Win Farm Products

Win Farm Products Connect with Win

Macadamia Blossom Honey (100% natural pure honey)🌿ကိုယ်ပိုင်စိုက်ခင်းရှိသူများသာ ရရှိနိုင်တဲ့ သဘာဝမက္ကာပျားရည်🌿မက္ကာဒေးမ...
20/04/2026

Macadamia Blossom Honey
(100% natural pure honey)
🌿ကိုယ်ပိုင်စိုက်ခင်းရှိသူများသာ ရရှိနိုင်တဲ့ သဘာဝမက္ကာပျားရည်🌿

မက္ကာဒေးမီးယားပန်းပွင့်ချိန်က တစ်နှစ်မှာ တစ်ခါသာ ပွင့်တာမို့ Macadamia Honey က တစ်နှစ်မှ တစ်ခါသာ ရရှိနိုင်တဲ့ ဆေးဘက်ဝင်ပျားရည် (Raw Honey) လေးပါ။ ဒါကြောင့်လဲ သာမန်ပျားရည်တွေထက် ဈေးလေး‌ အနည်းငယ် မြင့်တာ ဖြစ်ပါတယ်နော်။

သူ့ထဲမှာ အဓိက mineral, potassium, magnesium အနည်းငယ်နဲ့ antioxidant ကြွယ်ဝပါတယ်။

မက္ကာပျားရည်ရဲ့ အရောင်၊ အဆင်း၊ အရသာ
🍯အရောင်က အညိုရောင် အနည်းငယ်ရှိသည်
🍯အနံ့က မက္ကာပန်းအနံ့သင်းသင်းနဲ့ သဘာဝအရသာရှိသည်
🍯အရသာက ချိုပြီး လေးပါသည်
🍯ပုံမှန်ပျားရည်ထက် အနည်းငယ် ပျစ်ပါသည်

မက္ကာပျားရည်ရဲ့ အကျိုးကျေးဇူး
✅ချောင်းဆိုး၊ လည်ချောင်းနာ ဖြစ်မှုကို သက်သာရှင်းလင်းစေသည်
✅ကိုယ်ခံအားကောင်းစေပြီး လူကြီးများအတွက် သက်ရှည် ကျန်းမာစေသည်
✅သဘာဝ energy ကို ပေးတာမို့ အသားအရည်
စိုပြေလှပစေသည်
✅ခန္ဓာကိုယ်အဆိပ်အတောက်တွေ ဖယ်ရှားပေးသည်
✅အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပြီး ခံတွင်းလိုက်စေသည်

အသုံးပြုရန်
🍵နေ့စဉ် သောက်သုံးနိုင်ပါသည်
မနက်စာ မစားခင် teaspoon ၁ ဇွန်း၊ ရေနွေးနွေးနဲ့ ဖျော် ‌ သောက်ရန်
(အားအင်ပြည့်၊ ဦးနှောက်ကြည်လင်ပြီး အစာခြေစနစ်ကို တိုးတက်စေ)
Or
ည မအိပ်ခင် ပျားရည် ၁ ဇွန်းကို တိုက်ရိုက်ဖြစ်စေ၊ နွားနို့ထဲ ထည့်သောက်သည် ဖြစ်စေ၊ အိပ်ရေးဝပြီး အားအင်တိုးစေပါသည်
အသက်ကြီးသူများနဲ့ ကလေးသူငယ်များ (၁ နှစ်အောက် မပါဝင်ပါ)
ပေါင်မုန့်ပေါ်မှာ သုတ်၍ စားနိုင်ပါသည်
Yogurt (ဒိန်ချဉ်) နဲ့လဲ တွဲဖက် စားသုံးနိုင်ပါသည်

⚠️သတိပြုရန် မက္ကာပျားရည်ကို ရေနွေးအရမ်းပူတာနဲ့ မဖျော်သင့်ပါ။ အာဟာရဓါတ်များ ပျက်ယွင်း၊ ဆုံးရှုံးနိုင်ပါသည်
တစ်နေ့ကို teaspoon ၂ ဇွန်းထက် ပိုမသောက်သင့်ပါ
တစ်နှစ်အောက် ကလေးများကို မတိုက်သင့်ပါ



