
Bayin Biscuits - ဘုရင်ဘီစကစ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bayin Biscuits - ဘုရင်ဘီစကစ်, Bakery, 62 Street, Bayint Naung Road, Mandalay.

Bayin Biscuits is the one of the biggest ISO 9001:2015 certified biscuits, cookies, cakes and wafer manufacturing and distribution company in Myanmar since 1992.

Bayin - Biscuits ရဲ့အမာခံအားပေးသူလေးတို့ရေ…🎊အခု Page က Advertising Access ပြဿနာလေးတွေကြောင့် Bayin Biscuits Page အသစ်ဖွင...
06/07/2023

Bayin - Biscuits ရဲ့အမာခံအားပေးသူလေးတို့ရေ…🎊

အခု Page က Advertising Access ပြဿနာလေးတွေကြောင့် Bayin Biscuits Page အသစ်ဖွင့်ထားကြောင်းပြောပြချင်ပါတယ် 🥺👀👀

ဒါကြောင့်ဘုရင်ရဲ့ Page အသစ်လေးကို Like& Follow လုပ်ထားဖို့မမေ့နဲ့ဦးနော် 🌟🌟

➡️ Page Link - http://surl.li/itcqy

လက်ရှိ Bayin Biscuits - ဘုရင်ဘီစကစ် Page ကိုလည်း ဆက်လက်အသုံးပြုမှာပါ📌📌

ဘုရင် ဘီစကစ်ကို အားပေးကြတဲ့သူလေးတွေအတွက် Page အသစ်မှာ ပျော်စရာအစီအစဉ်လေးတစ်ခုလည်းစီစဉ်ပေးထားတယ်နော် 🤭

Comment လေးမန့်ရုံနဲ့ ဖုန်းဘေလ်လက်ဆောင်ရမယ်ဆိုရင် ပျော်ကြမယ်မလား🤭🤭

Bayin ရဲ့ Phone Bill 10,000 Kyats မဲဖောက်ပေးမယ့် အစီအစဉ်လေးမှာပါဝင်ချင်တယ်ဆိုရင်တော့…

အားလုံးကြိုက်ကြတဲ့ ဘုရင် ဘီစကစ်ရဲ့ Page အသစ်လေးမှာ
📌Like & Follow လုပ်ပေးပါ
📌ဒီ Post လေးကို Public နဲ့ Share ပေးပါ
📌Page အသစ်လေးကိုLikeလုပ် ထားတဲ့ commentလေးကို Screenshot နဲ့ မန့်‌ပေးပါ
Comment မန့်တဲ့သူတွေထဲက (၁၀) ယောက်ကို
(၁၅၊၇၊၂၀၂၃) ရက်နေ့မှာ မဲဖောက်ပြီး
Phone Bill လက်ဆောင် (၁)သောင်းစီ ပေးသွားမှာဖြစ်ပါတယ် 😍😍

ဒီအစီအစဉ်နဲ့ပက်သက်ပြီး အငြင်းပွားစရာ တစ်စုံတစ်ရာ ရှိလာခဲ့ရင် Bayin Biscuts ရဲ့ဆုံးဖြတ်ချက်သာလျှင်အတည်ဖြစ်ပါတယ်။

ကဲ … ဖုန်းဘေလ်တစ်သောင်းရဖို့ လက်သွက်ကြစို့နော် !!

Bayin က Page အသစ်မှာလည်း Customer တွေအတွက် စိတ်လှုပ်ရှားစရာအစီအစဉ်လေးတွေကို လုပ်ပေးသွားဖို့ရှိလို့ Page အသစ်လေးကို စောင့်ကြည့်ပေးပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ် 🌟🌟

#ဘုရင်ဘီစကစ်

တစ်ကိုက်နဲ့တင် နိဗ္ဗာန်ရောက်သွားသလို ၊ တစ်ဘဝလုံးလိုက်ရှာနေတဲ့ အရသာကို ရှာတွေ့သွားသလို ခံစားရမယ့် ဘုရင် ရဲ့Choco Kit နဲ့ ...
01/07/2023

တစ်ကိုက်နဲ့တင် နိဗ္ဗာန်ရောက်သွားသလို ၊ တစ်ဘဝလုံးလိုက်ရှာနေတဲ့ အရသာကို ရှာတွေ့သွားသလို ခံစားရမယ့် ဘုရင် ရဲ့Choco Kit နဲ့ Choco Strawberry လေးပေါ့ 🍫🍓✨✨

