 🥰

⚠️ သတိထားရမယ့် အချက်လေးတွေကတော့
• Nail Polish ဆိုးထားရင် နေရာသေးသေးလေးမှာ အရင်စမ်းကြည့်ပါ။
• Cuticle ကွဲနေတာ၊ အနာရှိနေတာ (သို့) Sensitive Skin ဖြစ်နေရင် Alcohol မသုံးသင့်ပါဘူးရှင်။
• တိုက်ပြီးတိုင်း လက်ကို သေချာဆေးကြောဖို့ မမေ့နဲ့နော်။
ဒါဆိုရင် Turmeric and Ginger Scrub သုံးပြီး လက်သည်းဝါမှာ စိုးရိမ်နေစရာ မလိုတော့ဘူးနော်။ 💛

The Mix By Su ရဲ့ Turmeric & Ginger Scrub လေးနဲ့ နေလောင်ဒဏ်ကြောင့် မွဲခြောက်နေတဲ့ အသားအရေကို ဂရုစိုက်ရင်း ဒီ Hacks လေးတွေကိုလည်း သိမ်းထားလိုက်တော့နော်။ ✨

Mixies တို့ရော နနွင်း Scrub သုံးပြီး လက်သည်းဝါဖူးကြလား? ကိုယ်သုံးနေကျ နည်းလမ်းလေးတွေရှိရင် Comment မှာ မျှဝေပေးခဲ့ဦးနော်👇💬

#ရေချိုးတိုင်းလှ

Skin Harmony ကို ဒီဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါပြီ…📣🩷မျက်နှာကိုပါ Scrub တိုက်ချင်တဲ့ Mixies တို့အတွက် အသားအရေရဲ့ pH bala...
02/06/2026

Skin Harmony ကို ဒီဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါပြီ…📣🩷

မျက်နှာကိုပါ Scrub တိုက်ချင်တဲ့ Mixies တို့အတွက် အသားအရေရဲ့ pH balance ကို အကောင်းဆုံး ထိန်းသိမ်းပေးရင်း စိုအိကြည်လင်စေမယ့် Skin Harmony Facial Scrub လေး ဝယ်ယူရရှိနိုင်မယ့် ဆိုင်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။ 🥰✨

ခန္ဓာကိုယ်အတွက် ရေချိုး ရင်း Body Scrub တိုက်သလိုပဲ... မျက်နှာလေး ကြည်လင်ချောမွေ့ဖို့အတွက်လည်း ဒီ Skin Harmony လေးက မရှိမဖြစ်ပဲနော်။

Scrub #ရေချိုးတိုင်းGlow

"Scrub ဆိုတာ ကိုယ်အားတဲ့အချိန် တိုက်မှာပေါ့" လို့ တွေးနေတဲ့ Mixies လေးတွေ ရှိကြလား? 💭ဒါဆိုရင်တော့ Mixies တို့အတွက် ဘယ်အခ...
01/06/2026

"Scrub ဆိုတာ ကိုယ်အားတဲ့အချိန် တိုက်မှာပေါ့" လို့ တွေးနေတဲ့ Mixies လေးတွေ ရှိကြလား? 💭

ဒါဆိုရင်တော့ Mixies တို့အတွက် ဘယ်အချိန်မှာ တိုက်တာက အကောင်းဆုံးလဲဆိုတာနဲ့ မနက်ဘက်၊ ညဘက် တိုက်တာတွေရဲ့ ကောင်းကျိုးလေးတွေကို မျှဝေပေးသွားပါမယ်ရှင်။ ပထမဆုံးအနေနဲ့ ညဘက် ရေချိုး ရင်း Scrub တိုက်တာက ယေဘုယျအားဖြင့် ပိုပြီးကောင်းတယ်လို့ ယူဆကြပါတယ်။ ဘာလို့လဲ?

