Taste

Taste Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Taste, Myaungmya.

28/11/2022

WM Motor (Weltmeister) ရဲ့ W5 Electric SUV အကြောင်း

ခုဆိုရင်မြန်မာနိုင်ငံထဲမှာ EV ကားတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ အရမ်းကို မြင့်တက်လျက်ရှိနေပါတယ်…. စိတ်ဝင်စားသူတွေအနေနဲ့ EV ကားတွေရဲ့ စွမ်းဆောင်ရည် ၊ ဘတ်ထရီ နဲ့ ကြာရှည်ခံမှုဘယ်လောက်ထိရှိမယ် ဆိုတာမျိုးတွေ မှာ မြန်မာနိုင်ငံအနေနဲ့ ပထမဦးဆုံး EV ကားလောကမှာ စတင်ရင်းနှီးမှာဖြစ်တဲ့အတွက် အများကြီးဆွေးနွေးငြင်းခုံမှုတွေ ရှိနေဥ◌ီးမှာပါပဲ …

EV ကားတွေထဲက မှ လတလော နိုင်ငံတကာမှာ စိတ်ဝင်စားမှု မြင့်တက်နေပြီး မြန်မာနိုင်ငံကိုလည်း မကြာခင် ဝင်လာတော့မယ်လို့ ယူဆရတဲ့ ကားတစ်စီးအကြောင်းကို တင်ပြပေးလိုက်ပါတယ်

ကားနာမည်ကတော့ WM Motor (Weltmeister) ရဲ့ W5 Electric SUV ကားလေးနဲ့ အရင်ဆုံး မိတ်ဆက်ပေးပါရစေ…

ဒီကားအကြောင်းကို စပြောမယ်ဆိုရင် သူ့နာမည် နဲ့ သူလာတဲ့ နိုင်ငံ အကြောင်းကနေ စပြောရမှာပါ ကားတိုင်းကားတိုင်မှာတော့ နာမည်ကိုယ်စီ အဓိပ္ပါယ်ကိုယ်စီရှိကြတဲ့ထဲက ဒီကားနာမည်ကတော့ German အသံထွက်နဲ့ထွက်ရမှာဖြစ်ပြီး အဓိပ္ပါယ်ကတော့ ‘’ world champion’’ လို့ ခေါ်ပါတယ် ။ တစ်ကမ္ဘာလုံးမှာ တစ် ဖြစ်ရမယ်လို့ ကြိမ်းဝါးတဲ့ အဓိပ္ပါယ်လို့ ယူဆရပါတယ်

Weltmeister W5 ကားတွေကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ အခြေစိုက်ဖြစ်ပြီးတော့ Germany မှာရှိတဲ့ Isdera AG နဲ့ပူးပေါင်းပြီး ကားတွေ အများကြီး ထုတ်လုပ်ရောင်းချေနေတာပဲဖြစ်ပါတယ်

ဒါဆို Weltmeister W5 ဒီကားက ဘာတွေ ကောင်းမလည်း ? သူ့စွမ်းဆောင်ရည်ကဘယ်လောက်ရှိမလည်း ဆိုတာလေး ဆက်သွားလိုက်ရအောင်

Motor Capacity
=======
Motor ပိုင်းမှာဆိုရင် American Company BorgWarner ရဲ့ Electric Motor တစ်လုံးကို FWD အနေနဲ့ တပ်ဆင်ထားပြီး 315Nm အထိ စွမ်းဆောင်ရည်ရှိမယ်လို့ ဖော်ပြထားပါတယ်

Battery
=======
52kwh ရှိတဲ Ternary Lithium Battery ကြောင့် အားအပြည့်သွင်းထားရင် 400km အထိ မောင်းနှင်းနိုင်မယ်ကြားထားတဲ့အတွက် မဆိုးဘူးလို့ ပြောရမှာအသေချာပါပဲ.

Speed
=======
မြန်နှုန်းပိုင်းမှာဆိုရင်လည်း 0-100km/h ကို 8.3sec ထဲနဲ့တင်ပြီး 180km/h ထိ အမြန်ဆုံး မောင်းလို့ရတယ်ပြောထားပါတယ်

Charging
=======
AC နဲ့ အားသွင်းမယ်ဆိုရင် ၈ နာရီကျော်လောက်ကြာပြီးတော့ DC fast charging နဲ့ဆိုရင် 30%-80% ကို 30mins ပဲ ကြာမှာဆိုတော့ အေးအေးဆေးဆေးကို ခရီးထွက်နိုင်မယ်လို့ ယူဆပါတယ်
ဒီမှာပြောချင်တာက ခရီးတွေသွားဖို့ဆိုရင်တော့ လမ်းခရီးတစ်လျောက်မှာ charging station တွေ အများကြီးရှိနေမယ်လို့ လည်း ယူဆထားပါတယ်

ရေလုံမှုစနစ်
=======
ခု EV ကားတွေကို လူတွေအားလုံး စိတ်ဝင်စားတဲ့ နောက်တစ်ချက်က မိုးတွင်း ဒါမှမဟုတ် ရေအိုင်တွေထဲ ကားဖြတ်မောင်းတော့မယ်ဆိုရင် ရေလုံပါ့မလားဆိုတာကို စိတ်ပူကြမယ် မေးချင်ကြမယ်ဆိုတာ သိသာနေပါတယ်…

ဒါတွေအတွက်လညး် သူတို့ Company ဘက်က စိတ်ပူစရာမလိုဘူးလို့ပြောထားပါတယ် Weltmeister W5 ကားတွေအားလုံးရဲ့ Battery ရေလုံမှုစနစ်က IP68 အထိပါတာမို့ စိတ်ပူစရာမလိုပါဘူးတဲ့…

တခြားပြောြပစရာအချက်တွေကတော့ အများကြီးပဲ ရှိသေးတာမို့ စာဖတ်သူတွေအနေနဲ့ အဆင်ပြေအောင် အောက်မှာသူ့ရဲ့ Sepcificaions တွေကို ချပြပေးထားပါတယ်

ခုရေးထားတဲ့စာတွေအားလုံးက နိုင်ငံခြား Website ကနေ ရှာပြီးရေးထားတာမို့ မြန်မာနိုင်ငံကိုဝင်လာမယ့် Weltmeister W5 အနေနဲ့ တော့ အနည်းငယ်ပြောင်းလဲမှုရှိကောင်းရှိမယ်လို့ ယူဆပါတယ်

ကားဈေးနှုန်းကိုတော့ WM Motor Myanmar သူတို့ Official page က ကြေငြာမှပဲ သိရမှာမို့ မထည့်ပေးထားပါဘူး

2022 WM W5 Dimensions
Overall Length: 4,585 mm
Overall Width: 1,835 mm
Overall Height: 1,672 mm
Wheelbase: 2,703 mm
Ground Clearance: 174 mm
Trunk Volume: 488 to 1,500 liters

2022 Weltmeister W5 Chassis & Steering
Front Wheel Drive
Front MacPherson Strut Suspension
Rear Torsion Beam Axle
Electric Power Steering w/ Standard/Sport Mode
Tilt/Telescopic Adjustment
Front Ventilated Disc Brake
Rear Solid Disc Brake
Electronic Parking Brake w/ Auto Hold
2022 Weltmeister W5 Safety Features
6 SRS Airbags
Tire Pressure Monitoring System
ABS + EBD
Electronic Stability Program
Hill Start Assist
Hill Descent Control
Front & Rear Parking Sensors
360-degree Camera
Blind Spot Detection
Lane Departure Warning
Cruise Control

2022 Weltmeister W5 Exterior Features
LED Exterior Lights
Manual Adjustable Headlight Height
Automatic Headlights
Steering Assist Lighting
Rear Fog Lamp
Electric Hidden Door Handle w/ Light
Automatic Folding Side View Mirrors
225/55R18
Panoramic Sunroof
Power Tailgate
Interactive Luminous Logo
External Noise Alert

2022 Weltmeister W5 Interior Features
Multi-function Steering Wheel Controls
Front & Rear LED Reading Lights
Rotary Electronic Gear Selector
Black PVC Seating Material
60/40 Split-Folding Rear Seat
6-way Power Adjust Driver’s Seat
4-way Power Adjust Front Passenger Seat
On-board Computer
Dual Zone Climate Control w/ Rear Vents
Integrated Dashcam
15.6-inch HD Touchscreen w/ 4 Speakers
Bluetooth Hands-Free, Audio Streaming

ခုတင်ဆက်ပေးတဲ့သတင်းကတော့ Weltmeister W5 EV ကားရဲ့ သတင်းပဲဖြစ်ပါတယ် နောက်ရက်တွေမှာလည်း EV ကားတွေအကြောင်း ဆက်တိုက်ရေးတင်သွားဖို့ရှိလို့ Page ကို Like and see first လေးလုပ်ထားကြပါလို့
EV အကြောင်း စိတ်ဝင်စားသူတိုင်းအတွက် ရှိနေမှာပါ


WM Motor Myanmar မှ ကြေငြာထားတဲ့ W5 EV ရဲ့ ဖိလစ်ပိုင်နိုင်ငံက အပြင်ပုံလေးတွေပါ- ဖိလစ်ပိုင်နိုင်ငံ မှာရောင်းချတဲ့ဈေးက $44...
26/11/2022

WM Motor Myanmar မှ ကြေငြာထားတဲ့ W5 EV ရဲ့ ဖိလစ်ပိုင်နိုင်ငံက အပြင်ပုံလေးတွေပါ

- ဖိလစ်ပိုင်နိုင်ငံ မှာရောင်းချတဲ့ဈေးက $44000 ဝန်းကျင် လောက်ရှိပေမယ့် WM Myanmar Page ရဲ့ comment မှာက ၁၂၀၀ မကျော်ဘူး Philippines က ဈေးထက်သက်သာပါလိမ့်မယ်ဆိုပီး ပြန်ဖြေထားလေး comment မှာတွေ့တာမလို့ ဘယ်လောက်သက်သာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်

