21/05/2026
Quantitative analysis ရဲ့ statistical approaches
Quantitative analysis သည် measurable ဖြစ်သော numerical data များကို စုဆောင်းပြီး analysis ပြုလုပ်ခြင်းအားဖြင့် pattern များကို ရှာဖွေခြင်း၊ hypothesis များကို စမ်းသပ်ခြင်းနှင့် prediction များ ပြုလုပ်ခြင်းကို ဆိုလိုသော analytical process တစ်ခုဖြစ်သည်။ ဤနည်းလမ်းသည် objective data များအပေါ် အခြေခံထားသောကြောင့် scientific research, business analytics, economics, healthcare နှင့် machine learning စသည့် နယ်ပယ်များတွင် အရေးပါစွာ အသုံးပြုလျက်ရှိသည်။ ယေဘုယျအားဖြင့် quantitative analysis ကို statistical approaches နှင့် advanced analytical models ဟူ၍ အဓိကပိုင်းနှစ်ပိုင်းခွဲနိုင်သည်
Statistical methods အပိုင်းတွင် ပထမဦးစွာ descriptive analysis ပါဝင်သည်။ Descriptive analysis သည် dataset တစ်ခု၏ အခြေခံလက္ခဏာများကို summary ပြုလုပ်ပေးသော နည်းလမ်းဖြစ်ပြီး mean, median နှင့် standard deviation ကဲ့သို့သော statistical measurements များကို အသုံးပြုကာ data ၏ လက်ရှိအခြေအနေ သို့မဟုတ် trend များကို ဖော်ပြပေးသည်။ ဥပမာအားဖြင့် ကျောင်းသားများ၏ exam scores များကို analysis ပြုလုပ်ရာတွင် average score, score distribution နှင့် variability ကို ဖော်ပြနိုင်သည်။
Inferential statistics သည် sample data ကို အသုံးပြုပြီး population တစ်ခုလုံးအတွက် conclusion သို့မဟုတ် prediction များ ပြုလုပ်သော statistical method ဖြစ်သည်။ ဒီနည်းလမ်းတွင် hypothesis testing, ANOVA နှင့် t-test ကဲ့သို့သော tests များကို အသုံးပြုကြပြီး sample မှ ရရှိသော result များသည် population အတွက် statistically significant ဖြစ်/မဖြစ်ကို စစ်ဆေးနိုင်သည်။ ဥပမာအားဖြင့် ဆေးဝါးအသစ်တစ်မျိုးသည် treatment effectiveness ကို တိုးတက်စေသလားဆိုတာကို inferential statistics ဖြင့် စမ်းသပ်နိုင်သည်။
Regression analysis သည် dependent variable နှင့် independent variable များအကြားရှိ mathematical relationship ကို လေ့လာသော method ဖြစ်ပြီး outcome prediction အတွက် အသုံးပြုသည်။ ဥပမာအားဖြင့် experience အပေါ်အခြေခံ၍ salary ကို ခန့်မှန်းခြင်း သို့မဟုတ် advertising cost အပေါ်အခြေခံ၍ sales revenue ကို forecast ပြုလုပ်ခြင်းတို့တွင် regression analysis ကို အသုံးပြုနိုင်သည်။
21.5.2026