10/03/2025
မုန့်သင်တန်းအတွက်လာစုံစမ်းကြပြီဆိုရင် အရင်ဆုံးမေးကြတာက အတတ်သင်လား တကယ်ရောတတ်ပါ့မလား ဘာညာပေါ့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီတစ်ပတ်လောက်ကာလအတွင်းမှာ အသက်မွေးဝမ်းကျောင်းမှုပညာရပ်တစ်ခုကို အလုံးစုံမတတ်မြောက်နိုင်ပါဘူး မုန့်ပြုလုပ်ပုံ နည်းစနစ်တွေ costတွက်နည်းတွေ ကုန်ကြမ်းထားသိုနည်းတွေ ကုန်ကြမ်းတွေရဲ့အသုံးဝင်ပုံတွေ ဒီလောက်သာသိသွားပါလိမ့်မယ် ဒါတောင် တော်တော်လေးစိတ်ပါဝင်စားပြီး လိုက်ကြည့်နေမှပါ ကျနော်ဆိုရင်လဲ မုန့်သင်တန်းတွေတက်ခဲ့ဖူးပါတယ် သူများဆိုင်တွေမှာလဲ အလုပ်လုပ်ခဲ့ဖူးပါတယ် ဆရာတွေနောက်လဲလိုက်ပြီး ပညာတွေသင်ခဲ့ဖူးပါတယ် ပညာတွေလဲအများကြီးရခဲ့ပါတယ် ဒါပေမဲ့ တကယ်နဖူးတွေ့ဒူးတွေ့ကြုံတဲ့အချိန်ကျ ထင်သလောက်မလွယ်ပါဘူး ကိတ်ကမညီတာတွေ ပေါင်မုန့်ကရှုံ့သွားရတာနဲ့ အစုံပါပဲ ဒါပေမဲ့လုပ်ရင်းလုပ်ရင်းနဲ့ အလုပ်ကနေပြန်သင်ပေးသွားတာပါပဲ😊😊😊
အနှစ်ချုပ်အနေနဲ့ကတော့ သင်တန်းပြီးတာနဲ့ ပစ်မထားပါနဲ့ ကိုယ်တိုင်အိမ်မှာစမ်းကြည့်ပါ errorတွေဖြစ်တာ အဆင်မပြေတာတွေ မသိတာတွေမေ့သွားတာတွေရှိရင် အားမနာတမ်းအချိန်မရွေးလာမေးပါ ကိုယ်တိုင်စမ်းဖို့ အခြေအနေမပေးရင် သူများဆိုင်တွေမှာ အလုပ်ဝင်လုပ်ပြီး သင်ပါ အလုပ်ကနေသင်ပေးသွားပါလိမ့်မယ် လုံ့လတော့စိုက်ထုတ်ရပါမယ် အချိန်လဲပေးရပါမယ် 🤗🤗🤗
ဆိုင်ဖွင့်ချိန်လေးကတော့ 8:00 AM to 6:00 PM ထိပါနော်
🔲Address:
37St, Between 62&63.Mandalay.
🔲Contact Us: 09751964235 (or) page messenger
#သင်တန်းသားလက်ခံနေပါတယ်