New Paris Bakery

New Paris Bakery မင်္ဂလာပါ
New Paris မုန့်တိုက်မှ ကြိုဆိုပါတယ်

Happy birthday par 🎂🎊August bornလေးတို့ရေ🥰🥰မွေးနေ့မှာ ချစ်ရတဲ့သူတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပီး မွေးနေ့မှစ၍ အကောင်...
08/08/2024

Happy birthday par 🎂🎊
August bornလေးတို့ရေ🥰🥰

မွေးနေ့မှာ ချစ်ရတဲ့သူတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပီး မွေးနေ့မှစ၍ အကောင်းဆုံးဆိုတဲ့ အရာတွေကို
ပိုင်ဆိုင်နိုင်ပါစေလို့New Paris Bakery မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🙏

မွေးနေ့မှာ New Paris Bakery မှ ချိုမြိန်တဲ့ ကိတ်လေးတွေကို စားရင် ချစ်ရသူတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါတော့နော်😍😍

🤱🏻🫄🏻အမေများနေ့ 🤱🏻🫄🏻ယနေ့မေလ ၁၂ရက်နေ့မှာ ကျရောက်သော အမေများနေ့(International Mother Day)မှာ ကမ္ဘာပေါ်ရှိအနန္တဂိုဏ်းဝင် ကျေ...
12/05/2024

🤱🏻🫄🏻အမေများနေ့ 🤱🏻🫄🏻

ယနေ့မေလ ၁၂ရက်နေ့မှာ ကျရောက်သော

အမေများနေ့(International Mother Day)မှာ ကမ္ဘာပေါ်ရှိ

အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မေမေများအားလုံးစိတ်ချမ်းသာခြင်း၊
ကိုယ်ကျန်းမာခြင်း များနဲ့ပြည့်စုံပြီး
အနာရောဂါ ကင်းရှင်းစွာ သက်ရှည်ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့် 🙏🙏

#အမေများနေ့

မင်မင်တို့ ဆိုင်လေးရဲ့ သင်္ကြန်ပိတ်ရက်လေး📣(14-4-2024)မှ (16-4-2024)အထိ ဆိုင်လေး ပိတ်မှာ ဖစ်ပါတယ်ရှင့်နယ်ဝေး ‌order များက...
08/04/2024

မင်မင်တို့ ဆိုင်လေးရဲ့ သင်္ကြန်ပိတ်ရက်လေး📣

(14-4-2024)မှ (16-4-2024)အထိ
ဆိုင်လေး ပိတ်မှာ ဖစ်ပါတယ်ရှင့်

နယ်ဝေး ‌order များကိုတော့ 12ရက်နေ့ နောက်ဆုံး ထားပီး ကားဂိတ်ပို့ပေးမှာ ဖစ်ပါတယ်ရှင့်

ဆိုင်လာဝယ်ကြတဲ့ customer များကတော့ 13ရက်နေ့ထိ လာရောက်ဝယ်ယူအားပေးလို့ ရတဲ့ အကြောင်း ချစ်ရတဲ့ ကာကာလေးများကို အသိပေးလိုက်ပါတယ်ရှင့်🥰🤗

မကြာခင်ရောက်လာတော့မယ်  ချစ်သူများနေ့အတွက် ဘာလေးများပြင်ဆင်ရမလဲ ဆိုပီး စဉ်းစားရခက်နေပီလား🤔🤔ဒါဆိုရင်တော့ ဘာမှ တွေးပူမနေနဲ့...
06/02/2024

မကြာခင်ရောက်လာတော့မယ် ချစ်သူများနေ့အတွက် ဘာလေးများပြင်ဆင်ရမလဲ ဆိုပီး စဉ်းစားရခက်နေပီလား🤔🤔

