HEIN Cake & Bakery

HEIN Cake & Bakery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HEIN Cake & Bakery, Mandalay-Lashio Road, Maymyo.

13/06/2022

မွေးနေ့ကိတ် ကျွမ်းကျင် ဝန်ထမ်း (အမျိုးသား) တစ်ဦး အလိုရှိသည်။

ဆက်သွယ် စုံစမ်းရန် 👉 09788244177

“ကိတ်တစ်လုံးသာ လိုသည်”**************************တစ်နှစ်မှ တစ်ခါ ကျရောက်သော မွေးနေ့၊မင်္ဂလာနှစ်ပတ်လည်နေ့တစ်သက်မှ တစ်ခါ ပြ...
01/09/2020

“ကိတ်တစ်လုံးသာ လိုသည်”
**************************

တစ်နှစ်မှ တစ်ခါ ကျရောက်သော မွေးနေ့၊မင်္ဂလာနှစ်ပတ်လည်နေ့

တစ်သက်မှ တစ်ခါ ပြုလုပ်သော weddingနေ့(စွံလွန်းလို့ နှစ်ခါသုံးခါဆောင်ရင်တော့ 🤭🤪adminလည်းမသိ))

ဒီလို နေ့ထူး နေ့မြတ်တွေကို သတိတရ၊အမှတ်တရများဖြစ် အောင် လုပ်ဖို့က
ဒီဇိုင်းဆန်းဆန်း
လှလှပပ

ကိတ်တစ်လုံးသာ လိုပါတယ်နော်။🎂🎂🎂

ဒီဇိုင်းဆန်းဆန်း ကိတ်လေးကို လိုချင်တယ်ဆိုရင်တော့ အခုပဲ ဆက်သွယ်လိုက်ပါနော်။

ကျွန်တော်တို့ HEIN Cake & Bakery (Pyin Oo lwin) မှ လူကြီးမင်းတို့ စိတ်ကြိုက်ဒီဇိုင်းများကို ဝန်ဆောင်မှု ပေးပါရစေခင်ဗျာ။

ပုံမှန် စားသုံးနေကျဖြစ်သော Cream Cake အပြင်

ယခုအခါ အရမ်းကို ခေတ်စားနေပြီဖြစ်တဲ့
Fondant Cake ဒီဇိုင်းမျိုးစုံတို့ကိုလည်း လူကြီးမင်းတို့ စိတ်ကြိုက် ကြိုတင်မှာယူနိုင်ပါပြီနော်။

စျေးနှုန်းများအနေနဲ့ကတော့ လူကြီးမင်းတို့ လိုချင်သည့် Cake အမျိုးအစား၊ ဒီဇိုင်းများအပေါ် မူတည်ပြီး အပြောင်းအလဲများရှိပါသဖြင့် ဖုန်းဆက်၍သော် လည်ကောင်း page cb သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

ပြင်ဦးလွင် မြို့တွင်းလည်း လူကြီးမင်းတို့ အိမ်အရောက် freeပို့ပေးပါတယ်။ ပို့ခ တပြားမှ ပေးစရာမလိုပါ။

သန့်ရှင်းလတ်ဆက်မှု၊ကျန်းမာရေးနဲ့ ညီညွတ်မှုတို့ကို အခြေခံထားပါသဖြင်္စ့ အနည်းဆုံး နှစ်ရက်လောက် ကြိုတင်မှာယူပေးပါခင်ဗျ။

ကျေးဇူးတင်ပါသည်။

‘We give our best taste’
HEIN Cake & Bakery(Pyin Oo Lwin)
📞09-788244177

မှာယူအားပေးကြတဲ့ customer မိတ်ဆွေများအားလုံး မင်္ဂလာရှိသော နေ့ရက်ကလေး ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။🙏🙏🙏
30/03/2019

မှာယူအားပေးကြတဲ့ customer မိတ်ဆွေများအားလုံး မင်္ဂလာရှိသော နေ့ရက်ကလေး ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။🙏🙏🙏

