ရွှေပင့်ကူမုန့်တိုက်

ရွှေပင့်ကူမုန့်တိုက် Super King - ရွှေပင့်ကူမုန့်တိုက်

01/05/2026

နို့နဲ့ ချောကလက်ရဲ့ အမိုက်စားပေါင်းစပ်မှု 🥛🍫

#ရွှေပင့်ကူမုန့်တိုက် #မုန့်မျိုးစုံ

“အေးမြတဲ့ ကဆုန်ရေစင်နဲ့အတူ ကုသိုလ်ပွားများကြပါစို့” 🙏🏻ယနေ့ (၃၀၊ ၄၊ ၂၀၂၆) ကဆုန်လပြည့် အခါသမယမှာ 🌕ရွှေပင့်ကူမုန့်တိုက် ရဲ့...
30/04/2026

“အေးမြတဲ့ ကဆုန်ရေစင်နဲ့အတူ ကုသိုလ်ပွားများကြပါစို့” 🙏🏻

ယနေ့ (၃၀၊ ၄၊ ၂၀၂၆) ကဆုန်လပြည့် အခါသမယမှာ 🌕

ရွှေပင့်ကူမုန့်တိုက် ရဲ့ ချစ် Customer များအားလုံး စိတ်နှလုံး အေးချမ်းကြပါစေ။

🌳 ဗောဓိညောင်ပင်ကို ရေစင်သွန်းလောင်းပူဇော်ရတဲ့ မွန်မြတ်တဲ့ကုသိုလ်ကြောင့် အပူမီးများကင်းစင်ပြီး

လုပ်ကိုင်ကြံစည်သမျှ အရာရာတိုင်းမှာ အဆင်ပြေချောမွေ့ကာ

လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

နေ့ထူးနေ့မြတ်မှာ ဘုရားကျောင်းကန်သွားရင်း ကုသိုလ်တွေ ရယူနိုင်ကြပါစေနော်။

#ကဆုန်လပြည့် #ညောင်ရေသွန်းပွဲ

မုန့်ကြွပ်လည်း စားချင်တယ်… အချိုလည်းမကြိုက်ဘူးဆိုရင်တော့ 💭SPK ရဲ့ ချိုချိုမွှေးမွှေးနို့မုန့်ကြွပ်လေးကိုသာ သတိရလိုက်နော်...
29/04/2026

မုန့်ကြွပ်လည်း စားချင်တယ်… အချိုလည်းမကြိုက်ဘူးဆိုရင်တော့ 💭

SPK ရဲ့ ချိုချိုမွှေးမွှေးနို့မုန့်ကြွပ်လေးကိုသာ သတိရလိုက်နော် 😉

အရသာရှိတဲ့အပြင် ကလေးငယ်တွေချောင်းမဆိုးစေဖို့ အထူးဂရုစိုက် ထုတ်လုပ်ထားပြီး

ဈေးနှုန်းချိုသာလို့ ဆိုင်မှာပဲတင်‌ရောင်းမလား ❓ အိမ်မှာပဲ ဝယ်ထားမလား ❓

🌟 ကလေးတို့ချစ်တဲ့မေမေတွေနဲ့ ဆိုင်ရှင်ကြီးတွေအတွက် တွက်ခြေအကိုက်ဆုံးပဲနော်။

လူကြီးမင်းတို့ရော အနံ့အရသာနဲ့ပြည့်စုံတဲ့ SPK မုန့်ကြွပ်လေးကို ကြိုက်ကြရဲ့လား?

#ရွှေပင့်ကူမုန့်တိုက် #မုန့်မျိုးစုံ #နို့မုန့်ကြွပ်

စားနေကျ ရိုးရိုးမရွေးတွေနဲ့ မတူကတော့.. SPK ရဲ့ အထူးစပါယ်ရှယ် ကြက်ဥမရွေး ပါပဲ 🥚✨ ကြက်ဥအနှစ်ရဲ့ အဆိမ့်အရသာစစ်စစ်ကို အခြေခံ...
24/04/2026

စားနေကျ ရိုးရိုးမရွေးတွေနဲ့ မတူကတော့.. SPK ရဲ့ အထူးစပါယ်ရှယ် ကြက်ဥမရွေး ပါပဲ 🥚

✨ ကြက်ဥအနှစ်ရဲ့ အဆိမ့်အရသာစစ်စစ်ကို အခြေခံပြီး ပြုလုပ်ထားလို့ ဝါးလိုက်တိုင်း ဆိမ့်အိနူးညံ့နေတာကတော့ အားသာချက်ပေါ့။

လူမျိုးဘာသာမရွေး စိတ်ချလက်ချ စားသုံးနိုင်အောင် သန့်ရှင်းလတ်ဆတ်မှုကို အဓိကထား ထုတ်လုပ်ထားပါတယ်။

အချိုလည်း အနေတော်၊ အဆိမ့်ကလည်း ရှယ်ဆိုတော့ လူကြီးလူငယ်မရွေး အကြိုက်တွေ့စေတာပေါ့။

😉 အရသာစစ်စစ်ကိုမှ ရှာနေတာဆိုရင်တော့ အထူးစပါယ်ရှယ်ကြက်ဥမရွေးကိုသာ အခုပဲ မြည်းစမ်းကြည့်လိုက်ပါ။

