Healthy Loaf Bakery

Healthy Loaf Bakery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Healthy Loaf Bakery, Bakery, Parami, Hlaing tsp, Yangon.

Low carb Healthy bread, made with Whole Grain Natural Ingredients that are rich in Protein, Fiber & Healthy Fats.

❌No Sugar, No Refined Flour
✅Diabetes & Keto Friendly
✅Nutritionist Approved

19/01/2026

⛅ အလုပ်များတဲ့မနက်ခင်းတွေအတွက် "Protein အပြည့်နဲ့ မနက်စာ" 👇🏻

(~ 25-26 g Protein)
🍞Healthy Loaf ရဲ့ "Almond ပေါင်မုန့်"
🥚ကြက်ဥ​
🥛နို့

🥖Bread made with variety of Grains, Legumes, and Nuts for

#ပရိုတင်း

🗓 နှစ်တစ်နှစ်ရဲ့ အစမှာ ကျန်းမာရေး သေချာဂရုစိုက်တဲ့ အလေ့အကျင့်တွေနဲ့ စတင်လိုက်ရအောင်! ✅👩‍⚕️ဆီးချိုနဲ့ အာဟာရ ဆရာဝန်တွေကိုယ...
01/01/2026

🗓 နှစ်တစ်နှစ်ရဲ့ အစမှာ ကျန်းမာရေး သေချာဂရုစိုက်တဲ့ အလေ့အကျင့်တွေနဲ့ စတင်လိုက်ရအောင်!

✅👩‍⚕️ဆီးချိုနဲ့ အာဟာရ ဆရာဝန်တွေကိုယ်တိုင် စီစဉ်ထုတ်လုပ်ထားတဲ့ Healthy Loaf

👨‍👩‍👧‍👦 ကိုယ့်အတွက်ရော၊ အိမ်ကမိဘတွေအတွက်ပါ၊ တစ်မိသားစုလုံး ကျန်းမာရေးအတွက် အထူးညီညွတ်တဲ့ အပြင် ✅ အရသာရှိရှိ စားသုံးနိုင်မယ့်
🍞 Healthy Loaf ရဲ့ ပေါင်မုန့်​အိအိလေးတွေ စတင်မှာယူလို့ရပါပြီ!

🍞 ပေါင်မုန့်​ အမျိုးအစား (၃) မျိုးတောင်ရှိလို့ .. Menu မှာ Carb level လေးတွေ​ကြည့်ပြီး ရွေးချယ်ပေးကြနော် 👇🏻

1.🍞 ဆီးချိုရှိလို့ အစားရှောင်နေရသူတွေအတွက် ​ 📉 "Low Carb : ဆီးချို​ပေါင်မုန့်"

✅ ဆီးချိုရှိတဲ့ အိမ်ကလူကြီးတွေအတွက် အထူးထုတ်လုပ်ထားပါတယ်။
✅ ပုံမှန်ပေါင်မုန့်ထက် ကာဗိုဟိုက်ဒရိတ်​ 75% ပိုနဲလို့ သွေးထဲသကြားဓာတ်ထိုးတက်မှာ မပူရတော့ဘူးပေါ့။
🫘 ဂျုံ​အစား အမျှင်ဓာတ်​များတဲ့ သဘာဝအစေ့အဆန်တွေနဲ့ လုပ်ထားပြီး၊ ၁ချပ်ကို ပရိုတင်း ၆​ဂရမ် တောင်ပါဝင်လို့
✅ ဆီးချိုရှိသူတွေတင်မဟုတ်ပဲ Gym ဆော့/Diet (Low carb/Keto) လုပ်နေသူတွေအတွက်လဲ အဆင်ပြေပါတယ်။

2.🏋️ Muscle တက်အောင် Protein ပိုစားချင်တဲ့သူတွေအတွက်
💪🏻​ "Zero Carb : ပရိုတင်းပေါင်မုန့်"

✅ Carb လုံးဝမပါဝင်ဘဲ Protein နဲ့ချည်းပဲလုပ်ထားတယ်။
✅ Superfood တမျိုးဖြစ်တဲ့ နှမ်းကြတ်စေ့ (Flaxseed)ပါလို့ စားလိုက်ရင် နှမ်းနံ့သင်းသင်းလေးနဲ့၊ အားအင်လဲပြည့်စေမှာပါ။