မင်္ဂလာရှိသော မင်္ဂလာနှစ်ပက်လည်နေ့လေးဖြစ်ပါစေလို့ ဆုတောင်းပေးရင်းcake မှာယူပေးသောမိသားစုအား "HEIN" မိသားစုမှ အထူးပဲ ကျေးဇူးတ...
28/03/2019

မင်္ဂလာရှိသော မင်္ဂလာနှစ်ပက်လည်နေ့လေးဖြစ်ပါစေလို့ ဆုတောင်းပေးရင်း
cake မှာယူပေးသောမိသားစုအား "HEIN" မိသားစုမှ အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

လုပ်ဖြစ်ခဲ့တဲ့ Birthday Order Cake လေးတွေပါ။မှာယူအားပေးခဲ့ကြတဲ့ customer မိတ်ဆွေအပေါင်းတို့ကို အထူးကျေးဇူး တင်ရှိပါတယ်။ ...
25/03/2019

လုပ်ဖြစ်ခဲ့တဲ့ Birthday Order Cake လေးတွေပါ။
မှာယူအားပေးခဲ့ကြတဲ့ customer မိတ်ဆွေအပေါင်းတို့ကို အထူးကျေးဇူး တင်ရှိပါတယ်။ 🙏🙏🙏

Happy🎉 Birthday သမီးလေး မဇူးဇူးငယ်!🎉🎉🎉ယုံကြည်စိတ်ချစွာ မှာယူ အားပေးသော မိသားစုအား ကျေးဇူး အထူးတင်ရှိပါသည်။🙏🙏🙏🙏🙏
26/02/2019

Happy🎉 Birthday သမီးလေး မဇူးဇူးငယ်!🎉🎉🎉

ယုံကြည်စိတ်ချစွာ မှာယူ အားပေးသော မိသားစုအား ကျေးဇူး အထူးတင်ရှိပါသည်။
🙏🙏🙏🙏🙏

🎉🎉 Happy Birthday သားလေး "အောင်ကျော်မိုး" 🎂🎂"HEIN' Cake & Bakery မှ မွေးနေ့ကိတ် 🎂နှင့် 🍮🍮 Chocolate Cake များ ယုံကြည်စိတ...
16/02/2019

🎉🎉 Happy Birthday သားလေး "အောင်ကျော်မိုး" 🎂🎂

"HEIN' Cake & Bakery မှ မွေးနေ့ကိတ် 🎂နှင့် 🍮🍮 Chocolate Cake များ ယုံကြည်စိတ်ချစွာ မှာယူအားပေးသော မွေးနေ့ရှင်မိသားစုများအား အထူးပဲ ကျေးဇူးတင်ရှိပါတယ်ဗျာ။
ကျန်းမာ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးအပ်လိုက်ရပါတယ် ခင်ဗျာ။
🙏🙏🙏🙏🙏🙏

ချစ်သူများနေ.💞💞💞💞ကမ္ဘာတွင် ချစ်သူများနေ့(Valentine's Day)ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ဟု သတ်မှတ်သည်။ ထိုနေ့သို့ ရောက်တ...
14/02/2019

ချစ်သူများနေ.
💞💞💞💞

ကမ္ဘာတွင် ချစ်သူများနေ့(Valentine's Day)ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ဟု သတ်မှတ်သည်။ ထိုနေ့သို့ ရောက်တိုင်း ကမ္ဘာတစ်ဝှမ်းလုံး မှာရှိသော ချစ်သူများအကြား အမှတ်တရ ချစ်လက်ဆောင်များအဖြစ် သကြားလုံး၊ ပန်းနှင့် အခြား ချစ်သက်လက်ဆောင်များကို St. Valentine အမည်နှင့် အပြန်အလှန် လဲလှယ် ပေးပို့လေ့ ရှိကြပါသည်။ သို့သော် St. Valentine ဆိုသည့် ထူးခြားသော သူတောင်စင်အကြောင်းကို မသိကြသလို ဘာကြောင့် St. Valentine အထိမ်းအမှတ်ပွဲကို အားလပ်ရက်အဖြစ် သတ်မှတ် ကျင်းပကြတယ်
ဆိုတာကိုလည်း အမှတ်တမဲ့ ဖြစ်ကြတာများပါသည်။

