17/04/2020
နှစ်သစ်
နွေ မိုး ဆောင်း ရာသီတွေအလီလီပြောင်းသွားတိုင်း တစ်ရာသီစီရဲ့အကျိုးကျေးဇူးတွေ အလှတရားတွေကိုလူတိုင်းသိမြင်ခံစားဖူးကြ၏။
အဖြစ်ပျက် အပြောင်းလဲများက တစ်ရွေ့ရွေ့ကုန်ဆုံးရင်း မြန်မာတို့ရဲ့ မင်္ဂလာ ရှိလှတဲ့ အတာတန်ကူးသကြ်န်ပွဲတော်ဟာလည်း ကုန်ဆုံးလို့ မင်္ဂလာရှိလှတဲ့ နှစ်သစ်ကူးချိန်ခါသမယ ကို ရောက်ရှိလို့လာခဲ့ပါပြီ။
နှစ်ဟောင်းမှ စိတ်ညစ်စရာများကို မေ့ထားချန်ထားခဲ့ပြီး၊ မှားခဲ့တဲ့အရာ၊ ဆင်ခြင်သုံးသပ်စရာများကိုပြန်လည်သုံးသပ် နည်းနာယူပြီး ဤမင်္ဂလာ ရှိတဲ့နှစ်သစ်မှာ စိတ်သစ်လူသစ် အားလုံးအသစ်သစ်များစွာဖြင့် ဖြတ်သန်းနိုင်ကြပါစေ။ ရောဂါဘေးဘယ အပေါင်းမှလည်း ကင်းဝေးကြပါစေ။ ကျန်းမာချမ်းသာခြင်းအပေါင်းနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကပ်ရောဂါ ဆိုးကြီးမှလည်း ကျော်လွှားနိုင်ကြပါစေ လို့ မိတ်ဆွေ၊ သူငယ်ချင်း အပေါင်းအသင်းများအား ဆုတောင်းပေးရင်း ကိုကျော်ထက်အောင်ရဲ့လက်သုံးစကားလေးအတိုင်း မြန်မာပြည်ကြီး Good Luck ပါ။
ဆီရိဒေါမုန့်မျိုးစုံလုပ်ငန်းမှ တောင်းဆုခြွေလျက်
BRING ME A SPECIAL THINGS.