Mary & Duri

Mary & Duri 100% Organic Foods Are Tastier and Healthier ! UR Mary & Duri Organic Bakery
09 7777 Mary & Duri Bakery က Homemade သီးသန်.

Organic Bakery လေးဖြစ်လို. အရောင်ဆိုးဆေး အနံ.နဲ.တာရှည်ခံဓာတုဆေးဝါးတွေလုံးဝ (100%) မသုံးလို. စိတ်ချလက်ချ လက်လက်ဆတ်ဆတ် အရာသာရှိရှိ မုန်.လေးတွေကိုအားပေးလို.ရပါတယ်နော်

17/10/2021

မဝတ်လေးတွေအားပေးဦးနော် / ကွာလတီမြင့်ဂျပန် အလန်း ဘရန်း အမိုက်လေးတွေ ချစ်ကိုတို.ရဲ. တူမ/ညီမ/ချစ်သူ တွေအတွက် ဆင်ပေးလိုက်ဦးဗျို. /

Mary and Duri မှာနောက်နစ်ဆိုရင်  အကြမ်းစား 100% organic စိန်တလုံး ပင်မှည့်စစ်စစ်တွေ ရှယ်ရောင်းပေးမယ်နော် / တသက်နဲ.တကိုယ်...
26/04/2020

Mary and Duri မှာနောက်နစ်ဆိုရင် အကြမ်းစား 100% organic စိန်တလုံး ပင်မှည့်စစ်စစ်တွေ ရှယ်ရောင်းပေးမယ်နော် / တသက်နဲ.တကိုယ် စိန်တလုံးကိုဒီလောက်ကြီးတာမမြင်ဖူဘူး ဟီး / ကိုယ်တွေကိုင်ထားတဲ့လက်ကြီးတောင်ပျောက်ထွက်သွားတယ် / လုံဝအမှန်အကန် ဘာဓါတ်မြေသြဇာ/ရွက်ဖျန်းဆေး/ပိုးသတ်ဆေး/အသီးတင်ဆေး/အသီးမကြွေဆေး/အိတ်လည်းမစွပ်/ ဘာညာကွိကွ လုံးဝမသုံးဘဲ သဘာဝအတိုင်းပစ်ထား အဲအဲ သေချာစိုက်ပျိုးထားတဲ့ 100% Organic စိန်တလုံးစစ်စစ်တွေ စားလိုက်ရင် အနံ.အရသာက နှလုံးသားကို ဒုန်းကနဲ.ထိသွားစေရမယ် / ဟီးဒါပေမဲ့ ၁ပင်မှ၁၅လုံးလောက်ပဲစမ်းသီးသေးတာမလို. ကိုယ်တွေရဲ.ချစ်လှစွာသောအကိုအမတွေကို ဒီနစ်တော့ရောင်းပေးလို.မရသေးဘူး / နောက်နစ်ကြရင်တော့အပင်ပေါ်မှာပဲပင်မှည့်တွေကို တန်းခူးတန်းပို. တဲ့စနစ်နဲ.ရှယ်ရောင်းပေးမယ်နော် / စျေးကရော မေးမနေပါနဲ. Mary and Duri ကထုတ်တဲ့ product မှန်သမျှ မြန်မာပြည်မှာအကောင်းဆုံး နဲ. စျေးအချိုဆုံးဖြစ်စေရမယ်ဆိုတာသိရဲ.သားနဲ. / အခုလိုအလုံးကြီးတွေဆိုရင် ဆိုင်ကြီးတွေပေါ်သာရောက်ရင် ၁လုံး၁၅၀၀ နဲ.ရောင်းကြမှာ စိတ်ချ ၅၀၀ထက်မကျော်စေရဘူးအခုလိုဂေါင်အလုံးကြီတွေတောင် / ကျန်တဲ့ပုံမှန်အလုံးကြီးတွေကိုတောင် ၃၀၀လောက်နဲ.ရောင်းပေးမှာ / အဲဒါပေမဲ့ စီးပွားဖြစ်ရောင်းတာမဟုတ်ဘဲ သေချာစေတနာနဲ.စိုက်ပျိုးထားတဲ့အပင်၃၀လောက်ပဲရှိလို. အများကြီးတော့ရောင်းမပေးဘူးနော် / ၁ယောက်ကို ၁၀လုံးအလုံး၂၀လောက်ပဲရောင်းပေးမှာ / လူတိုင်းကို 100% organic ပင်မှည့်သီးရဲ.အရသာကိုစားစေချင်တဲ့အတွက်ကြောင့်ပါ /