ချောကလက် ချစ်သူတွေကတော့ စားနေကျမို့ တကူးတကတောင် ကြော်ငြာစရာမလိုတော့ဘူး 😉💘

ဒီ Cookie လေးတွေမှာ ချောကလက်ကို အဓိက ပါဝင်ပစ္စည်းအနေနဲ့ သုံးပြီး ထုတ်လုပ်ထားလို့ ချောကလက် အရသာအပြည့် ဖြစ်နေတဲ့ အပြင် မုန့်ကိုဖောက်လိုက်တာနဲ့ အနံ့မွှေးမွှေးလေးနဲ့ တန်းစားချင်လောက်အောင် ဆွဲဆောင်နိုင်ပါတယ် 🍫💯

🍫 Cookie သားချိုစိမ့်စိမ့်လေးနဲ့ ချောကလက်ရဲ့ အရသာကို ပိုင်ပိုင်နိုင်နိုင် စားချင်သူလေးတွေအတွက် Choco Kit နဲ့ …

🍓 စတော်ဘယ်ရီရဲ့ ချိုချိုချဥ်ချဥ်နဲ့ပြီးပြည့်စုံစွာပေါင်းစပ်ထားတာလေး ကြိုက်သူတွေအတွက် Choco Strawberry ဆိုပြီး ၂မျိုးတောင် ရှိတယ်နော် 💕

ချောကလက် ချစ်သူတွေ အာဂပါးစပ် လူဖြစ်ရကျိုးနပ်ဖို့ နီးစပ်ရာ ဆိုင်ကို ပြေးဝယ်ပြီး စားကြည့်လိုက်တော့နော် 😚😚

29/06/2023

ရုံးချ်ိန်တွေရဲ့ Tea Time မှာ ကော်ဖီလေးနဲ့ မုန့်လေးတစ်ခုလောက်ပဲ ပေါ့ပေါ့ပါးပါးစားချင်တယ်ဆိုတဲ့ သူတွေ ဘုရင်ဘီစကစ်မှထုတ်တဲ့ ကိတ်ခြောက်လေးကို ရွေး 🤭🤭

Texture က ခပ်မွမွ
အရသာလေးက စိမ့်စိမ့်
အနံ့ မွှေးမွှေးလေးနဲ့ တစ်ကိုက်ဆို တစ်ကိုက် ထိမိ 🍪🍪

တစ်ခါစားဖူးရုံနဲ့ လက်မလွှတ်နိုင်စရာ အရသာတွေအပြည့်နဲ့ လူကြီးလူငယ်တွေရဲ့ အသည်းစွဲလေးပေါ့ 💘💘

အချိုအအီတွေ ၊ အဆီတက်စာတွေ လက်ရှောင်တဲ့သူတွေလည်း ဘုရင် ကိတ်ခြောက်လေး စားကြည့်နော် 🍰🍰

ရွေးချယ်စရာအနေနဲ့လည်း
ထောပတ်အနံ့မွှေးမွှေးလေးနဲ့ အကြိုက်တွေ့စေမယ့် ထောပတ်ကိတ်ခြောက်
နို့အရသာ ခပ်ပြစ်ပြစ်နဲ့အရသာရှိစေမယ့် နို့ကိတ်ခြောက်ဆိုပြီး အရသာ​ (၂)မျိူးထုတ်လုပ်ထားပါတယ်

နေ့ခင်းနေ့လည် ကော်ဖီနဲ့မြုံ့ဖို့ အသင့်တော်ဆုံး ဘုရင်ကိတ်ခြောက်ကို အခုပဲ နီးစပ်ရာဆိုင်မှာ ဝယ်ထားလိုက်တော့နော် 💯💕

#ကိတ်ခြောက် #ထောပတ်ကိတ်ခြောက် #နို့ကိတ်ခြောက်

ပိုက်ဆံ (၁၀၀) ဆိုတာ ဒီခေတ်မှာ ဘတ်စ်ကားခတောင်မရတော့ပေမယ့် ဗိုက်ပြည့်ဖို့ ဘုရင် ဝေဖာလေးတွေကိုတော့ (၁၀၀)ကျပ်တည်းနဲ့ အကြိုက်...
22/06/2023

ပိုက်ဆံ (၁၀၀) ဆိုတာ ဒီခေတ်မှာ ဘတ်စ်ကားခတောင်မရတော့ပေမယ့် ဗိုက်ပြည့်ဖို့ ဘုရင် ဝေဖာလေးတွေကိုတော့ (၁၀၀)ကျပ်တည်းနဲ့ အကြိုက်စားလို့ရတယ်နော် 👀👀💓

ဘုရင်က ထုတ်လုပ်ထားတဲ့ (၁၀၀) တန် ဝေဖာ (၅) မျိုးမှာဆိုရင် …..

