Snack O'clock

Snack O'clock Ice cream and cold drink

ဒီရက်ပိုင်း ရာသီဥတုက အေးစိမ့်စိမ့်နဲ့ မိုးကလည်း ရွာနေတော့ Page မှာ ပို့စ်သိပ်မတင်ဖြစ်ပေမဲ့ Snack O'Clock က Customer တွေအ...
23/05/2026

ဒီရက်ပိုင်း ရာသီဥတုက အေးစိမ့်စိမ့်နဲ့ မိုးကလည်း ရွာနေတော့ Page မှာ ပို့စ်သိပ်မတင်ဖြစ်ပေမဲ့ Snack O'Clock က Customer တွေအတွက် နေ့တိုင်းဖွင့်ပါတယ်နော်။ 😉
​မိုးအေးအေးလေးမှာ...
🍹 ရေခဲမုန့်၊ ဖာလူဒါ ၊ ပူတင်း နဲ့ အအေးလား
☕ ဒါမှမဟုတ် ရင်ထဲနွေးသွားစေမယ့် ‌Coffee or Chocolate ပူပူလေးလား?
​ဘာပဲစားချင်စားချင် အပြင်ထွက်ရမှာ ပျင်းနေရင်လည်း အိမ်အရောက် ပို့ပေးမှာမလို့ ​ပို့စ်မတွေ့လို့ ဆိုင်လေးကို မေ့မသွားကြနဲ့ဦးနော်... ချစ်တဲ့ ဖောက်သည်တွေကို အမြဲစောင့်ကြိုနေပါတယ်! 💖✨
​📞 အော်ဒါမှာယူရန်: 09-782822807
📍 တည်နေရာ: အမှတ် ၂၁၊ ဘုရင့်နောင်လမ်း(ကိုလာလူးကား‌ဘော်ဒီရုံလမ်း)၊ အောင်သာယာရပ်ကွက်၊ သံဖြူဇရပ်မြို့။

🌧🌧မိုးဖွဲဖွဲလေးရွာပြီး အေးစိမ့်နေတဲ့ ရာသီဥတုမှာ အိမ်ထဲကအိမ်ပြင် မထွက်ချင်ဘဲ ပူပူနွေးနွေးလေးတွေ စားချင်သောက်ချင်ဖြစ်နေပြီ...
19/05/2026

🌧🌧မိုးဖွဲဖွဲလေးရွာပြီး အေးစိမ့်နေတဲ့ ရာသီဥတုမှာ အိမ်ထဲကအိမ်ပြင် မထွက်ချင်ဘဲ ပူပူနွေးနွေးလေးတွေ စားချင်သောက်ချင်ဖြစ်နေပြီမလား? 🥰
နွေ‌မှာပူလွန်းလို့ ‌‌ဘယ်‌တော့များ ရွာပါ့မလဲရယ်လို့ ‌‌‌ေမျှာ်နေခဲ့ရတဲ့ မိုးနေ့ရက်လေးတွေကို ရောက်ရှိလာပါပြီ ...😊😊
☔☔Happy monsoon အတွက်
Snack O'Clock မှာ ပုံမှန်ရနေကျ ရေခဲမုန့်၊ ဖာလူဒါနဲ့ အအေးမျိုးစုံအပြင် အခုလို မိုးရာသီနဲ့ ကွက်တိကျမယ့် Menu အသစ်လေးတွေ ပြင်ဆင်ပေးထားပါတယ်
☕ Coffee - မိုးရွာထဲငေးရင်း ဆွေးမယ့်သူတွေအတွက် ကော်ဖီပူပူလေး
🍫 Hot Chocolate - ‌ေမွှးဆိမ့်အရသာချောကလက်ပူပူလေးက မိုး‌အေးနေတဲ့နေ့ရက်လေးကို နွေးထွေးစေမှာ အသေအချာပါပဲ။

☕ Hot coffee - 2,500 ks
☕ Hot chocolate - 2,500 ks

🌧️ 🌧မိုးရွာထဲ အပြင်မထွက်ချင်တဲ့ ချစ်ရတဲ့ Customer များအတွက် ပို့ခ (1,000 ks) နဲ့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမှာဖြစ်လို့ အခုပဲ ဖုန်းလေးဆက်ပြီး မှာယူလိုက်တော့နော်! 🛵🌧🌧