- ဖိလစ်ပိုင်နိုင်ငံမှာရောင်းချတဲ့ W5 ရဲ့ Specs နဲ့ အသေးစိတ်ကိုကြည့်ဖို့အတွက် comment မှာ link ချပေးထားပါတယ် အရှေ့တောင်အာရှနိုင်ငံတွေပဲမလို့ မြန်မာကိုလာမယ့်ကားက ဖိလစ်ပိုင်နဲ့ ထပ်တူမကျရင်တောင် အနီးစပ်ဆုံးတူမယ်လို့ခန့်မှန်းရပါတယ်

(သူ့ရဲ့ specs တွေ features တွေ အပြင် solid ဖြစ်တဲ့ build quality ,သပ်ရပ်တဲ့ interior design ကို Top Gear Philippines ရဲ့Video အရ မြင်သာပါတယ်)

- ကျွန်တော့်အမြင်အရတော့ ဒီကားကို မြန်မာနိုင်ငံကို ဝင်လာဖို့သေချာနေတဲ့ segment တူ BYD Atto 3 & Neta U ရဲ့ ဈေးဝန်းကျင် $35000-$38000 နဲ့လာရောင်းခဲ့ရင်တော့ တကယ်ရွေးဖို့အတွက် မိုက်မှာပါ သက်သာလေ EV ဝယ်စီးချင်သူတွေ အတွက်အဆင်ပြေလေမလို့ အဲ့ထက်လျှော့ရောင်းပေးလဲ စိတ်မဆိုးပါဘူး xD

Credit - Eldwin Khant (26/11/2022) Club Myanmar

Photo credit to Original Uploader

နေလောင်ဒဏ်ကိုသက်သာပျောက်ကင်းစေမယ့် အိမ်တွင်းကုထုံး (၅)မျိုး❗နေပူပူမှာ အပြင်ထွက်တာများလို့ အသားတွေမည်းပြီး နေလောင်ဒဏ်ကို ...
25/02/2021

နေလောင်ဒဏ်ကိုသက်သာပျောက်ကင်းစေမယ့် အိမ်တွင်းကုထုံး (၅)မျိုး❗

နေပူပူမှာ အပြင်ထွက်တာများလို့ အသားတွေမည်းပြီး နေလောင်ဒဏ်ကို ခံစားနေရပြီလား ... ??

Sunburn ဆိုတဲ့ နေလောင်ဒဏ်ရဲ့ လက္ခဏာတွေကတော့ ...

☀️အသားအရေအရောင် (Skin tone)က ပန်းရောင် ဒါမှမဟုတ် အနီရောင်စသဖြင့် ပြောင်းလဲသွားမယ်
☀ အရေပြားကို ထိလိုက်ရင် ပူနေတာမျိုး နွေးနေတာမျိုးဖြစ်နေမယ်
☀ အရေပြားကို အထိမခံနိုင်တာ၊ နာကျင်တာမျိုးတွေဖြစ်မယ်
☀ အသားရေရောင်အမ်းနေတာမျိုးတွေ၊ဖောင်းနေတာမျိုးတွေဖြစ်မယ်
☀ အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေထွက်နိုင်တယ်
☀ ခေါင်းကိုက်မယ်၊ ဖျားမယ်
☀ မအီမသာနဲ့ ပျို့အန်ချင်သလိုမျိုးတွေဖြစ်ပြီး ပင်ပန်းနွမ်းလျနေမယ်
☀ မျက်လုံးတွေစပ်နေမယ်

ဒီလိုမျိုးတွေဖြစ်လာပြီဆိုရင် အကုန်အကျနည်းပြီး လွယ်ကူလျှင်မြန်တဲ့ အိမ်တွင်းကုထုံးတွေအဖြစ် ဒီနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆို Share ထားနော်။
ဗဟုသုတနဲ့ သတင်းတွေရသဆောင်းပါးတွေဖတ်ချင်ရင် Taste Media ကို Like လုပ်ပြီး Get Notification လုပ်ထားတာနဲ့ အမြဲဖတ်နိုင်ပါပြီ။

https://tastemm.com/lifestyle/remedyforsunburn/

ခန္ဓာကိုယ်ကို အားအင်ပြန်လည်ပြည့်ဝစေမယ့် အစားအစာများ ရာသီဥတုပူပူမှာ လှုပ်ရှားသွားလာရများတဲ့အခါ ခန္ဓာကိုယ်အားအင်ကုန်ခမ်းလာ...
19/02/2021

ခန္ဓာကိုယ်ကို အားအင်ပြန်လည်ပြည့်ဝစေမယ့် အစားအစာများ

ရာသီဥတုပူပူမှာ လှုပ်ရှားသွားလာရများတဲ့အခါ ခန္ဓာကိုယ်အားအင်ကုန်ခမ်းလာတတ်ပါတယ်။
ဒါကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်တွေပြန်လည်ဖြည့်တင်းပြီး ကျန်းမာကြံ့ခိုင်လာစေဖို့ အကောင်းဆုံးအစားအစာ (၅)မျိုးကို ဝေမျှပေးလိုက်ပါတယ်။ ပုံမှန်နေ့စဉ်စားနေကြအစားအစာတွေထဲကပဲ ဖြစ်လို့ လွယ်လွယ်ကူကူနဲ့ အဓိကထားပြီးပိုစားသုံးနိုင်တာပေါ့။

ကြိုက်နှစ်သက်တယ်ဆို Share ထားနော်။
ဗဟုသုတနဲ့ သတင်းတွေရသဆောင်းပါးတွေဖတ်ချင်ရင် Taste Media ကို Like လုပ်ပြီး Get Notification လုပ်ထားတာနဲ့ အမြဲဖတ်နိုင်ပါပြီ။

https://tastemm.com/lifestyle/rechargefoodsforyourbody/?preview=true&_thumbnail_id=2407

အလှဆုံးအိပ်မက်မြို့တော်အကြောင်း (သို့) ဒါဖတ်ပြီးမှ ဆွစ်ဇာလန်နိုင်ငံ သွားပါ။လယ်ကွင်းစိမ်းစိမ်းတွေ၊ သဘာဝ မွေးမြူရေးခြံတွေ၊...
29/01/2021

အလှဆုံးအိပ်မက်မြို့တော်အကြောင်း (သို့) ဒါဖတ်ပြီးမှ ဆွစ်ဇာလန်နိုင်ငံ သွားပါ။

လယ်ကွင်းစိမ်းစိမ်းတွေ၊ သဘာဝ မွေးမြူရေးခြံတွေ၊ လမ်းမတွေရဲ့အဆုံးက တောင်တန်းကြီးတွေ၊ သစ်တောနဲ့တောင် စိမ်းညို့တဲ့ အစိမ်းရောင်တွေ၊ ရေခဲခဲကျ နှင်းခဲခဲအေးတဲ့ ဆောင်းရာသီတွေနဲ့ ဆွစ်ဇာလန် နိုင်ငံဆိုတာ တစ်ကမ္ဘာလုံးက လူတိုင်းရဲ့ အိပ်မက်နိုင်ငံပဲမဟုတ်လား။

ကောင်းကင်ဘုံတစ်ခုလို လှလွန်းတဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ သဘာဝ အလှတွေနဲ့ အေးချမ်းတဲ့ မြို့သူမြို့သားတွေကြောင့်လည်း လည်ပတ်ချင်စရာအကောင်းဆုံးမြို့တော် တစ်ခုအဖြစ် နာမည်ကြီးပါတယ်။

ဒါပေမယ့် ဆွစ်ဇာလန်ကို သွားဖို့ စဉ်းစားနေပြီဆိုရင် ဆွစ်ဇာလန်နဲ့ပတ်သက်ပြီး စိတ်ကူးယဉ်အိပ်မက်တွေ ရှိလာပြီဆိုရင်တော့ ဒီနိုင်ငံငယ်လေးက ဘာတွေကြောင့် နာမည်ကြီးလဲ ကြိုသိထားရတော့မှာပေါ့။

ဒါဆို ဆွစ်ဇာလန်သွားမယ့် အိပ်မက်တွေရှိခဲ့ရင် ဒီစိတ်ဝင်စားစရာ အချက်လေးတွေကို တစ်ပုံချင်းထောက်ပြီး ဖတ်ကြည့်ပါဦး။

ကြိုက်နှစ်သက်တယ်ဆို Share ထားနော်။

ဒီလို ဗဟုသုတနဲ့ သတင်းတွေရသဆောင်းပါးတွေဖတ်ချင်ရင် Taste Media ကို Like လုပ်ပြီး Get Notification လုပ်ထားတာနဲ့ အမြဲဖတ်နိုင်ပါပြီ။

Alicia Keys ပိုင်တဲ့ အံ့ဩဘနန်းဖြစ်ဖွယ် အမေရိကန်ဒေါ်လာ သန်း ၂၀ တန် စံအိမ်ကြီးAlicia Keys ဆိုတာနဲ့ သူ့ခေတ်သူ့အခါက လျှမ်းလျ...
28/01/2021

Alicia Keys ပိုင်တဲ့ အံ့ဩဘနန်းဖြစ်ဖွယ် အမေရိကန်ဒေါ်လာ သန်း ၂၀ တန် စံအိမ်ကြီး

Alicia Keys ဆိုတာနဲ့ သူ့ခေတ်သူ့အခါက လျှမ်းလျှမ်းတောက်တဲ့ အသံပါဝါအားကောင်းကောင်း အသားညိုညိုစိုစို၊ခပ်ချောချော အမေရိကန်တေးရေးနဲ့အဆိုတော်တစ်ယောက်ဆိုတာ သိမှီသူတွေရှိကြမှာပေါ့။

ဒါပေမယ့် Alicia Keys ရဲ့ အသံနဲ့ အောင်မြင်မှုတွေထက် ပိုစိတ်ဝင်စားစရာကောင်းတာက သူမရဲ့ ဇိမ်ခံအိမ်ဂေဟာကြီးပါပဲ။

အမေရိကန်ဒေါ်လာ သန်း ၂၀ မြန်မာငွေ သိန်းသန်းကုဋေနဲ့ချီတဲ့ ဒီဇိမ်ခံအိမ်ကြီးရဲ့ ခမ်းနားမှုကိုလည်း တချက်ကြည့်လိုက်ပါဦး။ ဒါတောင် နဂိုဈေးက အမေရိကန်ဒေါ်လာ သန်း ၃၀ တန်တဲ့နော်။

အိမ်တစ်အိမ်လုံးက ၃၂၁၀ စတုရန်းမီတာ ကျယ်တယ်။ တစ်အိမ်လုံးကို ဖန်နဲ့ ကျောက်တွေနဲ့ချည်း ဆောက်ထားတယ်။ "Razor House" လို့ခေါ်တဲ့ ဒီအိမ်ရဲ့ အခန်းတိုင် မှန်ပြတင်းပေါက်ကျယ်ကြီးတွေနဲ့ ရှေ့တည့်တည့်မြင်ကွင်းက သမုဒ္ဓရာကြီးဆိုမှတော့ မလှရက်ပဲ နေမလား?

