LEO Online Cake Shop

LEO Online Cake Shop Happy Food Production

Birthday Cake မှာ အလှဆင်တဲ့ ခပ်မိုက်မိုက်  birthday wish စာတန်းဒီဇိုင်း ၂ မျိုးရှိပါတယ်။
01/09/2021

Birthday Cake မှာ အလှဆင်တဲ့ ခပ်မိုက်မိုက် birthday wish စာတန်းဒီဇိုင်း ၂ မျိုးရှိပါတယ်။

LEO Cake Shop ကနေ ရောင်းချပေးနေတဲ့ ကိတ်မုန့်တွေကို သန့်ရှင်းလတ်ဆတ်တဲ့ ကုန်ကြမ်းတွေကို အသုံးပြုပြီး ထုတ်လုပ် ထားသို သိမ်း...
31/08/2021

LEO Cake Shop ကနေ ရောင်းချပေးနေတဲ့ ကိတ်မုန့်တွေကို သန့်ရှင်းလတ်ဆတ်တဲ့ ကုန်ကြမ်းတွေကို အသုံးပြုပြီး ထုတ်လုပ် ထားသို သိမ်းဆည်းပြီးတော့မှ customer များ မှာကြားတဲ့ ကိတ်ပုံစံတွေကို အတွေ့အကြုံရှိတဲ့ Pastry Chef တွေကနေ ကြီးကြပ်ပြီး ထုတ်လုပ်ပေးနေပါတယ်။ မမှာယူခင်မှာ ကြိုတင်ဖတ်ထားလို့ရအောင် customer များ အမေးများတဲ့မေးခွန်းလေးတွေကို ဖြေပေးထားမယ်နော်။ ..............
မေး။ ။ Cake တွေက ချက်ချင်းမှာ ချက်ချင်းယူလို့ရပါသလား?
ဖြေ။ ။ ချက်ချင်း မရနိုင်ပါဘူး။ အနည်းဆုံး တစ် ရက် ကြိုတင်မှာကြားပေးတာ အကောင်းဆုံးပါ။ အသင့်လုပ်ပြီးသား cake counter ထဲကနေ လက်ညှိုးထိုးယူတာမျိုးမဟုတ်ဘဲ မိမိရဲ့အထူးအလေးထားရသူအတွက် သီးသန့်မှာယူကြတာဖြစ်လို့ သီးသီးသန့်သန့်လုပ်ပေးရတာကြောင့် အချိန်လိုအပ်ပါတယ်။
အကြောင်းက ကိတ်မုန့်တွေ က ပြုလုပ်ပြီးပြီးချင်း cream တွေက ပျော့နေသေးတာကြောင့် သယ်ယူရင် ပုံစံပျက်နိုင်တဲ့အတွက် Chiller or Freezer မှာ အနည်းဆုံး ၃ နာရီလောက် holding time လေးထားပေးမှ cream နဲ့ မုန့်သား set ဖြစ်ပြီး သယ်ယူဖို့အဆင်ပြေမှာပါ။ ဒါတောင် သယ်ယူတဲ့အခါ လှုပ်ရမ်းမှုနဲ့ ဆောင့်ချမှုတွေ မဖြစ်အောင် ဂရုစိုက်သယ်ယူရပါမယ်။ (deli အများစု cake မပို့ပေးချင်ရခြင်းက ဒီအချက်ဖြစ်ပါတယ်။ ).......................
မေး။ ။ Cake မုန့်မှာရင် ဘယ်အရွယ်တွေရနိုင်လဲ?
ဖြေ။ ။ ၆ လက်မကနေ cake box ထဲထည့်လို့ရသလောက်အရွယ်အစားရနိုင်ပါတယ်။ လက်မကြီးရင်တော့ ၂ ရက်ခန့် ကြိုတင်မှာကြားပေးဖို့ လိုအပ်ပါတယ်။
မှာယူတာတွေများတဲ့ ၆ လက်မအရွယ်နဲ့ ၈ လက်မအရွယ် တွေအတွက် ကိတ်ပြုလုပ်မယ့် base တွေဖြစ်တဲ့ sponge cake တွေကိုတော့ stock ထားတဲ့အတွက် ည ၉ နာရီအထိ ဆက်သွယ်ပြီး မှာယူလို့ရပါတယ်။ ..................
မေး ။ ။ အထပ် Cake တွေရောရလား?
ဖြေ ။ ။ ရနိုင်ပါတယ်။ ၂ ထပ် ၃ ထပ် ၄ ထပ် ကြိုက်သလောက် မှာယူနိုင်ပါတယ်။ ..................
မေး ။ ။ ကိတ်တွေက မစားသေးခင် အပြင်မှာထားလို့ရလား?
ဖြေ ။ ။ လုံးဝမရပါ။ နို့ထွက်ပစ္စည်းများပါဝင်တာကြောင့် လက်ခံရရှိပြီးတာနဲ့
ရေခဲသေတ္တာမှာ သိမ်းထားဖို့ တိုက်တွန်းပါရစေ။ (ရေခဲသေတ္တာတွင်းမှ အခြားအနံ့များ Cake တွင် မစွဲရန် ပလပ်စတစ်အိပ်နှင့် ကိတ်ဗူးကို ထုတ်ပြီးမှ သိမ်းပါ။)..................
မေး ။ ။ အလှဆင်တဲ့ cream ဘယ်နှစ်မျိုးရနိုင်လဲ?
ဖြေ ။ ။ Topping cream နဲ့ အလှဆင်ပေးပါတယ်။ သူကတော့ မြို့တွင်းက မှာယူသူတွေအတွက် သင့်တော်တယ်။ နယ်ဝေးသယ်ယူချင်တယ် ဆိုရင်တော့ ကြိုတင်မှာကြားရင် butter cream နဲ့လည်း စီစဉ်ပေးပါတယ်။ * သကြားပြားနဲ့ အလှဆင်တာတော့ လောလောဆယ် မရနိုင်သေးပါဘူး။

--------------------------------------------
နောက် ပို့စ် တွေမှာ ကိတ်မှာသုံးတဲ့ ကုန်ကြမ်းနဲ့ပတ်သက်တာလေးတွေအကြောင်း ဗဟုသုတရအောင် ရေးပေးပါအုံးမယ်။

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959793599342

Website

Alerts

Be the first to know and let us send you an email when LEO Online Cake Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LEO Online Cake Shop:

Share

Category