ယေဘုယျအားဖြင့်တော့ ဖေဖော်ဝါရီလဟာ အချစ်ရည်အချစ်သွေး လွှမ်းနေတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ လတစ်လလို့ သိထားကြပါသည်။ ယနေ့ခေတ် နားလည်ထားကြသော St. Valentine Day သည် ရှေးခေတ် ရောမရိုးရာနှင့် ခရစ်ယာန် ဘာသာအတွက် အလေးအမြတ်ထားသော နေ့ထူးနေ့မြတ် တစ်ခု ဖြစ်ပါသည်။

ဒီနေ့ခေတ်မှာ ကက်သိုလစ် ဘုရားကျောင်းတွေက သိနားလည်ထားကြတာကတော့ Valentine အမည်တွင်တဲ့ သူတော်စင် သုံးဦးရှိပါတယ်။ ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတာကတော့ Valentine ဆိုတာ သုံးရာစုလောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါးလို့ ဆိုထားပါတယ်။ ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ က တိုင်းပြည်မှာ ရှိသမျှ အိမ်ထောင်သည်များကို မရွေးချယ်ပဲ အရွယ်ရောက်သူ လူပျိုလူလွတ်များကို စစ်မှုထမ်းစေပါတယ်။ အဲဒီအခါ သူတော်စင် Valentine ဟာ ဘုရင် ကလောဒီးယပ်စ် တားမြစ်ထားတဲ့ ဥပဒေအပြင်ဘက် ကနေ စစ်မှုထမ်းသူ လူငယ်များကို သူတို့ရဲ့ ချစ်သူများနဲ့ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ Valentine ရဲ့ လုပ်ရပ်များကို ဘုရင်သိသွားတဲ့ အခါ သေဒဏ်ချမှတ်လိုက်ပါတယ်။ အခြားပုံပြင်များမှာတော့ Valentine ဟာ အကျဉ်းထောင်များထဲက ခရစ်ယာန်အကျဉ်းသားများကို လွတ်မြောက်အောင် ကြိုးပမ်းပေးမှုကြောင့် သတ်ဖြတ်ခံလိုက်ရတယ်လို့လည်း ဆိုကြပါသေးတယ်။

နောက်ထပ် ဒဏ္ဍာရီတစ်ခုကတော့ သူတော်စင် Valentine က ပမထဆုံးချစ်သက်လက်ဆောင်ကို သူကိုယ်တိုင် ပေးပို့ခဲ့တယ်လို့ ဆိုထားပါတယ်။ အကျဉ်းချခံရစဉ်မှာ Valentine ဟာ သူ့ထံ အလည်လာတွေ့တတ်သူ ထောင်မှူးသမီးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ သူ မသေဆုံးခင် စာတစ်စောင် ရေးသားခဲ့ရာမှာ "From Your Valentine" လို့ လက်မှတ်ရေးထိုးထားပါသတဲ့။ စာအရေးအသားကို ထောက်ရှုခြင်းအားဖြင့် ယနေ့ခေတ် အသုံးအနှုန်း ရင်ဖွင့်စာများနဲ့ တူညီနေတာကို တွေ့ရပါတယ်။ ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုး ကွဲလွဲနေပေမယ့် Valentine ဒဏ္ဍာရီများရဲ့ နောက်ကွယ်မှာ အမှန်တရားတစ်ခုတော့ တိမ်မြှုပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူကွဲနေတဲ့ Valentine ဒဏ္ဍာရီများမှာ ကြင်နာဂရုဏာတရား၊ သူရဲကောင်းပီသမှုနဲ့ အခြားအရေးပါသော ချစ်မေတ္တာရဲ့ သင်္ကေတများကို အထင်အရှား ပြဆိုနေပါတယ်။

