Dingar Bakery

Dingar Bakery We bake with love..

သင်္ကြန် (၄) ရက်တာကာလအတွင်း အတာအိုးပုံလေးတွေ၊ ပျော်ရွှင်စရာ သင်္ကြန်အမှတ်တရပုံလေးတွေနဲ့အတူ Comment မှာ တက်တက်ကြွကြွ ပါဝင...
22/04/2026

သင်္ကြန် (၄) ရက်တာကာလအတွင်း အတာအိုးပုံလေးတွေ၊ ပျော်ရွှင်စရာ သင်္ကြန်အမှတ်တရပုံလေးတွေနဲ့အတူ Comment မှာ တက်တက်ကြွကြွ ပါဝင်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို Dingar Bakery မိသားစုက အထူးပဲ ကျေးဇူးတင်ရှိပါတယ်... ✨

ကဲ... အားလုံးပဲ ရင်ခုန်နေကြပြီမလား‼️
အခုဆိုရင်တော့ တစ်ရက်ကို (၂) ဦးနှုန်းနဲ့ ရွေးချယ်ထားတဲ့ စုစုပေါင်း ကံထူးရှင် (၈) ဦး ပေါ်ထွက်လို့ လာပါပြီ 🎉

ကံထူးရှင်တွေက ဘယ်သူတွေဖြစ်မလဲဆိုတာကိုတော့ အောက်က ပုံလေးထဲမှာ ကြည့်လိုက်တော့နော်... 👀👇

🎁 ကံထူးရှင် (၈) ဦးစလုံးအတွက် Dingar Bakery ရဲ့ အရသာအစုံအလင်ပါဝင်မဲ့ "နှစ်သစ်ကူး မုန့်လက်ဆောင်အစုံ" ကို ပေးအပ်သွားမှာ ဖြစ်ပါတယ်... 🥐🍰

⚠️ ပုံထဲမှာပါတဲ့ ကံထူးရှင်များအနေနဲ့ မိမိတို့ရဲ့ အမည်၊ ဖုန်းနံပါတ် နဲ့ လိပ်စာတို့ကို လကုန်ရက် မတိုင်ခင် Dingar Bakery ရဲ့ Page Messenger (CB) မှာ လာရောက်ဆက်သွယ် အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်...

ဒီတစ်ခါ ကံမပါသေးလို့ စိတ်မကောင်းမဖြစ်ပါနဲ့ဦးနော်။ နောက်နောင်မှာလည်း အခုလို ရင်ခုန်စရာ အစီအစဉ်ကောင်းတွေနဲ့ လက်ဆောင်တွေ ထပ်ပေးသွားဖို့ ရှိတာမို့ Dingar Page လေးကို စောင့်ကြည့်ပေးကြပါဦးနော်... 🔔💖

Viber - https://invite.viber.com/…
🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက်
🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြို့ပတ်လမ်း၊ မန္တလေးမြို့။
🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို့။
☎️ 09-799 865 586,09 - 442 025 454, 09 - 202 5454

#နှစ်သစ်လက်ဆောင်

နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေစင်နဲ့ ဆေးကြောသန့်စင်ပြီးတဲ့နောက်၊ ဒီကနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဘဝသစ်ကို အင်အ...
17/04/2026

နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေစင်နဲ့ ဆေးကြောသန့်စင်ပြီးတဲ့နောက်၊ ဒီကနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဘဝသစ်ကို အင်အားအပြည့်နဲ့ ပြန်စဖို့ အကောင်းဆုံး အချိန်အခါပါပဲ 💦

ပိတောက်ရနံ့ သင်းပျံ့နေတဲ့ လေပြည်လေးက စိတ်အမောတွေကို ဖြေဖျောက်ပေးသလို၊ ဘုရားကျောင်းကန်က ခေါင်းလောင်းသံလေးတွေကလည်း "အသစ်ကပြန်စဖို့" သတိပေးနေသယောင် ✨

ဒီနှစ်သစ်မှာ မိသားစုတွေ စုံစုံလင်လင်နဲ့ ကုသိုလ်ယူရင်း၊ အေးချမ်းတဲ့ မေတ္တာဓာတ်တွေကို တစ်ဦးနဲ့တစ်ဦး ဝေမျှပေးကြရအောင်လား 🌿

မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ ရိုးရာအစဉ်အလာအတိုင်း လူကြီးမိဘတွေကို ကန်တော့ကြမယ်၊ သက်ကြီးပူဇော်ပွဲတွေ လုပ်ကြမယ်၊ သတ္တဝါတွေကို ဘေးမဲ့လွှတ်ရင်း နှစ်သစ်ကို မင်္ဂလာရှိရှိ ကြိုဆိုကြမယ်။

နှစ်သစ်ရဲ့ ဦးဆုံးဆုတောင်းစကားအနေနဲ့…
သင်္ကြန်ရေလို အေးချမ်းပါစေ၊ ပန်းပိတောက်လို လန်းဆန်းပါစေ ✨

မေတ္တာရေစင် ပက်ဖျန်းလို့ နှစ်သစ်အခါမှာ ရွှင်လန်းချမ်းမြေ့ကြပါစေ ✨လို့ Dingar Bakery မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

TikTok - https://www.tiktok.com/?_t=8nNOEkuuqis&_r=1
Viber - https://invite.viber.com/…

🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက်
🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြို့ပတ်လမ်း၊ မန္တလေးမြို့။
🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို့။

☎️ 09-799 865 586,09 - 442 025 454, 09 - 202 5454
#မြန်မာနှစ်ဆန်းတစ်ရက်နေ့

🎁 လက်ဆောင်ယူ … လက်ဆောင်ယူ 🎁💦  အတက်နေ့မို့ အပီနွှဲ လက်ဆောင်ယူရင်း အတူတူကဲ ✨🧜‍♂️ ဒီနေ့ကတော့ သင်္ကြန်ရဲ့ နောက်ဆုံးရက် "အတက်...
16/04/2026

🎁 လက်ဆောင်ယူ … လက်ဆောင်ယူ 🎁

💦 အတက်နေ့မို့ အပီနွှဲ လက်ဆောင်ယူရင်း အတူတူကဲ ✨

🧜‍♂️ ဒီနေ့ကတော့ သင်္ကြန်ရဲ့ နောက်ဆုံးရက် "အတက်နေ့" ကို ရောက်ရှိလာပါပြီ။နောက်ဆုံးရက်ဆိုတော့ အပီအပြင် ကဲပစ်ဖို့ အားမွေးထားကြပြီမလား။ ရွှေပူတင်းလေးကတော့ ကားကြီးနဲ့ရေပတ်ခံရင်း လည်လည်ထွက်ဖို့ ရယ်ဒီပဲဗျို့ ။

📝 ဒီနေ့ အတက်နေ့မှာရော ဘာတွေလုပ်နေကြလဲ ❓

သင်္ကြန်နဲ့ပတ်သတ်တဲ့ ပုံလှလှလေးတွေကို ဒီ Post ရဲ့ Comment အောက်မှာ လာရောက်မန့် လိုက်ပါနော် 📸👇

🎁 လက်ဆောင်အစီအစဉ်နဲ့ ရွေးချယ်မဲ့ပုံစံ 🎁
Comment မှာ ပါဝင်မန့်တဲ့ သူတွေထဲကမှ သင်္ကြန် (၄) ရက်တာကာလအတွင်း တစ်ရက်ကို ကံထူးရှင် (၂) ဦးစီ ရွေးချယ်သွားမှာဖြစ်လို့ ဘယ်ရက်မဆို ပါဝင်ရင်း ကံထူးရှင်ဖြစ်နိုင်ပါတယ်နော်

စုစုပေါင်း ကံထူးရှင် (၈) ဦး အထိ ရွေးချယ်ပြီး Dingar ရဲ့ နှစ်သစ်အထူးလက်ဆောင်လေးတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်ရှင် ✨

📣 ကံထူးရှင် ကြေညာမဲ့ရက်
ကံထူးရှင် (၈) ယောက်စလုံးကို လာမဲ့ ဧပြီ (၂၂) ရက်နေ့မှာ Dingar ရဲ့ Page ကနေ သီးသန့် Post တင်ပြီး ကြေညာပေးသွားမှာမို့ Page လေးကို စောင့်ကြည့်ပေးဖို့ မမေ့နဲ့နော်။