Mary and Duri ရဲ. အရာသာ heart ထိတဲ့ မွေးနေ.ကိတ်တွေ ဒူးရင်း pillow/crepe တွေစောင့်မျှော်နေတဲ့အကိုအမတွေကတော့ ဟီး ဗိုင်းရပ်ပြသနာကြောင့် ခဏလေးမုန်.လုပ်တာရပ်ပြီးအနားယူနေလို. ဗိုင်းရပ်ပြသနာကင်းတာနဲ.ပြန်လုပ်မယ်နော်မုန်.တွေ / မြန်မာနိင်ငံရဲ. အကောင်းဆုံး Coffee တွေလည်း ရယ်ဒီပဲနော် နေရာစုံဖြန်.ဖို. ဗိုင်းရပ်ပြသနာပြီးတာနဲ.လာမယ်ဗျာ /

Mary and Duri ကိုအားပေးကြတဲ့အကိုအမတွေအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ဘေးရန်အန္တရယ်ကပ်ဆိုးအသွယ်သွယ်က ကင်းဝေးကြပါစေလို.ဆုတောင်းပေးလိုက်ပါတယ်နော်/

COVID-19 ကပ်ရောဂါနိပ်စက်လို. အိမ်ပြင်မထွက်ကြဘဲအိမ်ထဲမှာပဲမိသားစု မွေးနေ.လေးတွေလုပ်ကြတဲ့ အကိုအမတွေ ကိုအားလည်းအားနာတောင်းလ...
12/04/2020

COVID-19 ကပ်ရောဂါနိပ်စက်လို. အိမ်ပြင်မထွက်ကြဘဲအိမ်ထဲမှာပဲမိသားစု မွေးနေ.လေးတွေလုပ်ကြတဲ့ အကိုအမတွေ ကိုအားလည်းအားနာတောင်းလည်းတောင်ပန်ပါတယ်နော် / Mary and Duri လည်း ကုန်ကြမ်းတွေပြတ်ကုန်ပြီးကတည်းက ဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ကိတ်မုန်.ဆိုင်လေး ခဏနားထားလို.ပါနော် / COVID-19 ကလည်းအခြေအနေဆိုးသထက်ဆိုးလာလို. အားလုံးပဲသတိဝိရိယနဲ.ကျန်းမာရေးဂရုစိုက်ကြနော် / ကျန်းမာရေးထက်အရေးကြီးတဲ့အရာ လောကမှာဘာမှမရှိလို. အားလုံး ရှောင်ရန်ဆောင်ရန်အချက်တွေကိုလိုက်နာပြီး မိမိကအစ မိမိ မိသားစု ပါတ်ဝန်းကျင် တိုင်းပြည် ကမ္ဘာကြီး ကိုစောင့်ရှောက်ကာကွယ်ကြပါလို. / Mary and Duri ရဲ. heart ထိတဲ့အကောင်းစားထိပ်တန်းအရာသာနဲ.မုန်.အလန်းစားလေးတွေ ကို COVID-19 ကပ်ဆိုးကြီးပြီးတာနဲ. အမြန်ဆုံး အကိုအမတို.ဆီပြန်လာနိင်အောင်ကြိုးစားနေတယ်နော် /

