Dream Bites

Dream Bites � Tastes as sweet as a Dream �

Baby donut 😍
03/12/2023

Baby donut 😍

ဒါမျိုး Brownie လေးများ ရောင်းရင်ကောင်းမလားလို့ပါ 🫢🫢Photo crd :
01/12/2023

ဒါမျိုး Brownie လေးများ ရောင်းရင်ကောင်းမလားလို့ပါ 🫢🫢

Photo crd :

🔴မုန်တိုင်းမတိုက်ခတ်မီ၊ တိုက်ခတ်စဉ်၊ တိုက်ခတ်ပြီး အချိန်များတွင် လုပ်ဆောင်ရန်🔴⚠️မုန်တိုင်းတိုက်ခတ်လာသောအခါ -🔺လျှပ်စစ်မီး...
12/05/2023

🔴မုန်တိုင်းမတိုက်ခတ်မီ၊ တိုက်ခတ်စဉ်၊ တိုက်ခတ်ပြီး အချိန်များတွင် လုပ်ဆောင်ရန်🔴

⚠️မုန်တိုင်းတိုက်ခတ်လာသောအခါ -

🔺လျှပ်စစ်မီးများ၊ ဓါတ်ငွေ့ပိုက်လိုင်းများအားလုံးကို ဆက်သွယ်မှုများ ဖြတ်တောက်ပစ်ရန်၊
🔺လေပြင်းဒဏ်ကြောင့် မိမိမှီခိုရာအဆောက်အဦ ပြိုကျနိုင်သည့်အနေအထားရှိပါက ခိုင်ခန့်သည့်စားပွဲ၊ ကုတင်များ၏အောက်တွင် ခိုလှုံနေထိုင်ရန်၊ ခိုင်ခန့်သည့်တိုင်တစ်ခုကို တွယ်ဖက်ထားရန်၊
🔺မုန်တိုင်းသတိပေးချက်များရရှိသောအခါ ပင်လယ်ပြင်ထွက်၍ ငါးဖမ်းခြင်းများ မပြုလုပ်ရန်၊
🔺မုန်တိုင်းခိုအဆောက်အဦများသို့ အမြန်ဆုံးပြောင်းရွှေ့ခိုလှုံရန်၊
🔺ရေဒီယိုဖြင့် နောက်ဆုံးသတင်းထုတ်ပြန်ချက်များကို အဆက်မပြတ်ဖမ်းယူနားထောင်ရန်၊
🔺သက်ဆိုင်ရာမှ မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း ကြေငြာချက်ထုတ်ပြန်သည်အထိ အန္တရာယ်ကင်းသည့်နေရာတွင်စောင့်ဆိုင်းရန်၊
🔺မုန်တိုင်းကျရောက်ချိန် ကားမောင်းနေပါက ကားကိုရပ်တန့်ထားရန်၊ ပင်လယ်ပြင်မှကွာလှမ်းသောနေရာ၊ သစ်ပင်ကြီးများ၊ လျှပ်စစ်ပါဝါလိုင်းများ၊ ရေလှောင်ကန်များနှင့် ဝေးကွာပါက ကားအတွင်း၌နေရန်။