ခေတ်အလယ်ပိုင်းမှာတော့ Valentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့ အင်္ဂလန် နိုင်ငံများမှာ အတော်လေး ခေတ်စားနေခဲ့ပြီး အယူအဆ အမျိုးမျိုးကလည်း ဆင့်ပွားဖြစ်ပေါ်လာပါတယ်။ တစ်ချို့ကတော့ St.Valentine ဟာ ခေါင်းဖြတ် အသတ်ခံရကြောင်း အဆိုရှိပြီး အခြားပြော စကားများကတော့ St. Valentine ဟာ ထောင်ထဲမှာ နာဖျားပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၁၈၃၅ ခုနှစ်မှာ St. Valentine ရဲ့ ရုပ်ကြွင်း (သို့မဟုတ်) အရိုးပြာကို အိုင်ယာလန် ဘုန်းတော်ကြီး John Spratt ထံ ပုပ်ရဟန်းမင်းကြီး Gregory XVI က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ တရားဟော ကောင်းမှုကြောင့် ပုပ်ရဟန်းမင်းကြီးကို အိုင်ယာလန် ဘုန်းတော်ကြီးက များစွာ အထင်ကြီးလေးစားတယ်လို့ သိရပါတယ်။ ဒီ့အတွက် ရောမကို ပုပ်ရဟန်းမင်းကြီး အလည်အပတ်ရောက်ခိုက် ပုပ်ရဟန်းမင်းကြီးက အနက်ရောင်ပါသော ရွှေကြုပ်နဲ့ ထည့်ထားတဲ့ St. Valentine ရဲ့ အရိုးပြာများကို အိုင်ယာလန် ဘုန်းတော်ကြီးကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ St. Valentine ရဲ့ အရိုးပြာများ ထည့်ထားတဲ့ ရွှေကြုပ်ကို Valentine's Day ရောက်တိုင်း အိုင်ယာလန်နိုင်ငံ ဒူဘလင်မြို့က Whitefriar Street Church မှာ လူတိုင်း သွားရောက် ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။

သမိုင်းကြောင်း
💞💞💞💞💞
ရောမပြည်က အချစ်အကြောင်းကတော့ ချစ်သူများနေ့ ဖြစ်ပေါ်ခြင်း၏ သမိုင်းအစပါ။ ရောမမြို ဘုရင်တစ်ပါး လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ စစ်သည်တော်တွေဟာ ချစ်သူရည်းစား ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရူံးနှိမ့်ခဲ့ကြသည်။ ဒီအကြောင်း ဘုရင်ကြီးသိတော့ ရောမမြို့မှာ ချစ်သူရည်းစား မဖြစ်စေရ အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတ်ာကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမန့်ထုပ်ခဲ့သည်။ နှလုံးသားရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့၏ အချစ်ကို နေ့တစ်နေ့အတွက် မရည်စူးပါ။ ချစ်တက်သူတွေ အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး Valentine ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး Valentineသည် ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတက်သူမို့ မိမိအသက်ကို ပဓာနမထားပဲ လက်ထက်ပေးလိုက်ပါသည်။ ထိုအကြောင်းကို ဘုရင်သိသောအခါ ထိုနေ့ ဖေဖေါ်ဝါရီ (၁၄)ရက်တွင် ဘုန်းတော်ကြီးကို အဆုံးစီရင်လိုက်ပါသည်။ ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး Valentine ကို ဂုဏ်ပြုသောအားဖြင့် Valentine’ Day (သို့မဟုတ်) ချစ်သူများနေ့ဟု့ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါသည်။

လူအချို့ရဲ့ ယုံကြည်မှုအရ Valentine's Day ကို ဖေဖော်ဝါရီ လလယ်မှာ ကျင်းပခဲ့ကြတာ အေဒီ ၂၇၀ ၀န်းကျင်ကတည်းက ဖြစ်ပါတယ်။ အချို့က St. Valentine Day စားပွဲသောက်ပွဲ ပျော်ပွဲရွှင်ပွဲများကို ဖေဖော်ဝါရီလလယ်မှာ ခရစ်ယာန်
ဘုရားရှိခိုးကျောင်းများမှာ ကျင်းပကြဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်နိုင်ကြောင်း ယူဆကြပါတယ်။