ဘာလို့လဲဆိုရင်တော့ ညဘက်ဟာ Mixies တို့ရဲ့ တစ်နေ့တာ ပတ်ဝန်းကျင်ကနေ ကပ်ပါလာတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေကို သန့်စင်ပေးဖို့ အလိုအပ်ဆုံးနဲ့ အကောင်းဆုံးအချိန် ဖြစ်လို့ပါပဲ။ ဒါ့အပြင် ညဘက်မှာ ခန္ဓာကိုယ်က အနားယူပြီး Skin Cell တွေ ပြန်လည်ပြုပြင်တဲ့အချိန် (Cell Regeneration) ဖြစ်တာကြောင့် ရေချိုး ရင်း Body Scrub တိုက်ပေးတာဟာ Skin Care က Ingredients တွေကို ပုံမှန်ထက် ပိုပြီး စုပ်ယူနိုင်စွမ်း ရှိစေပါတယ်။ ဒါဆို မနက်ဘက်တိုက်ရင်ရော...❓🤷🏻‍♀️

မနက်ဘက်တိုက်တာကလည်း မကောင်းဘူးလို့ ပြောတာမျိုး မဟုတ်ပါဘူးရှင်။ သို့ပေမဲ့ မနက်ဘက်မှာ အသားအရေ ခြောက်သွေ့တာမျိုး မဖြစ်ရအောင် ညဘက်ကတည်းက Exfoliate (ဆဲလ်သေဖယ်ရှား) လုပ်ထားတာက ပိုပြီး အဆင်ပြေစေပါတယ်။

ဒါကြောင့် ညဘက်မှာ Scrub တိုက်ပြီး အစိုဓာတ် ဖြည့်ထားမယ်ဆိုရင် မနက်ဘက်မှာတော့ UV ကာကွယ်ပေးတဲ့ Sunscreen သို့မဟုတ် Lotion တစ်မျိုးမျိုးကို စနစ်တကျ လိမ်းပေးရုံနဲ့တင် ကိုယ့်ရဲ့အသားအရေလေးက ပုံမှန်ထက် ပိုပြီး နူးညံ့လှပနေစေမှာပါနော်။ ✨

Mixies တို့ရေ... The Mix By Su ရဲ့ Scrub လေးတွေကို ရေချိုး ရင်း ဘယ်အချိန်မှာ ပိုပြီး တိုက်ဖြစ်ကြလဲ? Comment မှာ မျှဝေပေးခဲ့ကြဦးနော်! 👇💖

#ရေချိုးတိုင်းGlow

ဂုတ်မဲနေတာ နေလောင်လို့လား? 🌞🤷🏻‍♀️ဒီမေးခွန်းဟာ Mixies လေးစီမှာ အမြဲကြားရတတ်ပါတယ် ။တကယ်တော့ ဂုတ်မဲတယ်ဆိုတာ နေလောင်တာအပြင် ...
31/05/2026

ဂုတ်မဲနေတာ နေလောင်လို့လား? 🌞🤷🏻‍♀️

ဒီမေးခွန်းဟာ Mixies လေးစီမှာ အမြဲကြားရတတ်ပါတယ် ။တကယ်တော့ ဂုတ်မဲတယ်ဆိုတာ နေလောင်တာအပြင် ဟော်မုန်း အပြောင်းအလဲ ဒါမှမဟုတ် အခြားအသားအရေ ပြဿနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် Mixies အများစုအတွက် နေလောင်တယ်ဆိုတယ် အဖြေကတော့ ဖြစ်နိုင်ချေပိုများပါတယ်။ အခုလို ပူပြင်းတဲ့နွေရာသီမှာ UV နဲ့တိုက်ရိုက်ထိတွေ့လိုက်တဲ့အသားအရေတွေဟာ melanin ကိုပိုထုတ်ပေးစေပြီး အသားအရေကို နဂိုထက်ပိုညိုစေဖို့ (သို့) ပိုမဲစေဖို့အခွင့်အရေးကပိုများနိုင်ပါတယ်ရှင် ။

ဒီလိုနေလောင်ပြီး မဲနေတဲ့ အသားအရည်ကို ပြန်လည်ကုသပေးဖို့ဆိုရင် The Mix ရဲ့ Turmeric and Ginger Scrub လေးရှိပါတယ်နော် ။✨

သူက နေလောင်အသားအရေကိုကုသပေးရုံတင်မကပဲ အသားအရည်ကိုပါ တဖြည်းဖြည်းချင်း ဝင်းဝါစိုပြည်လာစေမှာပါ။