Mary and Duri ကတော့ ဒီရက်ပိုင်း စိန်တလုံး organic 100% ပင်မှည့် စိုက်ပျိုးရေး လေးလုပ်ပြီး အနားယူလိုက်ဦးမယ် / ပိုးသတ်ဆေး ဓါမြေသြဇာ ဘာညာကွိကွ လုံးဝလုံးဝမသုံးတဲ့ တကယ့်သဘာဝအရသာရနံ.နဲ.ပြည့်စုံတဲ့စိန်တလုံးသရက်သီး ပင်မှည့်စစ်စစ် ရှားမှရှား လေးတွေကိုလည်း နောက်နစ်ကစပြီးရှယ်ရောင်းပေးဖို.ရှိတယ်နော် / လုံးဝ heart ထိသွားစေရမယ် စျေးကွက်ထဲက စားဖူးသမျှ စိန်တလုံးသရက်သီးတွေနဲ. အနံ.အရသာ မိုးနဲ.မြေလိုကွာစေရမယ်ဗျို. /

Mary and Duri ရဲ. မြန်မာပြည်မှာအကောင်းဆုံး ကော်ဖီကိုလည်း COVID-19 မွှေလို. ရောင်းချမဲ့အစီအစဥ်ကိုခဏရပ်ထားရလို. မြန်မာပြည်ရဲ.အကောင်းဆုံးကော်ဖီ နိင်ငံခြားကိုပို.တဲ့တန်ဖိုးကြီးအမျိုးအစားဖြစ်ပြီး သာမန်စျေးနဲ.ရောင်းတဲ့ကော်ဖီ ကိုမြည်းစမ်းချင်လှပါပြီဆိုတဲ့ Coffee Crazy သမားအကိုအမတွေလည်းခဏသည်းခံစောင့်ပေးကြပါဦးနော် / တကယ်ကိုအာမခံပါတယ် မြန်မာပြည်ရဲ.အကောင်းဆုံးကော်ဖီ သောက်ဖူးသမျှကော်ဖီတွေထဲမှာ အကောင်းဆုံး heart ထိမဲ့ကော်ဖီကို သောက်ရပါစေမယ်လို. /

Mary and Duri ကိုအားပေးကြတဲ့အကိုအမတွေအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီး ကပ်ဆိုးအန္တရယ်အသွယ်သွယ်ကိုကျော်လွှားနိင်ကြပါစေလို. နစ်သစ်မှာဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော် /

ကဲ Mary and Duri ရဲ. SWI Coffee ကတော့ 100% export ကော်ဖီကွာလတီအကောင်းစား စျေးအကြီးဆုံးအမျိုးအစားကို အရင်းနီးပါးစျေးနဲ.ရေ...
26/03/2020

ကဲ Mary and Duri ရဲ. SWI Coffee ကတော့ 100% export ကော်ဖီကွာလတီအကောင်းစား စျေးအကြီးဆုံးအမျိုးအစားကို အရင်းနီးပါးစျေးနဲ.ရောင်းချပေးတဲ့ မြန်မာပြည်မှာပထမဆုံး ကော်ဖီဖြစ်လာပါပြီဗျာ /

ပထမဆုံးအနေနဲ. SWI Coffee ကို - သဘာဝ organic စစ်စစ်အကောင်းစားအနံ.အရသာနဲ.ပြည့်စုံတဲ့ ကော်ဖီကိုမြန်မာပြည်မှာရှာနေတဲ့ coffee crazy တွေ / မြန်မာပြည်ကကော်ဖီတွေသောက်လို.မရလို.နိင်ငံခြားတံဆိပ်ကော်ဖီတွေဝယ်သောက်နေရတဲ့ coffee crazy တွေ / မြန်မာပြည်ကသာမန်ကော်ဖီတွေရဲ.စျေးနှုန်းနဲ.တူပြီး နိင်ငံခြားက သောင်းချီနေတဲ့စျေးကြီးကော်ဖီတွေရဲ.အရသာထက်ပိုကောင်းတဲ့ ကော်ဖီကိုသောက်ချင်တဲ့သူတွေ အတွက် ရည်ရွယ်ပါတယ်ဗျာ /

