Metta Mon Bakery

Metta Mon Bakery Home-based bakery in Mawlamyine, Mon State
Freshly baked with care �

Hello မင်္ဂလာပါ 😊Metta Mon BAKERY မှ ကြိုဆိုပါတယ်။ 🍩 Easy Mini Donuts ရဲ့မုန့်လုပ်နည်းလေပါနော်🥰အိမ်မှာပဲ လွယ်လွယ်လုပ်လို...
05/03/2026

Hello မင်္ဂလာပါ 😊
Metta Mon BAKERY မှ ကြိုဆိုပါတယ်။

🍩 Easy Mini Donuts ရဲ့မုန့်လုပ်နည်းလေပါနော်🥰

အိမ်မှာပဲ လွယ်လွယ်လုပ်လို့ရတဲ့ Mini Donuts မုန့်လေးပါ။

ပါဝင်ပစ္စည်းများ
• ဂျုံမှုန့် – ၁ ခွက်
• သကြား – ၃ ဇွန်း
• နို့ – ၁/၃ ခွက်
• ကြက်ဥ – ၁ လုံး

လုပ်နည်း
၁။ ဂျုံမှုန့်၊ သကြား၊ နို့၊ ကြက်ဥတို့ကို ဇလုံတစ်လုံးထဲထည့်ပြီး မွှေပေးပါ။
၂။ အရောအနှောညီအောင် မွှေပေးပါ။
၃။ Donut ပုံစံလေးတွေ လုပ်ပေးပါ။
၄။ ဆီပူထဲမှာ အဝါရောင်လေးဖြစ်အောင် ကြော်ပေးပါ။
၅။ အပေါ်မှာ သကြား သို့မဟုတ် ချောကလက် ထည့်နိုင်ပါတယ်။

🥰 အေးသွားရင် စားလို့ရပါပြီ။



#အိမ်လုပ်မုန့်
#မုန့်လုပ်နည်း

🍩

Hello မင်္ဂလာပါ 😊Metta Mon BAKERY မှ ကြိုဆိုပါတယ်။🍫 2-Ingredient Chocolate Mug Cake လုပ်နည်းလေပါနော်မိုက်ခရိုဝေ့နဲ့ပဲ လု...
04/03/2026

Hello မင်္ဂလာပါ 😊
Metta Mon BAKERY မှ ကြိုဆိုပါတယ်။

🍫 2-Ingredient Chocolate Mug Cake လုပ်နည်းလေပါနော်

မိုက်ခရိုဝေ့နဲ့ပဲ လုပ်လို့ရတယ် 😍
Oven မလို ❌ Mixer မလို ❌



🧾 Ingredients

• Chocolate spread (Nutella လိုမျိုး) – 4 tbsp
• Egg – 1

(Optional – Baking powder 1/4 tsp ထည့်ရင် ပိုဖောင်းပါတယ် 💛)



👩‍🍳 Steps

1️⃣ Mug (ခွက်) ထဲ Chocolate spread ထည့်ပါ
2️⃣ ကြက်ဥထည့်ပြီး ကောင်းကောင်းမွှေပါ
3️⃣ (Optional) Baking powder ထည့်ပါ
4️⃣ Microwave ထဲ 1 – 1.5 minutes ဖုတ်ပါ

✨ ဖောင်းဖောင်းလေး ဖြစ်လာရင် ရပါပြီ 🥰

အပေါ်မှာ
🍓 စတော်ဘယ်ရီ
🍫 Chocolate chips
🍯 ပျားရည်
ထည့်ပြီး တင်လို့လည်း လှပါတယ်နော် 💕




Hello မင်္ဂလာပါ 😊Metta Mon BAKERY မှ ကြိုဆိုပါတယ်။🍌 Banana Pancakes (No Mixer Needed)မုန့်လုပ်နည်းလေပါနော်🥰နူးနူးညံ့ညံ့ ...
03/03/2026