အားလုံးပဲ နောက်ဆုံးရက်လေးမှာ အပျော်ဆုံးနဲ့ အမှတ်တရအရှိဆုံး သင်္ကြန်အတက်နေ့လေး ဖြစ်ပါစေလို့ Dingar မိသားစုမှ ဆုတောင်းပေးလိုက်ပါခင်ဗျာ 💦💙

Viber - https://invite.viber.com/…
🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက်
🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြို့ပတ်လမ်း၊ မန္တလေးမြို့။
🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို့။
☎️ 09-799 865 586,09 - 442 025 454, 09 - 202 5454

#အတက်နေ့ #သင်္ကြန်လက်ဆောင်

🎁 လက်ဆောင်ယူ … လက်ဆောင်ယူ 🎁🥐 စတုဒိသာ အလှူပေး အကြတ်နေ့လည်း လက်ဆောင်ယူမယ်လေ ✨အခုဆိုရင် ပျော်စရာအကောင်းဆုံး နှစ်ကူးသင်္ကြန်...
15/04/2026

🎁 လက်ဆောင်ယူ … လက်ဆောင်ယူ 🎁

🥐 စတုဒိသာ အလှူပေး အကြတ်နေ့လည်း လက်ဆောင်ယူမယ်လေ ✨

အခုဆိုရင် ပျော်စရာအကောင်းဆုံး နှစ်ကူးသင်္ကြန်ပွဲတော်ကြီးရဲ့ တတိယမြောက်နေ့ဖြစ်တဲ့ "အကြတ်နေ့" ကို ရောက်လာပြီမို့ ရွှေပဲပေါင်လေးကတော့ ဒီနေ့မှာ စတုဒိသာကျွေးရင်း ပျော်ရွှင်နေပြီနော်။

📝 ဒီနေ့ အကြတ်နေ့မှာရော ဘာတွေလုပ်နေကြလဲ ❓

သင်္ကြန်နဲ့ပတ်သတ်တဲ့ ပုံလှလှလေးတွေကို ဒီ Post ရဲ့ Comment အောက်မှာ လာရောက်မန့်လိုက်ပါနော်🥰

🎁 လက်ဆောင်အစီအစဉ်နဲ့ ရွေးချယ်မဲ့ပုံစံ 🎁
Comment မှာ ပါဝင်မန့်တဲ့ သူတွေထဲကမှ သင်္ကြန် (၄) ရက်တာကာလအတွင်း တစ်ရက်ကို ကံထူးရှင် (၂) ဦး စီ ရွေးချယ်သွားမှာဖြစ်လို့ ဘယ်ရက်မဆို ပါဝင်ရင်း ကံထူးရှင်ဖြစ်နိုင်ပါတယ်နော်

သင်္ကြန် (၄) ရက်လုံး စုစုပေါင်း Winner (၈) ယောက်အထိ ရွေးချယ်ပြီး Dingar Bakery ရဲ့ နှစ်သစ် အထူးလက်ဆောင်လေးတွေ ပေးသွားမှာ ဖြစ်ပါတယ်။

📣 ကံထူးရှင် ကြေညာမဲ့ရက်
ကံထူးရှင် (၈) ယောက်စလုံးကို လာမဲ့ ဧပြီ (၂၂) ရက်နေ့မှာ Dingar ရဲ့ Page ကနေ သီးသန့် Post တင်ပြီး ကြေညာပေးသွားမှာမို့ Page လေးကိုစောင့်ကြည့်ပေးဖို့ မမေ့နဲ့နော်။

ကဲ လက်ဆောင်တွေ ရယူနိုင်ဖို့ စတုဒိသာလေးတွေ စားရင်း၊လှူရင်း အလှဆုံး ပုံလေးရိုက်ပြီး Comment မှာ မျှဝေရင်း နှစ်သစ်လက်ဆောင်လေးတွေ ရယူလိုက်ကြရအောင်နော် 🔔

