Take Away Food & Drink

Take Away Food & Drink “အရသာရှိသော မုန့်မျိုးစုံကို သက်သာလွယ်ကူ Take Away မှာဝယ်ယူ"

06/02/2025

❝ စိတ်စွမ်းအား မြင့်တက်အောင် ဘာတွေလုပ်မလဲ ❞

◾၁။ အတွေးလွန်တာ သက်သာဖို့ ချရေးပါ။

အများစုက စာရေးဖို့ပျင်းကြတယ်။ ဒီလောက်ပင်ပန်းနေတာကို ဘာရေးစရာလိုလို့လဲ၊ ဘာရမှာမလို့လဲ၊ အဲလိုထင်ကြတယ်။ ဟုတ်ပါတယ်၊ ကိုယ်ဖြစ်နေတာကို ချရေးတယ်ဆိုတာ ဘာမှမရပါဘူး။ ဒါပေမဲ့.. စိတ်သက်သာရာ ရသွားတယ်ဆိုတာကိုတော့ တော်ရုံလူ မသိကြဘူး။ မရေးဖူးလို့သာ မသိသေးတာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။

◾၂။ ပင်ပန်းနေရင် ခဏအနားယူပါ။

တချို့ပြောကြတယ်၊ မဆုတ်မနစ် ကျားကုတ်ကျားခဲလုပ်ရင် ကြိုးစားရင် အောင်မြင်တယ်ဆိုတာတို့ ဘာတို့။ အမှန်က ကြိုးစားတိုင်း မအောင်မြင်နိုင်ဘူး။ နည်းမှန်လမ်းမှန် ကြိုးစားမှ အောင်မြင်တာ။ သစ်တုံးကို ဘရိတ်ဓားနဲ့သွားခွဲနေတယ်ဆိုတာမျိုးက ရူးရူးမိုက်မိုက်ကြိုးစားနေတာမျိုးပဲ၊ အလုပ်ချိန် အလုပ်လုပ်၊ မောရင် ခဏနား။ တရဆက်လုပ်ရင် ပိုဆိုးတယ်။

◾၃။ အာရုံနောက်သက်သာချင်ရင် ဖုန်းလျှော့သုံးပါ။

ဆိုရှယ်မီဒီယာ ခေတ်ကြီးဆိုတော့ လိုင်းပေါ်မှာ မြင်ရသမျှက စိတ်ညစ်စရာကြီးပဲ။ ဟိုသတင်းဒီအတင်း ဟိုပွဲဒီပွဲတွေ အရည်မရ အဖတ်မရတဲ့ ဆယ်လီအားပေးတာ စံနှုန်းလုပ်နေကြတာတွေ။ ဒီအခါ ဘာဖြစ်လာလဲဆိုတော့ အာရုံတွေ ထွေပြားလာတယ်၊ နောက်လာတယ်။ တစ်ချိန်လုံး.. လိုင်းပေါ်မှာပဲ Active ဖြစ်နေတယ်။ ဒါ့ကြောင့် သင်ယူလေ့လာမှုလုပ်ဖို့ပဲ အင်တာနက်သုံးပါ။

◾၄။ ဝမ်းနည်းတာ သက်သာချင်ရင် လေ့ကျင့်ခန်းလုပ်ပါ။

ခန္ဓာမှာ ရှိတဲ့ကြွက်သားတွေက လှုပ်ရှားမှုဖြစ်နေတယ်ဆိုရင် သွေးလည်ပတ်မှု အားကောင်းပြီး လူကိုလဲ အိပ်ပျော်စေတယ်။ အဲဒီထက် လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ကောင်းတဲ့အချက်က ဘာလဲဆိုရင် စိတ်ဖိစီးမှုတွေ၊ ဝမ်းနည်းတဲ့စိတ်တွေ သက်သာစေတယ်ဆိုတာပဲ။