Hello မင်္ဂလာပါ 😊
Metta Mon BAKERY မှ ကြိုဆိုပါတယ်။
🍌 Banana Pancakes (No Mixer Needed)မုန့်လုပ်နည်းလေပါနော်🥰

နူးနူးညံ့ညံ့ • လွယ်လွယ်မြန်မြန် • Breakfast လည်းရ 💕

🧈 ပါဝင်ပစ္စည်း

• ငှက်ပျောသီးမှည့် – 1 လုံး
• ကြက်ဥ – 1 လုံး
• ဂျုံမှုန့် – 1/2 ခွက်
• နို့ – 1/4 ခွက်
• Baking powder – 1/2 လက်ဖက်ရည်ဇွန်း



👩‍🍳 လုပ်နည်း

1️⃣ ငှက်ပျောသီးကို ချေပြီးနူးအောင်လုပ်ပါ
2️⃣ ကြက်ဥထည့်ပြီး ရောမွှေပါ
3️⃣ ဂျုံမှုန့် + Baking powder ထည့်ပါ
4️⃣ နို့ထည့်ပြီး ပျော့ပျော့အရည်လေးဖြစ်အောင် မွှေပါ
5️⃣ ဒယ်အိုးပူပူလေးမှာ ဆီနည်းနည်းထည့်ပြီး လောင်းဖုတ်ပါ
6️⃣ အပေါ်ဖက်ပေါက်ပေါက်လေးတွေထွက်ရင် လှန်ပြီး ထပ်ဖုတ်ပါ

🍯 ပျားရည် လောင်းပြီးစားလို့ရပါတယ် 💛
အရသာ ပိုချိုပြီး အရမ်းလိုက်ဖက်ပါတယ်နော် 😋

✨ ရွှေရောင်လေးဖြစ်လာရင် ရပါပြီနော် 🥰

🍌✨

02/03/2026

Hello မင်္ဂလာပါ 😊
Metta Mon BAKERY မှ ကြိုဆိုပါတယ်နော်။
ဆိုင်ရဲ့စိတ်ကူးလေပေါ့နော် 🥰

Hello မင်္ဂလာပါ 😊Metta Mon BAKERY မှ ကြိုဆိုပါတယ်။  🍪 Butter Cookies ရဲ့ မုန့်လုပ်နည်းလေပါနော်🥰ပစ္စည်း ၃ မျိုးပဲနဲ့လွယ်လ...
02/03/2026

Hello မင်္ဂလာပါ 😊
Metta Mon BAKERY မှ ကြိုဆိုပါတယ်။

🍪 Butter Cookies ရဲ့ မုန့်လုပ်နည်းလေပါနော်🥰
ပစ္စည်း ၃ မျိုးပဲနဲ့
လွယ်လွယ် မြန်မြန် လုပ်လို့ရတဲ့
နူးနူးညံ့ညံ့ Butter Cookies လေးပါ 💛

🧈 ပါဝင်ပစ္စည်း
• ထောပတ်
• သကြား
• ဂျုံမှုန့်

👩‍🍳 လုပ်နည်း
1️⃣ ထောပတ်နဲ့ သကြား ရောမွှေပါ
2️⃣ ဂျုံမှုန့် ထည့်ပြီး dough ဖြစ်အောင် ရောပါ
3️⃣ အလုံးလေးလုပ်ပါ
4️⃣ Fork နဲ့ ဖိပေးပါ
5️⃣ 170°C မှာ 15–18 မိနစ် ဖုတ်ပါ
6️⃣ အေးသွားပြီဆိုရင် စားသုံးလို့ရပါပြီ 🥰

အိမ်မှာပဲ လုပ်စားလို့ရတဲ့
လွယ်ကူပြီး အရသာရှိတဲ့ မုန့်လေးပါ 💕

#အိမ်လုပ်မုန့် 🍪✨

Hello မင်္ဂလာပါ 😊Metta Mon BAKERY မှ ကြိုဆိုပါတယ်။🍫 Easy Chocolate Mug Cake မုန့်လုပ်နည်းလေပါနော် 🥰အိမ်မှာပဲ ၂ မိနစ်နဲ့ ...
01/03/2026