ဒါဆိုရင်တော့ ဘာမှ တွေးပူမနေနဲ့
ချစ်တို့အတွက် New Paris Bakery ရှိပါတယ်နော် 💗💗

ကြိတ်crushနေကြတဲ့ သူတွေကိုရော🥰😌

အချစ်ကလေးကို အမှတ်တရတွေ ဖန်တီးပေးချင်တဲ့
သူတွေကိုရော💏💏

လက်ထပ်ပီးလို့ အချိန်တွေ ဘယ်လောက်ကုန်ဆုံးသွားသွား
အချစ်တွေ မကုန်ဆုံး သွားပါဘူးဆိုတဲ့ ချစ်တတ်ဆုံး‌ေသာသူတွေကိုရော👪👪

မင်မင်က ကူညီပေးချင်လွန်းလို့ နုညံ့ချိုမြိန်ဆုံးသော ကိတ်သားနဲ့ အလှပဆုံးသော ဒီဇိုင်းများဖြင့် ဖန်တီးပေးဖို့
စောင့်နေပါတယ်နော်🤗🤗

လိုချင်တဲ့ ပုံစံ ကို လိုချင်တဲ့ အချိန် အတိအကျတိုင်း စွဲမက်ဖွယ်ကောင်းတဲ့ ပုံစံလေးကို ပြုလုပ်ပေးမှာမို့

ချစ်သူဆီမှာ မျက်နှာရဖို့ မင်တို့ဆိုင်လေးကိုသာ အပြေးလာခဲ့ပါတော့နော်💯💯💯


🙏🙏🙏 ပြာသိုလပြည့် အမေများနေ့💕💕  ကမ္ဘာပေါ်ရှိ အမေ့အားလုံး အပြုံးများစွာဖြင့်ကျန်းမာချမ်းသာနှလုံးစိတ်ဝမ်းအေးချမ်းပါစေမြစ်ကြ...
25/01/2024

🙏🙏🙏 ပြာသိုလပြည့် အမေများနေ့💕💕
ကမ္ဘာပေါ်ရှိ အမေ့အားလုံး အပြုံးများစွာဖြင့်
ကျန်းမာချမ်းသာနှလုံးစိတ်ဝမ်းအေးချမ်းပါစေ

မြစ်ကြီးတွေစီးဆင်းနေတာ ရပ်တန့်သွားမယ်
အမေ့ မေတ္တာများ ဘယ်တော့မှမရပ်တန့်ဘူး
ကမ္ဘာတည်သရွေ့ စီးဆင်းနေမှာအမှန်တရားပါ

နေမင်းကြီးသာထက် အဆပေါင်းများစွာ သာပြီး
အမေ့မေတ္တာက အလင်းပေးပြီးနွေးထွေးနေမယ်
ကမ္ဘာတည်သရွေ့ အလင်းပေးနွေးထွေးနေမှာပါ

လမင်းကြီး အလင်းရောင်သာ လမိုက်တတ်တာ
အမေ့မေတ္တာက အမြဲ လဆန်း လလို သာနေတယ်
ကမ္ဘာတည်သရွေ့ အေးချမ်းစွာသာယာနေမှာပါ

ပင်လယ်ကြီးမှာ လှိုင်တံပိုးတွေဘယ်လိုများများ
အမေ့မေတ္တာက လောကဓံလှိုင်းအားလုံးကာရံမယ်
ကမ္ဘာတည်သရွေ့ ပင်လယ်အားလုံးကိုတားစီးမယ်

တောင်တန်ကြီးတွေ ဘယ်လိုပင် မြင့်မားနေပါစေ
အမေ့မေတ္တာက မြင့်မိုရ်တောင်ထက် မြင့်မားစွာ
သားသမီးကို အပေါ်ဆုံးကိုပို့ပေးနိုင်စွမ်းတယ်...

လောကမှာ ရှိရှိသမျှ ရတနာဥစ္စာ စည်းစိမ်းရွှေငွေ
ဘယ်လောက်များများ.. အမေ့မေတ္တာများကသာ
ကမ္ဘာတည်သရွေ... ..ခိုင်ခိုင်မာမာ...ရပ်တည်ပြီး
သားသမီးကို စောင့်ရှောက်မဲ့ ရတနာအစစ်ပါ...