3. 🍞 ပုံမှန်ကျန်းမာရေးလိုက်စားတဲ့သူတွေအတွက်
🌾 "Regular Carb : ကျန်းမာရေး​ပေါင်မုန့်​"

🍞 ပုံမှန်ဂျုံ​ပေါင်မုန့်​ကိုမှ .. သကြား၊ အဆီတွေမပါဘဲ၊ သဘာဝ​တိုင်းပေါ့​ပေါ့​ပါးပါးနဲ့ Healthy Bread စားချင်တဲ့သူတွေအတွက်ပါ။
🌱 အူလမ်းကြောင်းအတွက်ကောင်းတဲ့ Prebiotic Fiber -​ အမျှင်ဓာတ်ပါ ဖြည့်စွက်ပေးထားလို့ အိမ်က ကလေးတွေရော လူကြီးတွေပါ တစ်မိသားစုလုံး ဘေးကင်းကင်းနဲ့ စားလို့ရပါတယ်။

💯 We always bake how we would make for our loved ones :

✅ ဘာလို့ Healthy Loaf က ပေါင်မုန့်တွေက နေ့စဉ်တွေ့မြင်နေကြ ပေါင်မုန့်တွေနဲ့ မတူတာလဲ? 👇🏻
🚫 ကျန်းမာရေး​ကို ထိခိုက်စေတဲ့ သကြား၊ ဓာတုကုန်ကြမ်း၊ Processed meat နဲ့ Transfat (မုန့်လုပ်ငန်း​သုံးအဆီ)​တွေ လုံးဝ (လုံးဝ) မပါဝင်ပါဘူး။
🧆 အမျှင်​ဓာတ်၊ ကျန်းမာတဲ့အဆီ နဲ့ ပရိုတင်းအာဟာရတွေ ကြွယ်ဝ​တဲ့ သဘာဝအစေ့အဆန်တွေနဲ့ ပြုလုပ်ထားတယ်။
🧑‍⚕️ ဆီးချိုနဲ့ အာဟာရဆရာဝန်တွေကိုယ်တိုင် အချိုးအစား တွက်ချက်ထားတဲ့ မုန့်တွေမို့ ယုံကြည်စိတ်ချစွာ စားသုံး​နိုင်ပါတယ်။ ✅

🚘 Delivery: အပတ်စဉ် ဗုဒ္ဓဟူးနေ့ နှင့် တနင်္ဂနွေနေ့တိုင်း ပို့ဆောင်ပေးပါတယ်။

👩‍👧‍👦 ဒါကြောင့် ချစ်ရတဲ့ မိသားစုကို ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာရှိတဲ့ မနက်စာလေး ပြင်ဆင်ပေးဖို့အတွက် အခုပဲ
📩 Chat Box (သို့) 📞 09679977864 ကနေ မှာယူလို့ရပါပြီ။

✅ ကျန်းမာခြင်းဟာ လာဘ်တစ်ပါးဖြစ်တဲ့ အတွက်ကြောင့် မိမိရဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ဝေမျှ ပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

#ဆီးချို #ဂလူးကို့စ် #သွေးတွင်းအဆီ #ဆီးချိုဝေဒနာ #ဆီးချိုရောဂါ #အင်ဆူလင်

🍞 ကျန်းမာရေးနဲ့ညီညွတ်တဲ့ပေါင်မုန့်ဆိုတာ မာမာကြမ်းကြမ်းကြီးဖြစ်ရမယ်လို့ ဘယ်သူပြောလဲ? Bakery ကပေါင်မုန့်တွေအတိုင်း တကယ့်ကိ...
21/12/2025

🍞 ကျန်းမာရေးနဲ့ညီညွတ်တဲ့ပေါင်မုန့်ဆိုတာ မာမာကြမ်းကြမ်းကြီးဖြစ်ရမယ်လို့ ဘယ်သူပြောလဲ?
Bakery ကပေါင်မုန့်တွေအတိုင်း တကယ့်ကို အိစက်နေမယ့် "Ham & Cheese Soy Toast" လေး လာပါပြီ! 🧀🥓​