ဒါဆို ရေချိုးရင်း ဘယ်လိုတိုက်ပေးရမလဲ?
1️⃣ခုလို နေလောင်ထားတဲ့ ဂုတ်လိုနေရာမျိုးကို Scrub တိုက်တဲ့အခါ စက်ဝိုင်းပုံစံ ဖြည်းဖြည်းချင်း ညင်သာစွာ ပွတ်တိုက်ပေးဖို့ လိုပါတယ်။ အားရပါးရ အတင်းပွတ်ရင် ယားယံတာ (သို့) ပိုမဲသွားတတ်လို့ပါနော်!

2️⃣နောက်တစ်ချက်ကတော့ တစ်ပတ်ကို ရေချိုးတိုင်း ၂-၃ကြိမ်ထပ်ပိုတိုက်ပေးစရာမလိုအပ်ပါဘူး။

3️⃣scrub တိုက်ပြီးတိုင်းမှာ အစိုဓာတ်ကိုထိန်းထားပေးပြီး အသားအရေကိုပါပြန်လည်ဖြူဝင်းစေနိုင်တဲ့ Barrier Booster Body Butter လေးလိမ်းဖို့လည်းလိုအပ်ပါတယ်။

နောက်ဆုံးနဲ့ အရေးကြီးဆုံးကတော့… Scrub တိုက်ပြီးပြီးချင်း နေပူထဲ တန်းမထွက်ပါနဲ့ဦးနော်။ အပြင်ထွက်တဲ့အခါမျိုးမှာလည်း SPF 30+ ဒါမှမဟုတ် SPF 50+ ပါဝင်တဲ့ Sunscreen လေးကို ဂုတ်မှာပါ မဖြစ်မနေ လိမ်းပေးတာ၊ နေကာအင်္ကျီ ဝတ်တာမျိုး လုပ်ဖို့ မမေ့ကြနဲ့ဦးနော် Mixies တို့ရေ... 🥰

နောက်ထပ် အသားအရေနဲ့ပတ်သက်ပြီး သိချင်တဲ့ မေးခွန်းလေးတွေရှိရင်လည်း အားမနာတမ်း Comment မှာ မေးခဲ့ကြဦးနော်! ❤️👇

#ဂုတ်မဲတာသက်သာနည်း #ရေချိုးတိုင်းGlow

Gym ဆော့တဲ့အခါ ချွေးနံ့တွေကြောင့် လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းနေပြီလား? The Mix ရဲ့ The Bloom Perfume ရှိရ...
31/05/2026

Gym ဆော့တဲ့အခါ ချွေးနံ့တွေကြောင့် လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းနေပြီလား? The Mix ရဲ့ The Bloom Perfume ရှိရင် စိတ်ပူစရာ မလိုတော့ဘူးနော်။

Raspberry နဲ့ Plum တို့ရဲ့ ချိုမြိန်တဲ့ ရနံ့နဲ့ Powdery ဖြစ်တဲ့ Iris တို့ ပေါင်းစပ်ထားလို့ Sweet, Fruity & Floral Notes ရဲ့ ချိုမြိန်သင်းပျံ့တဲ့ ရနံ့ကို ခံစားရမှာပါ။ ကစားနေရင်း မွေးပျံ့တဲ့ ရနံ့ကြောင့် Gym က Crush ကြီးတောင် လှည့်ကြည့်ရလောက်တဲ့အထိ ဆွဲဆောင်မှုရှိစေမှာ အသေအချာပါပဲနော် 🤪

✨ ဘာကြောင့်ရွေးချယ်သင့်တာလဲ?
Sillage (ရနံ့ပျံ့လွင့်အား) အလွန်ကောင်းမွန်တာကြောင့် လမ်းလျှောက်သွားရင်တောင် ကိုယ့်နောက်မှာ ရနံ့သင်းသင်းလေး ကျန်နေခဲ့မှာနော်။