အိမ်ကြီးတစ်ခုလုံးထဲ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၆ ခန်း၊ မီးဖိုချောင် ၂ခု ၊ ကိုယ်ပိုင်ရုပ်ရှင်ရုံ၊ စာကြည့်တိုက်၊ ရေကူးကန်ကြီးနဲ့ Wine Bar တွေ ထည့်ထားလေရဲ့။ ကားပါကင်ကြီးရဲ့ ကျယ်ဝန်းမှုကလည်း တအံ့တဩဖြစ်စရာပါပဲ။

ဒီအိမ်က 2018 တည်းက ဈေးကွက်မှာ နာမည်ကြီးခဲ့တာဖြစ်ပြီး La Jolla, California မှာတည်ရှိတာပါ။

ဗိသုကာလက်ရာပိုင်း စိတ်ဝင်စားတဲ့ Alicia Keys အတွက်တော့ သူမ ခင်ပွန်းနဲ့ အေးအေးဆေးဆေး နေထိုင်လို့ရတဲ့ ဒီအိမ်ကြီးရဲ့ ခမ်းနားမှုက သူမရဲ့ Dream Home လို့ပြောရမလိုပါပဲ။

ဒီအိမ်ကိုစ ဆောက်ဆောက်ခြင်းကတောင် အမေရိကန်ဒေါ်လာ ၃၄ သန်းနဲ့ဆောက်ခဲ့ရတာဆိုတော့ Covid ကြောင့် အိမ်ခြံမြေဈေးကွက်အေးပြီးဈေးတွေကျနေတဲ့အချိန် ဒေါ်လာ သန်း ၂၀ နဲ့ရလိုက်တဲ့သူမအတွက်တော့ ဒီအိမ်ကြီးက တကယ်တန်တယ်လို့ပြောရမှာ အသေအချာပါ။

အီဂျစ်လူမျိုးတွေအကြောင်း သင်မသိသေးတဲ့ အချက် (၁၀) ချက်
28/01/2021

အီဂျစ်လူမျိုးတွေအကြောင်း သင်မသိသေးတဲ့ အချက် (၁၀) ချက်

ထူးထူးခြားခြား အစားအသောက်အလေ့အကျင့်များ နိုင်ငံတစ်လွှားမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူညီတဲ့ ဓလေ့တွေရှိကြပါတယ်။ အခု Shari...
26/01/2021

ထူးထူးခြားခြား အစားအသောက်အလေ့အကျင့်များ

နိုင်ငံတစ်လွှားမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူညီတဲ့ ဓလေ့တွေရှိကြပါတယ်။
အခု Sharing လုပ်ပေးချင်တာလေးကတော့ စားသောက်တဲ့အခါ သတိထားသင့်တဲ့ နိုင်ငံတစ်နိုင်ံငံစီရဲ့ ကွဲပြားထူးခြားတဲ့ အလေ့အထတွေ ဖြစ်ပါတယ်။
ဘယ်လိုအချက်လေးတွေဖြစ်မလဲ တစ်ပုံချင်းစီ အတူတူ ကြည့်လိုက်ကြစို့ ...။

ကမ္ဘာ့အလှဆုံး ဘာသာစကားတွေထဲမှာ နံပါတ်တစ်အလှဆုံးအဖြစ် ဗိုလ်စွဲတဲ့မြန်မာအက္ခရာနိုင်ငံတစ်နိုင်ငံချင်းစီမှာ ကိုယ့်နိုင်ငံကို...
26/01/2021

ကမ္ဘာ့အလှဆုံး ဘာသာစကားတွေထဲမှာ နံပါတ်တစ်အလှဆုံးအဖြစ် ဗိုလ်စွဲတဲ့မြန်မာအက္ခရာ

နိုင်ငံတစ်နိုင်ငံချင်းစီမှာ ကိုယ့်နိုင်ငံကိုယ်စားပြုတဲ့ နိုင်ငံတော်အလံတစ်ခုစီရှိသလိုပဲ အခြေခံဘာသာစကားတွေ အက္ခရာတွေသင်္ကေတတွေ လည်း အမျိုးမျိုးရှိတတ်ကြပါတယ်။

8ရာစုတည်းက ရှင်သန်နေထိုင်ခဲ့တဲ့ Phoenician တွေခေတ်မှာတင်ပဲ အက္ခရာသင်္ကေတတွေဘာသာစကားတွေစတင်ပေါ်ပေါက်လာနေခဲ့ပြီလေ။ အဲ့ဒီနောက်ကနေ အီဂျစ်လူမျိုးတွေရဲ့ ခေတ်ကာလမှာလည်း သင်္ကေတအင်္က္ခရာတွေနဲ့ ဘာသာစကားတွေ အမျိုးမျိုးကျယ်ပြန့်လာရင်း ဒီနေ့ခေတ်မှာဆို နိုင်ငံတိုင်းက သူ့ ဘာသာစကားစာပေ အက္ခရာတွေနဲ့ရှိနေပါပြီ။

လွန်ခဲ့တဲ့ နှစ် ၂၅၀၀ မှာ Latin အက္ခရာက နေရာတိုင်းအနှံ့အပြား တွင်တွင်ကျယ်ကျယ်သုံးခဲ့တာကြောင့် တခြားဘာသာစကားတွေ မှေးမှိန်ပျောက်ကွယ်ခဲ့ရပါတယ်။

အဲ့ဒီနောက် ရောမအင်ပါယာပေါ်လာပြီး အက္ခရာတွေသင်ကြားမှုပြောင်းလဲလာတယ်။ ဒါပေမယ့် အဲ့ဒါကလည်း တွက်ချက်ရခက်တာမို့ အဲ့ဒီနောက် အက္ခရာတွေဘာသာစကားတွေအများကြီးပေါ်လာပါတယ်။ အဲ့ဒီထဲမှာမှ ဆန်ဖရန်စစ္စကိုမှာ အခြေစိုက်တဲ့ မြောက်အေမရိက ဒစ်ဂျစ်ဒယ်မီဒီယာကုမ္ပဏီနဲ့ ခရီးသွားကွန်ယက် ဖြစ်တဲ့ Matador Network က 2020 မှာ တင်ပြတဲ့ ဆောင်းပါးအရ အလှဆုံး လို့သတ်မှတ်ခံရတဲ့ ဘာသာစကား 5 ခု ကတော့-

(1) Burmese (မြန်မာဘာသာစကား)

ဘယ်ဘက်ကိုကြည့်ကြည့် လုံးလုံးဝိုင်းဝိုင်းလေးနဲ့ ချစ်စရာကောင်းတဲ့အပြင် ခေါက်ချိုးလည်း ညီပြီး နာရီလက်တံတစ်ဖက်တည်းကို လှည့်တဲ့ ဘာသာစကားမို့ မြန်မာဘာသာစကားက အလှဆုံးလို့ နာမည်ကြီးပါတယ်။ ဗျည်း ၃၃ လုံးနဲ့ သရ ၈လုံးရှိပါတယ်။

(2) Sinhalese (သီရိလင်္ကာစကား)
အကျယ်ပြန့်ဆုံး ဘာသာစကားလို့ လူသိများပါတယ်။ သူ့ဆီမှာ အသေးငယ်ဆုံးစာသားတွေခွဲပေးတဲ့ အသံကွဲတောင် အမျိုး ၅၀ လောက်ရှိပါတယ်။ အဲ့ထဲက ၃၈ မျိုးကို ခေတ်မီစာရေးသားနည်းအတွက် သုံးပါတယ်။ သူ့ဆီမှာလည်း Sanskrit နဲ့ အိန္ဒိယဘက်က မွေးစားထားတဲ့ Pali ဆိုပြီး ၂မျိုးထပ်ကွဲပါတယ်။

(3) Georgian (ဂျော်ဂျီယာဘာသာစကား)
တူရကီနဲ့ ရုရှားနိုင်ငံကြားမှာရှိပေမယ့် ဂျော်ဂျီယာနိုင်ငံမှာလည်း သူ့ကိုယ်ပိုင်ဘာသာစကားနဲ့သူပါ။ သူ့ ဘာသာစကားရော အက္ခရာရောက ရုရှားဘက်က လွှမ်းမိုးမှုကို ခံခဲ့ရပုံတူပါတယ်။ ဗျည်းအက္ခရာ 38 လုံးရှိပေမယ့် 5 လုံးကတော့ ခေတ်မမီတော့ဘူးလို့ဆိုပါတယ်။ ရေးဆွဲနည်းကတော့ ဘယ်မှညာသို့ရေးရတာဖြစ်ပါတယ်။