New Paris ကအသစ်ထွက်မယ့် မုန့်လေးတွေကို စောင့်နေကြတဲ့ ချစ်တို့ရေ  Bear cookie လေး အသစ်ထွက်ရှိလို့ လာပီနော်🤩🤗cookieလေးဟာဆိ...
17/01/2024

New Paris ကအသစ်ထွက်မယ့် မုန့်လေးတွေကို
စောင့်နေကြတဲ့ ချစ်တို့ရေ Bear cookie လေး အသစ်ထွက်ရှိလို့ လာပီနော်🤩🤗

cookieလေးဟာဆိုရင်
မွမွလေးနဲ့ စားလို့ အရမ်းကောင်းတဲ့အပြင် 😋😋 ဗူးလေးဖွင့်လိုက်တာနဲ့ ထောပတ်အနံ့လေးကလဲ မွှေးနေရောပဲ💯💯

တစ်ခါစားမိလိုက်တာနဲ့ ပါးစပ်ထဲမာ ထောပတ်အရသာလေးက စားပြီးရင် စားချင်နေမှာ အသေချာပါပဲနော်🤤

အကောင်းကြိုက်တတ်ကြတဲ့ cookie crazy လေးတွေလဲ စားဖြစ်အောင် စားကြည့်လိုက်ပါအုံးနော်🤗🤗



Merry Christmas to you all🎄🌲ခရစ္စမတ်လေးမှာချစ်ခင်ရတဲ့သူလေးတွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေရှင့်🎄🤗
25/12/2023

Merry Christmas to you all🎄🌲

ခရစ္စမတ်လေးမှာချစ်ခင်ရတဲ့သူလေးတွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေရှင့်🎄🤗

Merry Christmas ⛄🎁🌲Christmas လေးလဲ နီးလာပီမို့ ချစ်ရသူတွေနဲ့ ပျော်ရွှင်ဖို့ ကိတ်လေး တစ်လုံး လိုနေပီဆိုရင် New Paris Bake...
17/12/2023

Merry Christmas ⛄🎁🌲

Christmas လေးလဲ နီးလာပီမို့ ချစ်ရသူတွေနဲ့ ပျော်ရွှင်ဖို့ ကိတ်လေး တစ်လုံး လိုနေပီဆိုရင် New Paris Bakery ကိုသာ သတိရလိုက်ပါနော်....

ကိတ်သားလေးက နုညံ့အိစက်ပီး လှပသေသပ်တဲ့အပြင်
ချစ်စရာကောင်းတဲ့ ကိတ်လေးတွေ ရရှိနိုင်ပါတယ်နော်💯💯

ကြိုက်နှစ်သက်ရာ ဒီဇိုင်းများ လိုချင်ပါက
တစ်ရက်ကြိုမှာပေးရုံဖြင့် ရရှိနိုင်ပြီး

ကြိုမှာပေးဖို့ အချိန်မရတဲ့သူတွေအတွက်လဲ အတွက်ဆိုရင်တော့
New Paris မှ ချစ်စရာကိတ်လေးတွေ ရွေးချယ်စရာ စုံလင်စွာ ရရှိနိုင်ပါတယ်ရှင့်

မန်းလေးမြို့တွင်းဆို Deliအပ်ပေးပါတယ်ရှင့်



Happy birthday par 🎂🎊November bornလေးတို့ရေ🥰🥰မွေးနေ့မှာ ချစ်ရတဲ့သူတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပီး မွေးနေ့မှစ၍ အကော...
02/12/2023

Happy birthday par 🎂🎊
November bornလေးတို့ရေ🥰🥰

မွေးနေ့မှာ ချစ်ရတဲ့သူတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပီး မွေးနေ့မှစ၍ အကောင်းဆုံးဆိုတဲ့ အရာတွေကို
ပိုင်ဆိုင်နိုင်ပါစေလို့New Paris Bakery မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်