📌မိတ်ဆွေတို့ရှင့် 📌ဧပြီ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့သည် သင်္ကြန်ဆိုင်ပိတ်ရက်ဖြစ်သောကြောင့် Win Farm မှ ထုတ်ကုန်များကို ချစ်ခင်သ...
09/04/2026

📌မိတ်ဆွေတို့ရှင့် 📌

ဧပြီ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့သည် သင်္ကြန်ဆိုင်ပိတ်ရက်ဖြစ်သောကြောင့် Win Farm မှ ထုတ်ကုန်များကို ချစ်ခင်သူများအနေဖြင့် သင်္ကြန်တွင်းရိက္ခာ စုဆောင်းရန် ဆိုင်သို့ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ဧပြီ ၁၈ ရက်နေ့တွင် ပုံမှန်အတိုင်း ဆိုင်ဖွင့်ပါမည်

💕မိတ်ဆွေတို့ရေ💕ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရရှိနိုင်မယ့် Detox Juice လို့ခေါ်တဲ့ Natural Juice လေးနဲ့ မိတ်ဆက်ပေးပါ...
07/04/2026

💕မိတ်ဆွေတို့ရေ💕

ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရရှိနိုင်မယ့် Detox Juice လို့ခေါ်တဲ့ Natural Juice လေးနဲ့ မိတ်ဆက်ပေးပါရစေ 🤩

🍀 မင်မင်တို့ဟာ စိတ်အလိုလိုက်ပြီး နေ့စဉ် အဆီများတဲ့အစားအစာတွေ၊ အပူအစပ်လွန်ကဲတဲ့အစားအစာတွေ၊ အရောင်ကာလာဆိုးဆေးတွေလှအောင် တန်ဆာဆင်ထားတဲ့အစားအစာတွေကို စိတ်ကြိုက် စားသုံးကြပါတယ်။

#☘️ဒီလို နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲက မလိုအပ်တဲ့အဆီများကို ဖယ်ရှားပစ်နိုင်ဖို့၊ ဝမ်းမှန်ပြီး အူလမ်းကြောင်းတလျှောက် သန့်စင်စေဖို့၊ ကိုယ်ခံအားကောင်းမွန်ပြီး အသားအရေ ကြည်လင်လှပစေဖို့ သဘာဝအသီးအနှံနဲ့ အရွက်တွေကို လတ်လတ်ဆတ်ဆတ်ကြိတ်ထားတဲ့ Natural Juice လေးတွေကို သောက်သုံးပေးဖို့ လိုအပ်လှပါတယ်။

🍀 နေ့စဉ် ပုံမှန်မသောက်သုံးနိုင်ရင်တောင်မှ တစ်ပတ်လုံးစားထားတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ဖို့ အနည်းဆုံး ၁ ပတ်မှာ ၁ ကြိမ်လောက်တော့ သောက်သုံးသင့်ပါတယ်။

🍀 Detox Juice လို့ခေါ်တဲ့ Natural Juice တွေဟာ သဘာဝဟင်းသီးဟင်းရွက်၊ သစ်ဥ၊ သစ်ဖုများဖြင့်သာ ဖော်စပ်ထားပြီး အခြားတာရှည်ခံဆေးဝါးများ မပါရှိတာကြောင့် ဘေးထွက်ဆိုးကျိုးမရှိနိုင်ပါရှင်။

🍀 ပါဝင်ပစ္စည်း၊ အသီးအရွက်များရဲ့ လတ်ဆတ်မှု၊ အချိုးအဆမှန်ကန်မှုနဲ့ လတ်လတ်ဆတ်ဆတ် သောက်သုံးဖို့ကတော့ အဓိကပါပဲရှင်။

🍀 မင်မင်တို့ရဲ့ အားသာချက်ကတော့ မှာယူမှ လတ်လတ်ဆတ်ဆတ်ကြိတ်ပြီး သောက်သုံးရန် အသင့်ပို့ဆောင်ပေးတာမို့ လတ်ဆတ်မှုရဲ့အရသာကို အပြည့်အဝခံစားရမှာပါ။

🍀 ကျန်းမာရေးမကောင်းမှ ကျန်းမာရေးကောင်းခြင်းရဲ့ အရသာတွေ မခံစားမိစေဖို့၊ သင့်ရဲ့စိတ်ကူးတွေကို ယနေ့မှစပြီး ပြောင်းလဲသင့်ပါတယ်လို့ အကြံပြုရင်း…….