(4) Tagalog (ဖိလစ်ပိုင်ဘာသာစကား)
Indo European ဘာသာစကားကနေ ကွဲထွက်လာတဲ့ Tagalog ဘာသာစကား က ခုနောက်ပိုင်းသုံးတဲ့ Spanish စကားမတိုင်ခင် ဦးဦးဖျားဖျားပေါ်တဲ့ ဘာသာစကားပါ။ သူ့ကို ရေးနည်းကတော့ နဂိုက အောက်ကနေ အပေါ်ကို ပင့်တင်ရေးရတာကနေ ခုတော့ ဘယ်ကနေညာကိုပြောင်းလဲရေးသားနည်းအဖြစ် တွင်ကျယ်လာပြီး အက္ခရာတွေကို 90' လှည့်ခဲ့ကြပါတယ်တဲ့။ သူလည်း စတုတ္တအလှဆုံးထဲပါခဲ့ပါတယ်။

(5) Hanacaraka (အင်ဒိုနီးရှား ဘာသာစကား)

အင်ဒိုနီးရှား Java ကျွန်းဆွယ်ကနေ ဒီဘာသာစကားကို စတင်ပြီး အနီးနားကျွန်းဆွယ်တွေကို ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ အင်ဒိုနီးရှား အာဏာပိုင်တွေက ၁၉ နဲ့ ၂၀ ရာစုမှာ အတည်ပြုဖို့ကြံနေတုန်းပဲ ဒုတိယ ကမ္ဘာစစ်ဝင်လာပြီး ဂျပန်လူမျိုးတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် Hanacaraka ဘာသာစကားအတည်ပြုဖို့ပျက်ယွင်းခဲ့ပြီး အဲ့ဒီနောက် Latin ဘာသာစကားကို ပြောင်းလဲအသုံးပြုခဲ့ရပါတယ်။ ခုချိန်ထိ အစိုးရက လမ်း တံတားတွေရဲ့ Sign တွေမှာနဲ့ အစိုးရစာသင်ကျောင်းတွေမှာ သင်ကြားဖို့ တိုက်တွန်းနေတုန်းပါပဲ။ သူ့ကို Javanese Alphabet လို့လည်း ခေါ်ပါတယ်။

Plus-size  Model ဆိုတာ ဘာလဲ ? မြန်မာနိုင်ငံမှာ မတွင်ကျယ်သေးပေမယ့် နိုင်ငံတကာမှာတော့  Model Industry ထဲမှ Plus-size Model...
21/01/2021

Plus-size Model ဆိုတာ ဘာလဲ ?

မြန်မာနိုင်ငံမှာ မတွင်ကျယ်သေးပေမယ့် နိုင်ငံတကာမှာတော့ Model Industry ထဲမှ Plus-size Model ဆိုပြီး သီးသန့်ရှိပါတယ်။ သူတို့တွေကလည်း ပုံမှန်အခြား Model တွေလိုပဲ Brand တွေအတွက်
Runway တွေ၊photoshot တွေ၊ ကြော်ငြာတွေ စသဖြင့် လုပ်ကြရပါတယ်။ Brand တွေကတော့ အရပ်ရှည်ရှည်ထွားထွား Plus-size Brand တွေအတွက်ပေါ့နော်။

Plus-size Model တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ ?
သေချာတာက ကိုယ်အလေးချိန်များရုံနဲ့ Plus-size Model မဖြစ်လာနိုင်ပါဘူး။
Plus-size Model တစ်ယောက်အတွက် သတ်မှတ်ထားတဲ့ စံနှုန်းတွေ ကိုက်ညီမှသာ Plus-size Model တစ်ယောက်ဖြစ်လာဖို့ အခွင့်အလမ်းရှိတာဖြစ်ပါတယ်။ Plus-size Model ဖြစ်ဖို့ အဓိကလိုအပ်တဲ့အချက်တွေက ...
ကိုယ်အလေးချိန် ပေါင် ၂၀၀ ဝန်းကျင်ရှိရမှာဖြစ်ပြီး ခါးလက်မဟာလည်း တင်လက်မထက် ဆယ်လက်မသေးတဲ့ လှလှပပ Body Ratio မျိုးရှိဖို့ အရေးကြီးပါတယ်။

ဖက်ရှင်မော်ဒယ်အပိုင်းအတွက်ဆိုရင်အရပ်က အနည်းဆုံး ၅ပေ ၉ လက်မကနေ ၆ ပေအတွင်းရှိရမှာဖြစ်ပြီး ပုံမှန် Plus-size Model တစ်ယောက်အနေနဲ့ အနည်းဆုံး ၅ပေ ၅လက်မ ကနေ ၅ ပေ ၉လက်မအထိရှိရမှာဖြစ်ပါတယ်။ ၂၀၂၀ မှာဆိုရင်တော့ Plus-size Model တစ်ယောက်ဟာ ဗိုက်ချပ်ရမယ်၊ မျက်နှာလည်းသွယ်လျရမယ် ဒီလိုစံနှုန်းတွေ ထပ်တိုးသတ်မှတ်ကြပါတယ်။ ပုံမှန်အားဖြင့် ကိုယ်အလေးချိန်များတဲ့သူတွေအနေနဲ့ ဗိုက်နဲ့ မျက်နှာမှာ အဆီစုတတ်ကြတာသဘာဝပေမယ့် Plus-size Model တွေကတော့ ဗိုက်ကအဆီတွေအစား ပေါင်နဲ့ရင်သားမှာ အဆီပိုရင်ပိုပါစေ ဗိုက်လေးချပ်နေရပြီး မျက်နှာလေးသွယ်လျလှပ ဖို့ စံထားကြပါတယ်။

ဘယ်လိုလေးတွေဖြစ်မလဲ သိရအောင် Plus-size လောကရဲ့ နာမည်ကြီးမော်ဒယ်အချို့ကို ဝေမျှပေးလိုက်ပါတယ်။

Pancake ကြိုက်သူလေးတွေရှိလား ... 🥞 🥞 ရိုးရိုး Pancake ထက် ပိုပြီး နူးညံ့အိစက်နေမယ့် Japanese Fluffy Pancakes လေးကိုရော မ...
18/01/2021

Pancake ကြိုက်သူလေးတွေရှိလား ... 🥞 🥞

ရိုးရိုး Pancake ထက် ပိုပြီး နူးညံ့အိစက်နေမယ့် Japanese Fluffy Pancakes လေးကိုရော မမြည်းစမ်းကြည့်ချင်ဘူးလား ။ အဆင့်လေးတွေများတယ်ထင်ရပေမယ့် တကယ်တမ်းလုပ်ကြည့်ရင် သိပ်မခက်သလို ပါဝင်ပစ္စည်းလည်း အရမ်းမများပါဘူး။ Baking ဝါသနာအိုးလေးတွေ အိမ်မှာကိုယ့်လက်ရည်ကို သွေးလို့ရပြီလေ။
ချစ်စရာလည်းကောင်း ... စားလို့လည်းကောင်းတဲ့ Japanese Fluffy Pancakes လေးရဖို့ လှုပ်ရှားလိုက်ရအောင်။

အဆင့် (၁)
ဇောက်နက်တဲ့ပန်းကန်လုံးအကြီးထဲမှာ ရေတစ်ဝက်လောက်ထည့်ပြီး ရေခဲတုံးလေးတွေထည့်ပါ။
ရေခဲပန်းကန်ထက်ဆိုဒ်သေးတဲ့ ပန်းကန်ထဲကို Heavy Whipping Cream 120ml ထည့်ပြီး ရေခဲရေထည့်ထားတဲ့ပန်းကန်လုံးအကြီးထဲ ထည့်ပါ။ Whipping Cream ထဲ Granulated sugar 20g ထည့်ပြီး Hand Mixer နဲ့ ၅မိနစ်လောက်မွှေပါ။ ပြီးရင်ရေခဲသေတ္တာအောက်ထပ်ထဲ ထည့်ထားပါ။

အဆင့် (၂)
ကြက်ဥနှစ်လုံးကို အနှစ်နဲ့ အကာ သပ်သပ်စီခွဲပါ။ အကာပန်းကန်ကို ရေခဲသေတ္တာထဲထည့်ထားပါ။ အနှစ်ပန်းကန်လုံးထဲကို နွားနို့ 22g နဲ့ Vanilla extract လဘက်ရည်ဇွန်းရဲ့ လေးပုံတစ်ပုံထည့်ပြီး အမြှပ်ထတဲ့အထိ ခလောက်ပေးပါ။ ပြီးရင် Cake Flour 30g ထည့်ပြီး နှံ့အောင်မွှေပေးပါ။ (ကြက်ဥခေါက်တံနဲ့မွှေနိုင်ပါတယ်)။ဒီနေရာမှာကျ Over mix ဖြစ်အောင်မမွှေဘဲ နှံ့အောင်ပဲမွှေဖို့အရေးကြီးပါတယ်။

အဆင့် (၃)
Non Stick Pan ကို အပူချိန် 150*C (300*F) နဲ့ ကြာကြာအပူပေးထားပါ။ ရေခဲသေတ္တာထဲက ကြက်ဥအကာကိုထုတ်ပြီး Hand mixer နဲ့ မွှေပေးပါ။ မွှေနေတုန်း Granulated sugar 25g ထည့်ပြီး white Foam ပုံစံအဖြူရောင်အမြုပ်ဖြစ်တဲ့အထိ မွှေပေးပါ။ ပြီးရင် အကာအမြုပ်ရဲ့ သုံးပုံတစ်ပုံလောက်ကိုယူပြီး အနှစ်မွှေထားတဲ့အထဲကို ထည့်... ကြက်ဥခေါက်တံနဲ့ နှံ့အောင်မွှေပေးပါ။ပြီးရင်လက်ကျန် အကာအမြုပ်ထဲက တစ်ဝက်ကိုထပ်ထည့်ပြီး ကြက်ဥခေါက်တံနဲ့ထပ်မွှေပေးပါ။ ဒီအဆင့်မှာ လေပူဖောင်းမထအောင် အသာယာမွှေပေးဖို့လိုပါမယ်။ နောက်ဆုံးကျန်တဲ့ အကာအမြုပ်ထဲကို အနှစ်မွှေထားတာထည့်ပြီး လေပူဖောင်းမဖြစ်အောင်ဖြည်းဖြည်းချင်းမွှေပေးပါ။