မွေးနေ့မှာ New Paris Bakery မှ ချိုမြိန်တဲ့ ကိတ်လေးတွေကို စားရင် ချစ်ရသူတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေရှင့်😍😍

#

အေးစက်စက် ဆောင်းအငွေ့အသက်လေး ခံစားနေရတဲ့ အချိန်လေးမှာ ခါးသက်သက်ကော်ဖီလေးနဲ့ တွဲစားဖို့ 🍩☕ New Paris မှ အသစ်စက်စက် ဖြစ်တဲ...
24/11/2023

အေးစက်စက် ဆောင်းအငွေ့အသက်လေး ခံစားနေရတဲ့ အချိန်လေးမှာ ခါးသက်သက်ကော်ဖီလေးနဲ့ တွဲစားဖို့ 🍩☕

New Paris မှ အသစ်စက်စက် ဖြစ်တဲ့
Sugar donutလေးနဲ့ မိတ်‌ဆက်ပေးပါရစေနော်🤗

Sugar donutလေးဟာဆိုရင်....

☑️အိစက်ပြီး ချိုမြိန်
☑️အရည်အသွေးမြင့်ကုန်ကြမ်းများ အသုံးပြု
☑️သန့်ရှင်းလတ်ဆတ်ပြီး ကျန်မာရေးနဲ့ညီညွတ်
☑️စွဲမက်ဖွယ် အရသာလေးကြောင့် စားပြီးရင် စားချင်နေမှာမို့ New Paris ကို ရောက်တာနဲ့ဝယ်စားဖြစ်အောင်သာ ဝယ်ခဲ့ကြပါတော့နော်...

# newparisbakery

လမုန့်ပွဲတော်အတွက် လက်ဆောင်ပေးရန်Almond cakeများ ဝယ်ယူအားပေးမှုကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်🥰🥰
29/09/2023

လမုန့်ပွဲတော်အတွက် လက်ဆောင်ပေးရန်
Almond cakeများ
ဝယ်ယူအားပေးမှုကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်🥰🥰

လမုန့်ပွဲတော်ဖြစ်ပေါ်လာပုံနှင့် ရိုးရာယဉ်ကျေးမှုလာမဲ့ စက်တင်ဘာ ၂၉ ရက်နေ့ဆို လမုန့်ပွဲတော်နေ့ရောက်ပြီနော်။ တရုတ်နိုင်ငံဟာ...
26/09/2023

လမုန့်ပွဲတော်ဖြစ်ပေါ်လာပုံနှင့် ရိုးရာယဉ်ကျေးမှု

လာမဲ့ စက်တင်ဘာ ၂၉ ရက်နေ့ဆို လမုန့်ပွဲတော်နေ့ရောက်ပြီနော်။ တရုတ်နိုင်ငံဟာလည်း မြန်မာနိုင်ငံလိုပဲ့ ပွဲတော်အင်မတန်များတဲ့ နိုင်ငံတခုပါ။ ပွဲတော်တွေအများကြီးထဲမှာမှ တရုတ်ရိုးရာပွဲတော်ကြီး ၄ ပွဲ ဆိုပြီးရှိပါတယ်။တရုတ်နှစ်ကူးပွဲတော်၊ သချိုင်းကန်တော့ပွဲ၊ နဂါးလှေလှော်ပြိုင်ပွဲ နှင့် လမုန့်ပွဲတော်(ဆောင်းဦးလယ်ပွဲတော်)တို့ပဲ့ဖြစ်ပါတယ်။ တရုတ်လ ၇,၈,၉ ကဆောင်းဦးရာသီကာလပါ။ လမုန့်ပွဲတော်ကို ဆောင်းဦးရာသီရဲ့ အလယ်တည့်တည့်ဖြစ်တဲ့ တရုတ်လ ၈ လပိုင်း ၁၅ ရက်နေ့မှာကျင်းပပါတယ်။အဲတာကြောင့် ဆောင်းဦးလယ်ပွဲတော်ဆိုပြီး အမည်ခေါ်ကြပါတယ်။ အဲနေ့ရဲ့လ က တစ်နှစ်လုံးမှာ ကမ္ဘာမြေနဲ့အနီးကပ်ဆုံးအကွာအဝေးမှာရှိတယ် လို့ပြောကြပါတယ်။