ဒါပေမယ့် ကွာခြားချက်ကတော့ -
❌ သကြား လုံးဝ မပါဝင်ဘူး။
✅ ပဲနဲ့ အဓိကလုပ်ထားလို့ ပရိုတင်းဓာတ် (Protein) များပြီး ဗိုက်ပြည့်လွယ်တယ်။
✅ Low carb bread မို့ ဝိတ်ချနေသူတွေနဲ့ ဆီးချိုသမားများအတွက် အထူးသင့်လျော်တယ်။
✅ ကြက်သားပြားနဲ့ ချိစ်​စစ်စစ်​နဲ့ လုပ်ထားတယ်။

☕️ အချိန်မရတဲ့ မနက်ခင်းတွေမှာ ဖေဖေမေမေ တို့အတွက် ကော်ဖီလေးတစ်ခွက်နဲ့အတူ မနက်စာပြင်ပေးဖို့ ..

တစ်ချပ်တည်းနဲ့ အာဟာရပြည့်ပြီး​အရသာရှိတဲ့ ပေါင်မုန့်အိအိလေး...စောင့်မျှော်ပေးကြပါဦးနော်!

#ဆီးချို #ဂလူးကို့စ် #သွေးတွင်းအဆီ #ဆီးချိုဝေဒနာ #ဆီးချိုရောဂါ #အင်ဆူလင်

🍞 ပေါင်မုန့်အရမ်းကြိုက်တယ် … ဆီးချိုသွေးချိုကြောင့်ဖြစ်ဖြစ်၊ Diet လုပ်နေလို့ဖြစ်ဖြစ် ရှောင်နေရတဲ့သူတွေ​ရှိလား? Healthy L...
19/12/2025

🍞 ပေါင်မုန့်အရမ်းကြိုက်တယ် … ဆီးချိုသွေးချိုကြောင့်ဖြစ်ဖြစ်၊ Diet လုပ်နေလို့ဖြစ်ဖြစ် ရှောင်နေရတဲ့သူတွေ​ရှိလား?

Healthy Loaf ရဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာရှိတဲ့ ပေါင်မုန့်အမျိုးအစား (၃)ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 👇🏻

1️⃣​ ဆီးချို​ပေါင်မုန့်​ - Diabetes Bread (Low Carb)
📉 ဆီးချိုရှိသူများ၊ မျိုးရိုးရှိလို့ ဆီးချိုမဖြစ်အောင် အချိုဓာတ်ထိန်းနေသူများအတွက် အထူးသင့်တော်ပါတယ်။
📉 ပုံမှန်​ပေါင်မုန့်ထက် ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်) ပါဝင်မှု ၇၅ % ပိုနည်းလို့ သွေးတွင်းသကြားဓာတ် တက်မှာကို စိတ်​ပူစရာမလိုပါဘူး။
📉 Low carb diet စားနေသူတွေအတွက်လဲ သင့်လျော်​ပါတယ်။

2️⃣ ပရိုတင်း​ပေါင်မုန့်​ - Protein Bread (Zero Carb)
💪🏻 ကာဗိုဟိုက်ဒရိတ် လုံးဝ(လုံးဝ) မပါဝင်ဘဲ Protein အသားဓာတ် ပိုပါဝင်​ပါတယ်။ (တချပ် = 7g Protein)
💪🏻 ကြွက်သားတည်ဆောက်နေသူများ (Gym ကစားသူများ) နဲ့ Weight အမြန်ချလိုသူများအတွက် အကောင်းဆုံး Choice ဖြစ်ပါတယ်။

3️⃣ ကျန်းမာရေး​ပေါင်မုန့် -​ Healthy Bread (Regular Carb)
🌾 သကြား လုံးဝ(လုံးဝ) မပါဝင်ဘဲ သဘာဝအတိုင်း အကောင်းဆုံး​ကုန်ကြမ်း​တွေ​နဲ့ပဲ လုပ်ထားပါတယ်။
🌾 အူလမ်းကြောင်းကျန်းမာရေးအတွက် အမျှင်ဓာတ် (Prebiotic Fiber) ပါ ဖြည့်စွက်ထားလို့ ကလေး၊ လူကြီးမရွေး ကျွေးလို့သင့်တော်ပါတယ်။