⚠️မုန်တိုင်းမကျရောက်မီ -

🔺 မိုးလေဝသသတင်းများကိုဂရုစိုက်နားထောင်ရန်၊
🔺 မိမိနှင့်အနီးဆုံးတည်ရှိသော မုန်တိုင်းခိုအဆောက်အဦကို ကြိုတင်သတ်မှတ်ထားရှိရန်နှင့် ထိုနေရာသို့ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံးရောက်ရှိနိုင်မည့်လမ်းကြောင်းကို ကြိုတင်ရှာဖွေထားရန်၊
🔺ကောလဟာလသတင်းများကိုနားမထောင်မိရန်၊
🔺အရေးကြီးပစ္စည်းများပါဝင်သည့် အရေးပေါ်လက်စွဲအသုံးအဆောင် အရန်သင့်ကြိုတင်ပြင်ဆင်ထားရန်၊
🔺မိမိအိမ်အား သေချာစွာစစ်ဆေး၍ ခိုင်ခန့်မှုမရှိသည်များကို ခိုင်ခံ့အောင် အားဖြည့်ပြုပြင်ထားရန်၊
🔺အိမ်၊ခြံဝင်းအတွင်း ကျိုးပဲ့နိုင်သည့်အကိုင်း၊ အခက်လက်များကို ကြိုတင်ခုတ်ထွင်ရှင်းလင်းထားရန်၊
🔺မိမိအရပ်ဒေသသည် မုန်တိုင်းဒီရေလှိုင်းဒဏ် ကျရောက်နိုင်သည့်ဒေသဖြစ်လျှင် ကုန်းမြင့်နေရာ၊ မုန်တိုင်းခိုအဆောက်အဦ စသည့်ပုန်းခိုရန်နေရာအား ကြိုတင်ရှာဖွေသတ်မှတ်ထားရန်၊
🔺အရေးပေါ်ဆက်သွယ်ရမည့် ကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်အဖွဲ့၊ သတင်းအချက်အလက်ရရှိနိုင်မည့်အဖွဲ့များ၏ဖုန်းနံပတ်၊ နေရပ်လိပ်စာတို့ကို အလွယ်တကူထားရှိရန်၊
🔺အစာအခြောက်များ၊ အရေးပေါ်ဆေးဝါးများ၊ သင့်လျှော်သည့်အကာအကွယ်ပစ္စည်းများကို စုဆောင်းထားရန်။

⚠️မုန်တိုင်းအန္တရာယ်ကျရောက်ပြီးပါက -

🔺သက်ဆိုင်ရာမှ မုန်တိုင်းအန္တရာယ်ကင်းရှင်းပြီဖြစ်ကြောင်း မကြေငြာမချင်း အပြင်မထွက်ရန်၊
🔺ဓါတ်ငွေ့များယိုစိမ့်မှုရှိ၊ မရှိစစ်ဆေးရန်၊ ရေစိုနေသောလျှပ်စစ်ပစ္စည်းများကို အသုံးမပြုရန်၊
🔺သက်ဆိုင်ရာမှကြေငြာပေးမည့်သတင်းနှင့် အကြံပြုချက်များကို ဂရုစိုက်နားထောင်ရန်၊
🔺မိမိအိမ်သို့သက်ဆိုင်ရာမှ အကြံမပြုမခြင်းဆန္ဒစောပြီး မပြန်ရန်၊ ပြန်ပါကလည်းသတ်မှတ်ထားသည့်လမ်းကြောင်းမှသာပြန်ရန်၊
🔺ကုန်းလမ်းခရီးသွားရပါက မြွေအန္တရာယ်အထူးသတိထားရန်၊
🔺လမ်းဘေးတွင်ပြတ်ကျနေသော လျှပ်စစ်ကြိုးများကိုမကိုင်မိ၊ မထိမိရန်သတိပြုရန်၊
🔺မီးဘေးအန္တရာယ်သတိပြုရန်၊
🔺ဝမ်းပျက်၊ဝမ်းလျှောရောဂါသတိပြုရန်။

လက်ရှိ မေလ (14) ရက် ညမှာ မုန်တိုင်း ဗဟို ဝင်ရောက်ဖို့ ခန့်မှန်းထားပါတယ်။ အချိန်မရှိပါ။ အမြန်ပြောင်းရွေ့ကြပါ။

ရခိုင်ကမ်းရိုးတန်းနေ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိရင် အမြန် ဆက်သွယ်ပြီး အသိပေး နှိုးဆော်ပေးပါ။ အသက်ပေါင်းများစွာ အရေးမို့ ကိုယ့်ရဲ့ ဖုန်းတစ် call၊ Share လေးတစ်ချက်ကလည်း အရေးကြီးနေပါတယ်။