အရမ်းညွှန်းနေရတာလည်းတခြားမဟုတ်ဘူးဗျာ/ကိုယ့်ကော်ဖီအကြောင်းကိုယ်သာအသိဆုံးဆိုတော့ heart ထိအောင်ကောင်းမှာပေ့ါဗျာ / 100g ကို၂သောင်းလောက်နဲ.နိင်ငံခြားကိုတင်ပို.ရောင်းချနေတဲ့ကော်ဖီအမျိုးအစားကို SWI Coffee က 3500Ks ထဲနဲ. အရင်းနီးပါးအတိုင်းရောင်းနေတာမလို.ပါ/ ဝန်ထမ်းခအထွေထွေကုန်ကျစရိတ်/ဆိုင်ခန်းခ/ကြေငြာခ ဘာဆိုဘာမှမရှိလို.အခုလိုစျေးနဲ.ရောင်းတာပါ / အမြတ်ယူတယ်ဆိုရုံအရင်းနီးပါးနဲ.ဘာလို.ရောင်းသလဲဆိုတော့ Mary and Duri ရဲ.ထုံးစံအတိုင်း စေတနာတွေအလွန်အကျွံပေးပြီး မေတ္တာတွေပိုးစိုးပက်စက် ပြန်လို.ချင်လို.ပါဗျာ / လူတိုင်းရဲ.ပါးစပ်ဖျားမှာ SWI Coffee မှ SWI Coffee ဖြစ်နေရင်ကျေနပ်ပြီ/ Coffee ကိုအရူးအမူးစွဲလန်းကြတဲ့အကိုအမတွေ အတွက် အရမ်းစိတ်ချမ်းသာစရာကောင်းတဲ့ ပြီးပြည့်စုံတဲ့ Coffee အဖြစ် SWI Coffee ရှိနေရင် စိတ်ချမ်းသာပြီဗျာ /

အဲ SWI Coffee ရဲ.အားနည်းချက်ကတော့ ကွာလတီအကောင်းစားစျေးအရမ်းကြီးတဲ့ Export Quality ကော်ဖီကို သာမန်စျေးအရင်းနီးပါးနဲ.ရောင်းပေးတာဖြစ်တာရယ် / သေချာ Quality Control နဲ. အိမ်မှာ homemade သေချာကြိတ်ပြီးလုပ်ရတာဖြစ်လို. အများကြီး မထုတ်လုပ်နိင်တဲ့အတွက် စီးပွားဖြစ် လက်ကားပေးဖို. / စီးပွားဖြစ်ရောင်းဖို.လုံးဝ(လုံးဝ) မလုံလောက်တဲ့အတွက် အကိုအမတို.ကို ၁ဦးလျှင် နည်းနည်းချင်းစီပဲရောင်းချပေးနိင်ပါဦးမယ်နော်/

SWI Coffee အမျိုးအစား၃မျိုးရှိပါတယ် / ၃မျိုးစလုံးကတော့မြန်မာပြည်ရဲ. အကောင်းဆုံးကော်ဖီအမျိုးအစား Export Quality တွေဖြစ်လို. ကိုယ်နဲ.ကိုက်မဲ့အနံ.အရသာအနုအကြမ်းစသည်ဖြင့်ရွှေးချယ်သောက်သုံးနိင်ပါတယ်နော် /

မေမြို.ရဲ.အကောင်းဆုံး Export Quality 100g - 2000Ks
ရွှာငံရဲ. အကောင်းဆုံး Export Quality 100g - 2500Ks
လွှယ်မွှေရဲ. အကောင်းဆုံး Export Quality 100g - 3500Ks

PH - 09 77777 88 69

26/03/2020
Coffee ဆိုရင် တမ်းတမ်းစွဲ သောက်တတ်ကြတဲ့ အကိုအမတို.ရှိလားဗျ ! Mary and Duri မှာလည်း ၁နေ.ကို Coffee ၃ ခွက်လောက်မှမသောက်ရရင...
11/03/2020

Coffee ဆိုရင် တမ်းတမ်းစွဲ သောက်တတ်ကြတဲ့ အကိုအမတို.ရှိလားဗျ !