◾၅။ စိတ်ဖီးစီးမှု သက်သာချင်ရင် လမ်းလျှောက်ပါ။

တစ်ရက် ခြေလှမ်းတစ်သောင်းပြည့်လို့ရှိရင် ပေါင်ချိန် ၀.၄ လောက်ကျစေသလို၊ စိတ်ဖိစီးတဲ့ဒဏ်ကိုလဲ ကာကွယ်ပေးပါတယ်လို့ သုတေသနတွေက ဖော်ပြပါတယ်။ ဒါ့ကြောင့် အထိုင်များနေရင် လမ်းများများလျှောက်ပေးပါ။ စိတ်ဖိစီးတာ သက်သာလာပါလိမ့်မယ်။

◾၆။ စိုးရိမ်ပူပန်မှု သက်သာဖို့ တရားထိုင်ပါ။

တရားထိုင်တာ ဘာသာရေးလုပ်တာမဟုတ်ပါဘူး။ တချို့က ဘာသာရေးနဲ့ ရောပစ်လိုက်ကြတယ်။ ဘာသာရေးနဲ့ ဆိုင်တဲ့အလုပ်ပေါ့။ အမှန်တကယ်တမ်း တရားထိုင်တယ်ဆိုတာ စိတ်ငြိမ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် Focus ကောင်းနေဖို့ပါ။ တရားထိုင်ဖန်များလေလေ ဘယ်ဟာကို ဦးစားပေးရမလဲ၊ ဒါကို သိလေလေပဲ။

◾၇။ ဒေါသကြောင့် မပူလောင်ချင်ရင် သီချင်းနားထောင်ပါ။

နူးနူးရွရွလေးနဲ့ စိတ်ကို အေးဆေးလန်းတဲ့ သီချင်းတွေကို နားထောင်တဲ့အခါ ခံစားချက်ဟာ သီချင်းနဲ့အတူ ပါသွားတတ်တယ်။ စိတ်ကို ရသမြောက်စေမယ့် သံဇဉ်နဲ့ ကုသလို့ရှိရင် အပူဒေါသတွေ ငြိမ်းချမ်းတတ်တယ်။

◾၈။ စိတ်ပူလောင်တာ သက်သာချင်ရင် စာဖတ်ပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုတိုးလာအောင်၊ လူကြားထဲ ပွဲလယ်တင့်အောင်၊ ဂနာမငြိမ်တဲ့စိတ်ကို အသိဉာဏ်ပညာနဲ့ ထိန်းချုပ်တတ်အောင် စာအုပ်စာပေတွေကပဲ ကူညီပေးနိုင်တာပါ။ ဒါ့ကြောင့် စာကို နေ့စဉ်လုပ်နေကျ နိစ္စဓူဝထဲမှာ အချိန်တစ်ခုထားပြီး စာဖတ်ပုံမှန်ဖတ်ပေးပါ။


#သင့်ဖုန်းထဲကဒစ်ဂျစ်တယ်စာကြည့်တိုက်

18/01/2025
03/07/2024
အရသာ​ကောင်း​ကောင်း​လေး စား​စေချင် လို့အရသာပြည့်စုံ​သောမုန့်များ ကိုထုတ်လုပ်​ရောင်းချ​ပေး​နေ​သောTakeAway Bakery ပါ
01/04/2024

အရသာ​ကောင်း​ကောင်း​လေး စား​စေချင် လို့
အရသာပြည့်စုံ​သောမုန့်များ ကို
ထုတ်လုပ်​ရောင်းချ​ပေး​နေ​သော
TakeAway Bakery ပါ

သက်သာလွယ်ကူအရသာရှိ​သောမုန့်များ ကိုTake Away မှာ ဝယ်ယူ လိုက်ပါ🛵delivery Showroom & Factory09776699524၅၁လမ်းနှင့်​ယောမင်း...
01/04/2024

သက်သာလွယ်ကူ
အရသာရှိ​သောမုန့်များ ကို
Take Away မှာ ဝယ်ယူ လိုက်ပါ

🛵delivery

Showroom & Factory

09776699524
၅၁လမ်းနှင့်​ယောမင်းကြီးလမ်း​ဒေါင့်
စက်မှု့ဇုံ(3)