အာဟာရပြည့်ဝတဲ့ နို့နံ့ သင်းသင်းလေးနဲ့
🥛 နို့ဝေဖာ

လတ်ဆတ်တဲ့ မြေပဲရဲ့ အချိုဓာတ်နဲ့ ကလေးတိုင်းအကြိုက်အကြိုက်
🥜မြေပဲဝေဖာ

စတော်ဘယ်ရီသီးလေးကိုက်စားနေရသလို ချိုချဥ်မွှေးလေးနဲ့နဲ့
🍓စတော်ဘယ်ရီဝေဖာ

ချေကလက် ချစ်သူတွေရဲ့ အချစ်ဦး
🍫ချောကလက်ဝေဖာ

လန်းဆန်းတက်ကြွစေတဲ့ ချဥ်ပြုံးပြုံး အနံ့အရသာတို့ ပေါင်းစက်ထားတဲ့
🍊လိမ္မော်ဝေဖာ အရသာ

(၅) မျိုးလုံးက အရသာအပြည့်နဲ့ တစ်ခုဆိုတစ်ခု စားလိုက်တာနဲ့ စိတ်ကျေနပ်ရပြီး အကြွေ (၁၀၀) ငွေ (၁၀၀) တည်းနဲ့ စားလို့ရလို့ အတန်ဆုံးပဲ ✨✨

စားနေကြသူတွေရော … ဘယ်အရသာကို အကြိုက်ဆုံးလဲ comment မှာမျှဝေခဲ့ပါဦး 🤗🤗

👨‍👨‍👧‍👦👨‍👨‍👦လူတိုင်းမှာ အဖေနဲ့အမှတ်တရတွေ ရှိခဲ့ကြမှာပါ…👨‍👨‍👧👨‍👨‍👧‍👧 လက်ဖက်ရည်ပူပူလေးကို ကိတ်ခြောက်လေးနဲ့ စားလို့ရအောင် ပ...
18/06/2023

👨‍👨‍👧‍👦👨‍👨‍👦လူတိုင်းမှာ အဖေနဲ့အမှတ်တရတွေ ရှိခဲ့ကြမှာပါ…👨‍👨‍👧👨‍👨‍👧‍👧

လက်ဖက်ရည်ပူပူလေးကို ကိတ်ခြောက်လေးနဲ့ စားလို့ရအောင် ပြင်ဆင်ပေးတဲ့ အချိန်တွေပိုင်ဆိုင်ဖူးတယ်ဆိုရင် သင်ဟာ ကံကောင်းတဲ့ သူတဦးလို့ ဆိုရမှာပါ… 👨‍👦☕️🍪

ကိုယ်တိုင်က ဖခင်တစ်ဦးဆိုရင်တော့ ကိုယ့်ရင်သွေးလေးနဲ့တူတူ အမှတ်တရလေးတွေ ဖန်တီးခြင်းဖြင့် ချစ်ခြင်းမေတ္တာတွေကို တည်ဆောက်ဖို့ မမေ့ပါနဲ့ဗျာ…. 👨‍👨‍👧‍👦❤️

ဘုရင်ဘီစကစ်က ထုတ်လုပ်ထားတဲ့ ဘီစကစ်တွေ က ချိုမြိန်မှုတွေနဲ့အတူ ချစ်ခြင်းမေတ္တာတွေကို ဖန်တီးပေးနေပါပြီ…. ❤️🍪

👨‍👩‍👧‍👧နွေးထွေးတဲ့ဖေဖေမေတ္တာ… ဘုရင် နဲ့အတူ ဖန်တီးပါ…👨‍👩‍👧‍👦

အဆာပြေလား အချိုပွဲလား ဘုရင် ၂၀၀ တန်ဝေဖာစား 🧇🧇Budget Save ဖြစ်အောင်ချွေတာနေရတဲ့ အခုလိုအချိန်မှာ စျေးလည်း သက်သာတဲ့ ဘုရင်ရဲ...
15/06/2023