တစ်ခါဖြန်းထားရင် ၆ နာရီကနေ ၁၂ နာရီအထိ ကြာရှည်ခံလို့ Gym ဆော့ရုံတင်မကဘဲ တစ်နေ့တာလုံးအေးဆေးပဲပေါ့။
Hair Perfume Mist အနေနဲ့ပါ သုံးလို့ရလို့ ခန္ဓာကိုယ်တင်မကဘဲ ဆံသားလေးတွေပါ မွှေးကြိုင်နေစေဖို့ အသုံးပြုနိုင်တဲ့ 2-in-1 Benefit ကို ရရှိဦးမှာပါ။

ကဲ… Mixies လေးတို့ Gym မှာလည်း အမြဲယုံကြည်မှုရှိရှိ မွှေးပျံ့နေဖို့ The Bloom Perfume ကို အခုပဲ Chat Box မှာ လာရောက်မှာယူလိုက်တော့နော်! ✨

The Bloom Perfume လေးရဲ့ Review လေးကို မျှော်နေပါတယ်ဆိုတဲ့ Mixies တို့အတွက်... ✨🌸တကယ် မွှေး၊ မမွှေးဆိုတာကတော့ ရေချိုး အလ...
31/05/2026

The Bloom Perfume လေးရဲ့ Review လေးကို မျှော်နေပါတယ်ဆိုတဲ့ Mixies တို့အတွက်... ✨🌸

တကယ် မွှေး၊ မမွှေးဆိုတာကတော့ ရေချိုး အလှပြင်ပြီး ကိုယ်တိုင် သုံးကြည့်မှပဲ သိမယ်နော် Mixies တို့ရေ! 💖

ကဲ... The Bloom လေးကို ကိုယ်တိုင် စမ်းသုံးကြည့်ဖို့ အဆင်သင့်ပဲလား? သုံးဖူးတဲ့သူတွေရှိရင်လည်း ဘယ်လောက်တောင် မွှေးပျံ့နေလဲဆိုတာ Comment မှာ လာကြွားသွားဦးနော်! 👇
✨

#ရေချိုးတိုင်းGlow

နေ့တိုင်း scrub တိုက်မိနေပြီလား Mixies တို့ ❓🤨 အမာရွတ်နဲ့ အမဲစက်တွေသက်သာဖို့ နဲ့ အသားဖြူဖို့ အတွက် scrub တိုက်နေတာတော့ဟု...
30/05/2026

နေ့တိုင်း scrub တိုက်မိနေပြီလား Mixies တို့ ❓🤨

အမာရွတ်နဲ့ အမဲစက်တွေသက်သာဖို့ နဲ့ အသားဖြူဖို့ အတွက် scrub တိုက်နေတာတော့ဟုတ်ပါပြီ … ဒါပေမယ့် နေ့တိုင်းရေချိုးတိုင်း scrub တိုက်နေမိတယ်ဆိုရင်တော့…
Mixies လေးတို့က ကိုယ့်အသားအရေကို ကိုယ်တိုင်ဖျက်ဆီးနေတာနဲ့တူတူပါပဲနော် ‼️

ဒီလိုမျိုးရေချိုးတိုင်း အလွန်အကျွံ scrub တိုက်မိတဲ့အခါ အသားအရေရဲ့ သဘာဝ အဆီတွေကိုစုပ်ယူသွားပြီး skin barrier ကိုပါပျက်စီးစေနိုင်ပါတယ်။

ဒါတွေတင်မကသေးဘူးနော် ရေချိုးတိုင်း scrub တိုက်မယ်ဆိုရင် Mixies တို့ရဲ့ လှပချောမွေ့နေတဲ့အသားအရေလေးတွေက နီမြန်းလာတာ ၊ ယားယံလာတွေအပြင် အချိန်ကြာလာရင် အဖုအပိမ့်တွေ ထွက်လာတာအထိပါ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် The Mix ကနေ အကြံပေးချင်တာကတော့ ၁ပတ်ကိုရေချိုးတိုင်း ၂ကြိမ် (သို့) ၃ကြိမ်လောက်ပဲ တိုက်ပေးရင်ကိုလုံလောက်နေပါပြီနော် Mixiesတို့ရေ ~🥰