အဆင့် (၄)
ကဲ ဒါဆိုရင်တော့ Japanese Fluffy Pancakes ကိုစဖန်တီးလို့ရပါပြီ။ Pan ကို စုပ်တံလေးနဲ့ အနှံ့ Vegetable oil နည်းနည်း သုတ်ပေးပါ။ ပြီးရင် Paper Tower နဲ့ Pan ထဲမြင်နေရတဲ့ဆီတွေကိုပြန်သုတ်ပေးပါ။ Pancake မုန့်နှစ်ကို Bakery သုံး Scoop ဒါမှမဟုတ် ဇောက်နက်တဲ့ယောက်ချိုဇွန်းနဲ့ တစ်ချပ်အတွက် နှစ်ဇွန်းစီအရင်ထည့်ပါ။ နောက်အပေါ်ကနေ တတိယမြောက်ဇွန်းကို တစ်ခုစီအပေါ်မှာထပ်တင်ပေးပါ။ ရေထမင်းစားဇွန်းတစ်ဇွန်းကို Pan အောက်ခြေကနေ ဖြေဖြေးထည့်ပြီး နှစ်မိနစ်လောက်အဖုံးအုပ်ထားပါ။ နှစ်မိနစ်နေရင် အဖုံးဖွင့် တစ်ခုစီအပေါ်က Scoop တစ်ဇွန်းစီထပ်တင်ပေးပါ။ အဖုံးပြန်အုပ်ပြီး ၄ မိနစ်လောက်ထားပါ။ အဖုံးဖွင့်ပြီး မုန့်တစ်ခုစီကို ဖြေးဖြေးချင်းအသာယာပြောင်းပြန်လှန်ပေးပါ။ (ပုံပျက်မသွားအောင်ကော်ပြား၊ စတီးအပြားလေးတွေသုံးရင်ပိုကောင်းပါတယ်)။ ပြောင်းပြန်လှန်ပြီးရင် ရေထမင်းစားဇွန်းတစ်ဇွန်းထည့်ပြီး ၄ မိနစ်ထပ်အုပ်ထားပေးပါ။

အဆင့် (၅)
နောက်ဆုံးမှာတော့ Fluffy Japanese Pancakes လေးရရှိပါပြီ။ ပန်းကန်ထဲအသာယာထည့်ပြီး Granulated sugar၊ ပျားရည်၊ maple syrup၊ whipping cream၊ Jam၊ရေခဲမုန့် အသီးတွေ စတဲ့ ကိုယ်နှစ်သက်ရာ Topping လေးတွေထည့်ပြီး အလှဆင်စားလို့ရပါပြီ။

လုပ်ပြီးသွားရင် ဒီပို့စ်လေးအောက်မှာ Comment မန့်ပေးခဲ့ဦးနော် ...

🍜🍜မြောက်ကိုရီးယားက ခေါက်ဆွဲအေး 🍜မြောက်ကိုရီးယားက ခေါက်ဆွဲအေးဆိုပေမယ့် တောင်ကိုရီးယားမှာလည်း ရနိုင်တဲ့အစားအစာပါ။ ဒါပေမယ့်...
14/01/2021

🍜🍜မြောက်ကိုရီးယားက ခေါက်ဆွဲအေး 🍜

မြောက်ကိုရီးယားက ခေါက်ဆွဲအေးဆိုပေမယ့် တောင်ကိုရီးယားမှာလည်း ရနိုင်တဲ့အစားအစာပါ။
ဒါပေမယ့် သူ့ရဲ့မူလအစက မြောက်ကိုရီးယားကဖြစ်ပြီး မြောက်ကိုရီးယားရဲ့ Signature Food လည်းဖြစ်ပါတယ်။ သူ့နာမည်က Naengmyeon -
Pyongyang Cold Noodles လို့လည်း ဖော်ပြကြပါတယ်။ တောင်ကိုရီးယားမှာ Naengmyeon ရတဲ့ဆိုင်တွေ ရှိစေကာမူ မြောက်ကိုရီးယားရဲ့ Pyongyang က ခေါက်ဆွဲအေးကသာ အကောင်းဆုံးလို့ ဆိုကြပါတယ်။
Naengmyeon ကို ဆိုင်တွေမှာ တစ်နှစ်ပတ်လုံးရနိုင်ပြီး စားသုံးကြပေမယ့် နွေရာသီမှာ ဝမ်းအေးစာအဖြစ် အထူးတလည် စားသုံးကြပါတယ်။

ကဲ ဒါဆို မြောက်ကိုရီးယားတွေရဲ့ Naengmyeon က ဘယ်ကစပေါ်ခဲ့တာလဲ၊
ဘာတွေပါလဲ...ဘယ်လိုစားကြလဲ စပ်စုကြည့်လိုက်ရအောင်။

Naengmyeon က မင်မင်တို့ကြည့်နေတဲ့ ကိုရီးယားနန်းတွင်းကားတွေမှာပါတဲ့ ဂျိုဆွန်းခေတ်ထဲက ပေါ်ပေါက်ခဲ့တာပါတဲ့။ သူ့ရဲ့ ဇာတိချက်ကြွေမွေးရပ်မြေကတော့ မြောက်ကိုရီးယားရဲ့ Pyongyang မြို့နဲ့ Hamhung မြို့တွေဖြစ်ပါတယ်။ (Pyongyang က မြောက်ကိုရီးယားရဲ့အကြီးဆုံးမြို့တော်ဖြစ်ပြီး Capital city လည်းဖြစ်ပါတယ်။ Hamhung ကတော့ ဒုတိယအကြီးဆုံးမြို့တော်ပါ)။ 1950 ခုနှစ်ဝန်းကျင် ကိုရီးယားစစ်ပွဲအပြီးမှာတော့ ကိုရီးယားတစ်နိုင်ငံလုံးကို Naengmyeon က ရောက်ရှိသွားပြီး တစ်ဖြေးဖြေးနဲ့ လူသိများနာမည်ကျော်လာတာပါ။

အသားပြုတ်ရည်အေးအေးကို အခြေခံထားတဲ့ Naengmyeon ကို ကြေးပန်းကန်လုံးအကြီးကြီးတွေ၊ စတီးပန်းကန်လုံးအကြီးကြီးတွေနဲ့ အားပါးတရထည့်စားကြရတာဖြစ်ပြီး အဆာပလာတွေအနေနဲ့ကတော့ ကိုရီးယားသစ်တော်သီးအချပ်လေးတွ၊ မုန်လာဥဖြူချဉ်ကို ပါးပါးလှီးထားတာလေးတွေ၊ ကြက်ဥပြုတ်၊ အမဲသားပြုတ်အဖတ်လေးတွေနဲ့ စားသုံးရတာဖြစ်ပါတယ်။ မြန်မာမုန့်ဟင်းခါးတွေမှာ ငရုတ်သီးမှုန့်၊ သံပုရာသီးညှစ်သလိုပဲ သူတို့လည်း အပေါ်စားမြိန်အနေနဲ့ Spicy mustard sauce၊ Mustard oil နဲ့ Vinegar တွေကို လိုသလိုထည့်ပြီးစားသုံးကြပါတယ်။ ပုံမှန်ဓလေ့အားဖြင့်တော့ ခေါက်ဆွဲတွေကို မဖြတ်ဘဲ ဒီအတိုင်းအရှည်အလိုက် ရှလွတ်ရှလွတ်မြည်အောင် သူတို့စတိုင်အတိုင်းစားသုံးကြပေမယ့် အခုနောက်ပိုင်းစားသောက်ဆိုင်တွေမှာတော့ စားသုံးသူတွေအဆင်ပြေအောင် အနေတော်အနေထားဖြတ်ပေးကြတာမျိုးလည်းရှိပါတယ်။ သူတို့ရဲ့ အယူအရတော့ ဒီလိုမဖြတ်ဘဲ ခေါက်ဆွဲအရှည်တိုင်းစားသုံးတာက ဘဝတစ်လျှောက်လုံး ကျန်းမာသက်ရှည်စေတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ စားသုံးကြတာဖြစ်ပါတယ်။

ကဲ အဲဒီတော့ Naengmyeon တွေဘယ်နှစ်မျိုးရှိလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ...
Naengmyeon မှာ အခြေခံအားဖြင့် Mul naengmyeon နဲ့ Bibim naengmyeon ဆိုပြီနှစ်မျိုးရှိပါတယ်။
မြန်မာလိုမြင်အောင်ပြောရရင်တော့ အချိုနဲ့ အစပ်ပေါ့နော်။ Mul naengmyeon ကတော့ ရိုးရိုး original အရသာပေါ့။ အရည်ကတော့ Naengmyeon ရဲ့ အခြေခံဖြစ်တဲ့ အမဲပြုတ်ရည်၊ ကြက်ပြုတ်ရည်၊ အသီးရွက်ပြုတ်ရည် (မုန်လာဥဖြူ၊ဂေါ်ဘီနဲ့ ကြက်သွန်မြိတ်အဓိကပါဝင်) စတဲ့ ပြုတ်ရည်တစ်မျိုးမျိုးဖြစ်ပါတယ်။
Bibim naengmyeon ကတော့ ငရုတ်သီးအနှစ်ထည့်လိုက်တဲ့အစပ်လေးပေါ့။ ငရုတ်သီးအနှစ်ကတော့ အစပ်အတွက်ကိုရီးယားတွေရဲ့ မူပိုင်လက်စွဲ Gochujang လို့ခေါ်တဲ့ငရုတ်သီးအနှစ်ပေါ့။ မစားခင်မှာ Gochujang လေးထည့်ပြီးသမအောင်မွှေလိုက်ရင်တော့ Bibim naengmyeon လည်းရပါတယ်။ Bibim naengmyeon လေးကတော့ မြောက်ကိုရီးယားနိုင်ငံ Hamhung မှာမွေးဖွားပေါ်ပေါက်တာဖြစ်ပါတယ်။