အဆာပြေလား အချိုပွဲလား ဘုရင် ၂၀၀ တန်ဝေဖာစား 🧇🧇

Budget Save ဖြစ်အောင်ချွေတာနေရတဲ့ အခုလိုအချိန်မှာ စျေးလည်း သက်သာတဲ့ ဘုရင်ရဲ့အရသာစုံညီ ဝေဖာလေးနဲ့ဆို အိုကေမှာ စိုပြေပဲနော် 😎😎

ဘုရင် ၂၀၀ တန်ဝေဖာ လေးက ဗိုက်လည်းဝစေတယ် 🧇🧇
လျှာပေါ်မှာ စိမ့်သွားစေမယ့် မွမွချိုချိုအရသာလေးနဲ့ အချိုတည်းဖို့လည်း စားကောင်းတယ် 🤗💯

အဆာပြေလား အချိုပွဲလား ဘုရင် ၂၀၀ တန်ဝေဖာမှာ…..

လတ်ဆတ်တဲ့ မြေပဲရဲ့ အချိုဓာတ်နဲ့ ကလေးတိုင်းအကြိုက်အကြိုက်
🥜 မြေပဲဝေဖာ

စတော်ဘယ်ရီသီးလေးကိုက်စားနေရသလို ချိုချဥ်မွှေးလေးနဲ့နဲ့
🍓 စတော်ဘယ်ရီဝေဖာ

ချောကလက် ချစ်သူတွေရဲ့ အချစ်ဦး
🍫 ချောကလက်ဝေဖာ

လူကြီးလူငယ်အကြိုက် အာဟာရရှိစေမယ့်
🥛နို့ဝေဖာ

ရွေးချယ်စရာ (၄) မျိုးတောင်ရှိလို့ ကိုယ်ကြိုက်တဲ့အရသာကို ပစ္စည်းမပြတ်ခင် အပြေးဝယ်ထားလိုက်တော့ 👀✨🍪

မြန်မာနိုင်ငံက သဘာဝအုန်းသီးစစ်စစ်ကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ပျံလွှားအုန်းဝိုင်းကွတ်ကီး က စားဖူးသူတိုင်း ရင်ထဲက နံပါ...
11/06/2023

မြန်မာနိုင်ငံက သဘာဝအုန်းသီးစစ်စစ်ကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ပျံလွှားအုန်းဝိုင်းကွတ်ကီး က စားဖူးသူတိုင်း ရင်ထဲက နံပါတ် တစ်ပဲနော် 🥇🥇

သဘာဝပါဝင်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားလို့ လတ်ဆတ်တဲ့ အုန်းသီးရနံ့လေးနဲ့ အတူ နို့အရသာစိမ့်စိမ့်လေးက တစ်နေ့တာရှေ့ဆက်ဖို့ အားအင်တွေအပြည့်ပေးမှာ 🥥🥛💯

အုန်းသီးနံ့ကြီးမကြိုက်ပါဘူးဆိုတဲ့ သူတွေတောင် စားပြီးရင်စားချင်အောင််ဆွဲဆောင်နိုင်တဲ့ ပျံလွှားအုန်းဝိုင်းကွတ်ကီးလေးမို့ နေ့လည် အဆာပြေပဲစားစား.. အလှူအတန်းပဲ လုပ်လုပ် အရမ်းအဆင်ပြေတယ်နော် 😍😍

ဘုရင်က ထုတ်လုပ်ထားတဲ့ အုန်းသီးနံ့ မွှေးမွှေးလေးနဲ့ စားပြီးရင်းစားချင်မယ့် ပျံလွှားအုန်းဝိုင်းကွတ်ကီးလေးကို မြည်းစမ်းကြည့်ဖို့ နီးစပ်ရာ မုန့်ဆိုင်မှာအမြန်ဆုံး ပြေးဝယ်လိုက်ကြစို့ 😎💘💘