🤔 Healthy Loaf က ပေါင်မုန့်တွေက ဘာကွာခြားလဲ?
👉🏻 များသောအားဖြင့် Low carb Keto Snacks တွေက Carbohydrate နည်းပေမယ့် အဆီဓာတ် (Fat) ပါဝင်မှု အရမ်းများတတ်ပါတယ်။ Healthy Loaf ရဲ့ ပေါင်မုန့်တွေကတော့ အဆီဓာတ်အသင့်တင့်သာပါဝင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ် (Fiber) နဲ့ အသားဓာတ် (Protein) အာဟာရတွေ မျှတကြွယ်ဝပါတယ်။
👉🏻 ဓာတုဆေးဝါးလဲ ကင်းရှင်းပြီး၊ သဘာဝကုန်ကြမ်းတွေနဲ့ လုပ်ထားလို့ ကျန်းမာတဲ့မနက်စာလေးအဖြစ် စိတ်ချလက်ချ သုံးဆောင်နိုင်ပါတယ်နော်။ 👨‍👩‍👧‍👦

#ဆီးချို #ဂလူးကို့စ် #သွေးတွင်းအဆီ #ဆီးချိုဝေဒနာ #ဆီးချိုရောဂါ #အင်ဆူလင်

17/12/2025

ဆီးချိုရှိတဲ့ အိမ်ကလူကြီးတွေ​ကို ပေါင်မုန့်​ကျွေးလို့ရလား?

🍞 ပုံ​မှန်ပေါင်မုန့်တချပ်မှာ ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်) ၁၇ -၂၀ ဂရမ်လောက် ပါဝင်​ပါတယ်။ 🍚 ထမင်းဖြူ ၆ဇွန်းခန့်နဲ့​ ညီမျှပါတယ်။

👉🏻 ကျန်းမာရေးအတွက် ပိုကောင်းတယ်ဆိုတဲ့ ဂျုံ​ကြမ်း​ပေါင်​မုန့် တွေကရော?
⬆️ ပုံမှန်ပေါင်မုန့်ဖြူထက် အမျှင်ဓာတ်​ပိုပါဝင်ပြီး၊ သကြားပါဝင်မှု ပိုနည်းတယ်။ ဒါပေမယ့် ကစီဓာတ်ပါဝင်မှု​ သိပ်မကွာတာမို့ သူလဲ သွေးချိုတက်စေပါတယ်။
🚫 ဒါကြောင့် ဆီးချို​ထိန်း​ဖို့ဆို #သကြား လျှော့တာအပြင် ကာဗိုဟိုက်ဒရိတ်ပါ လျှော့​စားပေးဖို့ လိုပါတယ်။

🤔 ဒါဆိုရင် ဆီးချိုရှိရင် ဘာမုန့်မှ စားလို့မရတော့ဘူးလား?
✅ ရပါ​တယ်။
✓ ကာဗိုဟိုက်ဒရိတ်​ နည်းမယ်။ (တစ်ခါစားလျှင် ၁၀ ဂရမ် အောက်)
✓ အမျှင်ဓာတ်နဲ့ ကျန်းမာတဲ့အဆီဓာတ်တွေ ပါမယ်။
🚫 သကြား (free sugars) မပါဘူးဆိုရင် သွေးချိုအရမ်းတက်မှာ စိတ်ပူစရာမလိုပါဘူး။

