Soye' Creation

Soye' Creation Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Soye' Creation, Yuzana Garden City. C block 2 Street, Dagon.

16/01/2025

တကယ်စွန့်လွှတ်နိုင်သွားပြီးဆိုရင်
လုံးဝပျော်ရွှင်ရမှာဖြစ်ပေမယ့်

အဲ့ဒီအဆင့်ကိုရောက်ဖို့ဆိုတာဟာလဲ
အချိန်တွေအများကြီးလိုအပ်သလို
ခံနိုင်ရည်လည်းအများကြီးလိုအပ်ပါတယ်။

ရင်ဘတ်ကြီးထဲကလူကို
ရင်ဘတ်အပြင်ပြန်ဆွဲထုတ်ရတာဆိုတော့
လွယ်တော့မလွယ်ဘူးပေါ့။

16/01/2025

အစစအရာရာ
အဆင်မပြေနေလည်း
စောက်ခွက်က စပ်ဖြီးဖြီးနဲ့ဆိုတော့ ကြေကွဲနေမှန်း ဘယ်သူမှမသိဘူး🥲

ကံကောင်းခြင်းလေးတွေကကိုယ်တို့အနားလေးမှာရှိနေတာ သတိထားမိရဲ့လားဒီနေ့ ဒီအချိန်လေးမှာ အသက်ရှင်လျက်ရှိနေခဲ့တာအဲ့ဒါကံကောင်းမှု...
29/09/2024

ကံကောင်းခြင်းလေးတွေက
ကိုယ်တို့အနားလေးမှာရှိနေတာ သတိထားမိရဲ့လား
ဒီနေ့ ဒီအချိန်လေးမှာ အသက်ရှင်လျက်ရှိနေခဲ့တာ
အဲ့ဒါကံကောင်းမှုလေးပဲသိလား...
နေ့တဓူဝဆိုပေမယ့် သေချာလေးမြင်အောင်ကြည့်
ရှင်သန်ခွင့်ရတယ်ဆိုတာ အခွင့်အရေးလေးတစ်ခုပါပဲ...
ဒီအခွင့်အရေးလေးရတုန်းမှာ ရှင်သန်ခွင့်လေးကို
ကျေးဇူးတင်ရင်း အားအင်ပြည့်ဝစွာနဲ့ရှေ့ဆက်သွားနိုင်မယ်ဆို အကောင်းဆုံးမို့လေ...။

ဝမ်းနည်းမှုတွေ စိုးရိမ်မှုတွေ မပျော်ရွှင်မှုတွေ
ရှိကောင်းရှိနိုင်ပါတယ်...
အထီးကျန်ဆန်ပြီး ပင်ပန်းစရာတွေများလွန်းတဲ့
နေ့ရက်တွေလည်း ကြုံရင်ကြုံတွေ့နိုင်ပါတယ်...
စိတ်မချမ်းမြေ့စရာ ဒေါသထွက်စရာတွေလည်း
တစ်ခါတစ်လေဖြစ်ပေါ်ခံစားရတာမျိုးရှိနိုင်ပါတယ်
ဒါပေမယ့် မကောင်းတဲ့ခံစားချက် မကောင်းတဲ့စိတ်အတွေးလွန်ခြင်းတွေကို ဦးနှောက်ကသိပြီဆိုတာနဲ့
ရပ်တန့်ပစ်နိုင်ရပါမယ်...
ဒီအတွက် သတိတရားလေးကပ်ပြီး စိတ်နှလုံးသားထဲကနေ ခွာချစွန့်ပစ်ရမှာပဲ...။

အတွေးတွေကို ပြောင်းလဲပြီး
ခံစားချက်တွေကို ကောင်းမွန်စေဖို့ကြိုးစားပါ...
ပင်ပန်းစရာတွေများလွန်းနေခဲ့ချိန်မှာတောင်
ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါ...
အကြောက်တရားတွေကို သတ္တိရှိရှိနဲ့ရင်ဆိုင်တွန်းလှန်နိုင်ခဲ့ခြင်းအတွက် ကျေးဇူးတင်ပါ...
အထီးကျန်ဆန်လွန်းတဲ့ခံစားချက်ခံစားနေရချိန်မှာ
မိမိကိုယ်ကို ပွေ့ဖက်နှစ်သိမ့်ပြီးကျေးဇူးတင်ပါ...
ပြိုလဲနေခဲ့ချိန်မှာတောင် ပြန်ထနိုင်ဖို့အတွက်
အားအင်အပြည့်နဲ့ရုန်းထဖို့ ကြိုးစားနေခဲ့ရုံလေးနဲ့
မိမိကိုယ်ကို ကျေးဇူးတင်ပါ...
စစ်မှန်ခြင်းမရှိတဲ့လူတွေကို ဘဝထဲကနှုတ်ဆက်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူရင်းကျေးဇူးတင်ပါ...
အခက်အခဲတွေကြားက ရုန်းကန်လှုပ်ရှားရှင်သန်နေပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါ...။