St. Valentine Day ကို ကိုယ်စားပြုပြီး ခရစ်ယာန် ဘာသာဝင်များရဲ့ Pagan Lupercalia ပွဲတော်များကို ကျင်းပဖြစ်ဖို့ အခွင့်အခါ ကြုံသွားခြင်းလည်း ဖြစ်ပါတယ်။ ရှေးခေတ် ရောမမှာတော့ ဖေဖော်ဝါရီလဟာ နွေဦးပေါက်လာချိန်ဖြစ်ပြီး သန့်စင်ဆေးကြောချိန်လို့ သတ်မှတ်ထားကြပါတယ် အိမ်များမှာ ဘာသာရေးအရ သန့်စင်ဆေးကြောခြင်းများ ပြုလုပ်ကြပြီး ဆားများ၊ Spelt အမည်ရ ဂျုံများနဲ့ ကြဲဖြန့်ထားတတ်ကြပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်မှာတော့ စိုက်ပျိုးရေးကို ကိုယ်စားပြုတဲ့ ရောမနတ်ဘုရား Faunus ကို ပူဇော်တဲ့ ပွဲတော် ကျင်းပလေ့ရှိသလို ရောမကို ထူထောင်တဲ့ Romulus နဲ့ Remus ကို ပူဇော်ပွဲလည်း ဖြစ်ပါတယ်။ ထိုပွဲတော်ကို စတင်ဖို့ Luperci အဖွဲ့ဝင်များနဲ့ ဘုန်းတော်ကြီးများဟာ Romulus နဲ့ Remus တို့ကို အထွတ်အမြတ်ထားသောအားဖြင့် ကလေးဘ၀က ခိုအောင်းခဲ့ကြတဲ့ ဂူထဲမှာ စုဝေးကြရလေ့ရှိပါတယ်။ ဘုန်းတော်ကြီးများဟာ ဆိတ်ကို ဖွံ့ဖြိုးတိုးတက်မှုအတွက် ယဇ်ပူဇော်ရပြီး ခွေးကို သန့်စင်မှုအတွက် ယစ်ပူဇော် တတ်ကြပါတယ်။
လူငယ် ယောက်ျားလေးများက ဆိတ်သားရေကို ခွာချွတ်ပြီး ယဇ်ပူဇော်မယ့် သွေးထဲစိမ်ပြီး လမ်းများပေါ် ပက်ဖြန်းသွား ကြပါတယ်။ လမ်းတစ်လျှောက် စောင့်နေကြတဲ့ အမျိုးသမီးများနဲ့ ကောက်ပဲသီးနှံများပေါ်ကို ယဇ်ပူဇော်ထားတဲ့ ဆိတ်သားရေမှာ စိမ့်ဝင်နေတဲ့ သွေးများနဲ့ ခပ်သာသာကလေး ပက်ဖြန်းသွားကြပါတယ်။ အကြောက်အလန့်မဖြစ်ပဲ အမျိုးသမီးများဟာ ဆိတ်သားရေများနဲ့ သူတို့ကိုယ်သူတို့ ထိတွေ့စေပါတယ်။ ဆိတ်သားရေက သူတို့ကို နှစ်သစ်မှာ ကောင်းကျိုးတွေပေးမယ်လို့ ယုံကြည်ကြလို့ဖြစ်ပါတယ်။ ဒဏ္ဍာရီအရ အမျိုးသမီးငယ် များဟာ သူတို့အမည်များကို ခရားအိုးငယ်လေးထဲ ထည့်ထားကြပြီး မြို့ရဲ့ ကာလသားများက အဆိုပါခရားအိုးထဲက မိန်းမပျိုလေးများ အမည်ပါရှိတဲ့ စက္ကူလိပ်လေးများကို မဲနှိုက်ကြရပါတယ်။ မိမိရရှိတဲ့ မဲလိပ်ထဲက မိန်းကလေးအမည်ဟာ မိမိရဲ့ ချစ်သူ မိန်းကလေးဖြစ်ပါတယ်။ အဆိုပါ စုံတွဲ ရှာပွဲဟာ လက်ထပ်ပေါင်းသင်းဖြစ်တဲ့အထိ အရေးပါခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး Gelasius က အေဒီ ၄၉၈ ခုနှစ်မှာ St. Valentine Day ကို ဖေဖော်ဝါရီလ ၁၄ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ရောမရဲ့ စုံတွဲရှာဖွေရေး ကံစမ်းမဲ စနစ်သစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ထိုစနစ်ဟာ ခရစ်ယာန်မဟုတ်သောသူများနဲ့ ဥပဒေစည်းမျဉ်းပြင်ပက လူများအတွက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ခေတ်တွေရွေ့လျားလာပြီး အလယ်ခေတ်အရောက်မှာ အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်ကို ငှက်များ အဖော်ရှာသော ရာသီအစလို့ ယုံကြည်လက်ခံလာကြပြန်ပါတယ်။ ထိုမှစလို့ ခေတ်ကာလ ပြောင်းလဲရာကနေ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine's Day ဆိုပြီး ကျင်းပလာကြခြင်းဖြစ်ပါတယ်။ အစောဆုံး Valentine Day အထိမ်းအမှတ် ကဗျာကို Charles Duke of Orleans မှ လန်ဒန်မျှော်စင်ပေါ်မှာ အကျဉ်းကျနေစဉ် သူ့ချစ်ဇနီးထံ ရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။ Charles Duke of Orleans ဟာ Battle of Agincourt စစ်ပွဲမျာ ဖမ်းဆီးခံရပြီး လန်ဒန် မျှော်စင်ပေါ် အကျဉ်းချခံရသူ ပြင်သစ်လူမျိုးတစ်ဦး ဖြစ်ပါတယ်။ သူ့ကဗျာကို ၁၄၁၅ ခုနှစ်က ရေးသားခဲ့တာဖြစ်ပြီး လန်ဒန်မြို့က ဗြိတိန်စာကြည့် တိုက်က လက်ရေးမူများမှာ တွေ့နိုင်ပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်တဲ့အခါ ဟင်နရီ၅ ဘုရင်က စာဆိုတစ်ဦး ငှားရမ်းပြီး သူ့ချစ်သူ Catherine of Valois ထံ Valentine ချစ်သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ Valentine's Day ရဲ့ သင်္ကေတတွေထဲမှာ ထင်ရှားတဲ့ Cupid (ကျူးပစ်)ဖူးစာရေးနတ်ကလေးကတော့ ကလေးငယ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ပြီး တောင်ပံတစ်စုံနဲ့ နတ်ကလေးပါ။ ကျူးပစ်ဟာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့ သားတော်လေးဖြစ်ပြီး ဂရိ ပုရာဏ်ကျမ်းထဲမှာတော့ Apphrodite ရဲ့ သားတော် Eros လို့ သိကြပါတယ်။