ဘုရင်ကထုတ်တဲ့ ဘီစကစ်မုန့်တွေက...
နယူးဇီးလန်နိုင်ငံမှ တင်သွင်းထားတဲ့ ကမ္ဘာ့နံပတ် (၁) နို့မှုန့်နဲ့ ပြုလုပ်ထားတဲ့အပြင် FDA ကော ISO လက်မှတ်ပါ ရရှိထားတာဖြစ်လို့လူကြီးလူငယ်မရွေး အန္တရာယ် ကင်းကင်း စားနိုင်ပါတယ်😋

#ပျံလွှားအုန်းဝိုင်းကွတ်ကီး

🍱ကျောင်းဖွင့်ရာသီလည်းရောက်နေပြီဆိုတော့ အိမ်က ဆည်းလည်းလေးတွေကို ထမင်းချိုင့်နဲ့အတူ အဆာပြေစားဖို့ မုန့်ထည့်ပေးဖို့ တွေးနေရ...
08/06/2023

🍱ကျောင်းဖွင့်ရာသီလည်းရောက်နေပြီဆိုတော့ အိမ်က ဆည်းလည်းလေးတွေကို ထမင်းချိုင့်နဲ့အတူ အဆာပြေစားဖို့ မုန့်ထည့်ပေးဖို့ တွေးနေရကြပြီပေါ့ 🤔🤔

ကလေးတိုင်းကြိုက်ကြတဲ့ အာဟာရလည်းရှိ ၊ အရသာလည်းရှိ ၊ အဆာပြေအနေနဲ့ရော မုန့်အချိုအနေနဲ့ရော စားလို့ကောင်းတဲ့ ဘုရင်ရဲ့ ရမ်းဂွတ် ကွတ်ကီးလေးထည့်ပေးလိုက်နော် 🤗🤗

အိမ်က ကလေးလေး သူငယ်ချင်းတွေကြားမှာ ရမ်းဂွတ်နေဖို့ ရမ်း Good ကွတ်ကီးလေးမှာ …..

🥛🥜 နို့မြေပဲအရသာ

🧈 ထောပတ်အရသာ

🟢 ဒူးရင်းအရသာ

🥥 အုန်းသီးအရသာ

ဆိုပြီး ထည့်ပေးဖို့ အရသာ(၄) မျိုးရှိပြီး အနယ်နယ်အရပ်ရပ်မှာရှိတဲ့ မုန့်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ် ✅

မေမေတို့ ရင်သွေးလေး ကျောင်းထမင်းချိုင့်တွေ့တာနဲ့ ပျော်သွားအောင် ရမ်း Good ကွတ်ကီးလေး ထည့်ပေးဖို့ မမေ့နဲ့ဦးနော် 😚💕

်းGoodCookies #ရမ်းGoodကွတ်ကီး

Bayin Biscuits - ဘုရင်ဘီစကစ်က ရခိုင်ပြည်နယ်မှ လေဘေးသင့်ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေး အခန်းကဏ္ဍတွေမှာ စားသုံးနိုင်ရန် ...
06/06/2023

Bayin Biscuits - ဘုရင်ဘီစကစ်က ရခိုင်ပြည်နယ်မှ လေဘေးသင့်ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေး အခန်းကဏ္ဍတွေမှာ စားသုံးနိုင်ရန် ဘုရင် မုန့်မျိုးစုံကို သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

ဘုရင်ဘီစကစ်ရဲ့ စားသုံးသူတွေလည်း ဘုရင်မိသားစုရဲ့ အလှူဒါနကို သာဓုခေါ်ဆိုနိုင်ရန် အလှူပုံရိပ်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။🙏🏻

#လေဘေးအလှူ

🍫ချောကလက်မှ ချောကလက်ဆိုတဲ့ သူလေးတွေရှိကြလား...🍫ဘုရင်မုန့်တိုက်က ချောကလက် cup cake လေးတွေ ထုတ်လိုက်ပြီနော်....🧁ချောကလက်ရဲ...
29/05/2023

🍫ချောကလက်မှ ချောကလက်ဆိုတဲ့ သူလေးတွေရှိကြလား...🍫

ဘုရင်မုန့်တိုက်က ချောကလက် cup cake လေးတွေ ထုတ်လိုက်ပြီနော်....🧁

ချောကလက်ရဲ့ ကောင်းကျိုးတွေများပါတယ်

✓နှလုံးကျန်းမာရေးကိုအထောက်အကူပြုတယ်
✓လေဖြတ်ခြင်းကိုကာကွယ်ပေးတယ်
✓စိတ်ဓာတ်ကျခြင်းကိုလည်တားဆီးပေးနိုင်တယ်

