11/04/2026
ဘူးသီးကြော် ကြော်နည်း နဲ့ မန်ကျည်းအချဉ်ရည်စပ်နည်း
ပါဝင်ပစ္စည်းများ
ဘူးသီး (စားနိုင်သလောက်အသုံးပြုလို့ရ
အကြော်မှုန့်
ကောက်ညှင်းမှုန့်
ပဲအကျတ်မှုန့်
ဆား ။ နနွင်း ။ ဆီ
ရိ (မထည့်လည်းရ)
ပထမဆုံး ဘူးသီးတွေကို ကိုယ်ကြိုက်တဲ့ပုံစံလှီးထားလို့ရပါတယ် ဘူးသီးကို အချောင်းလိုက်ကြော်မယ်ဆိုရင် အချောင်းလိုက်လှီးပြီး အခုနဲ့ဝိုင်းဝိုင်းကြော်မယ်ဆိုရင် သုံးထောင့်ပုံစံတွေလှီးထားလို့ရပါတယ်နော် မနက်ကြော်ရင် ညကတည်းကလှီးပြီး ထားထားလို့လည်းရပါတယ်
မုန့်နှစ်အတွက် အကြော်မှုန့် ကောက်ညှင်းမှုန့် ပဲမှုန့် သုံးမျိုးကို အကြော်မှုန့် ၃ ဆ နဲ့ ကောက်ညှင်းမှုန့်/ပဲမှုန့်ကို ၁ဆ စီရောစပ်ရပါမယ် ပြီးရင် အရသာအတွက် ဆားအနည်းငယ် နနွင်းအနည်းငယ် Baking soda ရှိရင် ဇွန်းဖျားလောက်လေးထည့်ရင်ရပါတယ် ကြက်ဥအကာ ထည့်ပေးလည်းရပါတယ်
အမှုန့်တွေအကုန်ရောပြီးသွားရင် ရေကို ဖြည်းဖြည်းချင်း လောင်းထည့်ပေးပါ
မုန့်ရည် မပျစ်တပျစ်အနေထားလေးဖြစ်ရင် ကြော်ဖို့အကောင်းဆုံးပါနော်
မုန့်ရည်လည်း စပ်ပြီးပြီဆိုရင် ဆီအတော်သင့် အပူရှိန်ဖြင့် ခဏက အသင့်လုပ်ထားတဲ့ ဘူးသီးချောင်းတွေကို မုန့်ရည်မှာ နှစ်ပြီး အိုးထဲထည့်ကာ စတင်ကြော်လို့ရပါပြီနော် ရွှေဝါရောင်တန်းလာပြီဆိုရင် ဆယ်တင်လို့ရပါပြီ အရမ်းကို အရသာရှိတဲ့ ဘူးသီးကြော်ကြွပ်ကြွပ်လေးကို ရရှိပြီဖြစ်ပါတယ်နော်
ဘူးသီးကြော်ကို မန်းကျည်းအချဉ်မဟုတ်ပဲ ငံပြာရည်အချဉ်နဲ့ပဲမှုန့်တို့ရောစပ်ပြီးတော့လည်း စားလို့ရပါတယ်နော်
မန်ကျည်း အချဉ်ရည်
ပါဝင်ပစ္စည်းများ
👉မန်းကျည်းသီး
👉ကြက်သွန်ဖြူ
👉ဂျင်း
👉ထန်းလျက်
👉ငရုပ်သီးစိမ်း
👉ဆား
👉ငရုပ်သီးအကျတ်မှုန့်
👉ပဲအကျတ်မှုန့်
မန်ကျည်းသီးတွေကို ရေနွေးနွေးပူပူဖြင့် အရင်စိမ်ထားပေးလိုက်ပါ ပြရင် ဇကာနဲ့ခံပြီး မန်ကျည်း အရည်ပဲယူပါ
မန်ကျည်းရည်ထဲကို ကြက်သွန်ဖြူ/ဂျင်းနဲ့ ငရုတ်သီးစိမ်း ရောထောင်းပြီး ထည့်ပါ အချိုးအဆ ချိန်ပြီးထည့်ရင်ရပါပြီနော်
ပြီးရင် ဆား အနည်းငယ် ထန်းလျက်ရည် အချိုကြိုက်သလောက်ထည့်လိုက်ပါ
ငရုတ်သီးအကျက်မှုန့် ကိုလည်း အစပ်ကြိုက်သလောက်ထည့်လို့ရပါတယ်
မန်းကျည်အချဉ်ရည်ရဲ့ အသက်တခုဖြစ်တဲ့
ပဲအကျက်မှုန့် ကို ၂ ဇွန်းလောက် ထည့်ပေးပါ ထည့်လိုက်ရင် ပျစ်ပျစ်လေး ဖြစ်သွားပြီး ပိုစားလို့ကောင်းပါတယ်နော်
နောက်ဆုံးအနေနဲ့ နံနံပင် ထပ်ထည့်လို့ရပါတယ်နော် မကြိုက်ရင်မထည့်လို့လည်းရပါတယ်နော်
ဒါတွေအားလုံးလုပ်ပြီးပြီဆိုရင်တော့ အရသာရှိတဲ့ ဘူးသီးကြော်ကြွပ်ကြွပ်လေး နှင့် မန်းကျည်း အချဉ်ရပါပြီနော်🫶🏻