🏡 Win Farm Products
No.2A, 32 St, Bet; 65stx66st
Mandalay
092003720, 09797277376

🌿Daily Plan သောက်သူများအတွက်🌿Detox juice များကို Daily plan နဲ့သောက်သူများအတွက် ၁၀/၄/၂၀၂၆ အထိသာ ပို့ဆောင်နိုင်မည် ဖြစ်ပါ...
07/04/2026

🌿Daily Plan သောက်သူများအတွက်🌿
Detox juice များကို Daily plan နဲ့သောက်သူများအတွက် ၁၀/၄/၂၀၂၆ အထိသာ ပို့ဆောင်နိုင်မည် ဖြစ်ပါကြောင်းနှင့်....
11/4/26 မှ 17/4/26 အထိသည် ဆိုင်ပိတ်ရက်များဖြစ်ပါရျ် 18/4/26 မှသာပြန်လည်ပို့ဆောင်ရန် order လက်ခံမည် ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
ကဲ... သူများတွေ မြန်မာ့နှစ်သစ်မတိုင်မီ
☘️Detoxification☘️ လုပ်နေကြပြီနော်🤩

🌿မိတ်ဆွေတို့ရှင်🌿Healthy life style ကြိုက်နှစ်သက်သူများအတွက်....အစာလည်းဆေး၊ ဆေးလည်းအစာထဲမှာပါဝင်သော " Healthy net " သဘာဝ...
02/04/2026

🌿မိတ်ဆွေတို့ရှင်🌿
Healthy life style ကြိုက်နှစ်သက်သူများအတွက်....
အစာလည်းဆေး၊ ဆေးလည်းအစာထဲမှာပါဝင်သော " Healthy net " သဘာဝအရသာ အစေ့အဆံအမျိုးမျိုး Win Farm Products store မှာရရှိနိုင်ပါတယ်🥰🥰🥰
We have....
☘️Macadamia
☘️Cashew
☘️Almond
☘️Pistachio
☘️Pumpkin seed
☘️Walnut
☘️Chia seeds
☘️Jujube
☘️Gojiberry
☘️Desert Sultan
☘️Tragacanth gum

ရန်ကုန်နဲ့ အခြားနယ်ဝေးမှ customer များရှင်မင်မင်တို့ရဲ့ Maca product မျိုးစုံ Order များကို သင်္ကြန်မတိုင်ခင် ၄-၄-၂၀၂၆ ရ...
31/03/2026

ရန်ကုန်နဲ့ အခြားနယ်ဝေးမှ customer များရှင်
မင်မင်တို့ရဲ့ Maca product မျိုးစုံ Order များကို သင်္ကြန်မတိုင်ခင် ၄-၄-၂၀၂၆ ရက်နေ့အထိသာ လက်ခံနိုင်မည်ဖြစ်ပါကြောင်းနဲ့ မန္တလေးမှ Customer များအတွက် ၁၀-၄-၂၀၂၆ ရက်နေ့အထိ ဆိုင်ဖွင့်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်ရှင် 💕

ကြက်သွန်နီ၊ ကြက်သွန်ဖြူမှုန့်ကြက်သွန်နီ၊ ကြက်သွန်ဖြူမှုန့်ဆိုတာ အားလုံးသိကြတဲ့အတိုင်း အနံ့ပြင်းလှတဲ့အရာတွေပေမဲ့ ဟင်းလျာခ...
29/03/2026

ကြက်သွန်နီ၊ ကြက်သွန်ဖြူမှုန့်

ကြက်သွန်နီ၊ ကြက်သွန်ဖြူမှုန့်ဆိုတာ အားလုံးသိကြတဲ့အတိုင်း အနံ့ပြင်းလှတဲ့အရာတွေပေမဲ့ ဟင်းလျာချက်ပြုတ်ရာမှာတော့ မရှိမဖြစ် accessories ပါပဲနော်