ဒါကြောင့်မို့ ချောကလက်ကိတ်လေးတွေက ကလေးလေးကအစ ဖိုးဖိုးဖွားဖွားတွေအပြင် လုပ်ငန်းခွင်ဝင်နေတဲ့သူတွေအတွက်ပါ သင့်တော်ပါတယ်...😋

ချစ်ခင်ရတဲ့သူတွေကို ဘုရင် ‌ချောကလက်အချစ်ကိတ်လေး ဝယ်ကျွေးပြီး ဂရုစိုက်မှုပြသလိုက်ရအောင်နော်....🍫🧁

#ရှယ်ကိတ် #ချောကလက်အရသာ

တစ်နေ့ နွားနို့ (၁)ခွက် သောက်ပေးရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ များပါတယ်🥛နွားနို့က အရိုးအဆစ်သန်မာစေတယ်       🥛သွားများကိ...
21/05/2023

တစ်နေ့ နွားနို့ (၁)ခွက် သောက်ပေးရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ များပါတယ်

🥛နွားနို့က အရိုးအဆစ်သန်မာစေတယ်
🥛သွားများကိုကြံ့ခိုင်စေတယ်
🥛နှစ်နှစ်ခြိုက်အိပ်ပျော်စေတယ်
🥛အားအင်ပြည့်စေတယ်

နွားနို့တစ်ခွက်သောက်ဖို့ မကျိုအားဘူးဖြစ်စေ၊ ကလေးက မသောက်လို့ဖြစ်စေ စိတ်ပူစရာမလိုတော့ပါဘူး

အသန့်ရှင်းဆုံးနို့ဖြစ်တဲ့ နယူးဇီလန်က နို့နဲ့ ပြုလုပ်ထားတဲ့ ဘုရင် နို့ကွတ်ကီး ရှိနေပြီလေ🥠

နွားနို့အိုးဝေကျမှာ စိတ်မပူရသလို နွားနို့သောက်ဖို့ပတ်ပြေးနေတဲ့ကလေးတွေအတွက်ပါ အကောင်းဆုံးအဖြေက

တစ်နေ့
နွားနို့ ၁ ခွက် = နို့ကွတ်ကီး ၃ထုတ် နော်💪🏻

-Biscuit #နို့ကွက်ကီး

စူပါကွတ်ကီးလို့ပြောရင် 90's kids တွေရဲ့ အသည်းစွဲ ဖြစ်မယ်ထင်တယ်နော်🥠ရွေးချယ်စရာ မုန့်တွေအများကြီး မရှိသေးတဲ့ ၉၀ ခုနှစ်ဖွာ...
18/05/2023

စူပါကွတ်ကီးလို့ပြောရင် 90's kids တွေရဲ့ အသည်းစွဲ ဖြစ်မယ်ထင်တယ်နော်🥠

ရွေးချယ်စရာ မုန့်တွေအများကြီး မရှိသေးတဲ့ ၉၀ ခုနှစ်ဖွားတွေအတွက် ဘုရင်စူပါကွတ်ကီးက အဆာပြေနေ့ခင်း မုန့်လေး ဖြစ်ပေးခဲ့ရတာ မမေ့နိုင်စရာပါပဲ😋

ဒါ့အပြင် ၉၀ ခုနှစ်ဖွားတွေရဲ့ သားသားမီးမီးလေးတွေ လက်ထက်ထိပါ ရှိနေခွင့်ရတာ စူပါကွတ်ကီးပရိတ်သတ်တွေရဲ့ ကျေးဇူးပါ😇

နှစ်ပေါင်း 20 ကျော်တိုင်ခဲ့တဲ့ လူတကာအကုန်သိတဲ့ စူပါကွတ်ကီး ဖြစ်ခွင့်ရလို့ ဘုရင်မုန့်တိုက်မှ ကျေးဇူး တင်ကြောင်း ပြောလိုက်ပါရစေ🥠🥠

Address

62 Street, Bayint Naung Road
Mandalay

Telephone

+9595146926

Website

Alerts

Be the first to know and let us send you an email when Bayin Biscuits - ဘုရင်ဘီစကစ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bayin Biscuits - ဘုရင်ဘီစကစ်:

Shortcuts

Share

Category