Mary and Duri မှာလည်း ၁နေ.ကို Coffee ၃ ခွက်လောက်မှမသောက်ရရင်မနေနိင်တဲ့ အကိုတယောက်ရှိတယ်ဗျာ / မြန်မာပြည်စျေးကွက်မှာရှိတဲ့ စျေးအမျိုးမျိုးနဲ. Coffee တွေကို နေ.တိုင်းအမုန်းသောက်နေရာကနေ အနံ.အရသာ heart ထိတဲ့ သဘာဝ Organic စစ်စစ် မရှိသလောက်ရှားလို. တဲ့ ကိုယ်တိုင် ပြင်ဦးလွင် ရွှာငံ လွှယ်မွယ် ဒေသတွေထိသွားပြီး မြန်မာပြည်မှာအကောင်းဆုံးဆိုတဲ့ ကော်ဖီစေ့တွေကို ကိုယ်တိုင်ဝယ် / ပြင်သစ်နိင်ငံထုတ် Santos (handmade in france) Coffee အမှုန်.ကြိတ်စက်ကြီးဝယ် / Italy made Delonghi Coffee ဖျော်စက်ကြီးနဲ. သောက်မှ Coffee တခွက်ရဲ.အရသာပြီးပြည့်စုံပြီးလူဖြစ်ရကျိုးတွေနပ်သွားပြီတွေဖြစ်ကုန်ပါလေရော / ဒါနဲ.ပြီးလားဆိုတော့မပြီးသေးဘူး အခုသောက်နေရတဲ့ Coffee သဘာဝအကောင်းစားအရသာမျိုးကို Coffee ချစ်တဲ့သူတွေကိုလည်းသောက်စေချင်လိုက်တာ ဆိုတဲ့အတွေးပေါ်လာတော့ homemade သဘာဝ Coffee တွေကို အရသာအကောင်းဆုံး စျေးနှုန်းအချိုသာဆုံး ကျန်းမာရေးနဲ.အညီညွှတ်ဆုံး ဖြန်.ပေးဖို. Mary and Duri ကိုပြောတော့ ဒီလိုကွာလတီအကောင်းဆုံးကို အရင်းနီးနီးမြတ်တယ်ဆိုရုံလောက်ပဲယူပြီး စေတနာထားရောင်းချင်တဲ့စိတ်က Mand and Duri နဲ.လာတူနေတော့ Mary and Duri ရဲ.စံအတိုင်းရောင်းပေးရတော့မှာပေ့ါဗျာ /

Coffee အမျိုးအစားကို ၃မျိုးရောင်းပေးမယ်နော် အကိုအမတို.

ပြင်ဦးလွင် က အကောင်းဆုံး Export Quality Coffee
ရွှာငံ က အကောင်းဆုံး Export Quality Coffee
လွှယ်မွှေ က အကောင်းဆုံး Export Quality Coffee

