08/03/2022
😍
Japanese cheese cake
ပြုလုပ်ချိန် -1နာရီ40မိနစ်
7လက်မ ကိတ်တလုံးစာအတွက်
ပါဝင်ပစ္စည်းများ
1.ထောပတ်-50g
2.cream cheese -50g
3.ကြက်ဥအနှစ်-4လုံး
4.ဗနီလာအနံ့-လက်ဖက်ရည်ဇွန်း1ဇွန်း
5.ကိတ်ဂျုံ-30g
6.ပြောင်းဂျုံ-30g
7.ကြက်ကာအကာ-7လုံး
8.သကြား-65g
9.ဆား-လက်ဖက်ရည်ဇွန်း1/4ဇွန်း
ပြုလုပ်နည်း
1. 7လက်မကိတ်မှိုကို ထောပတ်ဆီသုတ်၍ လိုအပ်လျှင် ဆီစိမ်စက္ကူခင်းထားပါ။မီးအပူချိန်အပေါ်အောက်160ဒီဂရီ တင်ထားပါ။
2.ထောပတ်,cream cheese,ဆားတို့ကို အိုးထဲထည့်၍ မီးအနည်းငယ် ပြပီး ခပ်နွေးနွေး အရည်ဖျော်ပါ။
3.အရည်ဖျော်ပီးရင် ကြက်ဥအနှစ်ကို တလုံးစီထည့်၍ မွှေခြင်းလုံးဖြင့်မွှေပါ။ကိတ်ဂျုံ၊ပြောင်းဂျုံ၊ဗနီလာနံ့တို့ကို ဇကာစစ်၍ ဖြည်းဖြည်းချင်းထည့်ပီး ရောမွှေပါ။
4.ကြက်ဥအကာကို အိုးထဲထည့်၍ hand mixerဖြင့် အနည်းငယ် အမြုပ်ထပီး ဖြူလာအောင်ရိုက်ပါ။သကြားကို ဖြေးဖြေးချင်း ကြက်ဥအကာထဲထည့်၍ high speed ဖြင့် ကြက်ဥအကာ ခရင်မ်လိုဖြူပြီး လက်ဖြင့်တို့၍ ဆွဲကြည့်ရင် ကြက်တူရွေးနှုတ်သီးလို အမျှင်တန်းနေရင်ရပါပီ။meringueလို့လဲခေါ်ပါတယ်။
5.အခုနကြက်ဥအကာကို တဝက်ယူပီး ပထမလုပ်ပီးသော မုန့်နှစ်များထဲသို့ထည့်ပီး ရောမွှေပါ။ဒုတိယတဝက်ကို ထည့်ပီး ဖြည်းညင်းစွာရောမွှေပါ။7လက်မကိတ်ဗန်းထဲ ထည့်၍ အပေါ်အောက်မီးအပူချိန် 160ဒီဂရီ ရှိသော မီးဖိုထဲသော 25မိနစ်ခန့်ဖုတ်ပါ။
ပီးရင် 140ဒီဂရီဖြင့် 1နာရီခန့်ဖုတ်ပါ။
ကိတ်ဗန်းထဲကို ရေရှိသောဗန်းထဲ ထည့်၍ ရေခံပီးဖုတ်ပါ။ကျက်မကျက်ကို သွားကြားထိုးတံဖြင့် ကိတ်အလည်တည့်တည့်ကို ထိုးကြည့်ပါ။
တုတ်ခြောက်ရင် ကျက်ပါပီ။
စိုနေရင် အနည်းငယ်ပြန်ဖုတ်ပါ။
ကိတ်ဗန်းကို မီးဖိုထဲမှာ ထုတ်ပီး 10မိနစ် အအေးခံပါ။ပီးရင်ဗန်းထဲကထုတ်ပီး အအေးခံပါ။အေးသွားရင် အပေါ်မှ သကြာမူန့်ကို ဇကာစစ်ဖြူးပီး အရသာရှိစွာ စားသုံးနိုင်ပါပီ။
May Online Shopping
Credit Taste window book