ပျော်ရွှင်စရာ သင်္ကြန်အကြတ်နေ့လေး ဖြစ်ပါစေလို့ Dingar မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ 💦

Viber - https://invite.viber.com/…
🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက်
🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြို့ပတ်လမ်း၊ မန္တလေးမြို့။
🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို့။
☎️ 09-799 865 586,09 - 442 025 454, 09 - 202 5454

#အကြတ်နေ့ #သင်္ကြန်လက်ဆောင် #စတုဒိသာ

🎁 လက်ဆောင်ယူ … လက်ဆောင်ယူ 🎁🪣 ရေပုံးလေးဆွဲလို့ အပီကဲကာ အကျနေ့မှာ လက်ဆောင်ယူ ✨ အခုဆိုရင် ပျော်စရာအကောင်းဆုံး နှစ်ကူးသင်္ကြ...
14/04/2026

🎁 လက်ဆောင်ယူ … လက်ဆောင်ယူ 🎁

🪣 ရေပုံးလေးဆွဲလို့ အပီကဲကာ အကျနေ့မှာ လက်ဆောင်ယူ ✨

အခုဆိုရင် ပျော်စရာအကောင်းဆုံး နှစ်ကူးသင်္ကြန်ပွဲတော်ကြီးရဲ့ ဒုတိယမြောက်နေ့ဖြစ်တဲ့ "အကျနေ့" ကို ရောက်လာပြီဖြစ်လို့ ရွှေကြည်လေးကတော့ ရေပွဲဆွဲပြီး ရေပတ်နေပြီနော်

📝 ဒီနေ့ အကျနေ့မှာရော ဘာတွေလုပ်နေကြလဲ ❓

ဒီနေ့သင်္ကြန်နဲ့ပတ်သတ်တဲ့ လုပ်ဖြစ်တာလေးကို ပုံလှလှလေးရိုက်ပြီး ဒီ Post ရဲ့ Comment အောက်မှာ လာရောက်မန့်ရင်း လက်ဆောင်ယူလိုက်ပါနော် 📸👇

🎁 လက်ဆောင်အစီအစဉ်နဲ့ ရွေးချယ်မဲ့ပုံစံ 🎁

Comment မှာ ပါဝင်မန့်တဲ့ သူတွေထဲကမှ သင်္ကြန် (၄) ရက်တာကာလအတွင်း တစ်ရက်ကို ကံထူးရှင် (၂) ဦးစီ ရွေးချယ်သွားမှာဖြစ်လို့ ဘယ်ရက်မဆို ပါဝင်ရင်း ကံထူးရှင်ဖြစ်နိုင်ပါတယ်နော်

သင်္ကြန် (၄) ရက်လုံး စုစုပေါင်း Winner (၈) ယောက်အထိ ရွေးချယ်ပြီး Dingar Bakery ရဲ့ နှစ်သစ် အထူးလက်ဆောင်လေးတွေ ပေးသွားမှာ ဖြစ်ပါတယ်။

📣 ကံထူးရှင် ကြေညာမဲ့ရက်
ကံထူးရှင် (၈) ယောက်စလုံးကို လာမဲ့ ဧပြီ (၂၂) ရက်နေ့မှာ Dingar ရဲ့ Page ကနေ သီးသန့် Post တင်ပြီး ကြေညာပေးသွားမှာမို့ Page လေးကို စောင့်ကြည့်ပေးဖို့ မမေ့နဲ့နော်။

ကဲ... ရေပုံးလေးတွေ အဆင်သင့်ဖြစ်ပြီဆိုရင် လှဆုံး ပုံလေးရိုက်ပြီး Comment မှာ မျှဝေရင်း နှစ်သစ်လက်ဆောင်လေးတွေ ရယူလိုက်ကြရအောင်နော် 🔔

ပျော်ရွှင်စရာ သင်္ကြန်လေး ဖြစ်ပါစေလို့ Dingar မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ဗျာ 🏃‍♀️🏃‍♂️💦

Viber - https://invite.viber.com/…
🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက်
🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြို့ပတ်လမ်း၊ မန္တလေးမြို့။
🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို့။
☎️ 09-799 865 586,09 - 442 025 454, 09 - 202 5454