#ရွှေပင့်ကူမုန့်တိုက် #ကြက်ဥမရွေး #အထူးစပါယ်ရှယ်ကြက်ဥမရွေး #မုန့်မျိုးစုံ

အလုပ်လုပ်ရင်း စိတ်မပါတော့ဘဲ ထိုင်းမှိုင်းနေပြီလား? 💤အဲ့ဒီလိုအချိန်မှာ စိတ်ကိုကြည်လင်ပြီး Energy တွေ ပြန်တက်လာစေဖို့ SPK ...
22/04/2026

အလုပ်လုပ်ရင်း စိတ်မပါတော့ဘဲ ထိုင်းမှိုင်းနေပြီလား? 💤

အဲ့ဒီလိုအချိန်မှာ စိတ်ကိုကြည်လင်ပြီး Energy တွေ ပြန်တက်လာစေဖို့ SPK ရဲ့ စပါယ်ရှယ်ကြက်ဥမရွေးလေး ကိုသာ သတိရလိုက်ပါ🥚✨

ပါးစပ်ထဲမှာ အရည်ပျော်သွားမတတ် နူးညံ့ပြီး ကြက်ဥရဲ့ အဆိမ့်အရသာစစ်စစ်ကို အပြည့်အဝ ခံစားရစေပြီး

အီသွားတာမျိုး လုံးဝမရှိဘဲ ဆိမ့်အိနေတဲ့ အရသာကြောင့် အလုပ်လုပ်ရတာ ပိုပြီး တက်ကြွလန်းဆန်းစေမှာ အသေအချာပဲနော် 😉

အလုပ်ခွင်ထဲမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အပျင်းပြေဝါးဖို့ အကောင်းဆုံး အဖော်မွန်လေးမို့ အခုပဲဝယ်စားကြည့်လိုက်ပါ။

#ရွှေပင့်ကူမုန့်တိုက် #ကြက်ဥမရွေး #မုန့်မျိုးစုံ #အဆာပြေ

နာမည်ကြားတာနဲ့တင် သွားရေကျသွားစေမယ့် နတ်သုဒ္ဓါလေး 🤤တစ်ခါစားပြီးရင် လက်ကမချချင်အောင် ဆွဲဆောင်လွန်းတာကတော့ SPK ရဲ့ ထောပတ်က...
20/04/2026

နာမည်ကြားတာနဲ့တင် သွားရေကျသွားစေမယ့် နတ်သုဒ္ဓါလေး 🤤

တစ်ခါစားပြီးရင် လက်ကမချချင်အောင် ဆွဲဆောင်လွန်းတာကတော့ SPK ရဲ့ ထောပတ်ကိတ်ခြောက် ပါပဲ 🧈

✨ အနံ့နဲတင် အရင်ဆုံး စားချင်စိတ်ကို နှိုးဆွပေးပြီး

✨ ပထမဆုံးတစ်ကိုက်မှာ ထောပတ်ရဲ့ အဆိမ့်အရသာကို အပြည့်အဝ ခံစားရစေလို့ အရသာစစ်တာကတော့ ပြောစရာကိုမလိုတာနော်။

အချိုလည်း အနေတော်မို့ စားရင်းစားရင်းနဲ့ မရပ်ချင်လောက်အောင်ကို စားကောင်းတာပါ။

ကြိုက်တဲ့သူတွေရှိရင် Comment ထဲမှာ ပြောသွားခဲ့ဦးနော်။

#ရွှေပင့်ကူမုန့်တိုက် #မုန့်မျိုးစုံ #ထောပတ်ကိတ်ခြောက်

“အတာနွေဦး နှစ်သစ်ကူး ရွှေပင့်ကူ နှင့်အတူပျော်မြူး”💦 🔫ယနေ့မှာကျရောက်တဲ့ မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် တန်ခူးလဆန်း (၁) ရက် ...
17/04/2026

“အတာနွေဦး နှစ်သစ်ကူး ရွှေပင့်ကူ နှင့်အတူပျော်မြူး”💦 🔫

ယနေ့မှာကျရောက်တဲ့ မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် တန်ခူးလဆန်း (၁) ရက် နေ့ထူးနေ့မြတ်မှာ

မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှာရှိကြတဲ့ ဆွေမျိုးမိတ်ဆွေသင်္ဂဟများ အားလုံး

💦 အတာရေစင်နဲ့အတူ နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်လွင့်ပျောက်ပြီး

ဘေးဥပါဒ်ကင်းဝေးကာ စိတ်သစ်လူသစ်ဖြင့် ကျန်းမာရွှင်လန်းကြပါစေကြောင်း ✨

ရွှေပင့်ကူ မိသားစုမှ နှစ်သစ်ကူး ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။

