10/05/2026
✨ Meet the founders : Part 2 ✨
✨ Thinzar's Porfolio ✨
Starlets Cake Academy (SCA) ရဲ့ Co-Founder တစ်ယောက်ဖြစ်တဲ့ Thinzar ရဲ့ အကြောင်းလေးတွေ တင်ပေးမှာဖြစ်ပါတယ်
(English below)
Thinzar ကတော့ 2020 ခုနှစ်မှာ Sweet Flour Bakery ကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး အခုဆိုရင်တော့ Starlets Cake Academy မှာ Co-founder, Cake Decoration Instructor အနေနဲ့ ပါဝင်ဖြည့်ဆည်းမယ့်သူ ဖြစ်ပါတယ်။ Cake Decoration အမျိုးအစားပေါင်းများစွာကို လုပ်ဆောင်နိုင်သူဖြစ်ပြီး သေသပ်လှပသော finishing များနဲ့ well balanced design များ၊ Fondant artwork များကြောင့် Customer များရဲ့ သဘောကျမှုကို ပိုမိုရရှိသူ ဖြစ်ပါတယ်။ Customized fondant artwork အများအပြား ဖန်တီးပေးခဲ့ပြီး ဖြစ်ပြီး Realistic cakes များနဲ့ Canvas on Cake handmade design များကိုလည်း အထူးစိတ်ဝင်တစား ဖန်တီးပေးလျက်ရှိပါတယ်။ Design လှပသေသပ်မှုအပြင် overall cake quality အားလုံးအတွက် မှာယူသူများရဲ့ အသိအမှတ်ပြု အားပေးမှုကို ရရှိနေသူဖြစ်ပါတယ်။
Artistic family background ရှိသူပီပီ ငယ်စဉ်ကတည်းက ပန်းချီဆွဲခြင်းကို နှစ်ခြိုက်ပျော်မွေ့ခဲ့သူဖြစ်ပါတယ်။ အသက် ၉ နှစ်က စပြီး ပန်းချီပြိုင်ပွဲ အမျိုးအစားပေါင်းစုံကို ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ ဆေးတက္ကသိုလ် ၁ သို့ မရောက်မီအထိ ပြည်တွင်းပြည်ပ ဆုပေါင်း ၈၆ ခု ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ မူလ artistic background အပြင် cake decoration များ စတင်လုပ်ကိုင်လာတဲ့အခါ Cake decoration technique များ skill များ ပိုမို တိုးတက်လာစေဖို့ အချို့သော international online class များကိုပါ တက်ရောက်လေ့လာရင်း စဉ်ဆက်မပြတ် Self-study, self-practice များ ပြုလုပ်နေသူဖြစ်တာမို့ Thinzar ရဲ့ လက်ရာတွေမှာ Color harmony, composition နဲ့ proportion စတာတွေအထိ အထူးသက်ရောက်မှုရှိနေတာဖြစ်ပါတယ်။
Education background အနေနဲ့ M.B.,B.S ဘွဲ့ ရရှိထားသူဖြစ်ပြီး medical field ကနေ ရရှိလာတဲ့ တိကျမှု၊ သေသပ်မှုတွေက စလို့ Hygiene to food-related health hazard တွေအထိ သိနားလည်ပြီး ပြန်လည်မျှဝေနိုင်သူဖြစ်ပါတယ်။
Bakery experience ၃ နှစ်အကြာ 2023 မှာ Easy Deco With Thinzar : Online Class များနဲ့ Private class များကနေတဆင့် teaching ပိုင်း စတင်ခဲ့ပါတယ်။ ၆ နှစ်အကြာ အခု 2026 မှာတော့ Starlets Cake Academy အဖြစ် သင်တန်းများ စနစ်တကျ ထွက်ရှိလာတော့မှာဖြစ်ပါတယ်ရှင်။
Art is Limitless လို့ လက်ခံထားသူဖြစ်လို့ ဖန်တီးမှုတိုင်းဟာ တန်ဖိုးရှိတယ်လို့ ယုံကြည်ယူဆထားပြီး စိတ်ကူးထဲက ဖန်တီးမှုတိုင်း လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့အတွက် နည်းပညာပိုင်းရော အနုပညာအမြင်ပါ နားလည်သဘောပေါက် တိုးတက်လာအောင် အသေးစိတ်သင်ကြားမျှဝေပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်ရှင်။
Thinzar
Founder : Sweet Flour Bakery & Desserts
Founder : Easy Deco with Thinzar
Co-Founder & Cake Decoration Instructor : Starlets Cake Academy
.........................................................................
Thinzar is the founder of Sweet Flour, established in 2020, and serves as a decoration instructor at Starlets Cake Academy. She specializes in cake decoration, with a versatile approach across various styles, and is particularly known for her fondant work, clean finishing, and well-balanced designs. She has extensive experience in creating customized fondant artworks, and is especially passionate about realistic cakes and hand-painted “canvas on cake” designs. Her work is well received by clients, who appreciate both the visual design and overall quality of her cakes.
Raised in an art-oriented family, Thinzar developed a strong creative foundation from a young age. She began drawing and painting early in life and participated in art competitions from the age of nine, receiving over 80 local and international awards prior to entering medical school. Alongside her artistic background, she has continuously refined her decoration skills through dedicated self-study and by joining some international online classes to further upgrade her techniques. This ongoing learning process continues to shape her work today, especially in her use of color harmony, composition, and proportion.
She holds an M.B.,B.S degree, and her medical training contributes to her disciplined approach, with a strong emphasis on precision, hygiene, and structured workflow. These qualities are reflected in her consistently neat and refined cake designs.
Thinzar began teaching online in 2023 and has since conducted private classes, focusing on helping students build strong foundational skills in decoration. At Starlets Cake Academy, she guides students through essential techniques with an emphasis on control, clarity, and design understanding, enabling them to develop confidence in their own creative work.
She views cake decoration as a limitless form of art, where each design holds its own value when thoughtfully created. Through her teaching, she aims to support students in achieving clean, balanced, and well-executed designs grounded in both technical skill and artistic awareness.
Thinzar
Founder : Sweet Flour Bakery & Desserts
Founder : Easy Deco with Thinzar
Co-Founder & Cake Decoration Instructor : Starlets Cake Academy