#အကျနေ့ #သင်္ကြန်လက်ဆောင်

🎁 လက်ဆောင်ယူ … လက်ဆောင်ယူ 🎁အတာအိုးလေး လှလှထိုး နှစ်သစ်ကိုကြိုရင်း လက်ဆောင်ယူစို့ 🪴🌸သကြင်္န်အကြိုနေ့ရောက်ပြီဆိုတာနေ့နံ(၇)...
13/04/2026

🎁 လက်ဆောင်ယူ … လက်ဆောင်ယူ 🎁

အတာအိုးလေး လှလှထိုး နှစ်သစ်ကိုကြိုရင်း လက်ဆောင်ယူစို့ 🪴🌸

သကြင်္န်အကြိုနေ့ရောက်ပြီဆိုတာနေ့နံ(၇)နေ့ကို ကိုယ်စားပြုတဲ့ သပြေ၊ ပန်းစုံတွေနဲ့ လှပနေတဲ့ အတာအိုးလေးတွေပဲ ဖြစ်ပါတယ်။

ရွှေကောက်ညှင်းလေးကတော့ အတာအိုးလေးထိုးနေပြီဆိုတော့ … ခု ကိုယ့်အိမ်မှာရော အတာအိုးလေးတွေ လှလှပပလေး ထိုးထားပြီးကြပြီလား 🤩

📝 ဒီနေ့ အကြိုနေ့မှာရော ဘာတွေလုပ်နေကြလဲ ❓

သင်္ကြန်နဲ့ပတ်သတ်တဲ့ ဘာတွေလုပ်ဖြစ်ကြလဲဆိုတဲ့ activity ပုံလှလှလေးတွေကို ဒီ Post ရဲ့ Comment အောက်မှာ လာရောက်မန့်ရင်း လက်ဆောင်ယူလိုက်ပါနော် 📸👇

🎁 လက်ဆောင်အစီအစဉ်နဲ့ ရွေးချယ်မဲ့ပုံစံ 🎁

Comment မှာ ပါဝင်မန့်တဲ့ သူတွေထဲကမှ သင်္ကြန် (၄) ရက်တာကာလအတွင်း တစ်ရက်ကို ကံထူးရှင် (၂) ဦး စီ ရွေးချယ်သွားမှာဖြစ်လို့ ဘယ်ရက်မဆို ပါဝင်ရင်း ကံထူးရှင်ဖြစ်နိုင်ပါတယ်နော်

စုစုပေါင်း ကံထူးရှင် (၈) ဦး အထိ ရွေးချယ်ပြီး Dingar ရဲ့ နှစ်သစ်အထူးလက်ဆောင်လေးတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ် 🍰✨

🗓️ ကံထူးရှင် ကြေညာမဲ့ရက်
ကံထူးရှင် (၈) ဦးစာရင်းကို ဧပြီလ (၂၂) ရက်နေ့ မှာ ရင်ခုန်စရာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် အခုပဲ ဖုန်းလေးကိုထုတ်၊ အိမ်က အတာအိုးလေးကို သို့မဟုတ် ကိုယ်လုပ်ဖြစ်တာလေးတစ်ခုခုကို အလှဆုံးရိုက် ပြီး Comment မှာ မျှဝေရင်း နှစ်သစ်လက်ဆောင်လေးတွေ ရယူလိုက်ကြရအောင်နော် 🔔

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အေးချမ်းပျော်ရွှင်စရာ အတာသင်္ကြန်လေး ဖြစ်ပါစေလို့ Dingar Bakery မိသားစုမှ ချစ်ခြင်းမေတ္တာများစွာဖြင့် ဆုတောင်းပေးလိုက်ပါတယ်ဗျ 💦💛

Viber - https://invite.viber.com/…
🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက်
🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြို့ပတ်လမ်း၊ မန္တလေးမြို့။
🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို့။
☎️ 09-799 865 586,09 - 442 025 454, 09 - 202 5454