ဆိုပြီး၃မျိုး ရှိပါတယ်/

ပြင်ဦးလွင် က Export Quality အမျိုးအစားကတော့ ပြင့်ဦးလွင်ရဲ.နာမည်ကြီး Coffee တွေထဲက အကောင်းဆုံး အမျိုးအစားဖြစ်ပါတယ်/ ပြင်ဦးလွင် Coffee ကို လူတန်းစားမရွှေးသောက်သုံးနိင်တဲ့စျေး နဲ. 100g ကို 2000Ks
ရွှာငံ က Export Quality အမျိုးအစားကတော့ ရွှာငံရဲ.နာမည်ကြီး Coffee တွေထဲက အကောင်းဆုံးအမျိုးအစားဖြစ်ပြီး စျေးနှုန်းကတော့ 100g ကို 2500Ks
လွှယ်မွှေ က Export Quality အမျိုးအစားကတော့ မြန်မာနိင်ငံရဲ.အကောင်းဆုံး Coffee အမျိုးအစားဖြစ်ပြီး မြန်မာနိင်ငံမှာတောင်ရောင်းချတာအရမ်းရှားပါတယ် / စျေးကြီးကြီးနဲ. နိင်ငံခြားကို တင်ပို.တဲ့အမျိုးအစားဖြစ်ပါတယ် / ဒီ လွှယ်မွှေ အမျိုးအစားကိုသောက်ပြီးရင်တော့ Coffee ချစ်သူအကိုအမတို. မြန်မာနိင်ငံရဲ.ဘယ် Coffee အမျိုးအစားကိုမှ ပြန်သောက်လို.ရတော့မှာမဟုတ်ဘူးဗျာ / 100g ကို 3500Ks ပါ /

နောက်ဆုံးအနေနဲ.ကတော့ သဘာဝ Coffee အကောင်းစား စစ်စစ် ကို သောက်စေချင်တဲ့စေတနာတခုနဲ.လုပ်တာဖြစ်လို. စီးပွားဖြစ်များများလည်း မထုတ်လုပ်နိင်သေးပါဘူး / တနိင် homemade စစ်စစ် ဖြစ်လို. စျေးနှုန်းကလည်း အကောင်းဆုံးစျေးအကြီးဆုံး Coffee ကို စျေးအသက်သာဆုံးမြတ်တယ်ဆိုရုံ အမြတ်ကလေးပိစိကွေးနဲ.ရောင်းပေးတာပါ / ဆိုင်ခန်းခ ဝန်ထမ်းခ ကြေငြာစရိတ် အထွေထွေစရိတ်တွေမရှိလို. ဒီလိုစျေးနဲ.ဒီလိုကွာလတီကိုရောင်းပေးနိင်တာပါဗျာ /

Mary and Duri က ရောင်းတဲ့ လွှယ်မွှေ Export Quality 100g 3300Ks တန်က စူပါမားကတ်တွေမှာ သောင်းကျော်စျေးနဲ.ရောင်းတာပါ / ကဲ မြန်မာပြည်ရဲ. အကောင်းဆုံး Coffee ကိုမြည်းစမ်းကြည့်ဖို. အဆင်သင့်ဖြစ်ပြီလား အကိုအမတို. /

Mary and Duri ရဲ. အလွှာအထပ်ထပ်လေးတွေနဲ.လုပ်ထားတဲ့ crepe မွေးနေ.ကိတ်လေးတွေကို စံချိန်တင်အားပေးကြမ်းကြလွန်းလို. မုန်.လုပ်တ...
11/03/2020