Great Britain မှာတော့ ၁၇ ရာစုမှာ Valentine's Day ကို စတင်ကျင်းပခဲ့ပါတယ်။ ၁၈ ရာစုအလယ်မှာ လူမှုအသိုင်းအ၀ိုင်းမှာ ချစ်သူများ အတွက်သာမက ပွဲလမ်းသဘင်နှစ်သက်သူများအတွက်ပါ အကျုံးဝင်လာပါတယ်။ ချစ်သူခင်သူ အချင်းချင်း အမှတ်တရဖြစ်ဖွယ် တိုကင်ကဒ်ပြား များ အပြန်အလှန် ပေးပို့ကြတဲ့ အလေ့အထ ဖြစ်လာပါတယ်။ ရာစုနှစ်အဆုံးမှာ လက်ရေးမူနဲ့ ချစ်သ၀ဏ်လွှာ ရေးပို့ခြင်းများအစား ပုံနှိပ်ထုတ်ဝေ ထားတဲ့ အမှတ်တရကဒ်များဟာ မိမိတို့ ခံစားချက်ကို ရင်ဖွင့်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အချစ်ရေးမှာ သတ္တိကြောင်သူများအတွက် အားကိုးဖော်ရလာတဲ့နည်းသစ်ပါ။ စာပို့ခ သက်သက်သာသာနဲ့ Valentine's Day ရဲ့ အကျိုးသက်ရောက်မှုနဲ့ နာမည်ကြီးမှုဟာ ထိရောက်မှုများ ရှိခဲ့ပါတယ်။ အမေရိကန်များကတော့ လက်လုပ် Valentine's Day လက်ဆောင်များကို ၁၇၀၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ပြုလုပ်ခဲ့ ကြပါတယ်။ ၁၈၄၀ ပြည့်နှစ်များက အမေရိကန်လူမျိုး Esther A. Howland ဆိုသူဟာ ပထမဆုံး Valentine လက်ဆောင် စတင်တီထွင်သူ ဖြစ်ပါတယ်။