📞 09-782722807
📍 အမှတ် ၂၁၊ ဘုရင့်နောင်လမ်း၊ အောင်သာယာရပ်ကွက်၊ သံဖြူဇရပ်မြို့။

Photo: Credits to the Rightful Owner via Pinterest

"Snack O'Clock ကို ယုံကြည်စွာ ရွေးချယ်ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါသည်" ✨🙏💖ဒီ‌နေ့မှာကျ‌ရောက်တဲ့  မွေးနေ့မှာ ပျော်ရွှ...
11/05/2026

"Snack O'Clock ကို ယုံကြည်စွာ ရွေးချယ်ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါသည်" ✨🙏💖

ဒီ‌နေ့မှာကျ‌ရောက်တဲ့ မွေးနေ့မှာ ပျော်ရွှင်စရာ အမှတ်တရလေးဖြစ်အောင် က‌လေးများအတွက် Snack O'Clock ရဲ့ "နို့စတော်ဘယ်ရီ ရေခဲချောင်း" (၁၅၀) တိတိ မှာယူပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ✨🍓🍭
ကလေးငယ်လေးတွေ အကြိုက်တွေ့ပြီး ပျော်ရွှင်သွားကြမယ်လို့လည်း ယုံကြည်ပါတယ်ရှင့်။ မွေးနေ့ရှင်လေးလည်း ဒီထက်မက ပိုမိုပျော်ရွှင်ပြီး လိုအင်ဆန္ဒတွေ ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ 🙏💖

📞 09-782722807
📍 အမှတ် ၂၁၊ ဘုရင့်နောင်လမ်း၊ အောင်သာယာရပ်ကွက်၊ သံဖြူဇရပ်မြို့။

"Snack O'Clock ကို ယုံကြည်စွာ ရွေးချယ်ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါသည်" ✨🙏💖 မနေ့က GTB ဘဏ် က ညီမလေးတစ်ယောက်ရဲ့ မွေးနေ...
08/05/2026

"Snack O'Clock ကို ယုံကြည်စွာ ရွေးချယ်ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါသည်" ✨🙏💖
မနေ့က GTB ဘဏ် က ညီမလေးတစ်ယောက်ရဲ့ မွေးနေ့ Treat အတွက် Snack O'clock ရဲ့ ဖာလူဒါနဲ့အအေးကို ရွေးချယ်ပြီး အားပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ ‌မွေးနေ့ရှင် ညီမလေးလည်း ဒီထက်မက ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ရက်မြတ်လေး ဖြစ်ပါစေကြောင်း ဆုမွန်‌ကောင်းတောင်းပေးလိုက်ပါတယ်နော်။ 🎂🥤
ဒါ့အပြင် အမြဲအားပေးနေကျ Customer တစ်ယောက်မှလည်း သူ့ရဲ့အလုပ်‌ရုံမှာ ပြုလုပ်တဲ့ ပရိတ်တရားနာပွဲကို လာရောက်ကြတဲ့ ဧည့်သည်တော်တွေဧည့်ခံကျွေးမွေးဖို့အတွက် ဖာလူဒါတွေ အများအပြား မှာယူအားပေးခဲ့တဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ ဒီ့ထက်မက လုပ်ငန်းတွေအဆင်‌ေပြပြီး ‌ေအာင်မြင်ပါစေကြောင်း နှင့် နတ်၊ လူသာဓုခေါ်စေနိုင်တဲ့ အလှူလေးဖြစ်ပါစေကြောင်း ဆုမွန်‌ကောင်းတောင်းပေးလိုက်ပါတယ်နော်။။ 🙏🍧
Snack O'Clock မှာ အခုလိုမျိုး...
ဖာလူဒါ၊ အအေးမျိုးစုံနဲ့ ရေခဲမုန့် အော်ဒါများကို စိတ်ကြိုက်မှာယူနိုင်ပြီး အလှူပွဲတွေအတွက် အထူးစီစဉ်ပေးထားတာမို့ စိတ်ချလက်ချ အော်ဒါတင်နိုင်ပါတယ်နော်။
📞 အော်ဒါတင်ရန် ဖုန်း: 09-782722807
📍 Location: အမှတ် ၂၁၊ ဘုရင့်နောင်လမ်း၊ အောင်သာယာရပ်ကွက်၊ သံဖြူဇရပ်မြို့။

"Snack O'Clock ရဲ့ Menu တွေထဲမှာ ဘယ်အရာက သင့်စိတ်ကို အလန်းဆန်းစေဆုံးလဲ?" 🥰🍧 တစ်ခါတလေမှာ အရသာရှိတဲ့ အချိုပွဲတစ်ခွက်က တစ်န...
06/05/2026