#သင်္ကြန် #နှစ်သစ်ကူးဆုမွန်ကောင်း #နှစ်ဆန်း၁ရက်

12/04/2026

သက်ကြီးပူဇော်ပွဲတွေမှာ မိဘဘိုးဘွားတွေကို အကောင်းဆုံးနဲ့ ဂါရဝပြုချင်သူတွေအတွက်... 🙏

💖 Lucky Family ကိုသာ ရွေးချယ်လိုက်တော့နော်

အချိုမများလို့ ကျန်းမာရေးဂရုစိုက်နေရတဲ့ သူတွေအတွက် စိတ်ချရပြီး

စနစ်တကျထုပ်ပိုးပြင်ဆင်ထားတဲ့အတွက် ကန်တော့ခံပစ္စည်းအဖြစ် တင့်တယ်စေတာပေါ့ 🎁

အရည်အသွေးနဲ့ ပေးရတဲ့ဈေးနဲ့က မျှတလို့ အရွေးချယ်သင့်ဆုံးပါပဲ။

မမေ့နိုင်စရာ သင်္ကြန်အမှတ်တရလေး ဖြစ်သွားဖို့ Lucky Family နဲ့ ဂါရဝပြုကြမယ်နော်

#ရွှေပင့်ကူမုန့်တိုက် #နံကထိုင် #မုန့်မျိုးစုံ #သင်္ကြန် #ဂါရဝလက်ဆောင်

11/04/2026

Lucky box လေးနဲ့ အတာကူးမယ် 💦🔫

#ရွှေပင့်ကူမုန့်တိုက် #မုန့်မျိုးစုံ

သင်္ကြန်ရေစိုစိုနဲ့ ကခုန်ရင်း ဗိုက်ကလေးက ဆာလာပြီလား ❓ရေဆော့ရတာ မောနေပြီဆိုရင် SPK ရဲ့ နို့မုန့်ကြွပ်လေးနဲ့ အားပြန်ဖြည့်ပ...
08/04/2026

သင်္ကြန်ရေစိုစိုနဲ့ ကခုန်ရင်း ဗိုက်ကလေးက ဆာလာပြီလား ❓

ရေဆော့ရတာ မောနေပြီဆိုရင် SPK ရဲ့ နို့မုန့်ကြွပ်လေးနဲ့ အားပြန်ဖြည့်ပြီး ဆက်ကဲလိုက်ရအောင်။

မနက်ခင်းထဲက အာဟာရပြည့်ဝတဲ့ နို့မုန့်ကြွပ်လေးနဲ့ အားဖြည့်ထားမှ သင်္ကြန်တစ်တွင်းလုံး အပီအပြင် ကဲနိုင်မှာပေါ့။

🥛 နို့စစ်စစ်ကို အသုံးပြုထားလို့ လူကြီးတွေအတွက်သာမက ကလေးငယ်တွေအတွက်ပါ အာဟာရဖြစ်စေတာမို့ တစ်အိမ်လုံးအတွက် ဆောင်ထားဖို့ အသင့်တော်ဆုံးပဲလေ။

SPK နို့မုန့်ကြွပ်လေးနဲ့အတူ ဒီနှစ်သင်္ကြန်ကို ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ရအောင် ✨

#ရွှေပင့်ကူမုန့်တိုက် #နို့မုန့်ကြွပ် #မုန့်မျိုးစုံ #နို့အရသာ

07/04/2026

💦 အတာရေနဲ့အတူ အချိုမြိန်ဆုံး အမှတ်တရတွေ ဖန်တီးကြမယ် ✨

နွေဦးရဲ့ အတာရေစင်တွေကြားမှာ ချစ်ရသူတွေအတွက် အကောင်းဆုံးလက်ဆောင်က ဘာဖြစ်မလဲ?

SPK ရဲ့ Lucky Family နံကထိုင်မုန့်ပုံးလေးတွေပဲပေါ့ 🍪

🪸 အတာလက်ရာ အငွေ့အသက်လေးတွေနဲ့ အလှဆင်ထားတဲ့ Lucky Family မုန့်ပုံးလေးက ကြည့်လိုက်တာနဲ့ သင်္ကြန်အရသာကို အပြည့်အဝခံစားရစေမှာပါ။

SPK ရဲ့ လူကြိုက်အများဆုံး မုန့်တွေထဲက တစ်ခုဖြစ်လို့ ဂါရဝလက်ဆောင်ပေးတဲ့အခါ မျက်နှာပန်းလှစေမှာ အသေအချာပါပဲ။

ဒီနှစ် သင်္ကြန်ကို Lucky Family နဲ့ကြိုဆိုဖို့ အခုပဲ နီးစပ်ရာဆိုင်တွေမှာ ဝယ်ထားလိုက်တော့နော်။

#ရွှေပင့်ကူမုန့်တိုက် #နံကထိုင် #မုန့်မျိုးစုံ #သင်္ကြန်

Address

Mandalay
383315

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 17:30

Telephone

+959785888511

Website

Alerts

Be the first to know and let us send you an email when ရွှေပင့်ကူမုန့်တိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေပင့်ကူမုန့်တိုက်:

Share