~ရေချိုးတိုင်းလှနေဖို့ the mix နဲ့ အတူ နည်းလမ်းမှန်မှန် scrub တိုက်ကြစို့~

#ရေချိုးတိုင်းGlow

တစ်လတစ်ခါ ဓမ္မတာလာတဲ့အခါ ဘယ်တစ်ခုကို သုံးလေ့ရှိကြလဲ Mixies တို့? 🩸✨ ခဏခဏလဲဖို့ လိုအပ်တဲ့ Pad တွေလား? ဒါမှမဟုတ် (၁၂) နာရီ...
30/05/2026

တစ်လတစ်ခါ ဓမ္မတာလာတဲ့အခါ ဘယ်တစ်ခုကို သုံးလေ့ရှိကြလဲ Mixies တို့? 🩸✨

ခဏခဏလဲဖို့ လိုအပ်တဲ့ Pad တွေလား? ဒါမှမဟုတ် (၁၂) နာရီကြာအထိ ထိန်းထားနိုင်တဲ့ Menstrual Disc တွေလား?

အမျိုးသမီး Mixies လေးတွေအနေနဲ့ ကိုယ့်အတွက် သက်တောင့်သက်သာအဖြစ်ဆုံးနဲ့ စိတ်လုံခြုံမှုအပေးနိုင်ဆုံး Product ကိုသာ ဓမ္မတာလာချိန်မှာ ရွေးချယ်တာက အကောင်းဆုံးပါပဲရှင်။ သို့ပေမဲ့ Active Lifestyle ရှိတဲ့သူ (သို့မဟုတ်) Heavy Flow (သွေးဆင်းများတဲ့သူ) ဆိုရင်တော့ Menstrual Disc က Mixies တို့အတွက် ပိုပြီးကောင်းမွန်တဲ့ ရွေးချယ်မှုမျိုး ဖြစ်ပါလိမ့်မယ်။

ဒါဆို Menstrual Disc ရဲ့ အားသာချက်တွေက ဘာတွေဖြစ်မလဲ? 💬

☑️ (၁၂) နာရီကြာအထိ စိတ်ချလက်ချ ထိန်းထားနိုင်တယ်။

☑️ ရေကူးတာ၊ လေ့ကျင့်ခန်းလုပ်တာ (သို့မဟုတ်) ဓမ္မတာသွေးဆင်းတာ အရမ်းများတဲ့နေ့တွေမှာလည်း လုံးဝယိုစိမ့်မှုမရှိဘဲ အဆင်ပြေတယ်။

☑️ 100% Medical-Grade Silicone နဲ့ ပြုလုပ်ထားတာမို့ ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း Safe ဖြစ်ပြီး အဆင်ပြေတယ်။

အားသာချက်တွေပဲ ပြောနေတော့ အားနည်းချက်ကိုပါ သိချင်နေကြပြီမလား?

Menstrual Disc ကို ခန္ဓာကိုယ်ထဲ ထည့်တာ/ထုတ်တာက တစ်ခါမှ အသုံးမပြုဖူးသေးရင်တော့ အစပိုင်းမှာ နည်းနည်းခက်ခဲနိုင်ပေမဲ့... သေချာအသားကျသွားတဲ့ အချိန်တွေမှာတော့ ဘာမှဝတ်မထားသလိုမျိုး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေနိုင်သွားမှာပါရှင်။

ကဲ... ဒါဆို Menstrual Disc ရဲ့ ကောင်းကျိုးတွေရော ဆိုးကျိုးတွေရော သိသွားပြီဆိုတော့ စမ်းသုံးကြည့်ချင်တဲ့ Mixies တွေ ရှိလား? Comment မှာ ပြောခဲ့ကြဦးနော်။ "မဟုတ်ဘူး... မသုံးဘူး၊ Pad မှ Pad ပဲ" ဆိုတဲ့ Mixies တွေရှိရင်လည်း ဘာလို့ မသုံးဖြစ်တာလဲဆိုတာကို မျှဝေပေးခဲ့ကြပါဦးနော်! 👇💖

အမွေးရှင်းပြီး ဒါတွေမလုပ်ရ!!Mixies တို့ရေ.. Laser, waxing, shaving စတဲ့ hair removal process တွေလုပ်ပြီးခါစမှာ အသားအရေက ...
29/05/2026

အမွေးရှင်းပြီး ဒါတွေမလုပ်ရ!!