Greeting Card Association က ခန့်မှန်းချက်အရ နှစ်စဉ် Valentine လက်ဆောင်ကဒ် တစ်ဘီလီယံကို ပို့သပေးရကြောင်းနဲ့ ခရစ္စမတ်ကဒ်များပြီးလျှင် ဒုတိယအများဆုံး ရောင်းချရတဲ့ အရေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ Valentine လက်ဆောင် ၈၅% ကို အမျိုးသမီးများက ပေးချေကြပါတယ်။ အမေရိကမှာ Valentine's Day ကို ကျင်းပကြသလို ကနေဒါ၊ မက္ကဆီကို၊ အင်္ဂလန်၊ ပြင်သစ်နဲ့ သြစတေးလျတို့ အပါအ၀င် ကမ္ဘာနိုင်ငံ အနှံ့အပြားမှာလည်း Valentine's Day ကို ကျင်းပလျက်ရှိပါကြောင်း…။

💎💎💎💎💎💎💎💎💎💎💎💎💎

Credit to မှတ်စုစာအုပ်

Credit to Pyai Nyein Chan

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝💝

"HEIN" Cake & Bakery မှ ချောကလက်ကိတ်တွေ ဝယ်ယူအားပေးနိုင်ပါပြီ ဖြစ်ပါကြောင်း 🙏🙏🙏🙏🙏

Happy🎉 Birthday Sandya!🎉🎉🎉ယုံကြည်စိတ်ချစွာ မှာယူ အားပေးသော မိသားစုအား ကျေးဇူး အထူးတင်ရှိပါသည်။🙏🙏🙏🙏🙏
13/02/2019

Happy🎉 Birthday Sandya!🎉🎉🎉

ယုံကြည်စိတ်ချစွာ မှာယူ အားပေးသော မိသားစုအား ကျေးဇူး အထူးတင်ရှိပါသည်။
🙏🙏🙏🙏🙏

🙏🙏🙏🙏🙏🙏🙏🙏ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အမှတ်တရအတွက် မွေးနေ့ကိတ်မှာယူအားပေးသော ဇနီးမောင်နှံ နှစ်ဦးအား ကျေးဇူးအထူးတင်ရှိပါတယ်...
13/02/2019

🙏🙏🙏🙏🙏🙏🙏🙏
ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အမှတ်တရအတွက် မွေးနေ့ကိတ်မှာယူအားပေးသော ဇနီးမောင်နှံ နှစ်ဦးအား ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။
🙏🙏🙏🙏🙏🙏🙏🙏

🙏🙏🙏 မင်္ဂလာပါ!🙏🙏🙏ကျွန်တော်တို့ "HEIN" Cake & Bakery ဆိုင်မှ လူကြီးမင်းတို့၏ မွေးနေ့ပွဲ နှင့် မင်္ဂလာပွဲများအတွက်🎂🎂🎂 ကိတ်များ...
09/02/2019