#သင်္ကြန်အကြိုနေ့ #အတာအိုး #မြန်မာသင်္ကြန်

အတာအိုးလေးတွေ ပြင်ဆင် သပြေခက်လေးတွေ ထိုးလို့  🌿တစ်မြို့လုံးအနှံ့ ကြားနေရတဲ့ သင်္ကြန်သီချင်းအသံတွေက အကြိုနေ့ရဲ့ အမှတ်အသား...
13/04/2026

အတာအိုးလေးတွေ ပြင်ဆင် သပြေခက်လေးတွေ ထိုးလို့ 🌿
တစ်မြို့လုံးအနှံ့ ကြားနေရတဲ့ သင်္ကြန်သီချင်းအသံတွေက အကြိုနေ့ရဲ့ အမှတ်အသားပေါ့။ ကျုံးဘေးမှာ ယိမ်းအကလှလှလေးတွေ ကြည့်ရင်း ငွေငန်းဖောင်ကြီးနောက်ကို လိုက်ခဲ့ဖူးတဲ့ အမှတ်တရတွေ အားလုံးမှာ ရှိကြမှာပါ။

ခေတ်တွေ ဘယ်လိုပဲ ပြောင်းပါစေ... သင်္ကြန်ရေလို အေးမြပါစေ၊ ပန်းပိတောက်လို လန်းဆန်းပါစေ ဆိုတဲ့ ဆုတောင်းလေးကတော့ အမြဲတမ်း အနှစ်သာရ အရှိဆုံးပါပဲ။ သင်္ကြန်ရေရဲ့ အေးမြမှုက စိတ်ကို ကြည်လင်စေသလို၊ ပိတောက်ပန်းရဲ့ လန်းဆန်းမှုက ရှေ့ဆက်ဖို့ အင်အားတွေ ပေးစွမ်းနိုင်ပါတယ် ✨

ဒီအတာကူးချိန်မှာ ချစ်ရသူတွေနဲ့အတူ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။ အားလုံးပဲ ပျော်ရွှင်စရာ သင်္ကြန်လေး ဖြစ်ပါစေလို့ Dingar Bakery မိသားစုမှ သင်္ကြန်အကြိုဆုတောင်းလေး ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ✨

TikTok - https://www.tiktok.com/?_t=8nNOEkuuqis&_r=1
Viber - https://invite.viber.com/…
🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက်
🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြို့ပတ်လမ်း၊ မန္တလေးမြို့။
🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို့။
☎️ 09-799 865 586,09 - 442 025 454, 09 - 202 5454

#မန္တလေးသင်္ကြန် #မြန်မာသင်္ကြန် #သင်္ကြန်အကြို

🙏 မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အခါသမယမှာ ရိုးရာမပျက်တဲ့ အနှစ်သာရတွေနဲ့ လူကြီးသူမတွေကို ကန်တော့ကြမယ် 🙏မြန်မာတို့ရဲ့ နှစ်သ...
11/04/2026

🙏 မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အခါသမယမှာ ရိုးရာမပျက်တဲ့ အနှစ်သာရတွေနဲ့ လူကြီးသူမတွေကို ကန်တော့ကြမယ် 🙏

မြန်မာတို့ရဲ့ နှစ်သစ်ကူး အချိန်အခါသမယမှာ မိဘ၊ ဘိုးဘွားနဲ့ ကျေးဇူးရှင်တွေကို ဂါရဝပြုဖို့ အကောင်းဆုံး လက်ဆောင်ကို ရှာနေရင်တော့
လူကြီးတွေ အကြိုက်တွေ့စေမဲ့ အရသာနဲ့ အရည်အသွေးကို အပြည့်အဝ အာမခံတဲ့ Dingar Bakery ရဲ့

🌟 ကျန်းမာရေးနဲ့ညီညွတ်တဲ့ မုန့်တွေကို
🌟 သင်္ကြန်အငွေ့အသက်တွေနဲ့ သေသပ်လှပစွာ ပြင်ဆင်ထားတဲ့
💥 ကန်တော့ခြင်းလေးတွေနဲ့
ဒီနှစ်သစ်မှာ..နှစ်သစ်လက်ဆောင် ဂါရဝပြုရအောင်✨

📥 လူကြီးသူမတွေအတွက် အဖိုးတန်ကန်တော့ခြင်းလေးတွေကို အခုပဲ ကြိုတင်မှာယူနိုင်ဖို့အတွက်