အခြား Naengmyeon တွေလည်းရှိပါသေးတယ်။ အဲ့ဒါတွေကတော့
🍜Hwe naengmyeon
🍜Hamhung naengmyeon
🍜Yeolmu naengmyeon
🍜Jungguk-naengmyeon စတာတွေဖြစ်ပါတယ်။

Hwe naengmyeon က Bibim naengmyeon ကို အရသာနယ်ထားတဲ့ ငါးအစိမ်းအလွှာလေးတွေတင်ထားတာဖြစ်ပါတယ်။ (အများအားဖြင့် ငါးလိပ်ကျောက်ကို အသုံးပြုကြတာများပါတယ်)။
Hamhung naengmyeon ကျတော့ သူက ခေါက်ဆွဲသားကို အာလူး ဒါမှမဟုတ် ကန်စွန်းဥနဲ့လုပ်တာကြောင့် ခေါက်ဆွဲသားက စီးစီးပိုင်ပိုင်လေးနဲ့ ဝါးရတာတစ်မျိုးလေးပေါ့။
Yeolmu naengmyeon ကတော့ သူတို့ဆီမှာ Yeolmu Kimchi ဆိုတာရှိပါတယ်။Yeolmu ဆိုတဲ့နွေရာသီမှာ ထွက်တဲ့ မုန်လာဥအသေးလေးတွေနဲ့လုပ်ထားတဲ့ ကင်မ်ချီပေါ့။အဲ့ဒီ Yeolmu Kimchi ထည့်ထားတာကိုတော့ Yeolmu naengmyeon လို့ခေါ်ပါတယ်။
Jungguk-naengmyeon ကတော့ တရုတ်ဆန်သွားပြီ။ သူရဲ့ မွေးဖွားရာဇာတိကလည်း တောင်ကိုရီးယားဖြစ်သွားပြီ။ သူကတော့ ရေနွေးဖျောထားတဲ့ ပင်လယ်စာတွေ၊ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေနဲ့ ကြာကြာပြုတ်ထားတဲ့ကြက်ဥပြုတ်တွေ ပါပြီး Mustard ရယ်၊ Peanut sauce ရယ်နဲ့ တွဲဖက်စားသုံးကြပါတယ်။
Mul Naengmyeon ကို အရည်နဲ့စားကြတာများပြီး အခြား Naengmyeon တွေကတော့ အသုပ်စတိုင်၊ အရည်နည်းနည်းထည့်ထားတဲ့စတိုင်၊ အရည်များများစသဖြင့် စတိုင်မျိုးစုံနဲ့ စားကြပါတယ်။

Naengmyeon ကို မြောက်ကိုရီးယားတွေက ဘယ်လောက်တန်ဖိုးထားလဲဆိုရင် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားရဲ့ ပထမဆုံးခေါင်းဆောင်ထိပ်သီးတွေ့ဆုံပွဲညီလာခံမှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un က တောင်ကိုရီးယားသမ္မတ Moon Jae-in ကို Pyongyang-style Naengmyeon ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်တဲ့။

မြောက်ကိုရီးယားရဲ့ နာမည်ကြီးခေါက်ဆွဲအေးကို မြည်းစမ်းဖူးတဲ့သူတွေရှိရင်လည်း အရသာလေးပြောပြပေးခဲ့ဦးနော်။

အလှဆုံး မျက်နှာအချိုးအစား Golden Ratio ပိုင်ဆိုင်ထားတဲ့ မင်းသမီး (၁၀) ယောက်မိန်းကလေးတစ်ယောက်ကို ပထမဆုံးကြည့်လိုက်တာနဲ့ သ...
12/01/2021

အလှဆုံး မျက်နှာအချိုးအစား Golden Ratio ပိုင်ဆိုင်ထားတဲ့ မင်းသမီး (၁၀) ယောက်

မိန်းကလေးတစ်ယောက်ကို ပထမဆုံးကြည့်လိုက်တာနဲ့ သူ့မျက်နှာ လှမလှဆိုတာ ကို Golden Ratio ဆိုတာနဲ့ တိုင်းတာပါသတဲ့။

Golden Ratio ဆ်ိုတာက လူတစ်ယောက်ရဲ့ မျက်နှာမှာ မျက်နှာ၊မေးရိုး၊အကျယ်၊ အလျားစသဖြင့် သူ့အချိုးနဲ့သူ လှလှပပ တည်ရှိနေတဲ့ ပြီးပြည့်စုံတဲ့မျက်နှာမျိုးတဲ့။

Golden Ratio မှာဆို လူတစ်ယောက်ရဲ့ မျက်နှာ အနံက အလျားထက် 1.6 ဆ ပိုရှည်ရမယ်။ နဖူးဆံမွှေးစကနေ မေးစေ့အဖျားထိ ၃ပိုင်း ခွဲလိုက်ရင် အချိုးညီညီမျှမျှ ဖြစ်နေရမယ်။ ပြီးတာ့ မျက်လုံးမျက်အိမ်အကျယ်နဲ့ မျက်လုံး၂ခုကြားထဲကအကျယ်အဝန်းညီရမယ် စတဲ့ လက္ခဏာတွေစုံမှ Golden Ration ဆိုတဲ့ စံမျက်နှာအလှကို ပိုင်ရတာပါတဲ့။

နာမည်ကြီး Artist တွေဖြစ်တဲ့ Da Vinci, Michelangelo, နဲ့ Raphael တို့ကလည်း Golden Ratio ကိုအသုံးပြုပြီး အနုပညာတွေဖန်တီးခဲ့တာတဲ့။ အဲ့ဒီ ခေတ်ဟောင်း ဂရိအလှအပစံချိန်စံနှုန်းကို မူတည်ပြီး Golden Ratio အလှဆုံးအမျိုးသမီး ၁၀ ယောက်ကတော့ ဒီအစဉ်လိုက်အတိုင်းပါတဲ့။

သူတို့ရဲ့ Golden Ratio အချိုးတွေကို တစ်ပုံချင်းစီမှာ ရှာကြည့်လိုက်ပါဦး။

Trump က LGBT အရေးကို ဘယ်လိုမွှေနှောက်ဦးမှာလဲ?Donald Trump ဦးဆောင်တဲ့ ကျန်းမာရေးနဲ့ လူသားအကျိုးပြုအဖွဲ့ (Department of He...
11/01/2021

Trump က LGBT အရေးကို ဘယ်လိုမွှေနှောက်ဦးမှာလဲ?

Donald Trump ဦးဆောင်တဲ့ ကျန်းမာရေးနဲ့ လူသားအကျိုးပြုအဖွဲ့ (Department of Health and Human Services) ဟာ LGBTQ+ အဖွဲ့အစည်း တရားဝင်ခွဲခြားသတ်မှတ်ရန် လုပ်ဆောင်နေကြောင်းသိရပါတယ်။ ဒီစည်းမျဉ်းတွေကို ၂၀၁၉ ခုနှစ်ထဲက အစပျိုးလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ကြာသပတေးနေ့က တရားဝင်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

Gender လက်ခံမှုနဲ့ သတ်မှတ်မှုတွေအပြင် ရပ်တည်ထောက်ပံ့မှုတွေရှိတဲ့ရှိတဲ့ ယခင်စည်းမျဉ်းဥပဒေမရှိတော့ဘဲ အသစ်အစားထိုးသွားမှာဖြစ်ပါတယ်။ ဒီဥပဒေအသစ်မှာ လိင်တူချင်းလက်ထပ်တာကိုတားမြစ်ထားပြီး လိင်တူစုံတွဲတွေ ကလေးမွေးစားခြင်းကိုလည်း ခွင့်မပြုထားပါဘူး။

ဒီစည်းမျဉ်းဥပဒေဟာ Trump တာဝန်ယူအုပ်ချူပ်တဲ့ လေးနှစ်တာကာလအတွင်း အခက်အခဲများစွာရင်ဆိုင်ရတဲ့ စည်းမျဉ်းလည်းဖြစ်ပါတယ်။ Trump ဟာလည်း ရှေးရိုးစွဲကြီးပြီး LGBT ကို လက်မခံတဲ့ တရားသူကြီးတွေဟာ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

LGBT ထောက်ခံသူအဖွဲ့အစည်းဖြစ်တဲ့ Lambda Legal ရဲ့ CEO ဖြစ်သူ Kevin Jennings ကတော့ လက်ရှိသမ္မတရဲ့ လွှတ်တော်ရေးရာ ဆုံးဖြတ်ချက်တွေဟာ လာမယ့်နှစ်တွေအထိ LGBT လူ့အခွင့်အရေးပေါ် အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောသွားပါတယ်။ သူကဆက်ပြီးတော့ အမေရိကန်နိုင်ငံရဲ့ LGBT အခွင့်အရေးတွေဟာ လွှတ်တော်မှာ မကြာခဏ စိန်ခေါ်မှုတွေရင်ဆိုင်နေရပြီး ဒီလိုမျိုးဆုံးဖြတ်သတ်မှတ်ခြင်းကို လက်မခံနိုင်ဘူးလို့ ပြောထားပါတယ်။