Hello မင်္ဂလာပါ 😊
Metta Mon BAKERY မှ ကြိုဆိုပါတယ်။

🍫 Easy Chocolate Mug Cake မုန့်လုပ်နည်းလေပါနော် 🥰

အိမ်မှာပဲ ၂ မိနစ်နဲ့ လုပ်စားလို့ရတဲ့
ပူပူနွေးနွေး chocolate cake လေးပါ 💛

🧈 ပါဝင်ပစ္စည်းများ
• ဂျုံမုန့်ညက် – 4 tbsp
• သကြား – 3 tbsp
• Cocoa powder – 2 tbsp
• Baking powder – 1/4 tsp
• ကြက်ဥ – 1 လုံး
• နို့ – 3 tbsp
• ဆီ – 3 tbsp

👩‍🍳 လုပ်နည်း

1️⃣ ခွက်ထဲမှာ ဂျုံ + သကြား + cocoa + baking powder ထည့်ပြီး လှမ်းမွှေပါ။

2️⃣ ကြက်ဥ ထည့်ပြီး မွှေပါ။

3️⃣ နို့နဲ့ ဆီ ထည့်ပြီး batter လေး ချောမွေ့အောင် မွှေပါ။

🔥 ထည့်နည်း (Microwave)
Microwave ထဲ 1–2 မိနစ် ထည့်ဖုတ်ပါ။
Cake လေး ပေါက်ထွက်ပြီး ပူပူနွေးနွေး ဖြစ်လာရင် ရပါပြီ ✨

ချောကလက်နူးနူးညံ့ညံ့ အရသာလေးနဲ့
မုန့်ဆိုင် style dessert လေးကို အိမ်မှာပဲ စမ်းလုပ်ကြည့်နော် 🍫



💛

28/02/2026

Hello မင်္ဂလာပါ 😊
Metta Mon BAKERY မှ ကြိုဆိုပါတယ်။

Banana Cake ရဲ့ မုန့်လုပ်နည်းလေပါနော် တီးခံ ကြည့်ပေးပါနော် 🥰☺️

Hello မင်္ဂလာပါ 😊Metta Mon BAKERY မှ ကြိုဆိုတယ်။🍌Banana Cake (လွယ်ကူမြန်ဆန်)လုပ်နည်းလေပါနော်🥰နူးညံ့ပျော့ပြောင်းပြီး အရသာ...
28/02/2026

Hello မင်္ဂလာပါ 😊
Metta Mon BAKERY မှ ကြိုဆိုတယ်။

🍌Banana Cake (လွယ်ကူမြန်ဆန်)လုပ်နည်းလေပါနော်🥰

နူးညံ့ပျော့ပြောင်းပြီး အရသာချိုချိုလေး 🤎
အိမ်မှာလည်း လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ ချစ်စရာမုန့်လေးပါနော်💛



🧈 ပါဝင်ပစ္စည်းများ
• ငှက်ပျောသီးမှည့် – ၂ လုံး
• သကြား – ၁/၂ ခွက်
• ကြက်ဥ – ၁ လုံး
• ဆီ (သို့) Butter – ၁/၃ ခွက်
• ဂျုံမုန့်ညက် – ၁ ခွက်
• Baking powder – ၁ လက်ဖက်ရည်ဇွန်း