ယခု post ကိုလည်း အချိန်မလွန်ခင် အန္တရာယ်ရှိတဲ့ ဒေသက လူတွေဆီရောက်အောင် မျှဝေပေးဖို့တောင်းဆိုပါရစေ။







info from moezala

မုန်တိုင်းရှောင်နိုင်ရန် စစ်တွေမြို့နယ် ရှိ cyclone shelter များ စာရင်း။⚠️ အဆင်ပြေရင် ဘေးလွတ်ရာကို အမြန်ဆုံးရွှေ့ပြောင်း...
12/05/2023

မုန်တိုင်းရှောင်နိုင်ရန် စစ်တွေမြို့နယ် ရှိ cyclone shelter များ စာရင်း။

⚠️ အဆင်ပြေရင် ဘေးလွတ်ရာကို အမြန်ဆုံးရွှေ့ပြောင်းပါ။
⚠️ စားစရာ အစာခြောက်၊ အဝတ်အစား ၁ စုံ ၂ စုံ၊ ဓား၊ ဓာတ်မီး၊ မီးခြစ်၊ အချက်ပြရန် ဝီစီ (Whistle)၊ အရေးကြီးစာရွက်စာတမ်း တွေပါတဲ့ Emergency Kit ကို ရေလုံအောင်ထုတ်ပြီး ပြင်ထားပါ။
⚠️မုန်တိုင်းနဲ့အတူလှိုင်းတက်လာရင် မိသားစုတွေ ကွဲသွားနိုင်တယ်။ ကွဲသွားရင် ပြန်ဆုံဖို့ တစ်နေရာကို ကြိုတင်သတ်မှတ်ထားပါ။
⚠️ဘယ်မှသွားဖို့အဆင်မပြေရင် အနည်းဆုံး 8/9 မီတာရှိတဲ့တောင်တွေပေါ်ကို တက်ရှောင်ပါ။ ဖြစ်နိုင်ရင် မီတာ 100 ကျော်မြင့်တဲ့တောင်တွေပေါ် တက်ပြီး အကာအကွယ်ယူပါ။ လှိုင်းကိုလွတ်အောင်ရှောင်ပါ။

🔴လေကွယ်တဲ့အရပ်ဖြစ်ဖို့ အရေးကြီးပါတယ်🔴

⚠️မုန်တိုင်းပြီးသွားလို့ ကိုယ်ကျန်ရှိနေရင် ဝီစီမှုတ်ပြီး အကူအညီတောင်းပါ။

မုန်တိုင်းအကြောင်းအသေးစိတ်ကို ဒီမှာဖတ်ပါ။
https://m.facebook.com/story.php?story_fbid=1956176751403394&id=100010332636450&mibextid=Nif5oz

အတတ်နိုင်ဆုံးပြင်ဆင်ထားကြပါ။



12/05/2023

‼️မိုခါ ဘယ်လောက်ကြမ်းမလဲဆိုတာ မျက်စိထဲမမြင်တတ်ကြသေးသူများ ကြည့်ပါ‼️
"နာဂစ်တုန်းက ခံခဲ့ရတဲ့သင်ခန်းစာကို လူတွေကမေ့နေတယ်" - မိုးလေဝသပညာရှင် ဦးဝင်းနိုင်

မေလ (၁၄) ရက်နေ့မှာ ဝင်ရောက်မယ့် မိုခါမုန်တိုင်းဟာ -

🔴မုန်တိုင်း အရွယ်အစားကြီးတယ်။ (ရခိုင်ကမ်းရိုးတန်းတစ်ခုစာ အရွယ်အစားရှိပါတယ်။)

🔴လေတိုက်နှုန်း တစ်နာရီ မိုင် 130 အထိ တိုက်ခတ်နိုင်တယ်။

အရင်နှစ်က မော်လမြိုင်ကို ဝင်သွားတဲ့ မုန်တိုင်းငယ် (လေတိုက်နှုန်း တစ်နာရီ မိုင် 30/40) တုန်းက သစ်ပင်တွေကျိုးကျ၊ လူအသေအပျောက်ဖြစ်ခဲ့တယ်။