နှစ်ပတ်ဘဲကျန်ရှိတော့တဲ့ သူ့ရဲ့ သမ္မတသက်တမ်းမှာ ဘယ်သူမှမမေ့နိုင်တဲ့ ကြောက်စရာသမိုင်းတွေကို ချန်ရစ်ခဲ့လေသလားလို့တောင် မှတ်ချက်ကြပါတယ်။

မင်္ဂလာဆောင်မယ့် ဇနီးမောင်နှံတွေအတွက် ခရီးသွားစရာမလိုဘဲ ရိုက်လို့ရတဲ့ Indoor Prewedding Photo Theme လေးများCovid ကာလမှာ ...
08/01/2021

မင်္ဂလာဆောင်မယ့် ဇနီးမောင်နှံတွေအတွက် ခရီးသွားစရာမလိုဘဲ ရိုက်လို့ရတဲ့ Indoor Prewedding Photo Theme လေးများ

Covid ကာလမှာ နှစ်နဲ့ချီစီစဉ်ထားတဲ့ မင်္ဂလာဆောင်မယ့်အစီအစဉ်တွေ ဆက်လုပ်သင့်မလုပ်သင့် စဉ်းစားရတာ ချစ်သူစုံတွဲတွေအတွက် အခက်တွေ့စရာပါပဲ။

ဒီမှာ စိတ်ပူစရာတစ်ချက်က Prewedding ရိုက်ဖို့ပါပဲ။ တစ်သက်မှာ တစ်ခါဆောင်တဲ့မင်္ဂလာပွဲအတွက် အလှဆုံး Prewedding ပုံလေးတွေ လိုချင်ပေမယ့် ခရီးမသွားရ၊ ဘယ်မှအဝေးမသွားရတော့ ပုံလှလှရိုက်လို့ရပါ့မလားစိတ်ပူတတ်ကြပါတယ်။

ဒါ့ကြောင့် ပြည်တွင်း ဓါတ်ပုံဆရာကောင်းကောင်းတွေနဲ့ Wedding Studio ကောင်းကောင်းမှာ ရိုက်တတ်မယ်ဆို တသက်မမေ့စရာ ချစ်ကြည်နူးနေမယ့် အမှတ်တရကောင်းလေးတွသိမ်းထားပေးနိုင်တဲ့ Prewedding ပုံလှလှလေးတွေ ရနိုင်ကြောင်း ကိုရီးယား နိုင်ငံက Indoor , Street Prewedding Photos လေးတွကို ကြည့်ပြီး အတုယူလို့ရအောင် ဖော်ပြပေးလိုက်ရပါတယ်။

မင်္ဂလာဇနီးမောင်နှံလေးတွေ Prewedding မရိုက်ခင် ဒီလိုပုံလေးတွေကို Pinterest ကနေ ရှာပြီး လေ့လာနိုင်ကြောင်း Taste ကနေ ရှာပြီး ဖော်ပြပေးလိုက်ရပါတယ်နော်...

ရှေးခေတ်ကိုရီးယားမင်းကြီးတွေရဲ့ စားပွဲတော်များအကြောင်းလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကိုရီးယားနိုင်ငံမှာ ဘုရင်၊ အထက်တန်းလ...
06/01/2021

ရှေးခေတ်ကိုရီးယားမင်းကြီးတွေရဲ့ စားပွဲတော်များအကြောင်း

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကိုရီးယားနိုင်ငံမှာ ဘုရင်၊ အထက်တန်းလွှာ၊ အလတ်တန်းလွှာနဲ့ အောက်ခြေလူတန်းစားဆိုလူတန်းအလွှာတွေရှိပါတယ်။ ဒီထဲမှာမှ တစ်လောကလုံးရဲ့ ထိပ်ဆုံး ရေမြေ့အရှင်ဘုရင်မင်းတွေ တစ်နေ့ကို ဘယ်နှစ်နပ်စားကြလဲ၊ ဘာတွေစားကြလဲဆိုတာ ပြောပြပေးသွားမှာပါ။

ကိုရီးယားဘုရင်တွေက တစ်နေ့ကို မနက်ခင်းအစောစာ၊ မနက်စာ၊ နေ့လည်စာ၊ ညစာနဲ့ ညလယ်စာဆိုပြီး
၅နပ်စားသုံးကြပါတယ်တဲ့။ မနက်ခင်းအစောစာဆိုတာ မနက်နိုးနိုးချင်းအိပ်ယာကထချိန်မှာ ပန်းကန်လုံးအသေးလေးနဲ့ ကျန်းမာရေးအတွက် အထောက်ကူပြုတဲ့ ဆန်ပြုတ်စားကြပါတယ်။ မနက်စာကိုတော့ နံနက် ၁၀နာရီမှာစားပြီး ညစာကို ညနေ ၅နာရီနဲ့ ညလယ်စာကို ၇ နာရီနဲ့ ၈နာရီဝန်းကျင်မှာစားကြပါတယ်။ နေ့လည်စာကိုတော့ မနက်စာနဲ့ ညစာကြားမှာ စားသုံးကြပါတယ်။

ပုံမှန်ထမင်းစားပွဲ Royal Table တစ်နပ်မှာ စားပွဲ ၁၂မျိုးပါဝင်ပါတယ်။ အဲ့ဒါတွေကတော့ ထမင်းဖြူတစ်ပွဲ၊ ပဲနဲ့ရောထားတဲ့ထမင်းလုံးတစ်ပွဲ (ဒါမှမဟုတ်အခြား ကောက်ပဲသီးနှံတစ်ခုခုရောထားတဲ့ထမင်းလုံးတစ်ပွဲ)၊ ဟင်းရည်တစ်ပွဲ၊ ရေညှိဟင်းရည်တစ်ပွဲ၊ အမဲရိုးစွပ်ပြုတ်တစ်ပွဲ၊ ဂျီဂဲ (စတူး) တစ်မျိုး၊ Jjim (အပေါင်း) တစ်ပွဲ နဲ့ ဟော့ပေါ့လို အသား၊မှု၊အသီးရွက်စတာတွေပါတဲ့ Jeongol ဟင်းပွဲတစ်ပွဲပါဝင်ပါတယ်။
အခြားဟင်းပွဲတွေအနေနဲ့ ခေါက်ဆွဲ၊ ဖက်ထုပ်ပေါင်း၊ ဖက်ထုပ်ပြူတ်၊ Saengchae လို့ခေါ်တဲ့အသီးရွက်တွေကို အရသာနှစ်နယ်နယ်ထားတာတွေ၊ အမဲသားကင်ဒါမှမဟုတ် ငါးကင်၊ ငါးအစိမ်းအလွှာ၊ အသားစိမ်းအလွှာ၊ ကြေးဝါအိုးထဲထည့်သုံးဆောင်ရတဲ့ Sinseollo (ဟော့ပေါ့)၊ ပဲငပိဆော့စ်၊ Jorim (အသားငါးနဲ့ အသီးရွက်တွေ၊ တို့ဟူးစတာတွေကို မီးအေးအေးနဲ့နှပ်ချက်ထားသောဟင်းပွဲ)၊ Jeonyuhwa (ကိုရီးယားပန်ကိတ်)၊
နဲ့ အချိုပွဲအနေနဲ့ လဘက်ရည်၊ အသီးဖျော်ရည်နဲ့ ဆန်မုန့် စတာတွေ အလှည့်ကျပါဝင်ပါတယ်။

ဒါတွေကတော့ ပုံမှန်နေ့စဉ်စားနေကျဟင်းပွဲတွေဖြစ်ပြီး ပွဲတော်ရက်နဲ့ နေ့ထူးနေ့မြတ်တွေလို နေ့မျိုးမှာတော့ ဟင်းပွဲပေါင်း ၃၀ကနေ ၄၀အထိတိုးပြီး စားပွဲကျင်းပကြပါတယ်။ မှတ်တမ်းအရတိုးသွားတဲ့ ဟင်းပွဲတွေကတော့ Songsongi (မုန်လာဥဖြူတုံးကင်မ်ချီ)၊ Jeotgugji (တရုတ်မုန်ညင်းကင်မ်ချီ)၊ Dongchimi (မုန်လာဥဖြူကင်မ်ချီ), Jeotgal (fermented salted seafood)၊ Jorigae (hard-boiled food with heavy seasonings)၊ Namul (ရာသီပေါ်အသီးအရွက်သုပ်)၊ Mareunchan (dried foods), Janggwa (braised seafood), Pyeonyuk (အသားပြုတ်လွှာ), Changui (fried Codonopsis lanceolata)၊ Jeotguk jochi (kind of fish soup)၊ Jang (soy sauce)၊ Chojang (soy sauce with vinegar)၊ Cho gochujang (chili cream with vinegar), Tojang jochi (soybean soup), Huinsura (white rice), Gwaktang (seaweed soup), Suran (poached egg) and Hongban (rice with azuki beans) စတာတွေဖြစ်ပါတယ်။

Surasang (Royal Table) လို့ခေါ်တဲ့ ပုံမှန်တော်ဝင်စားပွဲတစ်ခုမှာ စုစုပေါင်းစားပွဲသုံးခုရှိရပါတယ်။ ညာဘက်ထောင့်မှာ အဓိက Main table ဖြစ်တဲ့အကြီးဆုံးစားပွဲကိုထားပြီး ထမင်း၊ စွပ်ပြုတ်တွေ၊ စတူးတွေ၊ ဟင်းပွဲ၊ အရံဟင်းနဲ့ ကင်မ်ချီလို အချဉ်ဖောက်သိမ်းဆည်းထားတဲ့ဟင်းပွဲတွေပါပါတယ်။ ဘယ်ဘက်စားပွဲအသေးမှာတော့ Gomtang လို့ခေါ်တဲ့အသားပြုတ်ဟင်း၊ အချိုပွဲ၊ အနီရောင်ဟင်းပွဲတစ်ပွဲ၊ လဘက်ရည်နဲ့ ပန်းကန်လုံးခွက်ယောက်အလွတ်တွေပါပြီး ဒီစားပွဲကို အဓိကစားပွဲမှာစားတဲ့ ဇွန်း၊တူနဲ့ ပန်းကန်စတာတွေကို တင်ထားဖို့လည်း အသုံးပြုတာဖြစ်ပါတယ်။ ညာဘက်အောက်နားမှာတော့ လေးထောင့်စားပွဲအသေးနဲ့ ဥတွေ၊ နှမ်းဆီ၊ ဆော့စ်မျိုးစုံနဲ့ အသီးရွက်အစိမ်းတွေထားပေးပါတယ်။ ဘယ်ဘက်အောက်နားမှာတော့ မီးသွေးနဲ့ အပူပေးတည်ထားတဲ့ Jeongol နဲ့ Sinseollo လို ဟော့ပေါ့အိုးတွေထားပေးထားပါတယ်။