27/02/2024

❝ ခေတ်စားလာတဲ့ Meditation (သို့) တရားထိုင်ခြင်း ❞

လူတွေကလေ ပြဿနာတစ်ခုခု၊
အကျပ်အတည်းတစ်ခုခု ကြုံလာပြီဆိုရင်
စိတ်တွေညစ်၊ အတွေးတွေများပြီး
စိတ်ကို စုစည်းလို့ မရကြတော့ဘူး။
အသိနဲ့ သတိ မကပ်တော့ဘူးပေါ့ဗျာ။

အဲဒီလို မဖြစ်အောင် လေ့ကျင့်တဲ့အနေနဲ့
တရားထိုင်လို့ ရပါတယ်။

‘တရားထိုင်တယ်’ လို့ ပြောလိုက်ရင်
ဘာသာရေးစိတ်ဝင်စားတဲ့သူတွေပဲ လုပ်ကြတာမျိုး၊
ဘာသာရေးနဲ့ပဲဆိုင်တဲ့ ကိစ္စလိုမျိုး…
လူတွေက ထင်နေမြင်နေကြပါတယ်။

Meditation ဆိုတဲ့ ‘တရားထိုင်ခြင်း’ က
အခုခေတ်မှာ အသက်အရွယ်မရွေး၊
ယောက်ျား/မိန်းမ မရွေး လုပ်နေကြပါပြီ။
ပုံမှန်လေ့ကျင့်ခန်းတစ်ခုလိုမျိုး ခေတ်စားလာနေတဲ့
အလေ့အကျင့်တစ်ခုလို့ ပြောရမယ်ဗျ။

ကြုံလို့ ပြောရဦးမယ်။
Meditation လုပ်ရင် ဒီအချက် (၃) ချက်ကို သတိထား‌ဗျ။

နံပါတ်(၁) သတိထားရမှာက ‘ဝင်လေထွက်လေ’ပဲ။
၅ မိနစ်၊ ၁၀ မိနစ် လောက်ပဲ meditation လုပ်နေတဲ့ အချိန်လေးအတွင်းမှာ
ဝင်လေထွက်လေကို သေချာအာရုံစိုက်ထားဖို့လိုပါတယ်။
မဟုတ်ရင် အာရုံတွေ ထွေပြားကုန်ရော..။

နံပါတ်(၂) ကတော့ တရားဘယ်လိုထိုင်ရမလဲ မသိသူတွေအတွက်…
ထိရောက်တဲ့ Meditation လုပ်နည်း ပြောပြမယ်။
၁ ကနေ ၅ ထိရေပြီး လေကိုရှူ၊
ရှူထုတ်ရင်လဲ ၁ ကနေ ၅ ထိရေ။
ဒါဟာ တရားထိုင်နည်းပဲ။ ဘာမှမခက်ခဲဘူး။

နံပါတ်(၃) က ဘာလို့တရားထိုင်ရလဲဆိုတဲ့ ရည်ရွယ်ချက်။
ရည်ရွယ်ချက်က သံသရာပြတ်ဖို့တွေ၊ ကုသိုလ်ရဖို့တွေ မဟုတ်တာ သိထားရမယ်။
သံသရာ လွတ်ရာ လွတ်ကြောင်းတွေ ခဏထား။
နေ့တိုင်း ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကြီးကို
မေတ္တာထားပြီး အနားပေးတယ်လို့တွေးလိုက်...

