Wai Phyo

Wai Phyo မွေးနေ့ကိတ်မုန့်များနှင့် အရသာရှိသ

သန့်ရှင်းလက်ဆက်သေားပျားရေကိတ်
04/07/2023

သန့်ရှင်းလက်ဆက်သေားပျားရေကိတ်

02/07/2023
ကျွန်ုပ်ရဲ့ စောင့်ကြည့်သူ အသစ်စက်စက်တွေကို ကြိုဆိုပါရစေ။ ကျွန်ုပ်နဲ့ စောင့်ကြည့်ပေးတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။Ei Thand...
02/07/2023

ကျွန်ုပ်ရဲ့ စောင့်ကြည့်သူ အသစ်စက်စက်တွေကို ကြိုဆိုပါရစေ။ ကျွန်ုပ်နဲ့ စောင့်ကြည့်ပေးတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။

Ei Thanda Kyaw, Mmo Myint, May Theat Pan, Htun Win Aung, Thwe Thwe, Khaing Khant Tun, Cherry May, Moe Ohmar, Ko Htet, နွေ ဦး

သန့်ရှင်းလက်ဆတ်ပြီးဘေးထွက်ဆိုးကြိုးမရှိတဲမုန်လေးတွေမှနှစ်သက်ကြတဲကျွန်တော်မိတ်ဆွေသူငယ်ချင်းများဝေမျှပေးလိုက်ပါတယ်ခမျာ
02/07/2023

သန့်ရှင်းလက်ဆတ်ပြီးဘေးထွက်ဆိုးကြိုးမရှိတဲမုန်လေးတွေမှနှစ်သက်ကြတဲကျွန်တော်မိတ်ဆွေသူငယ်ချင်းများဝေမျှပေးလိုက်ပါတယ်ခမျာ

24/06/2023
Kittiကွတ်ကီး
24/06/2023

Kittiကွတ်ကီး

ကျွန်ုပ်ရဲ့ စောင့်ကြည့်သူ အသစ်စက်စက်တွေကို ကြိုဆိုပါရစေ။ ကျွန်ုပ်နဲ့ စောင့်ကြည့်ပေးတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။Kaung Xt...
24/06/2023

ကျွန်ုပ်ရဲ့ စောင့်ကြည့်သူ အသစ်စက်စက်တွေကို ကြိုဆိုပါရစေ။ ကျွန်ုပ်နဲ့ စောင့်ကြည့်ပေးတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။

Kaung Xtet, Ćhü Wäî Khêť, Hnin Nandar Win

31/08/2022

"တန်ဖိုးရှိသော စာ"
💟💟💟💟💟❣
၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ

၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။

၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ

၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။

၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။

၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။

၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတက်အောင် ကြိုးစားပါ။

၈။ ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ရာရှာတဲ့အရွယ် ကြင်ရာရှာပါ
ပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့
ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာ မလုံလောက်သေးဘူး။

၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာပမာသူတောင်းစားတဲ့။

၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချို့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန် လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ်

၁၁။ လူတိုင်းကို မယုံမိပါစေနဲ့။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်

၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။

၁၃။ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။

၁၄။ အားနာရင် ခါးပါတတ်တယ်။
မဖြစ်နိုင်ရင် လိမ်မားပါးနပ်စွာ ရဲရဲငြင်းဆိုပါ ။

၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့
မျှော်လင့်ချက်က တနေ့ ဒုက္ခပေးတတ်တယ်။

၁၆။ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။

၁၇။ ပေးကမ်းပါ စွန့်ကျဲပါ တစုံတခုပြန်ရဖို့ မမျှော်လင့်ပါနဲ့။

၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။

၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။

၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။

၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။

၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။

၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက်တစ်စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်။

၂၄။ ချွေတာသင့်တာ ချွေတာပြီ စုဆောင်းသင့်တာ စုဆောင်းပါ ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်။

၂၅။ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမှာပဲ။

၂၆။ တနေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ပျိုးထောင်ပါ။

၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ်လိုလူလဲဆိုတာ သုံးသပ်ပါ။

၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ်က လက်မထောင်နိုင်အောင် ကြိုးစားပါ။