ဘုရင်ဟာ မိဖုရားနဲ့အတူတူထမင်းတွဲစားလေ့မရှိဘဲ သီးခြားစားရပါတယ်။
ဘုရင်အပါဝင် တော်ဝင်မိသားစုတွေအတွက်ချက်ပြုတ်တဲ့အစားအစာတွေဟာသာမန်စားစရာလိုမျိုး မဟုတ်ဘဲ ပြည်နယ်ရှစ်ခုက တစ်လစီတာဝန်ယူပြီး နန်းတော်မှာအလှည့်ကျကိုယ်စားပြုဆက်သကြရပါတယ်။ထွက်ကုန်တွေကိုနန်းတွင်းတော်ဝင်စားဖိုမှူးများက စီစစ်ရွေးချယ်ပြီး ဟင်းချက်ဖို့အတွက်သိုလှောင်ကာ ဟင်းလျာတွေကို ချက်ပြုတ်ရမှာအသုံးပြုကြပါတယ်။

အစားအစာပြင်ဆင်ချက်ပြုတ်တဲ့နေရာဟာ ဂျိုဆွန်းခေတ်မှာ အရေးပါတဲ့ အခန်းကဏ္ဏဖြစ်ပြီး အစားသောက်ပြင်ဆင်တဲ့နေရာ၊ အရက်သေစာနဲ့ ဆေးဝါးတွေ စတာတွေအတွက် အဆင့်ဆင့် တာဝန်ရှိသူတွေက ကြီးကြပ်ပြီး ပြင်ဆင်ချက်ပြုတ်ကြတာဖြစ်ပါတယ်။ (နန်းတွင်းရတနာအပါဝင် အခြားနန်းတွင်းကားတွေကို ကြည့်ရင် သတိပြုမိမှာပါ)
အခုနောက်ပိုင်းမှာတော့ ကိုရီးယားနိုင်ငံမှာလည်း ရိုးရာအစားအစာ စားသောက်ဆိုင်တွေမှာ ရိုးရာအငွေ့အသက်အပြင်ဆင်တွေနဲ့အတူ တော်ဝင်ဘုရင်မင်းမြတ်တွေစားတဲ့အစားအစာတွေကို ကိုယ်တိုင်မြည်းစမ်းစားသုံးလို့ ရနေပါပြီ။

၂၃ နှစ်အရွယ် ဖီလစ်ပိုင်လေယာဉ်မယ်လေး Christine Dacera ရင်နင့်ဖွယ်ဖြစ်ရပ် Christine မသေဆုံးခင်က  Makati မြို့ရဲ့ အဆင့်မြင့...
05/01/2021

၂၃ နှစ်အရွယ် ဖီလစ်ပိုင်လေယာဉ်မယ်လေး Christine Dacera ရင်နင့်ဖွယ်ဖြစ်ရပ်

Christine မသေဆုံးခင်က Makati မြို့ရဲ့ အဆင့်မြင့် ဟိုတယ်တစ်ခုဖြစ်တဲ့ City Garden မှာ သူမယုံကြည်ရတယ်လို့ ထင်ခဲ့တဲ့ ယောင်္ကျားလေးသူငယ်ချင်းတွေနဲ့အတူ New Year Party ကို အတူတူဆင်နွှဲနေခဲ့တာပါ။ ဒါပေမယ့်နောက်တစ်နေ့မနက်မှာတော့ ဟိုတယ်အခန်းရဲ့ Bathtub ထဲမှာသေဆုံးမယ်လို့ သူမ တွေးမိခဲ့မယ် မထင်ပါဘူး။ ရဲတွေရဲ့ စုံစမ်းစစ်ဆေးချက်အရ အမျိုးသား ၉ ဦးနဲ့အထက် မုဒိမ်းကျင့်ခံခဲ့ရပြီး
သေဆုံးမှုအသေးစိတ်ကိုတော့ အလောင်းကို ခွဲစိတ်ပြီးမှ သိရမှာဖြစ်ပါတယ်။
သူမနဲ့အတူ Party မှာရှိခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် Galidaက မနက် ၁၀နာရီလောက်မှာနိုးပြီး သူမကို ရေချိုးခန်းထဲမှာတွေ့လို့ အိပ်ပျော်နေတယ်ထင်ပြီး စောင်ခြုံပေးခဲ့ပါတယ်။ ဒါပေမယ့်နာရီအနည်းငယ်ကြာတဲ့အချိန်မှာ Christine မူမမှန်ဘဲ ပြာနှမ်းနှမ်းဖြစ်နေတာကို သတိထားမိပြီး ရဲကိုအကြောင်းကြား ဆေးရုံကို အမြန်ခေါ်ဆောင်သွားခဲ့ပေမယ့် ဆေးရုံရောက်ချိန်မှာတော့ စိတ်မကောင်းစွာ Christine ဟာ သေဆုံးနေခဲ့ပါပြီ။

လက်ရှိမှာတော့ Philippine National Police ရဲ့ ရဲချုပ် Debold Sinasပြောကြားချက်အရ သူမနဲ့ အတူတူ Party မှာရှိခဲ့တဲ့ အမျိုးသားကိုးယောက်ကို ရှာဖွေစုံစမ်းနေပြီး Galida အပါဝင် Christine နဲ့အတူရှိခဲ့တဲ့ အမျိုးသားသူငယ်ချင်း ၃ ယောက်ကိုတော့ ဖမ်းဆီးထားပါတယ်။ စစ်ဆေးချက်အရ သူမအမျိုးသမီးကိုယ်ဟာ စုတ်ပြဲနေပြီး အမျိုးသားတွေရဲ့သုတ်ပိုးကိုလည်း တွေ့ရှိရပါတယ်။

Christine ရဲ့ မိသားစုထွက်ဆိုချက်အရ Party မှာ သူမကို တားမြစ်ထားတဲ့ပစ္စည်းတွေကို အတင်းသုံးခိုင်းခဲ့ပုံရတယ်လို့ သိရှိရပါတယ်။ GMA's News မှာဖော်ပြထားချက်အရ Christine ရဲ့ မိခင်က "ကျွန်မကို သူမ Party သွားဖို့ ခွင့်တောင်းခဲ့ပါတယ်။ ကျွန်မလည်းသွားဖို့ခွင့်ပြုခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သမီးက သူ့သူငယ်ချင်းတွေနဲ့ အတူတူသွားမှာဖြစ်ပြီး သူတို့ကိုလည်း ယုံကြည်လို့ပါ" လို့ဆိုပါတယ်။ Christine ဟာ သူမအမေကိုအဲဒီညသန်းခေါင်မှာ ဖုန်းခေါ်ခဲ့ပြီး ဖုန်းခေါ်ပြီး ၁၂ နာရီအကြာမှာတော့ သူမသေဆုံးပြီဆိုတဲ့ သတင်း ကို ကြားခဲ့ရတာဖြစ်ပါတယ်။

ချစ်ခင်သူတွေကြားမှာ Ica လို့လည်း လူသိများတဲ့ Christine ဟာ University of the Philippines Mindanaor မှာ ဘွဲ့ရခဲ့ပြီး the Philippine Airlines (PAL) မှာ လေယာဉ်မယ်အဖြစ်လုပ်ကိုင်နေသလို ကျောင်းမှာလည်း ငယ်ရွယ်တက်ကြွတဲ့ ကျောင်းဂုဏ်ဆောင်နိုင်သူလေးဖြစ်ပါတယ်။ Miss ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ခဲ့တဲ့သူလေးဖြစ်ပါတယ်။ January 3 ရက်နေ့မှာတော့ University of the Philippines Mindanao က Ms. Ica was an examplar of honor and excellence in balancing her academics and passion for performing arts. May you rest in peace and the memories of your kind-hearted soul continue to bless the hearts of the people you've touched in your remembrance. You will be missed, Ica." ဆိုပြီး တရားဝင်နှုတ်ဆက်ထွက်ခွာခွင့်ကို ထုတ်ပြန်လိုက်ပါတယ်။

Social Media အသုံးပြုသူတွေအနေနဲ့ကတော့ အသီးသီးအသုံးပြုကြတဲ့ Social Media Platform တွေမှာ and ဆိုတဲ့ Hastag ကို အသုံးပြုပြီး သူမအတွက် ဝမ်းနည်းခြင်း၊ ယူကြုံးမရဖြစ်ခြင်းနဲ့ ကျူးလွန်သူတွေအတွက် ထိထိရောက်ရောက်အရေးယူရေးအတွက် ပါဝင်လှုပ်ရှားနေကြပါတယ်။ အတူရှိခဲ့တဲ့အမျိုးသားတွေဟာ လိင်တူချစ်သူတွေလို့လည်း သတင်းထွက်နေပြီး တကယ့်ဖြစ်ရပ်သတင်းအစုံအလင်ကို တော့ အလောင်းခွဲစိတ်မှုအပြီးမှာ ဆက်လက်ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

Address

Myaungmya

Website

Alerts

Be the first to know and let us send you an email when Taste posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share