ပြီးရင် ကြုံလာတဲ့ ခံစားမှုအနှောင့်အယှက်တွေကို
သေချာကိုင်တွယ်ပါ။ ဘာတွေလဲဆိုတော့
တရားထိုင်တဲ့ ခဏလေးမှာ ပေါ်လာတဲ့
နာတာတွေ၊ ညောင်းတာတွေ၊ ယားတာတွေ။

ဒါမျိုးတွေကြုံလာရင် စိတ်မညစ်နဲ့။ ဒေါသမထွက်နဲ့။
လက်ခံလိုက်တာ အကောင်းဆုံးပဲ။
ပြီးရင်တော့ ဝင်လေထွက်လေ ပြန်မှတ်ပေါ့ဗျာ။

ဒီလိုနည်းနဲ့ သတိလေးကပ်ပြီး တစ်နေ့ကို အနည်းဆုံးတော့
သုံးမိနစ်လောက် တရားထိုင်ကြည့်…
ဘတ်စ်ကားပေါ်မှာလုပ်လို့ရသလို
လမ်းလျှောက်ရင်းနဲ့ တရားမှတ်လဲရတယ်။
အလုပ်ထဲမှာ (၃) မိနစ်စာ ဝင်လေထွက်လေမှတ်နေသူတွေလဲ အများကြီးပါ။

မိနစ်ပိုင်းလေးပဲ ဆိုပြီး အထင်မသေးနဲ့။
စိတ်အေးချမ်းလာပြီး ခေါင်းထောင်နေတဲ့
ဒေါသ မောဟ လောဘတွေငြိမ်းသွားပါလိမ့်မယ်။

စိတ်တွေ အမြဲတမ်း အေးချမ်းချင်ရင် ဘာသာရေးနဲ့မဆိုင်တဲ့ meditation ကိုလဲ လုပ်၊
ShweNote App ထဲက 'စိတ်ပညာနှင့်ဘဝပျော်ရွှင်မှု'ကဏ္ဍက စာတွေလဲ သွားဖတ်ပါ။

ဘယ်လို စိတ်ညစ်စရာမဆို ခပ်အေးအေးပဲ ကျော်ဖြတ်နိုင်သွားလိမ့်မယ်ဆိုတာ အာမခံပါတယ်။

ဆိုတော့ဗျာ... တရားထိုင်တာနဲ့ပတ်သက်ပြီး
ShweNoter တို့ရော ဘယ်လိုထင်လဲ?
ကိုယ်တိုင်ရောထိုင်ဖြစ်ကြလား?၏

ကိုယ့်ရဲ့အမြင်နဲ့ အတွေ့အကြုံကို ပြောပေးပါအုံး။

📌လူငယ်တွေက ထပ်ပြီးတောင်းဆိုကြတာကြောင့်
50% သက်သာခွင့်အစီအစဉ်ကို ရက်ထပ်တိုးပေးထားပါတယ်။
အသေးစိတ်ကို ဒီ link မှာ ဝင်ကြည့်ပါ။
https://rb.gy/6d5epl

📞𝟎𝟗𝟗𝟒𝟎𝟎𝟖𝟒𝟒𝟒𝟒 ကို ဖုန်းဆက်စုံစမ်းလို့လဲ ရပါတယ်ဗျ။

#𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆
#၃၀မိနစ်တက္ကသိုလ်

မုန့်ကြွပ် ကို ကျွမ်းကျင်စွာလုပ်နိုင်သူ များ အလုပ်လျောက်လို့ရပါပြီ☎️09776688624
15/02/2024

မုန့်ကြွပ် ကို ကျွမ်းကျင်စွာလုပ်နိုင်သူ များ
အလုပ်လျောက်လို့ရပါပြီ

☎️09776688624

ချစ်ရသူအတွက် Valentine day ❤❤ ဆိုတာ နေ့တိုင်းပါဘဲSpecial for Sales  10% discount  Waithing for u 😍09-77668862409-7766995...
11/02/2024

ချစ်ရသူအတွက်
Valentine day ❤❤ ဆိုတာ နေ့တိုင်းပါဘဲ

Special for Sales 10% discount

Waithing for u 😍

09-776688624
09-776699524

(10% off ) special price sales😍👍

4" - 18000/ small box - 10000/

6"- 28000/ - small box - 18000/

8"-35000/- small box- 25000/

10"-45000/

12"-55000/

Address

Manaw Hari Street Between 69 Th And 70th Street
Mandalay
10002

Telephone

+959776688624

Website

Alerts

Be the first to know and let us send you an email when Take Away Food & Drink posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share