နာဂစ်မှာ ရန်ကုန်အတွင်း (လေတိုက်နှုန်း တစ်နာရီ မိုင် 80) တိုက်ခဲ့တုန်းက သစ်ကိုင်းတွေဟာ မျှားတွေလွှတ်လိုက်သလို အုတ်ကျွပ်ခေါင်မိုးကို ထုတ်ချင်းပေါက်စိုက်တယ်။ လူဆို thay နိုင်တယ်။

ဒီလောက်ဆို မိုခါမုန်တိုင်းအတွင်း တိုက်မယ့် တစ်နာရီ မိုင် (130) အရှိန်ကိုစဉ်းစားနိုင်လောက်ပါပြီ။

မိုခါမုန်တိုင်းတိုက်နေတဲ့အချိန်အတွင်း -

🔺သစ်ပင်တွေလဲမယ်။
🔺သာမန် အဆောက်အဦး (hotel တွေ၊ အလှဆောက်ထားတဲ့အိမ်တွေ လဲပြိုမယ်။)
🔺စနစ်တကျဆောက်ထားတဲ့ cyclone shelter မှမဟုတ်ရင် ကျန်အဆောက်အဦးတွေ ကျွတ်ထွက်သွားနိုင်တယ်။
🔺လေတိုက်နှုန်း (မိုင် 50/60) ဆိုရင်ကို တော်ရုံမခိုင်တဲ့ အဆောက်အဦး လဲပြိုနိုင်တယ်။
🔺လေနဲ့အတူ ရေထုပါလာမယ်။
🔺မုန်တိုင်းဗဟို လှိုင်းအမြင့် (34 ပေ) ကမ်းခြေ (22 ပေ) ခန့် ရှိမယ်။
🔺လေပြင်းတာထက် ပါလာတဲ့ ရေထုက ပြင်းပြင်းထန်ထန် ရိုက်ချသွားလိမ့်မယ်။
🔺ရုပ်ရှင်ထဲကလို လှိုင်းတစ်ခုစီမဟုတ်။ တစ်နာရီမိုင် (100) နှုန်းနဲ့ ရေထုကြီးတက်လာမယ်။

မုန်တိုင်းအတွက် ဘယ်လိုပြင်ဆင်ထားရမလဲ ?

⚠️ အဆင်ပြေရင် ဘေးလွတ်ရာကို အမြန်ဆုံးရွှေ့ပြောင်းပါ။
⚠️ စားစရာ အစာခြောက်၊ အဝတ်အစား ၁ စုံ ၂ စုံ၊ ဓား၊ ဓာတ်မီး၊ မီးခြစ်၊ အချက်ပြရန် ဝီစီ (Whistle)၊ အရေးကြီးစာရွက်စာတမ်း တွေပါတဲ့ Emergency Kit ကို ရေလုံအောင်ထုတ်ပြီး ပြင်ထားပါ။
⚠️မုန်တိုင်းနဲ့အတူလှိုင်းတက်လာရင် မိသားစုတွေ ကွဲသွားနိုင်တယ်။ ကွဲသွားရင် ပြန်ဆုံဖို့ တစ်နေရာကို ကြိုတင်သတ်မှတ်ထားပါ။
⚠️ဘယ်မှသွားဖို့အဆင်မပြေရင် အနည်းဆုံး 8/9 မီတာရှိတဲ့တောင်တွေပေါ်ကို တက်ရှောင်ပါ။ ဖြစ်နိုင်ရင် မီတာ 100 ကျော်မြင့်တဲ့တောင်တွေပေါ် တက်ပြီး အကာအကွယ်ယူပါ။ လှိုင်းကိုလွတ်အောင်ရှောင်ပါ။