"Snack O'Clock ရဲ့ Menu တွေထဲမှာ ဘယ်အရာက သင့်စိတ်ကို အလန်းဆန်းစေဆုံးလဲ?" 🥰🍧
တစ်ခါတလေမှာ အရသာရှိတဲ့ အချိုပွဲတစ်ခွက်က တစ်နေ့တာလုံးရဲ့ ပင်ပန်းမှုတွေကို ကုသပေးနိုင်ပါတယ်။
Snack O'Clock ရဲ့...
🍹ဖါလူဒါ ချိုချို‌အေးအေးလေးလား?
🍦 အိစက်ညက်ညောတဲ့ ပူတင်း နဲ့ ရေခဲမုန့်လား?
☕️ မွှေးရနံ့သင်းတဲ့ Iced Coffee and Oreo Latte လား?
🍓 လန်းဆန်းစေတဲ့ Strawberry Latte လား?
ဘယ် Menu လေးကို အကြိုက်ဆုံးလဲဆိုတာ Comment မှာ ပြောခဲ့ပေးပါဦး‌‌နော် ‌ ။
စားသုံးသူတွေရဲ့ အကြိုက်ကို သိရရင် နောက်ထပ် Menu အသစ်ဆန်းလေးတွေ ထပ်စဉ်းစားဖို့ အကူအညီလေးဖြစ်တာပေါ့ 😊😊

ဒီနေ့လည်း အားလုံးပဲ အေးမြလန်းဆန်းတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါစေနော်။ 🌿✨
🛵 Delivery/ Viber 09-782722807
📍 Location: အမှတ် ၂၁၊ ဘုရင့်နောင်လမ်း၊ အောင်သာယာရပ်ကွက်၊ သံဖြူဇရပ်မြို့။

"ကဆုန်လပြည့်(ညောင်ရေသွန်းပွဲတော်နေ့) ဆိုင်ပိတ်ရက် အသိပေးခြင်း" ✨🙏🍃ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ​မင်္ဂလာရှိသော နေ့ထူး...
28/04/2026

"ကဆုန်လပြည့်(ညောင်ရေသွန်းပွဲတော်နေ့) ဆိုင်ပိတ်ရက် အသိပေးခြင်း" ✨🙏🍃

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ​မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်တဲ့ ‌ ကဆုန်လပြည့်နေ့မှာ (၁) ရက်တာ ဆိုင်ခေတ္တ ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

​🗓 ပိတ်မည့်ရက် - 30.4.2026(ကဆုန်လပြည့်နေ့)
🗓 ပြန်လည်ဖွင့်လှစ်မည့်ရက် - 1.5.2026

​မိဘပြည်သူများအားလုံး ကဆုန်လပြည့်နေ့မှာ ကုသိုလ်ကောင်းမှုများဖြင့် ထုံလွှမ်းပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း Snack O'clock မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် 🙏🏻🙏🏻

​‌ေနာက်ရက်တွေမှာတော့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မှာမို့ အား‌‌ပေးကြတဲ့ ချစ်မိတ်ဆွေများကို စောင့်ကြိုနေပါမယ်နော်။ ✨🍦🍹။ ✨🍦🍹

​📞 09-782722807
📍 အမှတ် ၂၁၊ ဘုရင့်နောင်လမ်း၊ အောင်သာယာရပ်ကွက်၊ သံဖြူဇရပ်မြို့။

ကျန်းမာရေးအတွက် သဘာဝဒိန်ချဉ် 🍶🍶ဒိန်ချဉ် ကြိုက်သူတွေအတွက် Snack O'clock မှာ  အရသာလည်းရှိ ကျန်းမာရေးနဲ့လည်းညီညွတ်‌စေတဲ့ "သ...
25/04/2026

ကျန်းမာရေးအတွက် သဘာဝဒိန်ချဉ် 🍶🍶
ဒိန်ချဉ် ကြိုက်သူတွေအတွက် Snack O'clock မှာ အရသာလည်းရှိ ကျန်းမာရေးနဲ့လည်းညီညွတ်‌စေတဲ့ "သဘာဝဒိန်ချဉ် ( )" ရပါပြီနော်။ ✨🍶