၂၉။ အချိန်မီကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို တောင်းပန်စကားပြောဖို့လည်း ဝန်မလေးမိပါစေနဲ့။

၃၀။ လူအချို့က ဝေဖန်လာရင် လက်ခံနိုင်ဖို့ ကြိုးစားပါ။
အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် ။ ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ။

31/08/2022

စိတ်ဓာတ် ယုတ်မာသူ အတွက်
ပညာတတ်ခြင်းဟာ အလကားပဲ…

မျော်လင့်ချက် မရှိသူအတွက်
မနက်ဖြန် ဆိုတာ အလကားပဲ…

သင်္ခန်းစာ မယူတတ်သူအတွက်
အတွေ့ကြုံ ဆိုတာ အလကားပဲ…

ကျေးဇူးမသိ ကျေးဇူးကမ်းသူအတွက်
ကူညီပေးမှု့ဟာ အလကားပဲ…

အတ္တဆန်ပြီး တကိုယ်ကောင်းဆန်သူအတွက်
ခေါင်းဆောင် ဆိုတာ အလကားပဲ…

ခံစားချက် မရှိသူ အတွက်
နှလုံးသား တစ်စုံဟာ အလကားပဲ…

မကြိုးစားသူ အတွက်
အခွင့်အရေး ဆိုတာ အလကားဘဲ…

နှမြောတွန့်တိုတတ်သူ အတွက်
ချမ်းသာခြင်းဟာ အလကားပဲ…

စိတ်ထားယုတ်သူ အတွက်
ရုပ်လှခြင်းဟာ အလကားပဲ…

မိုက်မဲပြီး ဆင်ခြင်တုံတရား မရှိတဲ့ တပည့်အတွက်
ဆရာကောင်းဟာ အလကားပဲ…

ပေးကမ်းစွန့်ကြဲမှု့ မရှိသူအတွက်
ပေါများခြင်းဟာ အလကားပဲ…

ကုသိုလ်မပြုသူ အတွက်
ဘဝဖြစ်တည်ခြင်းက အလကားပဲ…

ပိုင်ဆိုင်ခွင့် ရတိုင်း
ပျော်ရွှင်ရမယ် မထင်နဲ့
လောဘနဲ့ အတ္တကြောင့် ပူလောင်နိူင်တယ်…

ဆုံးရှုံးသွားတိုင်း
ဝမ်းနည်းပူဆွေး ရမယ်မထင်နဲ့
မေတ္တာထားတတ်ရင် ငြိမ်ချမ်းတယ်…

အရှုံးပေးတိုင်း အနိူင်ရတယ်မထင်နဲ့
တစ်ပါးသူရဲ့ စိတ်ခံစားမှု့ကို မြင်အောင်
မကြည်နိူင်ရင် ရှုံးတာပါပဲ…

အပိုင်ရသွားလို့ အလေးမထားတော့ဘူးလား
ဆုံးရှုံးသွားမှ တန်ဖိုးဆိုတာ နားလည်ရင်
အဲ့ဒီဆုံးရှုံးခြင်းဟာ……နောင်တပဲဖြစ်လာမှာ…

စွန့်လွတ်တိုင်းလည်း
ဆုံးရှူံးရတာ မဟုတ်ဘူး
ပိုင်ဆိုင်ရတိုင်းလည်း
ဖမ်းဆုပ်ခွင့် ရှိချင်မှရှိမယ်…

နားလည်မှု့မရှိရင် နီးနေလည်း
အလကားပဲ…
တစ်ယောက်နဲ့တစ်ယောက်
စိတ်ခြင်းဝေးတဲ့ အခါ ပျော်ရွှင်မှုဆိုတာလည်း
ရှိမလာနိူင်ဘူး…

ဘယ်လောက် ဝေးဝေး
စိတ်ခြင်းနီးနေမှ နားလည်မှုတွေ ယုံကြည်မှုတွေ
အသက်ဝင်မှာ ပျော်ရွှင်ခြင်းတွေလည်း
အလိုလိုရောက်လာမှာလေ……။

Crd;Original Writer

----------------------------------

Address

Bago Street
Taungoo

Website

Alerts

Be the first to know and let us send you an email when Wai Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wai Phyo:

Share

Category