🔴လေကွယ်တဲ့အရပ်ဖြစ်ဖို့ အရေးကြီးပါတယ်🔴

⚠️မုန်တိုင်းပြီးသွားလို့ ကိုယ်ကျန်ရှိနေရင် ဝီစီမှုတ်ပြီး အကူအညီတောင်းပါ။

‼️ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေပါ ဂရုစိုက်ရပါမယ်။ အရမ်းအရေးကြီးနေပါပြီ။‼️

မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ အင်တာဗျူးက အဓိကအချက်အလက်တွေကို အလွယ်တကူ ဖတ်နိုင်အောင် ထုတ်ရေးပေးထားတာဖြစ်ပါတယ်။

အင်တာဗျူးအပြည့်အစုံကို ဒီမှာ နားထောင်နိုင်ပါတယ်။ -
https://youtu.be/t7hdGcuqbLs

ရခိုင်ကမ်းရိုးတန်းနေ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိရင် အမြန် ဆက်သွယ်ပြီး အသိပေး နှိုးဆော်ပေးပါ။ အသက်ပေါင်းများစွာ အရေးမို့ ကိုယ့်ရဲ့ ဖုန်းတစ် call၊ Share လေးတစ်ချက်ကလည်း အရေးကြီးနေပါတယ်။

ယခု post ကိုလည်း အချိန်မလွန်ခင် အန္တရာယ်ရှိတဲ့ ဒေသက လူတွေဆီရောက်အောင် မျှဝေပေးဖို့တောင်းဆိုပါရစေ။

⚠️မုန်တိုင်းမတိုက်ခတ်မီ၊ တိုက်ခတ်စဉ်၊ တိုက်ခတ်ပြီး အချိန်များတွင် လုပ်ဆောင်ရန်⚠️

https://m.facebook.com/story.php?story_fbid=1956026664751736&id=100010332636450&mibextid=Nif5oz

⚠️မုန်တိုင်းရှောင်ရန် စစ်တွေမြို့နယ်ရှိ cyclone shelter များစာရင်း⚠️

https://m.facebook.com/story.php?story_fbid=1956204694733933&id=100010332636450&mibextid=Nif5oz






interview credit : myanmar column youtube channel

Pillow လေးတွေလဲ မှာယူရရှိနိုင်ပါတယ် ❤️
08/05/2023

Pillow လေးတွေလဲ မှာယူရရှိနိုင်ပါတယ် ❤️

25/04/2023

မင်မင်တို့ page အသစ်လေးမို့ giveaway တွေ လက်ဆောင်လေးတွေ လုပ်ပေးပါမယ်နော် ❤️❤️❤️

Page လေးကို like & follow လေးလုပ်ပေးထားကြပါရှင့် 🌈😍

Durian Season အစမှာ ချန်နီဒူးရင်းသီးတွေရဲ့ ကောင်းမွန်မှုတွေနဲ့ အတူ 😋ကိုယ်တိုင်ခွဲထားသော အသီးတွေရဲ့ လတ်ဆတ်မှု အနံ့အရသာ က ...
23/03/2023

Durian Season အစမှာ

ချန်နီဒူးရင်းသီးတွေရဲ့ ကောင်းမွန်မှုတွေနဲ့ အတူ 😋

ကိုယ်တိုင်ခွဲထားသော အသီးတွေရဲ့ လတ်ဆတ်မှု
အနံ့အရသာ က တော့ ရှယ်ပါပဲ

ဒူးရင်းသီးဆို အနံ့တောင်မခံနိုင်တဲ့ ex တောင် ပြန်ပြေး သတိရမိ 🤭🤭🤭

Cream Cupcake 🧁
17/03/2023

Cream Cupcake 🧁

Baby donut 🍩🍩🍩
18/07/2022

Baby donut 🍩🍩🍩

အကိတ် box 😋
15/07/2022

အကိတ် box 😋

Order မှာယူတဲ့တွက်ကျေးဇူးများကြီးတင်ပါတယ်ရှင့် ❤️🥪
24/06/2022

Order မှာယူတဲ့တွက်ကျေးဇူးများကြီးတင်ပါတယ်ရှင့် ❤️🥪

Address

Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Dream Bites posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category