Healthy Loaf ကနေ မကြာခင်ရောင်းချပေးသွားမယ့် ပေါင်မုန့်လေးတွေကတော့
🧑‍⚕️ ဆီးချိုနဲ့ အာဟာရဆရာဝန်တွေကိုယ်တိုင် အချိုးအစား ညွှန်ကြားပေးထားတယ်။
🥪 တစ်ချပ်မှာ ကာဗိုဟိုက်ဒရိတ် ၅ ဂရမ်သာ ပါဝင်တယ်။
🧆 သဘာဝအစေ့အဆန်တွေပဲ သုံးထားလို့ အမျှင်​ဓာတ်၊ ကျန်းမာတဲ့အဆီဓာတ် နဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝ​တယ်။
🚫 အူလမ်းကြောင်းကို ထိခိုက်စေတဲ့ တာရှည်ခံဆေး၊ နုဆေး၊ ဆေးသကြားနဲ့ ဓာတုကုန်ကြမ်းတွေမပါဘူး။
🚫 သွေးကြောကျဥ်း​စေတဲ့ မုန့်လုပ်ငန်း​သုံးအဆီတွေမပါလို့
ကျန်းမာရေးအတွက် ယုံကြည်စိတ်ချစွာ စားသုံး​လို့ရပါတယ်​နော် 🙌🏻

👇🏻 "Nutrition Information" in Comment section below.


#ဆီးချိုပေါင်မုန့် #ဆီးချို #ဂလူးကို့စ် #သွေးတွင်းအဆီ #ဆီးချိုဝေဒနာ #ဆီးချိုရောဂါ #အင်ဆူလင်

17/12/2025

ဆီးချိုဖြစ်တာနဲ့ အရသာရှိတဲ့မုန့်တွေ မစားရတော့ဘူးလား?

⬆️ နေ့စဥ်စားနေတဲ့ ထမင်း၊ ခေါက်ဆွဲ၊ သရေစာမုန့်အားလုံးက ဘာစားစား သွေးထဲသကြားဓာတ်တက်စေတာမို့ ကိုယ့်အိမ်သားထဲက တယောက်ယောက် ဆီးချိုဝင်သွားတာနဲ့ ဘာကျွေးလို့ကျွေးရမှန်းမသိတော့တာ ကြုံ​ဖူးကြမှာပါ။
အထူးသဖြင့် နာမကျန်းဖြစ်တဲ့အချိန် ခံတွင်းပျက်နေတဲ့အချိန်ဆို ဆီးချိုအာဟာရမှုန့်တွေကလဲ အရသာမတွေ့တော့ လူကြီးတွေက ချိုတာလေး အရသာရှိတာလေးတွေ စားချင်ကြပါတယ်။

🚫 ဆီးချိုဖြစ်တာနဲ့ တသက်လုံး ကိုယ်ကြိုက်တဲ့ အစားအစာလေးတွေအားလုံး စွန့်လွှတ်သွားရမယ့်နေထိုင်မှုပုံစံက ရေရှည်မှာတော်တော် ခက်ခဲပါတယ်။

🍞 Healthy Loaf စဖြစ်ခဲ့တာက ဒီရည်ရွယ်ချက်နဲ့ပါပဲ။
👨‍👩‍👧‍👦 အိမ်က ဆီးချိုရှိတဲ့လူကြီးတွေ သူတို့ကြိုက်တဲ့မုန့်လေးတွေကို ရှောင်စရာမလိုပဲ အရသာရှိတာလေးတွေ စားစေချင်လို့ သွေးချိုသိပ်မတက်အောင် စမ်းလုပ်ပေးဖြစ်ရင်းနဲ့ စဖြစ်ခဲ့တာပါ။

📣 Healthy loaf က သွေးထဲအချိုဓာတ်ထိန်းနိုင်ရုံတင်မဟုတ်ပဲ၊ အရသာလဲရှိ၊ အာဟာရလဲဖြစ်၊ ကျန်းမာရေး​နဲ့လဲ ညီညွတ်အောင် သဘာဝကုန်ကြမ်းတွေပဲ သုံးပြီး ထုတ်လုပ်ထားတာမို့ ဆီးချိုရှိသူတွေ၊ ကိုယ်အလေးချိန်ထိန်းနေသူတွေ နဲ့ ကျန်းမာရေး​လိုက်စားသူတွေ​အတွက် သတင်းကောင်းပါးပါရစေ။


#ဆီးချိုပေါင်မုန့် #ဆီးချို #ဂလူးကို့စ် #သွေးတွင်းအဆီ #ဆီးချိုဝေဒနာ #ဆီးချိုရောဂါ #အင်ဆူလင်

Address

Parami, Hlaing Tsp
Yangon
11051

Website

Alerts

Be the first to know and let us send you an email when Healthy Loaf Bakery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category