အမှောင်ဆုံးညတွေကိုကျော်ဖြတ်ခဲ့ပြီးမှ
လှပနွေးထွေးတဲ့အလင်းရောင်လေးကို
ကိုယ်တို့မြင်တွေ့ခွင့်ရတာမို့လား...
အဆိုးဆုံးဆိုတဲ့အခြေအနေတွေကို
အကြံ့ခိုင်ဆုံးကျော်ဖြတ်နိုင်ခဲ့တဲ့တစ်နေ့မှာ
လှပတဲ့အရာတွေ အကောင်းဆုံးဆိုတဲ့အရာတွေ
ရောက်ရှိလာမယ့်နေ့ကို ယုံကြည်မျှော်လင့်ရင်း
ရှေ့ဆက်ကြတာပေါ့...
ဘဝထဲက ကံကောင်းခြင်းတွေကိုမြင်အောင်ကြည့်ပြီး ကျေးဇူးတင်စိတ်လေးနဲ့ အားတင်းထားကြစို့နော်...။

#လုံးလုံးလေး
#ရှင်သန်ပြီးရင်းရှင်သန်သွားကြရအောင်

စိတ်တောင်မကောင်းဘူး🥹
29/09/2024

စိတ်တောင်မကောင်းဘူး🥹

29/09/2024

ချစ်တယ်ဆိုတာ ပျော်ရွှင်စေလိုခြင်းလေးပဲ...
ငါ့ကိုယ်ငါ ချစ်တတ်ခဲ့တဲ့နေ့ကစပြီး
ပိုပိုသာသာလေးပျော်စေချင်လာတယ်...
အမုန်းတရားကင်းတဲ့ဘဝလေးမှာ
အပြုံးကလေးတွေနဲ့ ရှေ့ဆက်သွားနေမှာမို့လေ...
စိတ်ဝမ်းနည်းစေမယ့်အရာမှန်သမျှကို
ငါကလက်မခံတော့တာမို့ ဒီနေ့ကစပြီး
ပိုလို့ပျော်ရွှင်ရတော့မှာသေချာပါတယ်...။

ဘယ်သူနဲ့မှ နှိုင်းယှဥ်ခြင်းမရှိအောင်နေပါတယ်...
မတူညီတဲ့နှိုင်းယှဥ်ခြင်းမှန်သမျှက သိပ်ကိုပင်ပန်းရတယ်လေ...
တစ်စုံတစ်ယောက်နဲ့ ယှဥ်ပြိုင်နေရမှာထက်စာရင်
ကိုယ်တိုင်အကောင်းဆုံးပုံစံလေးနဲ့ အိမ်မက်တွေဆီအရောက်သွားနိုင်ဖို့ကြိုးစားမယ်...
ရှင်သန်ရခြင်းတွေမှာ ကိုယ့်ကိုယ်ကိုဗဟိုပြုရင်း
အားသာချက်လေးတွေ မြင်အောင်ကြည့်မယ်...။

ဆုံတွေ့ရခြင်းတွေမှာ လွဲချော်ခဲ့ရသည်ရှိသော်
အလေအလွင့်မဖြစ်ခဲ့တဲ့ချစ်ခြင်းမေတ္တာလေး
ပေးခွင့်ရခဲ့ခြင်းကိုပဲ ကျေးဇူးတင်ရင်းပေါ့...
မေတ္တာစစ် မေတ္တာမှန်ရှိသူမို့ နှလုံးသားအစစ်လေးနဲ့
ကမ္ဘာပေါ်မှာနေထိုင်ခဲ့ပါတယ်...
ခံနိုင်ရည်ရှိစွာရှင်သန်နေခဲ့သူမို့ တစ်နေ့မှာ
စစ်မှန်ခြင်းတွေက ထိုက်ထိုက်တန်တန်လေးရောက်လာပေးမယ်လို့ယုံတယ်လေ...
ဘာလို့ဆို ငါကိုယ်ငါသိပ်ချစ်ရတာမို့...။

( စာတွေကိုသဘောကျလို့ ကူးယူချင်တယ်ဆိုပါက
မူရင်းစာရေးသူရဲ့နာမည်ကို ဖြုတ်ချမထားခဲ့ဖို့
မေတ္တာရပ်ခံပါတယ်...)