Mary and Duri ရဲ. အလွှာအထပ်ထပ်လေးတွေနဲ.လုပ်ထားတဲ့ crepe မွေးနေ.ကိတ်လေးတွေကို စံချိန်တင်အားပေးကြမ်းကြလွန်းလို. မုန်.လုပ်တဲ့မုန်.ဆရာတောင် ၁ရက်ကို ၁၈နာရီနှုန်းနဲ. စားချိန်အိပ်ချိန်တွေမမှန် နဲ. ပျော်ပျော်ကြီးမုန်.တွေဖိလုပ်လိုက်တာ အာရုံကြောအားနည်းတဲ့ရောဂါဖြစ်သွားလို. ဆရာဝန်က ကျွမ်းကျင်အကူတွေမခေါ်ဘဲ အခုလို ၁ယောက်ထဲ အဓိက လုပ်နေမယ်ဆိုရင် မုန်.လုပ်တာကို စွန်.လွှတ်ဖို.အထိပြောတော့ ကြေကွဲပီး ကျွမ်းကျင်မုန်.ဆရာ မုန်.အကူတွေ သေချာစုံမှ Mary and Duri မုန်.သေချာပြန်လုပ်နိင်ပါတော့မယ်နော် / တနေ. တနေ.ကို တောင်ငူ ရေတာရှည် ကေတုမတီမြို.သစ် ၃မြို.ပါတ်ချာလည်က အကိုအမတို.ရဲ. ကိတ် order တွေက အလုံး ၂၀ကျော်၃၀ကျော်တွေထိဖြစ်ကုန်တော့ တနေ.တနေ. သေချာတကူးတကလာမှာကြတဲ့အကိုအမတွေ သေချာရက်ကြိုပြီးမှာကြတဲ့အကိုအမတွေ တွေ ၁၀ယောက်လာရင်၈ယောက်လောက် order cancel ပေးနေရတော့ ကြာလာရင် ညိုငြင်သွားမှာလည်းကြောက်လို. အခုလို အခိုက်အတန်.တခု မုန်.လုပ်တာကိုနားလိုက်ရတာပါနော် / ဒါပေမဲ့ မုန်.ဆရာကတော့ ၂ပါတ်ကျော်နားပီး အားပြည့်လာတော့ မုန်.မလုပ်ရရင် ဘဝကြီးက ပျင်းစရာကောင်းတယ်တို.ဘာတို. တွေဖြစ်လာတော့ ဆရာဝန်နဲ.တိုင်ပင်ပြီး အပျော်တမ်း ၁နေ.ကို မွေးနေ.ကိတ် ၃လုံးထက်မပိုပဲ လုပ်ချင်ရင်တော့လုပ်ခွင့်ပေးလိုက်လို. Mary and Duri ဆိုင်သေချာမဖွင့်ခင်အချိန်ထိ ကေတုမတီမြို.သစ်တမြို.ထဲပဲသီးသန့် ၁ရက်ကို မွေးနေ.ကိတ် ၃လုံးလောက် လုပ်ဦးမယ်နော် / ဒါတောင် မြို.သစ်က ၁နေ.၁နေ.မွေးနေ.ကိတ်က ၈လုံးလောက်အနည်းဆုံးရှိနေတော့ သေချာကိတ်ယူချင်တဲ့အကိုအမတို. ၂ရက်လောက်ကြိုမှာထားပေးဦးနော်/

အဲ နောက်ထပ်သတင်းကောင်းတခုက Mary and Duri မုန်.ခဏနားနေချိန်အတွင်းမှာ Mary and Duri ရဲ.အကိုတွေလုပ်တဲ့ Coffee အလန်းစားအမိုက်စား လေးတွေ ရမယ်နော် / Coffee Crazy သမားတွေပျော်ပေတော့ / Mary and Duri ရဲ.စံနှုန်းအတိုင်း အရာသာအကောင်းဆုံး စျေးနှုန်းအချိုသာဆုံး ကျန်းမာရေးနဲ.အညီညွှတ်ဆုံးဖြစ်စေရမယ်နော် / Mary and Duri ရဲ. Coffee products လေးတွေအကြောင်းအသေးစိတ်ပိုစ့်တင်ပေးမယ်နော်/ Mary and Duri ကို အားပေးကြတဲ့အကိုအမတွေအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေနော်/

Address

Taungoo

Telephone

09777778869

Website

Alerts

Be the first to know and let us send you an email when Mary & Duri posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Our Story

Mary & Duri Bakery ဆိုင်လေးက Homemade သီးသန်. Organic Bakery လေးဖြစ်လို. အရောင်ဆိုးဆေး အနံ.နဲ.တာရှည်ခံဓာတုဆေးဝါးတွေလုံးဝ (100%) မသုံးလို. စိတ်ချလက်ချ လက်လက်ဆတ်ဆတ် အရာသာရှိရှိ မုန်.လေးတွေကိုအားပေးလို.ရပါတယ်နော်။

“ အရသာအရှိဆုံး ဈေးနုန်းအချိုသာဆုံး “ Mary & Duri Bakery