💬 Page Messenger မှတစ်ဆင့် အလွယ်တကူ ဆက်သွယ်မှာယူနိုင်သလို ကိုယ်တိုင်လာရောက် ရွေးချယ်ချင်တယ်ဆိုရင်တော့ Dingar Bakery မှာ လာရောက်ဝယ်ယူနိုင်ပါပြီနော် 🤗

TikTok - https://www.tiktok.com/?_t=8nNOEkuuqis&_r=1
Viber - https://invite.viber.com/…

🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက်
🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြို့ပတ်လမ်း၊ မန္တလေးမြို့။
🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို့။
☎️ 09-799 865 586,09 - 442 025 454, 09 - 202 5454

#ကန်တော့ခြင်း #နှစ်သစ်လက်ဆောင် #ဂါရဝပြုရအောင်

မင်္ဂလာမန္တလေး သင်္ကြန်အထူး ဈေးရောင်းပွဲတော်ကြီးမှာ ဒင်ဒင့်ဆိုင်လေးကတော့ လူတွေကြိတ်ကြိတ်တိုး စည်ကားခဲ့ပါတယ် 🎉💦ပူပြင်းတဲ့...
10/04/2026

မင်္ဂလာမန္တလေး သင်္ကြန်အထူး ဈေးရောင်းပွဲတော်ကြီးမှာ ဒင်ဒင့်ဆိုင်လေးကတော့ လူတွေကြိတ်ကြိတ်တိုး စည်ကားခဲ့ပါတယ် 🎉💦

ပူပြင်းတဲ့နွေရာသီရဲ့ သင်္ကြန်အငွေ့အသက်တွေ၊ တေးသီချင်းသံတွေနဲ့အတူ လာရောက်အားပေးကြတဲ့ Customer တွေရဲ့ အပြုံးတွေ၊ ပျော်ရွှင်သံတွေကြောင့် ကြိတ်ကြိတ်တိုး အသက်ဝင်လှုပ်ရှားခဲ့ပါတယ် 💃🕺

သင်္ကြန်ရက်မတိုင်ခင် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ဒင်ဒင့်ဆိုင်လေးဆီကို အလည်လာပြီး ဝယ်ယူအားပေးခဲ့ကြလို့လည်း Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်
အားလုံးပဲ ပျော်ရွှင်စရာ သင်္ကြန်ပွဲတော်လေး ဖြစ်ပါစေ 😉

TikTok - https://www.tiktok.com/?_t=8nNOEkuuqis&_r=1
Viber - https://invite.viber.com/…

🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက်

🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြို့ပတ်လမ်း၊ မန္တလေးမြို့။
🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို့။

☎️ 09-799 865 586,09 - 442 025 454, 09 - 202 5454

#သင်္ကြန်ဈေးရောင်းပွဲတော်

03/04/2026

ဇာတ်ခုံပေါ်မှာ အစွမ်းကုန် ကပြနေတဲ့ မင်းသားချော စိန်လုလု 🕺🏻
ဒါပေမဲ့ ပရိသတ်တွေက ဘယ်ရောက်နေကြလဲ 🤔
အားလုံးက ဒင်္ဂါးမုန့်ဆိုင် ရောက်နေကြတာပေါ့ 🤣
ကြည့်မယ့်သူသာ မရှိတာ ဒင်္ဂါးမုန့်သည်ကတော့ လက်မလည်အောင် ရောင်းကောင်းတယ်ဗျာ 🤗

TikTok - https://www.tiktok.com/?_t=8nNOEkuuqis&_r=1
Viber - https://invite.viber.com/…
🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက်
🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြိုပတ်လမ်း၊ မန္တလေးမြို။
🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို။
☎️ 09-799 865 586,09 - 442 025 454, 09 - 202 5454
#စန်လုလု #ဇာတ်ပွဲ #ဒငဂါးမုန့် #မြန်မာဟာသ

Address

87st33. 34st
Mandalay
05024

Alerts

Be the first to know and let us send you an email when Dingar Bakery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dingar Bakery:

Share