👩‍🍳 လုပ်နည်း

၁️⃣ ငှက်ပျောသီးကို နူးအောင်ချေပါ။

၂️⃣ သကြားနဲ့ ကြက်ဥထည့်ပြီး မွှေပါ။

၃️⃣ ဆီ (သို့) Butter ထည့်ပြီး ထပ်မွှေပါ။

၄️⃣ ဂျုံမုန့်ညက်နဲ့ Baking powder ထည့်ပြီး ပေါင်းမွှေပါ။

၅️⃣ မုန့်ပုံးထဲ လောင်းထည့်ပါ။

၆️⃣ 170°C တွင် 30–35 မိနစ် ဖုတ်ပါ။

အပေါ်ယံအရောင်ရွှေရောင်နုနုလေး ပြောင်းလာရင်
ထုတ်ပြီး အေးအောင်ထားနိုင်ပါပြီ 🍌✨



💛 အရမ်းလွယ်ကူပါတယ်
Mixer မလိုပါဘူး
လက်နဲ့ပဲ မွှေလို့ရပါတယ်

ချစ်ခြင်းနဲ့ဖုတ်ထားသော
Metta Mon Bakery 💛✨

#မုန့်လက်လုပ်

Hello မင်္ဂလာပါ 😊Metta Mon BAKERY မှ ကြိုဆိုပါတယ်။🍪✨ Sugar Cookies မုန့် လုပ်နည်း လေးပါနော်🥰မွှေးပျံ့သကြားရနံ့လေးနဲ့မှန်...
27/02/2026

Hello မင်္ဂလာပါ 😊
Metta Mon BAKERY မှ ကြိုဆိုပါတယ်။

🍪✨ Sugar Cookies မုန့် လုပ်နည်း လေးပါနော်🥰

မွှေးပျံ့သကြားရနံ့လေးနဲ့
မှန်တင်းတင်း အပြင်အလွှာ…
အတွင်းမှာ နူးညံ့ချိုမြိန် 💛

အိမ်မှာလည်း လွယ်လွယ်ကူကူ လုပ်လို့ရတဲ့
Sugar Cookies လေးပါနော်🥰

🧈 ပါဝင်ပစ္စည်းများ
• Butter – 1/2 cup (အခန်းအပူချိန်)
• သကြား – 1 cup
• ကြက်ဥ – 1 လုံး
• မုန့်ညက် – 1 1/2 cup
• Baking powder – 1/2 tsp
• Vanilla – နည်းနည်း

👩‍🍳 လုပ်နည်း
၁။ Butter နဲ့ သကြားကို fluffy ဖြစ်အောင်မွှေပါ။
၂။ ကြက်ဥထည့်ပြီး နူးညံ့အောင် ထပ်မွှေပါ။
၃။ မုန့်ညက်နဲ့ baking powder ထည့်ပြီး ပေါင်းမွှေပါ။
၄။ Dough ကို 15–20 မိနစ် အေးခန်းထဲထားပါ။
၅။ လုံးလုံးလေးလုပ်ပြီး tray ပေါ်တင်ပါ။
၆။ အပေါ်မှာ သကြားနည်းနည်းဖြန်းပါ။
၇။ 170–180°C မှာ 12–15 မိနစ် ဖုတ်ပါ။

ရွှေရောင်နုနု ပြောင်းလာရင်
ထုတ်ပြီး အေးအောင်ထားပါနော် 😍🍪

💛 Metta Mon Bakery
လတ်ဆတ်မွှေးပျံ့တဲ့ အချိုမုန့်လေးများဖြစ်ပါပီးနော်




27/02/2026

Hello မင်္ဂလာပါ 😊
Metta Mon BAKERY မှ ကြိုဆိုပါတယ်။




26/02/2026

Hello မင်္ဂလာပါ 😊
Metta Mon BAKERY မှ ကြိုဆိုပါတယ်.. အလုပ် စီနီယာ ညီကိုတွေနဲ့ ခနတာ ဆုံတွေ့ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်🥰❤️




26/02/2026

Hello မင်္ဂလာပါ 😊
Metta Mon BAKERY မှ ကြိုဆိုပါတယ်..လက်ရှိ အလုပ်သမား ဝန်ထမ်းလေးရဲ့စက်ရုံအလုပ်လုပ် နေကြတဲ့ပုံလေးပါနော်



Address

Seoul

Website

Alerts

Be the first to know and let us send you an email when Metta Mon Bakery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category