#လုံးလုံးလေး
#ငါ့ကိုယ်ငါချစ်တယ်

28/09/2024

ကိုယ့်ဆီက အလေးထားမှုကို လိုချင်နေတဲ့သူ ။
ကိုယ့်ကို အရိပ်တကြည့်ကြည့် ဂရုစိုက်နေသူ ။
ကိုယ့်ရဲ့ အချစ်ကို တောင်းတနေသူ ။
ကိုယ်နဲ့ စကားတွေ အများကြီး ပြောချင်နေတဲ့သူ ။
ကိုယ် မကောင်းတာ တစ်ခုခုဖြစ်မှာ စိုးရိမ်နေတဲ့သူ ။
ကိုယ့်ကို ပျော်စေချင်တဲ့သူ ။ လူတိုင်းမှာ အဲ့ဒီလိုလူ တစ်ယောက်ရှိပါတယ် ။ သူဟာ သူစိမ်းဖြစ်ရင် ဖြစ်မယ် ၊ ဆွေမျိုးသားချင်း ၊ မိသားစုလည်း ဖြစ်ရင်ဖြစ်မယ် ။ တစ်ယောက်ယောက်ပေါ့ ။

ရင်ဘတ်ကို ကျယ်ကျယ်ထားပြီး နှလုံးသားကို ဖွင့်ကြည့်တဲ့အခါ မြင်ရပါလိမ့်မယ် ။ အဲဒီလူက ဘာလို့ပျောက်ဆုံးနေတာလဲဆိုရင် ကိုယ်ဟာ ကိုယ်နဲ့ လက်လှမ်းမမီတဲ့ နေရာကို မျှော်လင့်နေတာမျိုး ၊ မကောင်းတဲ့ toxic relationship ထဲကနေ ရုန်းမထွက်နိုင်တာမျိုး ၊ အခြားအရာတွေ ဦးစားပေးပြီး ချစ်ခြင်းမေတ္တာကို လစ်လျှူရှုထားမိတာမျိုး အဲ့ဒီလို အခြေနေတွေကြောင့် မတွေ့နိုင်တာလဲ ဖြစ်တတ်ပါတယ် ။

ချစ်တဲ့ မိသားစုတွေနဲ့အတူ ပျော်ရွှင်အေးချမ်းစွာနေထိုင်ဖို့ ၊ ကိုယ်ဟာ ပိုကောင်းတဲ့သူတွေနဲ့ တွေ့ပြီး အချစ်ခံရဖို့လည်း ထိုက်တန်တယ်ဆိုတာ မမေ့ပါနဲ့ ။

ဘဝဟာ တိုတိုလေးပါ ။ ကိုယ့်အတွက် သီးသန့်မဟုတ်တဲ့ အရာတွေကို မမျှော်လင့်ပါနဲ့ ။ ကိုယ်မရှိလဲ ဖြစ်တဲ့လူတွေအနားမှာ ကပ်တွယ်နေပြီး စျေးကျမခံပါနဲ့ ။ လူပို
တစ်ယောက်ဖြစ်ရတဲ့ ခံစားချက်ဟာ ဆိုးပါတယ် ။ ကိုယ့်ကို အသိမှတ်မပြုတဲ့သူ ၊ လေးစားမှုမရှိတဲ့သူ ၊ ကိုယ့်တန်ဖိုးကို အလေးမထားသူတွေအနား အချိန်မဖြုန်းပါနဲ့

ကိုယ့်ကို တကယ်လိုအပ်သူတွေ ၊ ချစ်သူ ၊ ခင်သူတွေအနားမှာနေပြီး ရယ်မောပါ ။ ပျော်ရွှင်ပါ ။


13/04/2024

13/04/2024


13/04/2024


Address

Yuzana Garden City. C Block 2 Street
Dagon

Website

Alerts

Be the first to know and let us send you an email when Soye' Creation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share