လမုန့်ပွဲတော်ဖြစ်ပေါ်လာပုံကတော့ ဟိုးရှေးရှေးတုန်းက ကမ္ဘာမြေပေါ်မှာရုတ်တရက်ကြီး နေ ၁၀ စင်း ထွက်ပေါ်လာသတဲ့။ ရာသီဥတုလွန်စွာပူပြင်း၊ရေတွေခမ်းခြောက်၊သစ်ပင်ပန်းမန် ကောက်ပဲသီးနှံတွေ ပျက်စီးကုန်တော့ တိုင်းသူပြည်သားတွေဟာ အင်မတန်ဒုက္ခရောက်ကြတာပေါ့။ ခွန်အားကြီးတဲ့ သူရဲကောင်း ဟို့ရိ က ပြည်သူတွေဆင်းရဲပင်ပန်းနေတာ မမြင်ရက်တာနဲ့ ခွန်းလွန်တောင်ထိပ်ကို တက်ပြီး ပိုနေတဲ့ နေ ၉ စင်းကို မျှားနဲ့ပစ်ချလိုက်တယ်တဲ့။ကျန်တဲ့ နေ ၁ စင်းကိုလည်း အချိန်မှန် နေဝင်နေထွက် လုပ်ဖို့ တာဝန်ပေးအပ်လိုက်တယ်တဲ့။

ဒီသတင်းကို ကြားတော့ အနောက်မယ်တော်က သူရဲကောင်းဟို့ရိ ကို မသေဆေးချီးမြှင့်လိုက်တယ်။ အဲဆေးကို သောက်လိုက်ရင် မအိုမသေတဲ့အပြင် ကောင်းကင်ပေါ်ကို ပျံတက်နိုင်ပြီး နတ်ဖြစ်သွားမယ်တဲ့။ ဟို့ရိမှာက အင်မတန်ချောမောလှပပြီး စိတ်ထားကောင်းတဲ့ ချန်အာ ဆိုတဲ့ဇနီးရှိတယ်။ ဟို့ရိက ချန်အာနဲ့မခွဲနိုင်တာကြောင့် ဆေးကိုမသောက်ဘဲ ဇနီးသည်ကို သေချာသိမ်းဆည်းခိုင်းထားလိုက်တယ်တဲ့။

ဟို့ရိရဲ့ နေ ၉ စင်းပစ်ချလိုက်တဲ့သတင်းကြောင့် ဟို့ရိဟာ လူများစွာရဲ့ ချစ်ခင်လေးစားမှုကို ခံရတဲ့အပြင် သူ့ဆီ တပည့်လာခံတဲ့ သူတွေလည်းအများကြီးပဲ့တဲ့။ ဒီထဲမှာ ဖန်မုန် ဆိုတဲ့လူတယောက်လည်း တပည့်လာခံသတဲ့။