ဒိန်ချဉ်ဟာ အရသာရှိရုံတင်မကဘဲ ခန္ဓာကိုယ်အတွက်လည်း တကယ့်ကို အဖိုးတန်တဲ့ "Superfood" တစ်ခု ဖြစ်ပါတယ်။
ဒိန်ချဉ်စားသုံးပေးခြင်းဖြင့်
၁။ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း
၂။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း
၃။ အရိုးနဲ့ သွားများကို သန်မာစေခြင်း
၄။ ပရိုတင်းဓာတ် ကြွယ်ဝ‌စေခြင်း
၅။ သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို နည်းပါး‌စေပြီး နှလုံးအတွက် ကောင်းမွန်တဲ့ ကိုလက်စထရော (HDL) ကို တိုးတက်စေခြင်း
၆။ အသားအရေကို လှပစေနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။

ခုလို ပူအိုက်တဲ့ နေ့လယ်ခင်းမှာ ခန္ဓာကိုယ်အတွက်လည်း အကျိုးပြုသလို၊ စားလို့လည်းကောင်းတဲ့ ဒိန်ချဉ်စစ်စစ်လေးကို လတ်ဆတ်တဲ့နွားနို့စစ်စစ်‌နဲ့သကြားရည်လေး ထည့်ပြီး ချိုချဉ်အေးလေး သောက်မလား၊ အသီးတမျိုးမျိုးနဲ့ mixလုပ်ပြီး သောက်မလား... ကြိုက်နှစ်သက်ရာကို ရွေးချယ်မှာယူနိုင်ပါတယ်။
လန်းဆန်းသွားစေဖို့ အခုပဲ လှမ်းလာခဲ့လိုက်တော့နော်! 🥰

ဒိန်ချဉ် - ၃,၀၀၀
စတော်ဒိန်ချဉ် - ၃,၅၀၀
ငှက်ပျောဒိန်ချဉ် - ၃,၅၀၀

☎ 09-782722807
📍 အမှတ် ၂၁၊ ဘုရင့်နောင်လမ်း (ကိုလာလူးကားဘော်ဒီရုံလမ်း)၊ အောင်သာယာရပ်ကွက်၊ သံဖြူဇရပ်မြို့။

Photo Credit - Original Creator (Collected from Pinterest)

"ပူအိုက်တဲ့ နွေနေ့လယ်ခင်းတွေကို Snack O'Clock နဲ့ ခဏတာ ဖြတ်သန်းလိုက်ပါ" ✨🍃​တစ်ခါတလေမှာ ကျွန်တော်တို့ လိုအပ်နေတာက အေးအေးဆ...
22/04/2026

"ပူအိုက်တဲ့ နွေနေ့လယ်ခင်းတွေကို Snack O'Clock နဲ့ ခဏတာ ဖြတ်သန်းလိုက်ပါ" ✨🍃

​တစ်ခါတလေမှာ ကျွန်တော်တို့ လိုအပ်နေတာက အေးအေးဆေးဆေး နားနားနေနေနဲ့ အချိုပွဲကောင်းကောင်းလေး တစ်ခွက်ပါ။ ☕🍨

​ပူအိုက်လွန်းတဲ့ နေ့လယ်ခင်းတွေမှာ စိတ်ကြည်လင်သွားဖို့အတွက်...
✅ Faluda ရဲ့ ချို‌‌ေမွှး အေးမြတဲ့ အထိအတွေ့
✅ Iced coffee, Oreo Latte, Strawberry Latte တို့ရဲ့ လန်းဆန်းစေမဲ့ အရသာ
✅ Ice Cream နဲ့ ပူတင်းတို့ရဲ့ နူးညံ့တဲ့ အထိအတွေ့တွေက
သင့်ကို စောင့်ကြိုနေပါတယ်နော်။

​‌ေနွအပူတွေကို ခဏဘေးဖယ်ထားပြီး ကိုယ့်ကိုယ်ကိုယ် treat လုပ်ဖို့ အကောင်းဆုံးအချိန်လေး‌ပါ။ 🌿💚

​အိမ်မှာပဲနေရင်း အေးအေးဆေးဆေး စားချင်တယ်ဆိုရင်လည်း Delivery ရှိတာမို့ အခုပဲမှာလိုက်တော့နော်!