🧄သူ့ကို အခွံခွာရ၊ လှီးရ၊‌ ထောင်းရနဲ့ ချက်ပြုတ်ကာခါနီးမှာ အလုပ်မရှုပ်စေဖို့
🧅အထူးသဖြင့် အလုပ်သွားခါနီး၊ ကျောင်းသွားခါနီး ခန္ဓာကိုယ်မှာ အနံ့မစွဲစေဖို့
🧄ရုံးချိန်မှီ၊ ကျောင်းချိန်မှီ ချက်ပြုတ်နိုင်ဖို့
မူလ အနံ့၊ အရသာ မပျောက်အောင် ခေတ်မှီစက်ကြီးများနဲ့ ထုတ်လုပ်ထားပါကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်ရှင်

🌿နနွင်း (သို့) ကျန်းမာရေးအတွက်သဘာဝလက်ဆောင်🌿🍂နနွင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ     ကို လေ့လာကြည့်ရင် ...💜Antioxidant ...
26/03/2026

🌿နနွင်း (သို့) ကျန်းမာရေးအတွက်သဘာဝလက်ဆောင်🌿

🍂နနွင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ
ကို လေ့လာကြည့်ရင် ...

💜Antioxidant
(ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ)
ကြွယ်ဝတဲ့အတွက် ကင်ဆာရောဂါဖြစ်
ခြင်းကိုကာကွယ်နိုင်ပါတယ်

💜Anti-inflammatory
အရောင်ကျစေတဲ့ အာနိသင်ရှိပြီး အရိုးအဆစ်များ ရောင်ရမ်းနာကျင်ခြင်း ၊ ကြွက်သားများရောင်ရမ်းနာကျင်ခြင်း တင်းတောင့်ခြင်းစတာတွေကို သက်သာပျောက်ကင်းစေပါတယ်

💜Good for brain function
ဦးနှောက် စွမ်းဆောင်ရည် ကျဆင်းခြင်း
မှတ်ညဏ် ချို့ယွင်းသော အယ်ဇိုင်မား
ရောဂါ ဖြစ်ခြင်း များကို ကာကွယ်ပေး
နိုင်ပါတယ်

💜Heart health
Cholesterol ( သွေးတွင်းအဆီဓါတ် )များကိလျော့ချနိုင်ခြင်းကြောင့် နှလုံးသွေးကြောကျဉ်းခြင်း သွေးကြောပိတ်ခြင်းများကို ကာကွယ်နိုင်ပြီး နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။

💜နနွင်းကို ဘာ်လိုသောက်သုံးသင့်သလဲ?
✅နနွင်းမှုန့်ကဆီမှာအလွယ်တကူပျော်ဝင်နိုင်လို့ teaspoon တဇွန်းစာကို သံလွင်ဆီထဲမှာရောဖျော်ပြီးသောက်သုံးနိုင်ပါတယ်။
✅သံလွင်ဆီအလွယ်တကူမရနိုင်လည်း ရေခပ်နွေးနွေးလေးနဲ့ ဖျော်သောက်လို့ရပါတယ်နော်
✅ဆနွင်းလုံးလေးတွေကတော့ ရိုးရိုးရေအေးလေးနဲ့ လည်းသောက်သုံးလို့ရပါတယ်
✅အဓိက ကနနွင်းကို ၁ဂရမ်အထိပဲ သောက်သုံးသင့်ပါတယ်ရှင်
✅သတိပြုရမှာက နနွင်းက အချိုဓာတ်ကို အရမ်းကျစေလို့၊ အစာမစားပဲသောက်သုံးပါက ခေါင်းမူးတတ်ပါတယ်တဲ့ရှင်

💜ဘယ်သူတွေကသတိထားရမလဲ၊ဘယ်သူတွေအတွက်ကအသုံးဝင်ဆုံးလဲ?
✅နနွင်းကသကြားဓာတ်ကို ထိန်းပေးနိုင်လို့ ဆီးချိုသမားတွေအတွက်ကတော့ တန်ဖိုးအရှိဆုံးအရာပါ
✅ကျောက်ကပ်ရောဂါအခံရှိသူတွေ၊ သံဓာတ်အားနည်းသူတွေအတွက်ကတော့ ရှောင်ရှားသင့်ပါတယ်ရှင်
❤️နနွင်းရဲ့အာနိသင်နဲ့ သောက်ရမဲ့ ပုံစံလေးကို ပြည့်ပြည့်စုံစုံသိချင်ရင်တော့ Dr Daw Khin Nwe Win ရှင်းပြထားတာကို Link လေးချပေးထားပါတယ်ရှင်

https://www.facebook.com/share/v/1AwTrfJp4C/?mibextid=wwXIfr
Credit to Original owner 🙏

🏠 Win တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ ၊ ဟ၃/ အမှတ် ၃၆-၃၇၊ ပြည်ကြီးတံခွန်၊ Mandalay.
🏠Win Farm Products အရောင်းဆိုင်
အမှတ် ၂(A)၊၃၂လမ်း၊၆၅x၆၆ကြား၊ Mandalay
📞 09890304223 ၊ 092003720၊
09797277376

18/03/2026

ဒီတစ်ခါတော့ ကရင်ပြည်နယ် ဘားအံမြို့.....