🙏🙏🙏 မင်္ဂလာပါ!🙏🙏🙏

ကျွန်တော်တို့ "HEIN" Cake & Bakery ဆိုင်မှ
လူကြီးမင်းတို့၏ မွေးနေ့ပွဲ နှင့် မင်္ဂလာပွဲများအတွက်🎂🎂🎂 ကိတ်များကို အထူးအော်ဒါလက်ခံပါတယ် ခင်ဗျာ။

လူကြီးမင်းတို့၏ စိတ်ကြိုက်ဒီဇိုင်း၊ စိတ်ကြိုက်ကိတ်သား၊ စိတ်ကြိုက်ပုံစံများဖြင့် မှာယူနိုင်ပါပြီ ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။

မွေးနေ့ပွဲလေးတွေ၊ မိဘများရဲ့ Anniversery ကို suprise လုပ်ပေးချင်သူလေး တွေ၊ ကိုယ့်ချစ်သူ,မောင်နှမ,ညီအစ်ကို,သူငယ်ချင်း အစရှိသူတွေကို ပျော်ရွှင်အောင် suprise လုပ်ပေးချင်သူတွေအနေနဲ့ အော်ဒါပေးလို့ရနေပါပြီနော်။

ဖုန်းထဲကနေ အော်ဒါပေးချင်တယ်ဆိုရင်တော့ 09-788244177 ကို ဆက်သွယ်လိုက်ပါ။

Page Messenger ကနေလည်း တစ်ဆင့် ဆက်သွယ်စုံစမ်း မှာယူနိုင်ပါပြီနော်။

🙏🙏🙏🙏🙏 ကျေးဇူးတင်ပါတယ်။🙏🙏🙏🙏🙏

Hello Everyone!အားလုံး မင်္ဂလာပါ!ပြင်ဦးလွင်၊အနီးစခန်းမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ ကျွန်တော်တို့ရဲ့ "cake & bakery" ဆိုင်လေးက...
09/02/2019

Hello Everyone!
အားလုံး မင်္ဂလာပါ!

ပြင်ဦးလွင်၊အနီးစခန်းမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ ကျွန်တော်တို့ရဲ့ "cake & bakery" ဆိုင်လေးကို လာရောက်အားပေးနိုင်ပါပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပေးလိုက်တယ် ခင်ဗျာ။

အထူးသတင်းကောင်းပေးအပ်ချင်တာတစ်ခုကတော့ ကျွန်တော်တို့ ထုတ်လုပ်ထားတဲ့ ပေါင်မုန့်၊ကိတ်မုန့်၊ကိတ်ခြောက်၊ကွတ်ကီး အစရှိသဖြင့်မုန့်များအားလုံးကို အရည်အသွေးမြင့်တဲ့ ကုန်ကြမ်းများဖြင့်သာ ပြုလုပ်ထားပါတယ်။

ပြီးရင် ကျွန်တော်တို့ ထုတ်ထားတဲ့ မုန့်တွေမှာ တာရှည်ခံဆေး လုံးဝ(လုံးဝ) မသုံးထားပါဘူး။
ကျန်းမာရေးအတွက်ညီညွတ်အောင် အထူးဂရုစိုက်ပြီး ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ကလေးသူငယ်များ၊သက်ကြီးရွယ်အိုများ၊နာလံထစဖြစ်သူများ၊ဆီးချို,သွေးတိုးအစရှိတဲ့ ရောဂါ အခံရှိကြသူများအတွက်လည်း မုန့်များကို ဝယ်ယူစားသုံးနိုင်ပါပြီ ဖြစ်ပါကြောင်း အသိပေးအပ်လိုက်ရပါတယ်ခင်ဗျာ။

ဝယ်ယူအားပေးသူများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း၊ နောက်လည်း အမြဲအားပေးနေပါလို့ ပြောကြားလိုပါတယ်ဗျာ။

"HEIN" Cake & Bakery Family
09-788244177

Address

Mandalay-Lashio Road
Maymyo

Telephone

09788244177

Website

Alerts

Be the first to know and let us send you an email when HEIN Cake & Bakery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share