​☎ 09782722807
📍 အမှတ် ၂၁၊ ဘုရင့်နောင်လမ်း၊ ကိုလာလူးကားဘော်ဒီရုံလမ်း၊ အောင်သာယာရပ်ကွက်၊ သံဖြူဇရပ်မြို့။

💦💦သင်္ကြန်ရက်တွေ ကုန်ဆုံးသွားလို့ စိတ်ထဲမှာ တစ်ခုခုလိုနေသလိုလို Thingyan Blue ကို ခံစားနေရပြီလား? 🤔💦​ပျော်စရာကောင်းတဲ့ အ...
18/04/2026

💦💦သင်္ကြန်ရက်တွေ ကုန်ဆုံးသွားလို့ စိတ်ထဲမှာ တစ်ခုခုလိုနေသလိုလို Thingyan Blue ကို ခံစားနေရပြီလား? 🤔💦
​ပျော်စရာကောင်းတဲ့ အမှတ်တရတွေကို ပြန်တွေးရင်း လွမ်းနေမိတဲ့ စိတ်ကလေးကို ပြန်ပြီး Boost လုပ်ဖို့ အေးမြတဲ့ အရသာတွေ လိုအပ်နေပြီဆိုရင် ​သင်္ကြန်အလွမ်းတွေကို ဖြေဖျောက်ပေးဖို့ Snack O'Clock မှာ...

🍨 ရင်အေးစေမယ့် ချိုဆိမ့်အရသာ ဖာလူဒါ
🍦 ပူပြင်းမှုကို အနိုင်ယူမယ့် ရေခဲမုန့် အေးအေးဆိမ့်ဆိမ့်လေး
☕ စိတ်ကို ပြန်လည်လန်းဆန်းစေမယ့် ကော်ဖီမွှေးမွှေးလေးတွေ
​အဆင်သင့် ရှိနေပါတယ် 🎉🎉

အိမ်မှာပဲ နားရင်း သောက်ချင်သလား
ဆိုင်က အပင်ရိပ်လေးမှာပဲ လာနားမလား...
အခုပဲ လှမ်းခဲ့လိုက်တော့နော်! 🛵🌿

​☎ 09782722807
📍 အမှတ် ၂၁၊ ဘုရင့်နောင်လမ်း၊ ကိုလာလူးကားဘော်ဒီရုံလမ်း၊ အောင်သာယာရပ်ကွက်၊ သံဖြူဇရပ်မြို့။

15/04/2026

🧊🍓Strawberry ရဲ့ ချိုချိုချဉ်ချဉ်အရသာ၊ နို့ရဲ့အဆိမ့်နဲ့ Coffee ရဲ့ ခါးသက်တဲ့အရသာ...
ဒီအရသာ ၃ မျိုးပေါင်းစပ်မှုက ဒီလောက်ထိ လိုက်ဖက်မယ်လို့ ထင်မထားဘူးမလား? ✨🍓☕
​အလွှာလိုက်လေးတွေဖြစ်နေတဲ့ အရသာကို တစ်ငုံချင်းစီ ခံစားမလား? ဒါမှမဟုတ် အကုန်လုံးကို သမအောင်မွှေပြီးမှ သောက်မလား?
နေပူပူမှာ စိတ်ကိုလန်းဆန်းသွားစေဖို့ Snack O'clock ရဲ့ Strawberry Latte လေးက အသင့်ရှိနေပြီနော်။
နွေနေ့လည်ခင်း‌အတွက် အမောပြေ အေးမြခြင်းကို ဒီခွက်လေးထဲမှာ ရှာဖွေလိုက်ပါ။ 🧊🥤

Strawberry Latte - 4,000 ks

​📞 အော်ဒါမှာယူရန်: 09-782722807
Viber 095+ 9782722807
📍 တည်နေရာ - အမှတ် ၂၁၊ ဘုရင့်နောင်လမ်း၊ အောင်သာယာရပ်ကွက်၊ သံဖြူဇရပ်မြို့။

13/04/2026

အမိုက်စားဖက်ရှင်‌‌‌နဲ့ သင်္ကြန်လည်ပြီး Snack O'clock မှာ အအေးလာသောက်ရင်း ဆိုင်အ‌ေရှ့က အရမ်းလှတဲ့ စက္ကူပန်းရုံကြီးနဲ့လည်း ဓါတ်ဖမ်းလို့ရတယ်နော် 😊😊
တို့အိမ်ကပန်းတော့ မဟုတ်ဘူး သူများအိမ်ရေှ့😁😁

Address

No. 21, Bayint Naung Street
Thanbyuzayat

Website

Alerts

Be the first to know and let us send you an email when Snack O'clock posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share