တနေ့တော့ ဖန်မုန်က ဟို့ရိမှာ မသေဆေးရှိမှန်း သိသွားရော အဲဆေးကိုသူလိုချင်လာရော။ အဲတာနဲ့ ဟို့ရိကတပည့်တွေနဲ့ အမဲလိုက်သွားတဲ့ချိန်မှာ ဖန်မုန်က နေမကောင်းချင်ယောင်ဆောင်ပြီး ကျန်ခဲ့တာပေါ့လေ။ ဟို့ရိမရှိတဲ့ချိန် ဖန်မုန်က ချန်အာ ဆီသွားပြီး မသေဆေးတောင်းတာပေါ့။ ပြည်သူတွေကို သနားကြင်နာတတ်တဲ့ ချန်အာက လူဆိုးဖန်မုန်လက်ထဲ မသေဆေးရောက်သွားရင် လူတွေဒုက္ခရောက်မှာကို ကြိုမြင်ပြီး လုံးဝထုတ်မပေးဘူးတဲ့။ ဖန်မုန်က ဓါးကိုင်ပြီးချိန်းခြောက်တဲ့ခါမှာတော့ ချန်အာက အင်အားမမျှမှန်းသိတော့ ဆေးကို မျိုချလိုက်ပြီး ကောင်းကင်ပေါ်ကို ပျံတက်သွားသတဲ့။
ချန်အာကလည်း ဟို့ရိနဲ့ မခွဲနိုင်တာကြောင့် ကမ္ဘာမြေနဲ့အနီးဆုံးဖြစ်တဲ့ လပေါ်မှာ ပြန်လာနေသတဲ့။
ဟို့ရိအမဲလိုက်ရာက ပြန်လာတော့ ချန်အာကို မတွေ့တော့ "ချန်အာ ချန်အာ" နဲ့အော်ခေါ်ရှာတာပေါ့လေ။ အော်ရှာနေရင်းနဲ့ လကိုကြည့်မိသွားတဲ့ချိန်မှာ လပေါ်မှာ ယုန်တကောင်က ခုန်ဆွခုန်ဆွလုပ်နေတာရယ်၊သစ်ပင်တစ်ပင်ရယ်၊သူ့ဇနီးချန်အာကလည်း လပေါ်ကနေ သူ့ကိုပြန်ကြည့်နေတာကို မြင်သွားတယ်။ မြင်သွားတော့ အိမ်နောက်ဘက် ခြံထဲကနေ ချန်အာကြိုက်တတ်တဲ့ မုန့်တွေ ခင်းကျင်းပြီး ချန်အာကို သတိရလွမ်းဆွတ်ကြောင်းပြသတာပေါ့လေ။ ချန်အာကို ချစ်ခင်ကြတဲ့ လူတွေကလည်း ချန်အာကြိုက်တတ်တဲ့မုန့်တွေ၊အသီးတွေနဲ့ ပူဇော်ပြီး ကျန်းမာချမ်းသာစေကြောင်း ဆုတောင်းကြ၊ချန်အာကို အောက်မေ့ကြတာပေါ့လေ။ အဲကနေပြီးတော့ နှစ်စဉ် တရုတ်လ ၈ လပိုင်း ၁၅ ရက်နေ့ဟာ လမုန့်ပွဲတော်နေ့ဆိုပြီး ဖြစ်ပေါ်လာပါတယ်

လမုန့်ပွဲတော်နေ့မှာ တရုတ်လူမျိုးတွေဟာ မိသားစုပြန်လည်ဆုံစည်းကြပြီးတော့ အတူတကွ လကိုကြည့်ရှုခံစားပြီး စကားလေးတပြောပြောနဲ့ လမုန့်စားကြပါတယ် လမုန့်ရဲ့ အဝိုင်းပုံလေးဟာလည်း စည်းလုံးခြင်းကို ကိုယ်စားပြုပါသတဲ့ရှင့်

by goodycafe

Address

အမှတ် (၄၆/A)၊ ၈၃ လမ်း၊ ၃၃ X ၃၄ လမ်းကြား၊ မန္တလေးမြို့။
Mandalay

Opening Hours

Monday 06:30 - 20:30
Tuesday 06:30 - 20:30
Wednesday 06:30 - 20:30
Thursday 06:30 - 20:30
Friday 06:30 - 20:30
Saturday 06:30 - 20:30
Sunday 06:30 - 20:30

Telephone

+959788411421

Website

Alerts

Be the first to know and let us send you an email when New Paris Bakery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share