Mixies တို့ရေ.. Laser, waxing, shaving စတဲ့ hair removal process တွေလုပ်ပြီးခါစမှာ အသားအရေက ပုံမှန်ထက် ပိုပြီး Sensitive ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အသားအရေ ပျက်စီးပြီး အဖုအပိမ့်တွေထွက်တာ၊ နီမြန်းတာ၊ မွေးကျွတ်နာတွေမဖြစ်စေဖို့ လုံးဝမလုပ်သင့်တဲ့ အချက်လေးတွေပြောပြမယ်နော်~

အမွေးရှင်းတဲ့ နည်းလမ်းအလိုက် အရေပြားလေးတွေ အနားယူဖို့ စောင့်ပေးရမယ့် Time Period တွေ ရှိပါတယ်~

1️⃣ Shaving လုပ်ပြီးရင် (၂၄) နာရီ စောင့်ပါ။
2️⃣ Waxing လုပ်ပြီးရင် (၄၈) နာရီ စောင့်ပါ။
3️⃣ Laser Hair Removal လုပ်ပြီးရင် (၇၂) နာရီအထိ စောင့်ဆိုင်းပေးရပါမယ်။

🩷 အမွေးရှင်းပြီးရင် Skin Glow စေမယ့် Care Routine က ဘာလေးဖြစ်မလဲ?
Step 1: ဘယ်လိုနည်းလမ်းနဲ့ပဲ အမွေးရှင်းရှင်း ပြီးပြီးချင်းမှာတော့ အရေပြားလေး အေးမြသွားအောင် Aloe Vera Gel ကို အရင်ဆုံး လိမ်းပေးပါနော်။ (အထူးသဖြင့် ချွေးထွက်လွယ်တဲ့ ဂျိုင်းနဲ့ Private Area တွေအတွက် Texture ပေါ့ပါးတဲ့ Aloe Vera က အကောင်းဆုံး အဖော်မွန်ပါပဲ)

Step 2: အမွေးရှင်းပြီး (၄၈) နာရီကျော်သွားပြီဆိုရင်တော့ ခြောက်သွေ့ပြီး အစိုဓာတ်လိုနေတဲ့ လက်မောင်းနဲ့ ခြေသလုံးတွေအတွက် The Mix By Su ရဲ့ Barrier Booster Body Butter လေး လိမ်းပေးလို့ ရပါပြီ။ Niacinamide 1.5% နဲ့ Shea butter တို့ကြောင့် Skin Barrier ကို အမြန်ဆုံး ပြန်ပြုပြင်ပေးလို့ နူးညံ့ချောမွတ်ပြီး အစိုဓာတ်ပြည့်ဝတဲ့ skin လေး ရရှိမှာပါရှင်။

Step 3: ကိုယ်လုပ်ထားတဲ့ နည်းလမ်းအလိုက် (၂၄ နာရီ / ၄၈ နာရီ / ၇၂ နာရီ) အချိန်ကျော်သွားပြီဆိုရင်တော့ Ingrown hair နဲ့ chicken skin ဖြစ်တာတွေ ကာကွယ်ဖို့အတွက် Scrub စတိုက်လို့ရပါပြီ။ ဒီအတွက်ဆိုရင် The Mix by Su မှာ Salicylic and Lime Scrub လေးရှိပါတယ်။ ဒီ scrub လေးနဲ့ တစ်ပတ်ကို (၂) ကြိမ်လောက် ပုံမှန် ညင်ညင်သာသာ ချေးချွတ်ပေးရုံပါပဲနော် 🥰

Mixies တို့ရော အမွေးရှင်းပြီးရင် ဘယ်လိုအမှားမျိုးတွေ လုပ်မိဖူးလဲ? Comment မှာ မမေ့တမ်း မျှဝေခဲ့ဦးနော်~ 👇✨

Address

Thingangyun

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Alerts

Be the first to know and let us send you an email when The Mix By Su posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Mix By Su:

Share