Win Farm မှ ထုတ်လုပ်သော သော့သီးလို့ခေါ်တဲ့ Macadamia Products မျိုးစုံနဲ့ အရောအနှောကင်း၊ ကိုယ်တိုင်အခြာက်လှမ်း သန့်စင်ထားတဲ့ ဟင်းခတ်အမွှေးအကြိုက်မျိုးစုံကို ဘားအံမြို့၊ ဇွဲကပင်ပလာဇာမှာ ဖွင့်လှစ်ထားတဲ့ စားအိမ်သောက်အိမ် ဆိုင်ကြီးမှာ ဝယ်ယူအားပေးလို့ရပါပြီရှင် 📣

📍စားအိမ်သောက်အိမ်
ဇွဲကပင်ပလာဇာ
ဘားအံမြို့

an

🌿 မိတ်ဆွေတို့ရှင်🌿 မကြာခင်မှာကျရောက်တော့မဲ့ .. မြန်မာတို့ရဲ့နှစ်သစ် အချိန် အခါ သမယ မှာ...💗 မိမိတန်ဖိုးထားတဲ့ လူကြီး၊မိဘ ...
11/03/2026

🌿 မိတ်ဆွေတို့ရှင်🌿
မကြာခင်မှာကျရောက်တော့မဲ့ .. မြန်မာတို့ရဲ့
နှစ်သစ် အချိန် အခါ သမယ မှာ...

💗 မိမိတန်ဖိုးထားတဲ့ လူကြီး၊မိဘ ဆရာသမားတွေကို ကျန်းမာရေးအတွက်အထောက်အကူ ဖြစ်စေမဲ့ Macadamia products မျိုးစုံ ပါဝင်တဲ့ လက်ဆောင်ခြင်း လေးတွေ နဲ့ ဂါရဝပြုဖို့ သတိရလိုက်ပါရှင် 🙏

💗လှပဆန်းသစ်မှုနဲ့ ပြည့်စုံပြီး ထူးခြားမှု အပြည့်နဲ့ အမှတ်တရဖြစ်စေမှာပါ💕

💗"အစာလည်းဆေး၊ဆေးလည်းအစာ" ထဲမှာ ပါဝင်တဲ့ Maca products မျိုးစုံဖြစ်လို့ လက်ဆောင်ခြင်းထဲမှာ လက်ခံရသူတွေ အတွက် အသုံးမဝင်တဲ့အရာ တခုမှမပါဝင်တာ ထူးခြားချက်ပါပဲနော်🤩

💗မိမိလိုချင်တဲ့ ရက်ကိုရဖို့ဆိုရင် " order" လေးကြိုပေးထားဖို့တော့ လိုအပ်ပါတယ်ရှင်

03/03/2026

🌿Knowledge sharing🌿

မင်္ဂလာပါမိတ်ဆွေတို့ရှင် 💕၂-၃-၂၀၂၆ (တနင်္လာနေ့) သည် တပေါင်းလပြည့် (မြတ်ဗုဒ္ဓပြည်တော်ဝင် အခါ‌တော်နေ့) ဖြစ်သောကြောင့် ဆိုင...
01/03/2026

မင်္ဂလာပါမိတ်ဆွေတို့ရှင် 💕

၂-၃-၂၀၂၆ (တနင်္လာနေ့) သည် တပေါင်းလပြည့် (မြတ်ဗုဒ္ဓပြည်တော်ဝင် အခါ‌တော်နေ့) ဖြစ်သောကြောင့် ဆိုင်တစ်ရက်ပိတ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်ရှင်

Address

No. 2(A), 32 Street Between 65 And 66 Street
Mandalay
05022

Website

Alerts

Be the first to know and let us send you an email when Win Farm Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share